iMyanmarHouse.com - Best Property Website for Myanmar
×


တစ္ေယာက္နဲ႕တစ္ေယာက္စိတ္သေဘာထားအျမဲတမ္း တိုက္ဆိုင္ေနဖို႕ ဆိုတာ ကခဲယဥ္းလြန္းလွပါတယ္။ တစ္ေယာက္ကို တစ္ေယာက္ဘယ္ေလာက္ပဲ နားလည္ လို႕ခ်စ္ၾကအုန္းေတာ့ ရန္ျဖစ္တယ္ ၊ စိတ္ေကာက္တယ္ ၊ စိတ္ဆိုးတယ္ ဆိုတာ ေတြကေတာ့ခ်စ္သူတိုင္း ၊ အိမ္ေထာင္သည္တိုင္းမွာ ၾကံဳေတြ႕ေနၾကအရာေတြ ျဖစ္ပါတယ္။

ဒီလုိအရာေတြ ျဖစ္လာတဲ့ အခါ ဘယ္လိုေတြ တစ္ေယာက္ကို တစ္ေယာက္နားလည္သင့္တယ္ ဆိုတာကို အနည္းငယ္မွ်ေဝခ်င္ပါတယ္။

ရန္ျဖစ္တိုင္းလမ္းခြဲဖို႕ မေျပာပါနဲ႕

စိတ္သေဘာထားေတြ မတူေတာ့လို႕ စိတ္ဆိုးၾကတယ္ ဒီလိုျဖစ္ၿပီ ဆိုရင္ ကိစၥအ ႀကီး အငယ္ေပၚကို အေျခခံၿပီး ေတာ့ ဆံုးျဖတ္ေလ့ရွိၾကပါတယ္။ ကိစၥက အေတာ္ ႀကီးတယ္ ကိုယ္မႀကိဳက္တာကိုမွ ကို္ယ္မႀကိဳက္ဆံုးကိုမွလုပ္လိုက္တယ္ဆိုရင္ အ ရင္ဆံုးလမ္းခြဲမယ္ ဆိုတဲ့ စကားကို အရင္ဆံုးကိုယ္ကေျပာရမွ ကို ႀကိဳက္တတ္တဲ့ သူေတြ ရွိပါတယ္။

ဒါကလည္း သဘာဝပါပဲ ဘာလို႕ ဆိုေတာ့ ကို္ယ္က အပစ္လုပ္တာမဟုတ္လုိ႕ အရင္ေျပာမယ္ဆိုတဲ့ စိတ္ျဖစ္လာတာပါ။ အေသခ်ာ စိတ္ၿငိမ္ေအာင္ထားၿပီး စဥ္းစားၾကည့္ပါ လမ္းခြဲစကားကို ဘာအေၾကာင္းေၾကာင့္မွ ကိုယ္က စမေျပာပါနဲ႕။ ေတာင္းပန္ခိုင္းပါ၊ ျပႆနာအက်ိဳးအေၾကာင္းကို သိရေအာင္ေမးပါ၊ အတူတူေျဖရွင္းနိုင္ပါက ပိုေကာင္းပါတယ္။

 ျပႆနာမရွိတဲ့ ခ်စ္ျခင္း နဲ႕ အိမ္ေထာင္ေရး ဆိုတာ ပ်င္းစရာႀကီးပါ ျပႆနာ ဆိုတာေတြ ကေျဖရွင္းတတ္ရင္ သာယာမႈေတြ အျဖစ္သို႕လည္းေျပာင္းလဲ နိင္တဲ့အတြက္ လမ္းခြဲျခင္းနဲ႕ဇာတ္မသိမ္းၾကပါနဲ႕။

ေတာင္းပန္ဖို႕ ဝန္မေလးၾကပါနဲ႕

စိတ္သေဘာထားဆိုတာ ခ်စ္တဲ့သူေတြ မွာ မတိုက္ဆိုင္ရင္လည္း ခဏပါပဲ ဒါေၾကာင့္ စိတ္သေဘာထားမတိုက္ဆိုင္ေတာ့ ရင္ ပထမ ဦးစြာျဖစ္ေပၚတတ္တာက ျငင္းခုန္ျခင္းပါပဲ ။ မျငင္းနဲ႕လို႕မေျပာပါဘူး ျငင္းလို႕ရပါတယ္ တစ္ေယာက္နဲ႕တစ္ ေယာက္အျမင္မတူတာေတြ ကို ညႈိႏိႈင္းလို႕ ရပါတယ္။

