iMyanmarHouse.com - Best Property Website for Myanmar
×


ေသြးျမင္တာနဲ႔ ေၾကာက္လန္႔စိတ္ ျဖစ္လာျခင္း (Hemophobia) ဆိုတာ ေၾကာက္စိတ္လြန္ ကဲျခင္း (Phobia) ေတြထဲက လူေတာ္ေတာ္မ်ားမ်ားမွာ အျဖစ္မ်ားတဲ့ စိတ္ေ၀ဒနာ တစ္မ်ိဳးျဖစ္ ပါတယ္။

 ေသြးကို ျမင္လိုက္ရတာနဲ႔ စိတ္ထဲက တုန္လႈပ္ေျခာက္ျခားျပီး အသိစိတ္ေတြ လြတ္သြားတာ၊ ပံုမွန္ထက္ ပိုျပီး ေၾကာက္လန္႔တဲ့ စိတ္ခံစားခ်က္မႈမ်ိဳး၊ ရုပ္ရွင္ထဲမွာ ေသြးပါတဲ့ ဇာတ္၀င္ခန္းကို ျမင္လိုက္တာနဲ႔ ေအာ့အန္ခ်င္သလို၊ မူးေမ့သြားခ်င္သလို ျဖစ္တာေတြဟာ ေသြးျမင္တာနဲ႔ လန္႔တတ္တဲ့ စိတ္ေ၀ဒနာရဲ႕ လကၡဏာျဖစ္ပါတယ္။

ေသြးျမင္ရင္ ျဖစ္လာတဲ့ ေၾကာက္လန္႔စိတ္ဟာ အခ်ိန္နဲ႔အမွ် လူကို စိတ္ဒုကၡေပးႏိုင္ျပီး ကိုယ့္ ရဲ႕ အနာဂတ္မွာ အခက္အခဲ ျပႆနာေတြ ျဖစ္လာႏိုင္သည္အထိ ဘ၀ကို အေႏွာင့္အ ယွက္ေပးႏိုင္ပါတယ္။ စိတ္က်န္းမာေရးျပႆနာ အမ်ားစုဟာ ေသခ်ာကုသမႈ မခံယူဘဲ သူ႔အလိုလို ေပ်ာက္ကင္းသြားႏိုင္တာ မဟုတ္ပါဘူး။

ဒါေၾကာင့္ ကိုယ့္ရဲ႕ စိတ္မွာ ျပႆနာတစ္ခုခု ရွိတယ္လို႔ ခံစားေနရျပီဆိုရင္ အေကာင္း ဆံုးကေတာ့ စိတ္ဆရာ၀န္ သို႔မဟုတ္ စိတ္ေရာဂါကုထံုးပညာရွင္ေတြနဲ႔ တိုင္ပင္ေဆြးေႏြးျပီး ျပႆနာကို အေျဖရွာဖို႔ ၾကိဳးစားသင့္ပါတယ္။

ဒီေန႔ေဆာင္းပါးေလးကေတာ့ ေသြးျမင္တာနဲ႔ အေၾကာက္လြန္စိတ္ ျဖစ္လာရျခင္းနဲ႔ ပတ္ သက္ျပီး သိသင့္တဲ့အရာေလးေတြကို ေျပာျပေပးသြားမွာ ျဖစ္ပါတယ္။Hemophobia ရဲ႕ လကၡဏာေတြက ဘာေတြလဲ။

တျခားေသာ အေၾကာက္လြန္စိတ္ေ၀ဒနာေတြလိုပါပဲ။ သာမန္လူတစ္ေယာက္လို ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ဘ၀ကို ျဖတ္သန္းသြားေပမယ့္ ကိုယ္ေၾကာက္တဲ့ အရာတစ္ခုကို ျမင္လိုက္တဲ့အခါမွ စိတ္အာရံုနဲ႔ ခႏၶာကိုယ္မွာ တုန္လႈပ္ေျခာက္ျခားမႈေတြ စတင္ျဖစ္ေပၚလာတ

Hemophobia ရွိတဲ့သူေတြ ရုတ္တရက္ ေသြးျမင္လိုက္တဲ့အခ်ိန္၊ ေသြးအေၾကာင္း ဦးေႏွာက္အေတြးအာရံုထဲ ေပၚလာတဲ့အခါ ရုပ္ပိုင္းဆိုင္ရာနဲ႔ စိတ္ပိုင္းဆိုင္ရာ ၂မ်ိဳးလံုးမွာ သိသိသာသာေတြ႔ရတတ္တဲ့ လကၡဏာေတြက ေအာက္ပါအတိုင္းပဲ ျဖစ္ပါတယ္။
ရုပ္ပိုင္းဆိုင္ရာ တုန္လႈပ္ေျခာက္ျခားမႈအေနနဲ႔

