iMyanmarHouse.com - Best Property Website for Myanmar
×


ျမန္မာ လူမ်ိဳးေတြရဲ့ မီးဖိုေခ်ာင္ ထဲမွာ အေတြ႕ရမ်ားတဲ့ ဘူးသီးဟာ ေသြးတိုး က်ေစ တဲ့ အစြမ္းနဲ့ ႏွလံုးေရာဂါ သက္သာေစတဲ့ အစြမ္း ရွိတယ္လို့ ဆိုၾကပါတယ္။ ဘူး သီးကို ဟင္းခါး အျဖစ္ က်ိဳခ်က္ ေသာက္သံုး ၾကသလို ဘူးသီးကို ျပဳတ္ၿပီး တို့စား တာ၊ သုပ္စား တာမ်ိဳးလည္း ျပဳလုပ္ ၾကပါတယ္။ ဘူးသီးကို စားေပးတာေၾကာင့္ ေအာက္ပါ အက်ိဳးေက်းဇူးေတြကို ရရွိေစပါတယ္။

အသည္းရဲ ့ လုပ္ငန္းေဆာင္တာ ေတြကို ဟန္ခ်က္ညီေစပါတယ္

ဘူးသီးမွာ ျပည့္ဝဆီနဲ႔ ကယ္လိုရီ ပါဝင္မႈ နည္းပါတယ္။ အမွ်င္ဓာတ္၊ ဗီတာမင္စီ၊ ႐ိုင္ဘို ဖေလဗင္၊ ဇင့္(သြပ္)၊ သိုင္ယာ မင္၊ သံဓာတ္နဲ႔ မဂၢနီဆီယမ္တို႔ ပါဝင္မႈ မ်ားပါတယ္။ ဒါေၾကာင့္ အသည္းကို သန္႔စင္ ေစတာ၊ ျပန္လည္ အားျဖည့္ေပးတာနဲ႔ အယ္လ္ကိုေဟာေၾကာင့္ ထိခိုက္မႈကို ကာကြယ္ေပးတာတို႔ လုပ္ေဆာင္ ေပးပါတယ္။

ဆံပင္ျဖဴတာကို ေလ်ာ႕က်ေစပါတယ္

ဘူးရြက္ကရတဲ့ အရည္ဟာ အသားဝါတာကို သက္သာေစၿပီး ဘူးသီးအရည္ ကေတာ့ ဆံပင္ျဖဴ တာကို ေလ်ာ့က်ေစ တယ္လို႔ ဆိုၾကပါတယ္။

ႏံုးခ်ည္႕ေညာင္းညာမႈ သက္သာေစပါတယ္

ဘူးသီးကို စားေပးတာေၾကာင့္ ႏံုးခ်ည့္ ေညာင္းညာမႈ ေလ်ာ့က်ေစၿပီး လန္းဆန္း ေစပါတယ္။ အထူးသျဖင့္ ပူျပင္းတဲ့ ရက္ေတြမွာ လန္းဆန္းေစပါတယ္။

စိတ္စြဲလြန္ ေဝဒနာကို သက္သာေစပါတယ္

ဘူးသီးဟာ နာ့ဗ္ေၾကာေတြကို အားေကာင္းတဲ့အတြက္ အလုပ္တစ္ခုခုကို ထပ္ခါ တလဲလဲ လုပ္တတ္တဲ့ စိတ္စြဲလြန္ ေဝဒနာ (OCD)ကို ေလ်ာ့က် ေစပါတယ္။ ေဆး ဝါးေဗဒ ဂ်ာနယ္ရဲ႕ ေလ့လာမႈအရ ဘူးသီးမွာ စိတ္စြဲ လြန္ေဝဒနာကို ေလ်ာ့က်ေစတဲ့ အစြမ္းရွိတယ္လို႔ သိရ ပါတယ္။

