iMyanmarHouse.com - Best Property Website for Myanmar
×

BBQ လုပ္စားတဲ့အခါ အသားကင္ေတြအျပင္ အရံအကင္အျဖစ္ အားလူးကင္စားလို႔ရတယ္ဆိုရင္ Foodies ေလးတို႔ အႀကိဳက္ေတြ႔မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။ ဒီတစ္ခါ အိမ္မွာ BBQ လုပ္စားမယ္ဆိုရင္ အာလူးကင္ပါ လုပ္စားၾကည့္လိုက္ပါ။ လွ်ာလည္သြားမွာ အေသအခ်ာပါပဲ။

ပါဝင္ပစၥည္းမ်ား

    အာလူး ၄ လံုး
    သံလြင္ဆီ စားပြဲတင္ဇြန္း ၁ ဇြန္း
    င႐ုတ္သီးမႈန္႔ လက္ဖက္ရည္ဇြန္း တစ္ဇြန္းနဲ႔ တစ္ဝက္
    ၾကက္သြန္နီမႈန္႔ လက္ဖက္ရည္ဇြန္း တစ္ဇြန္းနဲ႔ တစ္ဝက္

    ၾကက္သြန္ျဖဴမႈန္႔ လက္ဖက္ရည္ဇြန္း တစ္ဝက္
    င႐ုတ္ေကာင္းမႈန္႔ လက္ဖက္ရည္ဇြန္း တစ္ဝက္
    ဆားအနည္းငယ္

ျပဳလုပ္နည္းအဆင့္ဆင့္

ကင္မယ့္မီးဖိုကို အလယ္အလတ္မီးအပူခ်ိန္ျဖင့္ အပူေပးထားပါ။

အာလူးကို ေရေဆးၿပီးေနာက္ ေျခာက္ေအာင္ သုတ္ထားကာ အဝိုင္းျပား လွီးျဖတ္ထားပါ။

ပန္းကန္လံုးအႀကီးထဲသို႔ အာလူးထည့္ကာ ဆီ၊ င႐ုတ္သီးမႈန္႔၊ ၾကက္သြန္နီမႈန္႔၊ ၾကက္သြန္ျဖဴမႈန္႔၊ င႐ုတ္ေကာင္းမႈန္႔နဲ႔ ဆားတို႔ထည့္ၿပီး သမေအာင္ နယ္ထားလိုက္ပါ။

ႀကိဳတင္အပူေပးထားတဲ့ အကင္မီးဖိုေပၚသို႔ အာလူးျပားမ်ား တင္ၿပီး ကင္လိုက္ပါ။ အကင္မီးဖိုအဖံုးအုပ္ထားၿပီး ၄ မိနစ္ခန္႔ ကင္လိုက္ပါ။ ၄ မိနစ္ျပည့္တဲ့အခါ အဖံုးဖြင့္လိုက္ၿပီးေနာက္ အာလူးခြံမ်ား တြန္႔သြားသည္အထိ ၃ မိနစ္ခန္႔ ဆက္ကင္လိုက္ပါ။ အာလူးျပားမ်ား မတူးဖို႔ရန္အတြက္ ဟိုဘက္ ဒီဘက္ လွန္ေပးဖို႔လည္း မေမ့ပါနဲ႔။

ကင္ၿပီးတဲ့ အာလူးမ်ားကို ပန္းကန္ထဲထည့္ၿပီး ေဆာ့စ္အရည္ဆမ္းကာ အရသာ႐ွိ႐ွိသံုးေဆာင္ႏိုင္ပါၿပီ။

Credit: myfoodmyanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

BBQ လုပ်စားတဲ့အခါ အသားကင်တွေအပြင် အရံအကင်အဖြစ် အားလူးကင်စားလို့ရတယ်ဆိုရင် Foodies လေးတို့ အကြိုက်တွေ့မယ်လို့ မျှော်လင့်မိပါတယ်။ ဒီတစ်ခါ အိမ်မှာ BBQ လုပ်စားမယ်ဆိုရင် အာလူးကင်ပါ လုပ်စားကြည့်လိုက်ပါ။ လျှာလည်သွားမှာ အသေအချာပါပဲ။

ပါဝင်ပစ္စည်းများ

    အာလူး ၄ လုံး
    သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
    ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ တစ်ဝက်
    ကြက်သွန်နီမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ တစ်ဝက်

    ကြက်သွန်ဖြူမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
    ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
    ဆားအနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ကင်မယ့်မီးဖိုကို အလယ်အလတ်မီးအပူချိန်ဖြင့် အပူပေးထားပါ။

အာလူးကို ရေဆေးပြီးနောက် ခြောက်အောင် သုတ်ထားကာ အဝိုင်းပြား လှီးဖြတ်ထားပါ။

ပန်းကန်လုံးအကြီးထဲသို့ အာလူးထည့်ကာ ဆီ၊ ငရုတ်သီးမှုန့်၊ ကြက်သွန်နီမှုန့်၊ ကြက်သွန်ဖြူမှုန့်၊ ငရုတ်ကောင်းမှုန့်နဲ့ ဆားတို့ထည့်ပြီး သမအောင် နယ်ထားလိုက်ပါ။

ကြိုတင်အပူပေးထားတဲ့ အကင်မီးဖိုပေါ်သို့ အာလူးပြားများ တင်ပြီး ကင်လိုက်ပါ။ အကင်မီးဖိုအဖုံးအုပ်ထားပြီး ၄ မိနစ်ခန့် ကင်လိုက်ပါ။ ၄ မိနစ်ပြည့်တဲ့အခါ အဖုံးဖွင့်လိုက်ပြီးနောက် အာလူးခွံများ တွန့်သွားသည်အထိ ၃ မိနစ်ခန့် ဆက်ကင်လိုက်ပါ။ အာလူးပြားများ မတူးဖို့ရန်အတွက် ဟိုဘက် ဒီဘက် လှန်ပေးဖို့လည်း မမေ့ပါနဲ့။

ကင်ပြီးတဲ့ အာလူးများကို ပန်းကန်ထဲထည့်ပြီး ဆော့စ်အရည်ဆမ်းကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Credit: myfoodmyanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top