    အသက္ရွဴရခက္လာတာ
    အသက္ရွဴမ၀သလို ခံစားရတာ
    ႏွလံုးခုန္ႏႈန္း အလြန္အမင္း ျမန္လာတာ
    ရင္ဘတ္ေအာင့္လာတာ
    တစ္ကိုယ္လံုး အသားေတြ တဆတ္ဆတ္တုန္လာတာ
    ေခၽြးေစးေတြ ျပန္လာတာ
    ေခါင္းထဲမွာ မူးေ၀လာတာ
    ေအာ့အန္ခ်င္သလို ျဖစ္လာတာ
    အသားထဲကေန ခ်မ္းသလို ပူလာသလို လကၡဏာေတြ ေတြ႔ရႏိုင္ပါတယ္။

စိတ္ပိုင္းဆိုင္ရာ ေျပာင္းလဲမႈေတြထဲမွာ

    ျပင္းျပင္းထန္ထန္ စိုးရိမ္ပူပန္တဲ့ စိတ္ေတြ ျဖစ္လာတာ
    အထိတ္တလန္႔ ျဖစ္တာ
    ေသြးရွိတဲ့ ေနရာကေန ေျပးထြက္သြားခ်င္စိတ္ေတြ လြန္လြန္ကဲကဲ ျဖစ္ေပၚလာတာ
    အသိစိတ္ လြတ္ထြက္သြားတာ
    ကိုယ့္ရဲ႕ စိတ္ကို ဘယ္လိုမွ ခ်ဳပ္ထိန္းလို႔ မရေတာ့တာ
    မူးလဲမတတ္၊ ႏွလံုးရပ္မတတ္ ေၾကာက္လန္႔လြန္တာ
    ေၾကာက္ရြံ႕မႈနဲ႔ ပတ္သက္ျပီး မိမိကိုယ္ကိုယ္ ဘာမွမလုပ္ႏိုင္ဘူးလို႔ ခံစားရတာေတြ ျဖစ္ႏိုင္ပါတယ္။

တျခား Phobia နဲ႔ မတူတာကေတာ့ ေၾကာက္လန္႔စိတ္ တအားျပင္းထန္လြန္းတဲ့ အေျခ အေနေတြမွာ ႏွလံုးခုန္ႏႈန္း၊ ေသြးေပါင္ခ်ိန္ ထိုးက်သြားျပီး ေခါင္းက ခ်ာခ်ာလည္မူးလာတာ၊ ေမ့လဲသြားတဲ့ အထိပါ ျဖစ္ေစႏိုင္ပါတယ္။

ဘယ္လိုအသက္အရြယ္မွာ စျပီး ျဖစ္တတ္တာလဲ။

အရြယ္ငယ္ေသးတဲ့ ကေလးဘ၀မွာကတည္းက ဒီစိတ္ေ၀ဒနာ လကၡဏာေတြကို စတင္ သိရွိႏိုင္ပါတယ္။ ပ်မ္းမွ်အားျဖင့္ ေယာက္်ားေလးေတြမွာဆိုရင္ အသက္ ၉ႏွစ္၀န္းက်င္၊ မိန္းကေလးေတြမွာဆိုရင္ အသက္ ၇ႏွစ္၀န္းက်င္မွာ တစ္ခုခုနဲ႔ ပတ္သက္ျပီး အေၾကာက္ လြန္စိတ္ေတြ ျဖစ္လာတတ္ပါတယ္။

သာမန္ထက္ပိုျပီး ေသြးျမင္လိုက္တာနဲ႔ အေၾကာက္လြန္တဲ့ ကေလးေတြမွာ မိဘအနား အျမဲတြယ္ကပ္ေနတာ၊ စိတ္အလိုမက်တာ၊ မၾကာခဏ ငိုတာ၊ ေခ်ာင္ေလးထဲမွာ ပုန္းေနတတ္တာမ်ိဳး ေတြ႔ႏိုင္ပါတယ္။

