iMyanmarHouse.com - Best Property Website for Myanmar
×


ေယာက်္ားေလးေတြ မွာလည္း ကေလးဆန္တဲ႔ အမူအက်င္႔နဲ႔၊ သဘာ၀ေလးေတြ ရွိတတ္ပါတယ္။ ဒါေပမယ္႔ လူတိုင္းေရွ႕ေတာ့ ခ်မျပတတ္ပါဘူး။ ကၽြန္ေတာ္တို႔ ဆိုးခ်င္တဲ႔သူ ၊ ခ်စ္တဲ႔သူ သာ သိႏိုင္၊ ျမင္ႏိုင္မယ္႕ အမူအက်င္႔ေလးေတြပါ။

မိန္းမ၊ ေယာက်္ား သေဘာ၊သဘာ၀အရ ကေလးဆန္တယ္ဆိုတာကို ကၽြန္ေတာ္ တို႕ကမိန္းကေလးေတြ ဆီမွာဘဲ အေတြ႔မ်ား လက္ခံထားႀကပါတယ္။ တစ္ကယ္ ေတာ့ ကၽြန္ေတာ္တို႔ ေယာက်္ားေလးေတြ မွာလည္း ကေလးဆန္တဲ႔ အမူအက်င္႔နဲ႔၊ သဘာ၀ေလးေတြ ရွိတတ္ပါတယ္။

ဒါေပမယ္႔ လူတိုင္းေရွ႕ေတာ့ ခ်မျပတတ္ပါဘူး။ ကၽြန္ေတာ္တို႔ ဆိုးခ်င္တဲ႔သူ ၊ ခ်စ္တဲ႔ သူ သာ သိႏိုင္၊ ျမင္ႏိုင္မယ္႕ အမူအက်င္႔ေလးေတြပါ။ သင္႔ခ်စ္သူေကာင္ ေလးက ဒီအျပဳအမူေလးေတြ သင္႔ဆီမွာျပဳလုပ္ခဲ႔ရင္ မညိဳညင္သြားေစဖို႔ ေျပာျပေပးလိုက္ပါ တယ္။

၁. စိတ္ေကာက္ျခင္း

သင့္ေကာင္ေလးက သင္႔ထက္ပိုၿပီးစိတ္ေကာက္တတ္ေနတာမ်ိဳး သင္ႀကံဳဖူးပါသ လား။ သူတို႔မႀကိဳက္တာ တစ္ခုခုလုပ္မိလို႔ သင္႔ကိုစိတ္ေကာက္တတ္တဲ႔ေကာင္ ေလးကို သင္ပိုင္ဆိုင္ထားရၿပီဆိုရင္ သင္႔ခ်စ္သူဟာ တစ္ကယ္ကို ကေလးဆန္ လြန္းလို႔ပါ။ စိတ္ေျပလည္းလြယ္တတ္ၿပီး ၊ စိတ္ေကာက္လည္းျမန္တတ္ပါတယ္။ အနမ္းေလးေပးၿပီး ခပ္သြက္သြက္ ေခ်ာ့တတ္မွျဖစ္မယ္ေနာ္။

၂. သ၀န္တိုလြယ္ျခင္း

ကေလးဆန္တဲ႔ေကာင္ေလးေတြက ခ်စ္သူေကာင္မေလးကို တစ္အားခ်စ္ၿပီဆိုရင္ အရမ္းလည္း သ၀န္တိုတတ္ပါေသးတယ္။ ေယာက်္ားေလး ေတာ္ေတာ္မ်ားမ်ားက သ၀န္တိုတာကိုေျပာမျပ၊ ေဖာ္မျပတတ္ပါဘူး။ ဒါေပမယ္႔လို႔ ကေလးဆန္တဲ႔သင္႔ခ်စ္ သူေကာင္ေလးက သူသ၀န္တိုေနေႀကာင္း စကားေတြနဲ႔ေထ့ေျပာေနၿပီဆို သင္သ ေဘာေပါက္သင္႔ပါၿပီ။