ဒါေပမယ့္ သိပ္ေတာ့ အခ်ိန္မၾကာပါေစနဲ႕ တစ္ေယာက္ေယာက္က အရင္ေတာင္း ပန္သင့္ရင္ ေတာင္းပန္လိုက္ပါ ။  ေတာင္းပန္မွ အဆင္ေျပမယ္ ဆိုရင္ ေတာင္းပန္ ဖို႕ ကို ဝန္မေလးပဲ ငါနဲ႕သူအျငင္းအခုန္မလုပ္ခင္တစ္ရက္က ငါ့ကို ဘယ္ေလာက္ ခ်စ္ခဲ့သလဲ ဆိုတဲ့ အေျခအေနကိုေတြးၿပီး ေတာင္းပန္ေပးလိုက္ျခင္းက ေကာင္းမြန္တဲ့ အေျခအေနကို ျပန္လည္ေရာက္ရွိနိုင္ပါတယ္။

အနမ္းေပးၿပီး ေက်ေအးၾကပါ

တခ်ိဳ႕က စကားမ်ားရန္ျဖစ္ၿပီးၾကၿပီ ဆိုရင္ သိ္ပ္ခ်စ္တာ မၾကာေသးတဲ့ စံုတြဲေတြ မွာေတြရတတ္တဲ့ အက်င့္က မသိမသာေလး သူစိမ္းေလးေတြ လို အေနစိမ္း တတ္ၾကပါတယ္။

အဲ့လိုအခါမ်ိဳးမွာ တစ္ေယာက္ပါးကို တစ္ေယာက္က နမ္းလို႕ အနမ္းေပးၿပီး ေက် ေအးျခင္းက နွစ္ဦးစလံုးအတြက္ အက်ိဳးရွိမယ္ထင္ပါတယ္။ ဒါေၾကာင့္ ရန္ျဖစ္ၿပီးလို႕ စိတ္ဆိုးစိတ္ေကာက္ၾကၿပီး ရင္ ေတာ့ ခ်စ္သူရဲ႕ပါးမွာ အနမ္းတစ္ပြင့္ေတာ့ ထား သင့္ေနၿပီဆိုတာကို အၾကံေပးပါရေစ။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


တစ်ယောက်နဲ့တစ်ယောက်စိတ်သဘောထားအမြဲတမ်း တိုက်ဆိုင်နေဖို့ ဆိုတာ ကခဲယဉ်းလွန်းလှပါတယ်။ တစ်ယောက်ကို တစ်ယောက်ဘယ်လောက်ပဲ နားလည် လို့ချစ်ကြအုန်းတော့ ရန်ဖြစ်တယ် ၊ စိတ်ကောက်တယ် ၊ စိတ်ဆိုးတယ် ဆိုတာ တွေကတော့ချစ်သူတိုင်း ၊ အိမ်ထောင်သည်တိုင်းမှာ ကြုံတွေ့နေကြအရာတွေ ဖြစ်ပါတယ်။

ဒီလိုအရာတွေ ဖြစ်လာတဲ့ အခါ ဘယ်လိုတွေ တစ်ယောက်ကို တစ်ယောက်နားလည်သင့်တယ် ဆိုတာကို အနည်းငယ်မျှဝေချင်ပါတယ်။

ရန်ဖြစ်တိုင်းလမ်းခွဲဖို့ မပြောပါနဲ့

စိတ်သဘောထားတွေ မတူတော့လို့ စိတ်ဆိုးကြတယ် ဒီလိုဖြစ်ပြီ ဆိုရင် ကိစ္စအ ကြီး အငယ်ပေါ်ကို အခြေခံပြီး တော့ ဆုံးဖြတ်လေ့ရှိကြပါတယ်။ ကိစ္စက အတော် ကြီးတယ် ကိုယ်မကြိုက်တာကိုမှ ကိုယ်မကြိုက်ဆုံးကိုမှလုပ်လိုက်တယ်ဆိုရင် အ ရင်ဆုံးလမ်းခွဲမယ် ဆိုတဲ့ စကားကို အရင်ဆုံးကိုယ်ကပြောရမှ ကို ကြိုက်တတ်တဲ့ သူတွေ ရှိပါတယ်။