ငယ္ရြယ္စဥ္မွာ ကေလးတိုင္း ေၾကာက္တတ္တာ သဘာ၀ပါပဲလို႔ မိဘေတြက ေပါ့ေပါ့ေလးေတြးျပီး ပစ္ထားလိုက္တဲ့အခါ ဒီျပႆနာဟာ အခ်ိန္ၾကာလာတာနဲ႔အမွ် ေပ်ာက္မသြားဘဲ ပိုပိုဆိုးလာျပီး ကိုယ့္ရဲ႕ စိတ္နဲ႔ခႏၶာ က်န္းမာေရးကိုပါ ထိခိုက္လာႏိုင္ပါတယ္။
ဘယ္လိုလူေတြမွာ အျဖစ္မ်ားလဲ။

မိဘမ်ိဳးရိုးမွာ အေၾကာက္လြန္ စိတ္ေ၀ဒနာ (Phobia) တစ္မ်ိဳးမ်ိဳးရွိရင္ ေမြးလာတဲ့ သားသမီးေတြကိုပါ ဒီလကၡဏာ ပါလာႏိုင္ပါတယ္။ မိဘေတြနဲ႔ မတူညီတဲ့ အရာတစ္ခုခုကို အေၾကာက္လြန္တာမ်ိဳးေတြလည္း ရွိႏိုင္ပါတယ္။

မိဘေတြနဲ႔ ကေလးနားမွာ အျမဲရွိေနတဲ့ အုပ္ထိန္္းသူတစ္ေယာက္ေယာက္မွာ ေသြးျမင္ရင္ လန္႔တတ္တဲ့ စိတ္ေ၀ဒနာရွိရင္ ကေလးေတြအေနနဲ႔ ဒါကို ေၾကာက္စရာၾကီးတစ္ခုလို ျမင္ျပီး ငယ္စဥ္ကတည္းက ေၾကာက္စိတ္စြဲသြားတာမ်ိဳးလည္း ရွိႏိုင္ပါတယ္။

တခ်ိဳ႕မိဘေတြမွာ ကေလးကို ခ်စ္လြန္းတဲ့ စိတ္ေၾကာင့္ အစိုးရိမ္လြန္ျပီး ေျခေမြးမီးမေလာင္၊ လက္ေမြးမီးမေလာင္၊ ပိုးေမြးသလို ေမြးတဲ့ အက်င့္ေတြ ရွိပါတယ္။ ဒီလိုမိဘေတြေအာက္မွာ ၾကီးျပင္းလာတဲ့ ကေလးတခ်ိဳ႕မွာ မိဘေတြအေပၚ မီွခိုတြယ္တာတဲ့ စိတ္ေတြ အလြန္ျဖစ္ျပီး မိဘကလြဲရင္ က်န္တဲ့ အရာအားလံုးကို ေၾကာက္လန္႔တဲ့ စိတ္ေတြ ျဖစ္လာႏိုင္ပါတယ္။

စိတ္ဖိစီးမႈ ျပင္းျပင္းထန္ထန္ ခံစားခဲ့တာ၊ မေတာ္တဆမႈတစ္ခုခုေၾကာင့္ ေနာက္ဆက္တြဲ က်န္ခဲ့တဲ့ စိတ္ဒဏ္ရာေတြေၾကာင့္လည္း ေသြးျမင္ရင္ လန္႔တတ္တဲ့ စိတ္ေ၀ဒနာ အစပ်ိဳးလာႏိုင္ပါတယ္။

ေသြးနဲ႔ ပတ္သက္ျပီး အေၾကာက္လြန္စိတ္ကို ကုသလို႔ ရလား။

ေသြးမွမဟုတ္ပါဘူး၊ ဘယ္အရာမဆို ေၾကာက္လြန္းတဲ့စိတ္ဟာ တျခား စိတ္က်န္း မာေရးျပႆနာေတြနဲ႔ ယွဥ္လိုက္ရင္ ကုသေပ်ာက္ကင္းဖို႔ လြယ္ကူတဲ့ စိတ္ေ၀ဒနာလို႔ ဆိုႏိုင္ပါတယ္။

ဒါ့အျပင္ တျခားစိတ္ေရာဂါေတြလိုမဟုတ္ဘဲ ေရာဂါဇစ္ျမစ္ကို သိဖို႔ ပိုမိုလြယ္ကူတဲ့အတြက္ အခ်ိန္ေပးျပီး မိဘေတြဘက္က ၀ိုင္း၀န္းပ့ံပိုးကူညီမႈေတြ ျပဳလုပ္ေပးမယ္ဆိုရင္ အျမစ္ျပတ္ ေပ်ာက္ကင္းႏိုင္ပါတယ္။