၃. ဂရုစိုက္ခံလိုျခင္း

သင့္ေကာင္ေလးက သင္႔ဆီက ဂရုစိုက္မႈကိုလိုတာထက္ပိုမက္ေမာေနၿပီဆိုရင္ သူရဲ ႔မသိစိတ္က ကေလးဆန္လြန္းလို႔ပါ။ “တစ္ခုခုစားတဲ႔အခါ ခြန္႔ေကၽြးမွ သေဘာက်တတ္တာမ်ိဳး၊ သူ႔ရဲ႔ ႔လက္သည္း၊ ေျခသည္းေတြ ညွပ္ေပးတာမ်ိဳး၊ အျပင္သြားတဲ႔အခါ သူ႔လက္ကို တင္းတင္းဆုပ္ကိုင္ထားတာမ်ိဳး ႀကိဳက္တဲ့ ခ်စ္သူမ်ိဳး သင္ရထားၿပီလား။ အပီအၿပင္သာ ဂရုစိုက္ဖို႔ျပင္ထားေတာ့ေနာ္။

တစ္ကယ္ေတာ့ အခ်စ္နဲ႔ေတြ ႔တဲ့အခါ ကၽြန္ေတာ္တို႔လူသားေတြ အားလံုးေျပာင္းလဲ သြားတတ္ပါတယ္။ ေယာက်္ားရင္႔မာႀကီးေတြက ခ်စ္ရတဲ႔သူေႀကာင့္ မ်က္ရည္ႀကရ တာလည္း ရွိသလို ၊ ခ်စ္သူဆီက ဂရုစိုက္မႈကိုရဖို႔ ကေလးတစ္ေယာက္လို တြယ္ ကပ္ေနရတာေတြလည္းရွိပါတယ္။

မိန္းကေလးေတြရဲ ႔စိတ္က နားလည္ရခက္သလိုမ်ိဳး၊ တစ္ကယ္ခ်စ္တတ္သြားတဲ႔အ ခါ ကၽြန္ေတာ္တို႕ေယာက်္ားေလးေတြ ရဲ ႕စိတ္ကလည္း နားလည္ရခက္ပါတယ္။ ခ်စ္သူခ်င္း နားလည္ႏိုင္ဖို႔ႀကိဳးစားရင္း သာယာလွပတဲ႔ဘ၀ေလး ပိုင္ဆိုင္ႏိုင္ႀကပါ ေစ။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #



ယောကျ်ားလေးတွေ မှာလည်း ကလေးဆန်တဲ့ အမူအကျင့်နဲ့၊ သဘာဝလေးတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် လူတိုင်းရှေ့တော့ ချမပြတတ်ပါဘူး။ ကျွန်တော်တို့ ဆိုးချင်တဲ့သူ ၊ ချစ်တဲ့သူ သာ သိနိုင်၊ မြင်နိုင်မယ့် အမူအကျင့်လေးတွေပါ။

မိန်းမ၊ ယောကျ်ား သဘော၊သဘာဝအရ ကလေးဆန်တယ်ဆိုတာကို ကျွန်တော် တို့ကမိန်းကလေးတွေ ဆီမှာဘဲ အတွေ့များ လက်ခံထားကြပါတယ်။ တစ်ကယ် တော့ ကျွန်တော်တို့ ယောကျ်ားလေးတွေ မှာလည်း ကလေးဆန်တဲ့ အမူအကျင့်နဲ့၊ သဘာဝလေးတွေ ရှိတတ်ပါတယ်။

ဒါပေမယ့် လူတိုင်းရှေ့တော့ ချမပြတတ်ပါဘူး။ ကျွန်တော်တို့ ဆိုးချင်တဲ့သူ ၊ ချစ်တဲ့ သူ သာ သိနိုင်၊ မြင်နိုင်မယ့် အမူအကျင့်လေးတွေပါ။ သင့်ချစ်သူကောင် လေးက ဒီအပြုအမူလေးတွေ သင့်ဆီမှာပြုလုပ်ခဲ့ရင် မညိုညင်သွားစေဖို့ ပြောပြပေးလိုက်ပါ တယ်။