ဒါကလည်း သဘာဝပါပဲ ဘာလို့ ဆိုတော့ ကိုယ်က အပစ်လုပ်တာမဟုတ်လို့ အရင်ပြောမယ်ဆိုတဲ့ စိတ်ဖြစ်လာတာပါ။ အသေချာ စိတ်ငြိမ်အောင်ထားပြီး စဉ်းစားကြည့်ပါ လမ်းခွဲစကားကို ဘာအကြောင်းကြောင့်မှ ကိုယ်က စမပြောပါနဲ့။ တောင်းပန်ခိုင်းပါ၊ ပြဿနာအကျိုးအကြောင်းကို သိရအောင်မေးပါ၊ အတူတူဖြေရှင်းနိုင်ပါက ပိုကောင်းပါတယ်။

 ပြဿနာမရှိတဲ့ ချစ်ခြင်း နဲ့ အိမ်ထောင်ရေး ဆိုတာ ပျင်းစရာကြီးပါ ပြဿနာ ဆိုတာတွေ ကဖြေရှင်းတတ်ရင် သာယာမှုတွေ အဖြစ်သို့လည်းပြောင်းလဲ နိင်တဲ့အတွက် လမ်းခွဲခြင်းနဲ့ဇာတ်မသိမ်းကြပါနဲ့။

တောင်းပန်ဖို့ ဝန်မလေးကြပါနဲ့

စိတ်သဘောထားဆိုတာ ချစ်တဲ့သူတွေ မှာ မတိုက်ဆိုင်ရင်လည်း ခဏပါပဲ ဒါကြောင့် စိတ်သဘောထားမတိုက်ဆိုင်တော့ ရင် ပထမ ဦးစွာဖြစ်ပေါ်တတ်တာက ငြင်းခုန်ခြင်းပါပဲ ။ မငြင်းနဲ့လို့မပြောပါဘူး ငြင်းလို့ရပါတယ် တစ်ယောက်နဲ့တစ် ယောက်အမြင်မတူတာတွေ ကို ညှိုနှိုင်းလို့ ရပါတယ်။

ဒါပေမယ့် သိပ်တော့ အချိန်မကြာပါစေနဲ့ တစ်ယောက်ယောက်က အရင်တောင်း ပန်သင့်ရင် တောင်းပန်လိုက်ပါ ။  တောင်းပန်မှ အဆင်ပြေမယ် ဆိုရင် တောင်းပန် ဖို့ ကို ဝန်မလေးပဲ ငါနဲ့သူအငြင်းအခုန်မလုပ်ခင်တစ်ရက်က ငါ့ကို ဘယ်လောက် ချစ်ခဲ့သလဲ ဆိုတဲ့ အခြေအနေကိုတွေးပြီး တောင်းပန်ပေးလိုက်ခြင်းက ကောင်းမွန်တဲ့ အခြေအနေကို ပြန်လည်ရောက်ရှိနိုင်ပါတယ်။

အနမ်းပေးပြီး ကျေအေးကြပါ

တချို့က စကားများရန်ဖြစ်ပြီးကြပြီ ဆိုရင် သိပ်ချစ်တာ မကြာသေးတဲ့ စုံတွဲတွေ မှာတွေရတတ်တဲ့ အကျင့်က မသိမသာလေး သူစိမ်းလေးတွေ လို အနေစိမ်း တတ်ကြပါတယ်။

အဲ့လိုအခါမျိုးမှာ တစ်ယောက်ပါးကို တစ်ယောက်က နမ်းလို့ အနမ်းပေးပြီး ကျေ အေးခြင်းက နှစ်ဦးစလုံးအတွက် အကျိုးရှိမယ်ထင်ပါတယ်။ ဒါကြောင့် ရန်ဖြစ်ပြီးလို့ စိတ်ဆိုးစိတ်ကောက်ကြပြီး ရင် တော့ ချစ်သူရဲ့ပါးမှာ အနမ်းတစ်ပွင့်တော့ ထား သင့်နေပြီဆိုတာကို အကြံပေးပါရစေ။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top