ေသြးျမင္လိုက္တဲ့အခ်ိန္မွာ စိတ္ေရာ ကိုယ္ပါ တုန္လႈပ္ျပီး ေၾကာက္လန္႔သြားတဲ့ လကၡဏာခံစားရတာ၊ ကိုယ့္ရဲ႕ ေၾကာက္လန္႔မႈဟာ သာမန္အေျခအေနထက္ ပိုဆိုးေနတယ္လို႔ ခံစားမိတာ၊ အနည္းဆံုး ၆လထက္ပိုျပီး ခံစားေနရျပီဆိုရင္ေတာ့ ဆရာ၀န္နဲ႔ အျမန္ဆံုး တိုင္ပင္ကုသၾကည့္ဖို႔ အၾကံေပးလိုက္ခ်င္ပါတယ္။

ကိုယ့္ရဲ႕ ေၾကာက္စိတ္ကို ေျဖေဖ်ာက္ေပးႏိုင္တဲ့ ကုထံုးေတြထဲမွာ

၁။ အထိအေတြ႔ ကုထံုး (Exposure Therapy)

ကိုယ္က ေသြးျမင္တာနဲ႔ ေၾကာက္တတ္တဲ့သူဆိုရင္ ေသြးကို ကိုယ့္ဦးေႏွာက္ထဲမွာ ပံုေဖာ္ခိုင္းတာ၊ မ်က္စိေရွ႕တည့္တည့္မွာ အခ်ိန္အတိုင္းအတာတစ္ခုထိ ၾကည့္ခိုင္းတဲ့ စိတ္ကုထံုးျဖစ္ပါတယ္။

၂။ အေတြးအေခၚ ကုထံုး (Cognitive Therapy)

ေသြးျမင္လိုက္တဲ့အခ်ိန္မွာ ကိုယ့္ဦးေႏွာက္ထဲမွာ ျဖစ္လာမယ့္ ေၾကာက္စိတ္ေတြ၊ စိုးရိမ္ပူပန္တဲ့ အေတြးေတြကို ပိုသဘာ၀က်ျပီး လက္ေတြ႔ဆန္ဆန္ ျမင္တတ္လာေအာင္ ကုသေပးတဲ့ စိတ္ကုထံုးျဖစ္ပါတယ္။

၃။ စိတ္အပန္းေျဖကုထံုး (Relaxation Therapy)

အသက္ရွဴေလ့က်င့္ခန္း၊ ေယာဂက်င့္စဥ္၊ တရားထိုင္ျခင္း၊ သာယာနာေပ်ာ္ဖြယ္ေတးသံစဥ္ ျငိမ့္ျငိမ့္ေလးေတြကို ဖြင့္ျပီး စိတ္အပန္းေျဖျခင္း အစရွိသျဖင့္ ကိုယ့္စိတ္ထဲမွာ ရွိေနတဲ့ စိတ္ဖိစီးမႈ၊ စိတ္တင္းၾကပ္မႈေတြ၊ ၾကြက္သားေတြ တင္းမာေနတာကို ေျပေလ်ာ့ေစဖို႔ စိတ္ေလ့က်င့္ခန္း ကုထံုးလုပ္ေပးတာျဖစ္ပါတယ္။

၄။ ဖိအားေပး ကုထံုး (Applied Tension)

ေၾကာက္လန္႔စိတ္ ျဖစ္ေနခ်ိန္မွာ မူးေမ့လဲသြားတာမ်ိဳးကို ထိန္းခ်ဳပ္ေပးဖို႔အတြက္ စိတ္ကုထံုးတစ္မ်ိဳးပါ။ အဓိကကေတာ့ ကိုုယ့္ရဲ႕ ေၾကာက္ရြံ႕တဲ့အရာကို ထိပ္တိုက္ရင္ဆိုင္ခိုင္းျပီး ခႏၶာကိုယ္အေပၚပိုင္း၊ လက္ေမာင္း၊ ေျခေထာက္ၾကြက္သားေတြကို အခ်ိန္အတိုင္းအတာတစ္ခုအထိ တင္းမာလာေအာင္ ဖိအားေပးလႈံ႕ေဆာ္တာျဖစ္ပါတယ္။

၅။ ေဆး၀ါးကုထံုး (Medication)