၁. စိတ်ကောက်ခြင်း

သင့်ကောင်လေးက သင့်ထက်ပိုပြီးစိတ်ကောက်တတ်နေတာမျိုး သင်ကြုံဖူးပါသ လား။ သူတို့မကြိုက်တာ တစ်ခုခုလုပ်မိလို့ သင့်ကိုစိတ်ကောက်တတ်တဲ့ကောင် လေးကို သင်ပိုင်ဆိုင်ထားရပြီဆိုရင် သင့်ချစ်သူဟာ တစ်ကယ်ကို ကလေးဆန် လွန်းလို့ပါ။ စိတ်ပြေလည်းလွယ်တတ်ပြီး ၊ စိတ်ကောက်လည်းမြန်တတ်ပါတယ်။ အနမ်းလေးပေးပြီး ခပ်သွက်သွက် ချော့တတ်မှဖြစ်မယ်နော်။

၂. သဝန်တိုလွယ်ခြင်း

ကလေးဆန်တဲ့ကောင်လေးတွေက ချစ်သူကောင်မလေးကို တစ်အားချစ်ပြီဆိုရင် အရမ်းလည်း သဝန်တိုတတ်ပါသေးတယ်။ ယောကျ်ားလေး တော်တော်များများက သဝန်တိုတာကိုပြောမပြ၊ ဖော်မပြတတ်ပါဘူး။ ဒါပေမယ့်လို့ ကလေးဆန်တဲ့သင့်ချစ် သူကောင်လေးက သူသဝန်တိုနေကြောင်း စကားတွေနဲ့ထေ့ပြောနေပြီဆို သင်သ ဘောပေါက်သင့်ပါပြီ။

၃. ဂရုစိုက်ခံလိုခြင်း

သင့်ကောင်လေးက သင့်ဆီက ဂရုစိုက်မှုကိုလိုတာထက်ပိုမက်မောနေပြီဆိုရင် သူရဲ့မသိစိတ်က ကလေးဆန်လွန်းလို့ပါ။ “တစ်ခုခုစားတဲ့အခါ ခွန့်ကျွေးမှ သဘောကျတတ်တာမျိုး၊ သူ့ရဲ့လက်သည်း၊ ခြေသည်းတွေ ညှပ်ပေးတာမျိုး၊ အပြင်သွားတဲ့အခါ သူ့လက်ကို တင်းတင်းဆုပ်ကိုင်ထားတာမျိုး ကြိုက်တဲ့ ချစ်သူမျိုး သင်ရထားပြီလား။ အပီအပြင်သာ ဂရုစိုက်ဖို့ပြင်ထားတော့နော်။

တစ်ကယ်တော့ အချစ်နဲ့တွေ့တဲ့အခါ ကျွန်တော်တို့လူသားတွေ အားလုံးပြောင်းလဲ သွားတတ်ပါတယ်။ ယောကျ်ားရင့်မာကြီးတွေက ချစ်ရတဲ့သူကြောင့် မျက်ရည်ကြရ တာလည်း ရှိသလို ၊ ချစ်သူဆီက ဂရုစိုက်မှုကိုရဖို့ ကလေးတစ်ယောက်လို တွယ် ကပ်နေရတာတွေလည်းရှိပါတယ်။

မိန်းကလေးတွေရဲ့စိတ်က နားလည်ရခက်သလိုမျိုး၊ တစ်ကယ်ချစ်တတ်သွားတဲ့အ ခါ ကျွန်တော်တို့ယောကျ်ားလေးတွေ ရဲ့စိတ်ကလည်း နားလည်ရခက်ပါတယ်။ ချစ်သူချင်း နားလည်နိုင်ဖို့ကြိုးစားရင်း သာယာလှပတဲ့ဘဝလေး ပိုင်ဆိုင်နိုင်ကြပါ စေ။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top