iMyanmarHouse.com - Best Property Website for Myanmar
×

ႏႈတ္ခမ္းနီမေလးေတြ သာမက ေယာက္်ားေလး ပရိတ္သတ္ပါ အခိုင္အမာ ရ႐ွိထားတဲ့ အဆိုေတာ္ သ႐ုပ္ေဆာင္ စိုင္းစိုင္းခမ္းလႈိင္က လာမယ့္ April 10ရက္ေန႔ သုဝဏၰဘူမိမွာ က်င္းပမယ့္ သူ႔ရဲ႕ 15ႀကိမ္ေျမာက္ Birthday showမွာ ဘယ္လိုအထူးျခားဆံုးေတြ လုပ္သြားမလဲဆိုတာကို ေျပာျပသြားမွာပဲ ျဖစ္ပါတယ္။

“ကြၽန္ေတာ္ရဲ႕ ဂီတသက္တမ္းတေလွ်ာက္မွာ studio album 7ခုနဲ႔ Live album 2ခု ထြက္ထားပါတယ္။ သီခ်င္းအပုဒ္ေရ 100ေက်ာ္ေက်ာ္ေလာက္ ကြၽန္ေတာ့္မွာ ပိုင္ဆိုင္ထားတာလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ အတြဲအေခြေတြမွာ ဝင္ၿပီးေတာ့ဆိုခဲ့တာက “ဖုတ္လိုက္ ဖုတ္လိုက္” “ႏွစ္ပါးသြား” “နင္နဲ႔ငါနဲ႔” “စိတ္ကူးယဥ္အနမ္း” တို႔လိုမ်ဳိး သီခ်င္းေတြလည္း ပိုင္ဆ္ိုင္ထားပါတယ္။ အဲ့သီခ်င္းေတြနဲ႔ အခုလက္႐ွိထြက္ထားတဲ့ Sai Sai Is Sai Saiအေခြထဲက သီခ်င္းေတြကို မွ်မွ်တတနဲ႔ ေဖ်ာ္ေျဖမွာ ျဖစ္ပါတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ကြၽန္ေတာ့္ရဲ႕ ပရိတ္သတ္ေတြထဲမွာ ဟိုးငယ္ငယ္ေလးထဲက ကြၽန္ေတာ့္ကို အားေပးၿပီး အခုလူႀကီးေတြ ျဖစ္လာတဲ့အခ်ိန္ သီခ်င္း အသစ္ေတြကို နားမေထာင္ျဖစ္ေတာ့တဲ့သူေတြ ႐ွိသလို အခုမွ စၿပီးေတာ့ နားေထာင္ျဖစ္ၿပီး အခုလက္႐ွိေနာက္ပိုင္း သီခ်င္းေတြကိုနားေထာင္ျဖစ္တဲ့ ပရိတ္သတ္ေတြ႐ွိပါတယ္။ အဲ့ဒါေၾကာင့္ ကြၽန္ေတာ္ အားလံုးကို မွ်မွ်တတနဲ႔ အပုဒ္ေလးဆယ္ ေဖ်ာ္ေျဖမွာျဖစ္ပါတယ္။

“ပြဲေတြကို စလုပ္ျဖစ္တုန္းကေတာ့ အဆ္ိုေတာ္ဆိုေတာ့ ပြဲလုပ္ခ်င္တာပဲ ဆိုခ်င္တာပဲ ဆိုၿပိီး လုပ္လိုက္တာကေန တစ္ႏွစ္ၿပီး တစ္ႏွစ္ လုပ္လာလိုက္တာ ၁၀ႏွစ္အတိုင္းအတာကို ေရာက္လာေတာ့ သတိထားမိလာတယ္။ ၁၀ႏွစ္ေတာင္ ျပည့္သြားၿပီ ေနာက္ႏွစ္ေတြမွာ ထပ္လုပ္ႏိုင္ပါအံုးမလား ငါတို႔ ဒီေလာက္ေတာင္ ႀကိဳးစားခဲ့တာပဲ ေနာက္ထပ္ လုပ္ႏိုင္ဖို႔ မလုပ္ႏိုင္ဖို႔က မေသခ်ာတဲ့ အတြက္ ဒီပြဲကိုေတာ့ အေကာင္းဆံုးလုပ္မယ္ဆိုၿပီးေတာ့ လုပ္ခဲ့တာပါပဲ။ အခု ၁၅ႏွစ္ျပည့္တဲ့ အခ်ိန္ေရာက္လာေတာ့ ကိုယ့္ကိုယ္ကို သီခ်င္းထဲကလို ဟိုက္႐ွားပါးေပါ့ ဘိုလိုေျပာရရင္ Wowေပါ့ ၁၅ႏွစ္ေတာင္ ျဖတ္သန္းလာခဲ့ၿပီးၿပီးပဲ ခုနကေျပာသလိုပါပဲ ေနာက္ႏွစ္ေတြက မေသခ်ာေတာ့ပါဘူး။ ကြၽန္ေတာ္ေဖ်ာ္ေျဖခြင့္ရတဲ့ ဒီႏွစ္မွာ ကိုယ္စြမ္း ဥာဏ္စြမ္း႐ွိသမွ် မီးကုန္ယမ္းကုန္ ႀကိဳးစားေဖ်ာ္ေျဖသြားပါမယ္။