ေၾကာက္လန္႔ေ၀ဒနာ ျပင္းထန္လြန္းတဲ့သူေတြမွာ စိတ္ျငိမ္ေဆးမ်ိဳး ေပးတာမ်ိဳး ရွိေပမဲ့ ပံုမွန္အားျဖင့္ေတာ့ ေဆး၀ါးအကူအညီမလိုဘဲ သာမန္စိတ္နဲ႔ ခႏၶာကုထံုးျဖင့္ သက္သာေပ်ာက္ကင္းေစႏိုင္ပါတယ္။ ေဆးေသာက္ဖို႔ လိုအပ္၊ မလိုအပ္ဆိုတာကိုေတာ့ စိတ္ဆရာ၀န္၊ စိတ္ေရာဂါကုထံုးပညာရွင္တို႔နဲ႔ ေသခ်ာတိုင္ပင္ဖို႔ လိုပါတယ္။

ေၾကာက္ရြံ႕မႈကို ရင္ဆိုင္ေျဖရွင္းမႈမျပဳလုပ္ဘဲ ထြက္ေျပးတိမ္းေရွာင္ေနမယ္ဆိုရင္ေတာ့ ဘ၀တစ္ခုလံုး ကိုယ့္အေနာက္ကေန အရိပ္မည္းအေနနဲ႔ လိုက္လာမွာပါ။ စိတ္ခ်မ္းသာမွ ကိုယ္က်န္းမာဆိုသလို ကိုယ့္ရဲ႕ ဘ၀အနာဂတ္ လွပေပ်ာ္ရႊင္ဖို႔ စိတ္က်န္းမာေရးကို ေသခ်ာဂရုစိုက္ဖို႔ေတာ့ လိုမယ္ေနာ္။


Credit:hellosayarwon

 က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


သွေးမြင်တာနဲ့ ကြောက်လန့်စိတ် ဖြစ်လာခြင်း (Hemophobia) ဆိုတာ ကြောက်စိတ်လွန် ကဲခြင်း (Phobia) တွေထဲက လူတော်တော်များများမှာ အဖြစ်များတဲ့ စိတ်ဝေဒနာ တစ်မျိုးဖြစ် ပါတယ်။

 သွေးကို မြင်လိုက်ရတာနဲ့ စိတ်ထဲက တုန်လှုပ်ခြောက်ခြားပြီး အသိစိတ်တွေ လွတ်သွားတာ၊ ပုံမှန်ထက် ပိုပြီး ကြောက်လန့်တဲ့ စိတ်ခံစားချက်မှုမျိုး၊ ရုပ်ရှင်ထဲမှာ သွေးပါတဲ့ ဇာတ်ဝင်ခန်းကို မြင်လိုက်တာနဲ့ အော့အန်ချင်သလို၊ မူးမေ့သွားချင်သလို ဖြစ်တာတွေဟာ သွေးမြင်တာနဲ့ လန့်တတ်တဲ့ စိတ်ဝေဒနာရဲ့ လက္ခဏာဖြစ်ပါတယ်။

သွေးမြင်ရင် ဖြစ်လာတဲ့ ကြောက်လန့်စိတ်ဟာ အချိန်နဲ့အမျှ လူကို စိတ်ဒုက္ခပေးနိုင်ပြီး ကိုယ့် ရဲ့ အနာဂတ်မှာ အခက်အခဲ ပြဿနာတွေ ဖြစ်လာနိုင်သည်အထိ ဘဝကို အနှောင့်အ ယှက်ပေးနိုင်ပါတယ်။ စိတ်ကျန်းမာရေးပြဿနာ အများစုဟာ သေချာကုသမှု မခံယူဘဲ သူ့အလိုလို ပျောက်ကင်းသွားနိုင်တာ မဟုတ်ပါဘူး။

ဒါကြောင့် ကိုယ့်ရဲ့ စိတ်မှာ ပြဿနာတစ်ခုခု ရှိတယ်လို့ ခံစားနေရပြီဆိုရင် အကောင်း ဆုံးကတော့ စိတ်ဆရာဝန် သို့မဟုတ် စိတ်ရောဂါကုထုံးပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ပြဿနာကို အဖြေရှာဖို့ ကြိုးစားသင့်ပါတယ်။

ဒီနေ့ဆောင်းပါးလေးကတော့ သွေးမြင်တာနဲ့ အကြောက်လွန်စိတ် ဖြစ်လာရခြင်းနဲ့ ပတ် သက်ပြီး သိသင့်တဲ့အရာလေးတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။Hemophobia ရဲ့ လက္ခဏာတွေက ဘာတွေလဲ။

တခြားသော အကြောက်လွန်စိတ်ဝေဒနာတွေလိုပါပဲ။ သာမန်လူတစ်ယောက်လို ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို ဖြတ်သန်းသွားပေမယ့် ကိုယ်ကြောက်တဲ့ အရာတစ်ခုကို မြင်လိုက်တဲ့အခါမှ စိတ်အာရုံနဲ့ ခန္ဓာကိုယ်မှာ တုန်လှုပ်ခြောက်ခြားမှုတွေ စတင်ဖြစ်ပေါ်လာတ

