iMyanmarHouse.com - Best Property Website for Myanmar
×


ဖတ္ဖူးတဲ့ ကဗ်ာတစ္ပိုဒ္မွာ

( မင္းမဟုတ္တဲ့ တစ္ျခားတစ္ေယာက္နဲ႔ အိုမင္းမသြားခ်င္ဘူးေလ )….. တဲ့

ကမ္းေျခမွာ သူတို႔ ၂ေယာက္ကို ႐ုတ္တရက္ေတြ႔ေတာ့ေျခလွမ္းေတြအလိုလိုရပ္သြားတယ္၊

အန္တီက ဇရာေၾကာင့္ မတ္မတ္ရပ္လို႔မရနိင္ေတာ့ဘူး ။ လိႈင္းလံုး ေသးေသးေလးေတြလာတာကိုေတာင္ သူ႔မွာေၾကာက္လို႔ ၊ ယိုင္လဲမသြားေအာင္ဦးရဲ့လက္ကို တင္းတင္းႀကီး ဖ်စ္ညႇစ္ဆုတ္ကိုင္ထားေလရဲ႕။

က်ေနာ္သြားစပ္စုတယ္။

( ဦးေရ အန္တီက ေၾကာက္ေနပံုပဲေနာ္ )

ဦးက

(ေအးကြ သူကကမ္းေျခကိုတစ္ေခါက္မွမေရာက္ျဖစ္လို႔ ပင္လယ္ထဲလည္း မဆင္းဖူးဘူးကြ) ဆိုၿပီးျပံဴးးျပံဳ းႀကီးျပန္ေျဖတယ္။

ထပ္ၿပီးစကားေျပာုျဖစ္ေတာ့ သူတို႔ဇနီးေမာင္ႏွံက သားသမီးေတြ ၊ေျမးေတြနဲ႔ ခရီးထြက္လာၾကတာတဲ့ေလ။

က်ေနာ္ တို႔စကားေျပာသာေျပာေနၾကတာ အန္တီက ေရလိႈင္းေတြကိုၾကည့္လိုက္ ၊ ( လာၿပီ..လာၿပီ အႀကီးႀကီးလာေနၿပီ) ဆိုၿပီးေအာ္လိုက္

ဦးရဲ႕လက္ကို အတင္းဖ်စ္ညႇစ္ဆြဲထားလိုက္နဲ႔ 😊

ဦးတို႔ ဇနီးေမာင္ႏွံ ပံုစံကိုၾကည့္ရတာ ေငြေၾကးႂကြယ္ဝတဲ့အသိုင္းအဝိုင္းက ဟုတ္ဟန္မတူ ။သို႔ေပမယ့္ ေမတၱာတရားႂကြယ္ဝမႈကိုေတာ့ ဇနီးသည္ကို ၾကည့္တဲ့အၾကည့္ေတြထဲမွာျမင္ရေတြ႔ရတာ စိတ္ခ်မ္းသာလိုက္ပါဘိ။

ေအာ္…. အန္တီ့လက္ကို ဒီလို မလႊတ္တမ္း ဆုတ္ကိုင္ခဲ့တာ ဘယ္ေလာက္ၾကာခဲ့ၿပီလဲေလ…..

ခြင့္ေတာင္းၿပီး ၂ ေယာက္စလံုးကို ဓာတ္ပံု႐ိုက္ၿပီး၊သူငယ္ခ်င္း ေတြဆီထြက္လာခဲ့လိုက္တယ္။

ဒီေန႔ဟာ ေခ်ာင္းသာကမ္းေျခမွာ ခ်စ္ျခင္းေတြနဲ႔ ပိုလွေနသလားလို႔ေတာင္ထင္မိပါေတာ့တယ္ ဗ်ာ ။

 Credit:burmese.asia

 ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ဖတ်ဖူးတဲ့ ကဗျာတစ်ပိုဒ်မှာ

( မင်းမဟုတ်တဲ့ တစ်ခြားတစ်ယောက်နဲ့ အိုမင်းမသွားချင်ဘူးလေ )….. တဲ့

ကမ်းခြေမှာ သူတို့ ၂ယောက်ကို ရုတ်တရက်တွေ့တော့ခြေလှမ်းတွေအလိုလိုရပ်သွားတယ်၊

အန်တီက ဇရာကြောင့် မတ်မတ်ရပ်လို့မရနိင်တော့ဘူး ။ လှိုင်းလုံး သေးသေးလေးတွေလာတာကိုတောင် သူ့မှာကြောက်လို့ ၊ ယိုင်လဲမသွားအောင်ဦးရဲ့လက်ကို တင်းတင်းကြီး ဖျစ်ညှစ်ဆုတ်ကိုင်ထားလေရဲ့။

ကျနော်သွားစပ်စုတယ်။

( ဦးရေ အန်တီက ကြောက်နေပုံပဲနော် )

ဦးက

(အေးကွ သူကကမ်းခြေကိုတစ်ခေါက်မှမရောက်ဖြစ်လို့ ပင်လယ်ထဲလည်း မဆင်းဖူးဘူးကွ) ဆိုပြီးပြူံးးပြုံ းကြီးပြန်ဖြေတယ်။

ထပ်ပြီးစကားပြောုဖြစ်တော့ သူတို့ဇနီးမောင်နှံက သားသမီးတွေ ၊မြေးတွေနဲ့ ခရီးထွက်လာကြတာတဲ့လေ။

ကျနော် တို့စကားပြောသာပြောနေကြတာ အန်တီက ရေလှိုင်းတွေကိုကြည့်လိုက် ၊ ( လာပြီ..လာပြီ အကြီးကြီးလာနေပြီ) ဆိုပြီးအော်လိုက်

ဦးရဲ့လက်ကို အတင်းဖျစ်ညှစ်ဆွဲထားလိုက်နဲ့ 😊

ဦးတို့ ဇနီးမောင်နှံ ပုံစံကိုကြည့်ရတာ ငွေကြေးကြွယ်ဝတဲ့အသိုင်းအဝိုင်းက ဟုတ်ဟန်မတူ ။သို့ပေမယ့် မေတ္တာတရားကြွယ်ဝမှုကိုတော့ ဇနီးသည်ကို ကြည့်တဲ့အကြည့်တွေထဲမှာမြင်ရတွေ့ရတာ စိတ်ချမ်းသာလိုက်ပါဘိ။

အော်…. အန်တီ့လက်ကို ဒီလို မလွှတ်တမ်း ဆုတ်ကိုင်ခဲ့တာ ဘယ်လောက်ကြာခဲ့ပြီလဲလေ…..

ခွင့်တောင်းပြီး ၂ ယောက်စလုံးကို ဓာတ်ပုံရိုက်ပြီး၊သူငယ်ချင်း တွေဆီထွက်လာခဲ့လိုက်တယ်။

ဒီနေ့ဟာ ချောင်းသာကမ်းခြေမှာ ချစ်ခြင်းတွေနဲ့ ပိုလှနေသလားလို့တောင်ထင်မိပါတော့တယ် ဗျာ ။


Credit:burmese.asia

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top