ကိုယ္အေလးခ်ိန္ကို ေလ်ာ႕က် ေစပါတယ္

ဘူးသီးမွာ ေရဓာတ္ ၉၆ ရာခိုင္ႏႈန္း ပါဝင္တာေၾကာင့္ ဘူးသီး ၁၀ဝ ဂရမ္စား တဲ့အ ခါ ၁၂ ကယ္လိုရီပဲ ရရွိပါတယ္။ ဒါေၾကာင့္ ကိုယ္အေလးခ်ိန္ ေလ်ာ့က်ေစတဲ့ အစား အစာတစ္မ်ိဳးအျဖစ္ အသိအမွတ္ ျပဳထားပါတယ္။

အေထြေထြ က်န္းမာေရးကို ေကာင္းမြန္ေစပါတယ္

ဘူးသီးမွာ သိုင္ယာမင္၊ ဗီတာမင္စီ၊ ဇင့္(သြပ္)၊ သံဓာတ္နဲ႔ မဂၢနီဆီယမ္တို႔ မ်ား စြာ ပါဝင္တဲ့အတြက္ အေထြေထြ က်န္းမာေရးကို ေကာင္းမြန္ ေစပါတယ္။

မ်က္စိ က်န္းမာေရးကို ေကာင္းမြန္ေစပါတယ္

ဘူးသီးမွာ ဘီတာကယ္႐ိုတင္း ပမာဏ မ်ားစြာ ပါဝင္တဲ့အတြက္ မ်က္စိ အျမင္အာ႐ံု ကို ေကာင္းမြန္ ေစပါတယ္။ ဘူးသီးဟာ အစာအိမ္ေဝဒနာ၊ အစာအိမ္အူ လမ္း ေၾကာင္း ပိုးဝင္တာနဲ႔ လိပ္ေခါင္းစ တာေတြကိုလည္း သက္သာေစပါတယ္။ ဘူးသီး မွာ ေသြးေတြကို သန္႔စင္ေစတဲ့ အာနိသင္လည္း ရွိတာေၾကာင့္ ေရာဂါ အမ်ားစုကို တြန္းလွန္ ေပးႏိုင္ပါတယ္။

ေသြးတြင္း သၾကားဓာတ္ ပမာဏကို ေလ်ာ႕က်ေစပါတယ္

ဘူးသီးမွာ ပါတဲ့ ပပ္တိုက္နဲ႔ အယ္လ္ကာလြိဳက္ ေတြက ေသြးတြင္း သၾကား ဓာတ္ပမာဏကို ေလ်ာ့က် ေစပါတယ္။  ဒါေၾကာင့္ ဆီးခ်ိဳ ေရာဂါ ရွိသူေတြ အသင့္အတင့္ စားႏိုင္ပါတယ္။

Credit:thithtoolwin

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


မြန်မာ လူမျိုးတွေရဲ့ မီးဖိုချောင် ထဲမှာ အတွေ့ရများတဲ့ ဘူးသီးဟာ သွေးတိုး ကျစေ တဲ့ အစွမ်းနဲ့ နှလုံးရောဂါ သက်သာစေတဲ့ အစွမ်း ရှိတယ်လို့ ဆိုကြပါတယ်။ ဘူး သီးကို ဟင်းခါး အဖြစ် ကျိုချက် သောက်သုံး ကြသလို ဘူးသီးကို ပြုတ်ပြီး တို့စား တာ၊ သုပ်စား တာမျိုးလည်း ပြုလုပ် ကြပါတယ်။ ဘူးသီးကို စားပေးတာကြောင့် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

အသည်းရဲ့ လုပ်ငန်းဆောင်တာ တွေကို ဟန်ချက်ညီစေပါတယ်

ဘူးသီးမှာ ပြည့်ဝဆီနဲ့ ကယ်လိုရီ ပါဝင်မှု နည်းပါတယ်။ အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ရိုင်ဘို ဖလေဗင်၊ ဇင့်(သွပ်)၊ သိုင်ယာ မင်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်မှု များပါတယ်။ ဒါကြောင့် အသည်းကို သန့်စင် စေတာ၊ ပြန်လည် အားဖြည့်ပေးတာနဲ့ အယ်လ်ကိုဟောကြောင့် ထိခိုက်မှုကို ကာကွယ်ပေးတာတို့ လုပ်ဆောင် ပေးပါတယ်။