Hemophobia ရှိတဲ့သူတွေ ရုတ်တရက် သွေးမြင်လိုက်တဲ့အချိန်၊ သွေးအကြောင်း ဦးနှောက်အတွေးအာရုံထဲ ပေါ်လာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ၂မျိုးလုံးမှာ သိသိသာသာတွေ့ရတတ်တဲ့ လက္ခဏာတွေက အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာ တုန်လှုပ်ခြောက်ခြားမှုအနေနဲ့

    အသက်ရှူရခက်လာတာ
    အသက်ရှူမဝသလို ခံစားရတာ
    နှလုံးခုန်နှုန်း အလွန်အမင်း မြန်လာတာ
    ရင်ဘတ်အောင့်လာတာ
    တစ်ကိုယ်လုံး အသားတွေ တဆတ်ဆတ်တုန်လာတာ
    ချွေးစေးတွေ ပြန်လာတာ
    ခေါင်းထဲမှာ မူးဝေလာတာ
    အော့အန်ချင်သလို ဖြစ်လာတာ
    အသားထဲကနေ ချမ်းသလို ပူလာသလို လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေထဲမှာ

    ပြင်းပြင်းထန်ထန် စိုးရိမ်ပူပန်တဲ့ စိတ်တွေ ဖြစ်လာတာ
    အထိတ်တလန့် ဖြစ်တာ
    သွေးရှိတဲ့ နေရာကနေ ပြေးထွက်သွားချင်စိတ်တွေ လွန်လွန်ကဲကဲ ဖြစ်ပေါ်လာတာ
    အသိစိတ် လွတ်ထွက်သွားတာ
    ကိုယ့်ရဲ့ စိတ်ကို ဘယ်လိုမှ ချုပ်ထိန်းလို့ မရတော့တာ
    မူးလဲမတတ်၊ နှလုံးရပ်မတတ် ကြောက်လန့်လွန်တာ
    ကြောက်ရွံ့မှုနဲ့ ပတ်သက်ပြီး မိမိကိုယ်ကိုယ် ဘာမှမလုပ်နိုင်ဘူးလို့ ခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

တခြား Phobia နဲ့ မတူတာကတော့ ကြောက်လန့်စိတ် တအားပြင်းထန်လွန်းတဲ့ အခြေ အနေတွေမှာ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန် ထိုးကျသွားပြီး ခေါင်းက ချာချာလည်မူးလာတာ၊ မေ့လဲသွားတဲ့ အထိပါ ဖြစ်စေနိုင်ပါတယ်။

ဘယ်လိုအသက်အရွယ်မှာ စပြီး ဖြစ်တတ်တာလဲ။

အရွယ်ငယ်သေးတဲ့ ကလေးဘဝမှာကတည်းက ဒီစိတ်ဝေဒနာ လက္ခဏာတွေကို စတင် သိရှိနိုင်ပါတယ်။ ပျမ်းမျှအားဖြင့် ယောက်ျားလေးတွေမှာဆိုရင် အသက် ၉နှစ်ဝန်းကျင်၊ မိန်းကလေးတွေမှာဆိုရင် အသက် ၇နှစ်ဝန်းကျင်မှာ တစ်ခုခုနဲ့ ပတ်သက်ပြီး အကြောက် လွန်စိတ်တွေ ဖြစ်လာတတ်ပါတယ်။

သာမန်ထက်ပိုပြီး သွေးမြင်လိုက်တာနဲ့ အကြောက်လွန်တဲ့ ကလေးတွေမှာ မိဘအနား အမြဲတွယ်ကပ်နေတာ၊ စိတ်အလိုမကျတာ၊ မကြာခဏ ငိုတာ၊ ချောင်လေးထဲမှာ ပုန်းနေတတ်တာမျိုး တွေ့နိုင်ပါတယ်။

ငယ်ရွယ်စဉ်မှာ ကလေးတိုင်း ကြောက်တတ်တာ သဘာဝပါပဲလို့ မိဘတွေက ပေါ့ပေါ့လေးတွေးပြီး ပစ်ထားလိုက်တဲ့အခါ ဒီပြဿနာဟာ အချိန်ကြာလာတာနဲ့အမျှ ပျောက်မသွားဘဲ ပိုပိုဆိုးလာပြီး ကိုယ့်ရဲ့ စိတ်နဲ့ခန္ဓာ ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။
ဘယ်လိုလူတွေမှာ အဖြစ်များလဲ။

မိဘမျိုးရိုးမှာ အကြောက်လွန် စိတ်ဝေဒနာ (Phobia) တစ်မျိုးမျိုးရှိရင် မွေးလာတဲ့ သားသမီးတွေကိုပါ ဒီလက္ခဏာ ပါလာနိုင်ပါတယ်။ မိဘတွေနဲ့ မတူညီတဲ့ အရာတစ်ခုခုကို အကြောက်လွန်တာမျိုးတွေလည်း ရှိနိုင်ပါတယ်။

မိဘတွေနဲ့ ကလေးနားမှာ အမြဲရှိနေတဲ့ အုပ်ထိန်းသူတစ်ယောက်ယောက်မှာ သွေးမြင်ရင် လန့်တတ်တဲ့ စိတ်ဝေဒနာရှိရင် ကလေးတွေအနေနဲ့ ဒါကို ကြောက်စရာကြီးတစ်ခုလို မြင်ပြီး ငယ်စဉ်ကတည်းက ကြောက်စိတ်စွဲသွားတာမျိုးလည်း ရှိနိုင်ပါတယ်။

တချို့မိဘတွေမှာ ကလေးကို ချစ်လွန်းတဲ့ စိတ်ကြောင့် အစိုးရိမ်လွန်ပြီး ခြေမွေးမီးမလောင်၊ လက်မွေးမီးမလောင်၊ ပိုးမွေးသလို မွေးတဲ့ အကျင့်တွေ ရှိပါတယ်။ ဒီလိုမိဘတွေအောက်မှာ ကြီးပြင်းလာတဲ့ ကလေးတချို့မှာ မိဘတွေအပေါ် မှီခိုတွယ်တာတဲ့ စိတ်တွေ အလွန်ဖြစ်ပြီး မိဘကလွဲရင် ကျန်တဲ့ အရာအားလုံးကို ကြောက်လန့်တဲ့ စိတ်တွေ ဖြစ်လာနိုင်ပါတယ်။

စိတ်ဖိစီးမှု ပြင်းပြင်းထန်ထန် ခံစားခဲ့တာ၊ မတော်တဆမှုတစ်ခုခုကြောင့် နောက်ဆက်တွဲ ကျန်ခဲ့တဲ့ စိတ်ဒဏ်ရာတွေကြောင့်လည်း သွေးမြင်ရင် လန့်တတ်တဲ့ စိတ်ဝေဒနာ အစပျိုးလာနိုင်ပါတယ်။

သွေးနဲ့ ပတ်သက်ပြီး အကြောက်လွန်စိတ်ကို ကုသလို့ ရလား။

သွေးမှမဟုတ်ပါဘူး၊ ဘယ်အရာမဆို ကြောက်လွန်းတဲ့စိတ်ဟာ တခြား စိတ်ကျန်း မာရေးပြဿနာတွေနဲ့ ယှဉ်လိုက်ရင် ကုသပျောက်ကင်းဖို့ လွယ်ကူတဲ့ စိတ်ဝေဒနာလို့ ဆိုနိုင်ပါတယ်။

ဒါ့အပြင် တခြားစိတ်ရောဂါတွေလိုမဟုတ်ဘဲ ရောဂါဇစ်မြစ်ကို သိဖို့ ပိုမိုလွယ်ကူတဲ့အတွက် အချိန်ပေးပြီး မိဘတွေဘက်က ဝိုင်းဝန်းပံ့ပိုးကူညီမှုတွေ ပြုလုပ်ပေးမယ်ဆိုရင် အမြစ်ပြတ် ပျောက်ကင်းနိုင်ပါတယ်။

သွေးမြင်လိုက်တဲ့အချိန်မှာ စိတ်ရော ကိုယ်ပါ တုန်လှုပ်ပြီး ကြောက်လန့်သွားတဲ့ လက္ခဏာခံစားရတာ၊ ကိုယ့်ရဲ့ ကြောက်လန့်မှုဟာ သာမန်အခြေအနေထက် ပိုဆိုးနေတယ်လို့ ခံစားမိတာ၊ အနည်းဆုံး ၆လထက်ပိုပြီး ခံစားနေရပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ကုသကြည့်ဖို့ အကြံပေးလိုက်ချင်ပါတယ်။