ဆံပင်ဖြူတာကို လျော့ကျစေပါတယ်

ဘူးရွက်ကရတဲ့ အရည်ဟာ အသားဝါတာကို သက်သာစေပြီး ဘူးသီးအရည် ကတော့ ဆံပင်ဖြူ တာကို လျော့ကျစေ တယ်လို့ ဆိုကြပါတယ်။

နုံးချည့်ညောင်းညာမှု သက်သာစေပါတယ်

ဘူးသီးကို စားပေးတာကြောင့် နုံးချည့် ညောင်းညာမှု လျော့ကျစေပြီး လန်းဆန်း စေပါတယ်။ အထူးသဖြင့် ပူပြင်းတဲ့ ရက်တွေမှာ လန်းဆန်းစေပါတယ်။

စိတ်စွဲလွန် ဝေဒနာကို သက်သာစေပါတယ်

ဘူးသီးဟာ နာ့ဗ်ကြောတွေကို အားကောင်းတဲ့အတွက် အလုပ်တစ်ခုခုကို ထပ်ခါ တလဲလဲ လုပ်တတ်တဲ့ စိတ်စွဲလွန် ဝေဒနာ (OCD)ကို လျော့ကျ စေပါတယ်။ ဆေး ဝါးဗေဒ ဂျာနယ်ရဲ့ လေ့လာမှုအရ ဘူးသီးမှာ စိတ်စွဲ လွန်ဝေဒနာကို လျော့ကျစေတဲ့ အစွမ်းရှိတယ်လို့ သိရ ပါတယ်။

ကိုယ်အလေးချိန်ကို လျော့ကျ စေပါတယ်

ဘူးသီးမှာ ရေဓာတ် ၉၆ ရာခိုင်နှုန်း ပါဝင်တာကြောင့် ဘူးသီး ၁၀ဝ ဂရမ်စား တဲ့အ ခါ ၁၂ ကယ်လိုရီပဲ ရရှိပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် လျော့ကျစေတဲ့ အစား အစာတစ်မျိုးအဖြစ် အသိအမှတ် ပြုထားပါတယ်။

အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ဘူးသီးမှာ သိုင်ယာမင်၊ ဗီတာမင်စီ၊ ဇင့်(သွပ်)၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ များ စွာ ပါဝင်တဲ့အတွက် အထွေထွေ ကျန်းမာရေးကို ကောင်းမွန် စေပါတယ်။

မျက်စိ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ဘူးသီးမှာ ဘီတာကယ်ရိုတင်း ပမာဏ များစွာ ပါဝင်တဲ့အတွက် မျက်စိ အမြင်အာရုံ ကို ကောင်းမွန် စေပါတယ်။ ဘူးသီးဟာ အစာအိမ်ဝေဒနာ၊ အစာအိမ်အူ လမ်း ကြောင်း ပိုးဝင်တာနဲ့ လိပ်ခေါင်းစ တာတွေကိုလည်း သက်သာစေပါတယ်။ ဘူးသီး မှာ သွေးတွေကို သန့်စင်စေတဲ့ အာနိသင်လည်း ရှိတာကြောင့် ရောဂါ အများစုကို တွန်းလှန် ပေးနိုင်ပါတယ်။

သွေးတွင်း သကြားဓာတ် ပမာဏကို လျော့ကျစေပါတယ်

ဘူးသီးမှာ ပါတဲ့ ပပ်တိုက်နဲ့ အယ်လ်ကာလွိုက် တွေက သွေးတွင်း သကြား ဓာတ်ပမာဏကို လျော့ကျ စေပါတယ်။  ဒါကြောင့် ဆီးချို ရောဂါ ရှိသူတွေ အသင့်အတင့် စားနိုင်ပါတယ်။

Credit:thithtoolwin

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top