ကိုယ့်ရဲ့ ကြောက်စိတ်ကို ဖြေဖျောက်ပေးနိုင်တဲ့ ကုထုံးတွေထဲမှာ

၁။ အထိအတွေ့ ကုထုံး (Exposure Therapy)

ကိုယ်က သွေးမြင်တာနဲ့ ကြောက်တတ်တဲ့သူဆိုရင် သွေးကို ကိုယ့်ဦးနှောက်ထဲမှာ ပုံဖော်ခိုင်းတာ၊ မျက်စိရှေ့တည့်တည့်မှာ အချိန်အတိုင်းအတာတစ်ခုထိ ကြည့်ခိုင်းတဲ့ စိတ်ကုထုံးဖြစ်ပါတယ်။

၂။ အတွေးအခေါ် ကုထုံး (Cognitive Therapy)

သွေးမြင်လိုက်တဲ့အချိန်မှာ ကိုယ့်ဦးနှောက်ထဲမှာ ဖြစ်လာမယ့် ကြောက်စိတ်တွေ၊ စိုးရိမ်ပူပန်တဲ့ အတွေးတွေကို ပိုသဘာဝကျပြီး လက်တွေ့ဆန်ဆန် မြင်တတ်လာအောင် ကုသပေးတဲ့ စိတ်ကုထုံးဖြစ်ပါတယ်။

၃။ စိတ်အပန်းဖြေကုထုံး (Relaxation Therapy)

အသက်ရှူလေ့ကျင့်ခန်း၊ ယောဂကျင့်စဉ်၊ တရားထိုင်ခြင်း၊ သာယာနာပျော်ဖွယ်တေးသံစဉ် ငြိမ့်ငြိမ့်လေးတွေကို ဖွင့်ပြီး စိတ်အပန်းဖြေခြင်း အစရှိသဖြင့် ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့ စိတ်ဖိစီးမှု၊ စိတ်တင်းကြပ်မှုတွေ၊ ကြွက်သားတွေ တင်းမာနေတာကို ပြေလျော့စေဖို့ စိတ်လေ့ကျင့်ခန်း ကုထုံးလုပ်ပေးတာဖြစ်ပါတယ်။

၄။ ဖိအားပေး ကုထုံး (Applied Tension)

ကြောက်လန့်စိတ် ဖြစ်နေချိန်မှာ မူးမေ့လဲသွားတာမျိုးကို ထိန်းချုပ်ပေးဖို့အတွက် စိတ်ကုထုံးတစ်မျိုးပါ။ အဓိကကတော့ ကိုယ့်ရဲ့ ကြောက်ရွံ့တဲ့အရာကို ထိပ်တိုက်ရင်ဆိုင်ခိုင်းပြီး ခန္ဓာကိုယ်အပေါ်ပိုင်း၊ လက်မောင်း၊ ခြေထောက်ကြွက်သားတွေကို အချိန်အတိုင်းအတာတစ်ခုအထိ တင်းမာလာအောင် ဖိအားပေးလှုံ့ဆော်တာဖြစ်ပါတယ်။

၅။ ဆေးဝါးကုထုံး (Medication)

ကြောက်လန့်ဝေဒနာ ပြင်းထန်လွန်းတဲ့သူတွေမှာ စိတ်ငြိမ်ဆေးမျိုး ပေးတာမျိုး ရှိပေမဲ့ ပုံမှန်အားဖြင့်တော့ ဆေးဝါးအကူအညီမလိုဘဲ သာမန်စိတ်နဲ့ ခန္ဓာကုထုံးဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ဆေးသောက်ဖို့ လိုအပ်၊ မလိုအပ်ဆိုတာကိုတော့ စိတ်ဆရာဝန်၊ စိတ်ရောဂါကုထုံးပညာရှင်တို့နဲ့ သေချာတိုင်ပင်ဖို့ လိုပါတယ်။

ကြောက်ရွံ့မှုကို ရင်ဆိုင်ဖြေရှင်းမှုမပြုလုပ်ဘဲ ထွက်ပြေးတိမ်းရှောင်နေမယ်ဆိုရင်တော့ ဘဝတစ်ခုလုံး ကိုယ့်အနောက်ကနေ အရိပ်မည်းအနေနဲ့ လိုက်လာမှာပါ။ စိတ်ချမ်းသာမှ ကိုယ်ကျန်းမာဆိုသလို ကိုယ့်ရဲ့ ဘဝအနာဂတ် လှပပျော်ရွှင်ဖို့ စိတ်ကျန်းမာရေးကို သေချာဂရုစိုက်ဖို့တော့ လိုမယ်နော်။


Credit:hellosayarwon

 ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top