“ကြၽန္ေတာ္ရဲ႕ ပြဲေလးက ေႏြေခါင္ေခါင္ျဖစ္တဲ့ အတြက္ အင္မတန္ပူပါတယ္။ အတတ္ႏိုင္ဆံုး ပရိတ္သတ္ေတြက ပဲမ်ားလာစရာ မလိုပါဘူး။ အားလံုး ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ကခုန္ၾကမွာပဲ ျဖစ္ပါတယ္။ အသံကုန္ဟစ္ၿပီး ကဲၾကမွာျဖစ္တယ္။ ေနာက္ၿပိ္း ကြၽန္ေတာ္ရဲ႕ ပြဲေတြကို ေရာက္ဖူးတဲ့သူေတြလည္း ႐ွိမယ္။ အခုမွ ပထမဆံုး လာမယ့္သူေတြလည္း ႐ွိမယ္ အဲ့ဒါေၾကာင့္ အတတ္ႏိုင္ဆံုး အေပါ့ပါးဆံုးျဖစ္မယ့္ အက်ႌဝတ္လာေစခ်င္ပါတယ္။ ေယာက္်ားေလးေတြ ဆိုရင္လည္း စြပ္က်ယ္ တီ႐ွပ္ ေဘာင္းဘီတို မိန္းကေလးေတြ ဆိုလည္း ေဘာင္းဘီတို စကပ္လိုမ်ဳိး အေပါ့ဆံုးျဖစ္တာေတြ ဝတ္လာၾကပါ ေဒါက္ဖိနပ္ေတြလည္း သံုးေလးနာရီ ဘယ္သူမွ မခုန္ႏိုင္ပါဘူး ညႇပ္ဖိနပ္တို႔ အားကစားဖိနပ္တို႔ပဲ စီးသင့္ပါတယ္။ ေစာေစာလာမယ္ဆိုရင္ေတာ့ ေနပူမွာစိုးတဲ့ အတြက္ ဦးထုပ္ယူလာေစခ်င္ပါတယ္။

မႏွစ္က အားလံုးကေတာ့ ကြၽန္ေတာ္ကို ေရသန္႔ဘူး ဝယ္ရခက္တဲ့ ျပႆနာေလး ေျပာပါတယ္။ ကြၽန္ေတာ့္ဘက္ကလည္း ျပန္ေဆြးေႏြးခ်င္တာက ဒီပရိတ္သတ္ ေထာင္နဲ႔ခ်ီ ေသာင္းနဲ႔ခ်ီတာကို တစ္ေယာက္ခ်င္းစီ ေရသန္႔ဘူးလိုက္ေဝရင္ ကြင္းထဲမွာ ေပ်ာ္လို႔ပဲ ျဖစ္ေစ ပစ္မိတာ ေပါက္မိတာ႐ွိရင္ ပရိတ္သတ္အခ်င္းခ်င္း ထိခိုက္မႈေတြ ျဖစ္တာမ်ဳိး ကြၽန္ေတာ့္မွာ အေတြ႕ၾကံဳ႐ွိခဲ့ဖူးပါတယ္ ပရိတ္သတ္အခ်င္းခ်င္း ထိခိုက္မႈေတြျဖစ္တဲ့ အခ်ိန္မွာ မေတာ္တဆ စကားမ်ားတာတို႔ ရန္ျဖစ္တာတို႔ ျဖစ္တတ္ပါတယ္ ဒီေတာ့ ပရိသတ္ကိုလည္း ကြၽန္ေတာ္ ျပန္ေတာင္းပန္ခ်င္တာက ကြၽန္ေတာ္ ႏွစ္မ်ဳိးစဥ္းစားပါမယ္ ခါတိုင္းႏွစ္ေတြလို ေရသန္႔ဘူး ေပးမယူပဲနဲ႔ ပလပ္စတစ္အိတ္ထဲကို ထည့္ေပးတဲ့ နည္းကိုပဲ သံုးရမလား ဒါမွ မဟုတ္ ပရိတ္သတ္ကို ေရသန္႔ဘူး ေပးယူမယ္ ဒါေပမယ့္ ပရိသတ္ေတြကလည္း ေရသန္႔ဘူးနဲ႔ အခ်င္းခ်င္း ပစ္ေပါက္တာမ်ဳိး မလုပ္မိေစဖို႔ အကယ္၍မေတာ္တဆ ထိခိုက္ခဲ့ရင္လည္း အခ်င္းခ်င္း နားလည္ေပးဖို႔ ၿပီးေတာ့ ကြၽန္ေတာ္တို႔ကလည္း ဒီေရသန္႔ဘူးကို ျပန္ပစ္မယ့္ ေနရာေတြ စီစဥ္မယ္ အဲ့လိုေတာ့ စဥ္းစားထားပါတယ္။ ပိုၿပီးျဖစ္ႏိုင္တာကေတာ့ ကြၽန္ေတာ္တို႔ ေရသန္႔ဘူး ေပးယူမယ္ ဒါေပမယ့္ မထိခိုက္ေအာင္ပဲ အားလံုးက ထိန္းသိမ္းေပးဖို႔လည္း မွာခ်င္ပါတယ္။

“ကြၽန္ေတာ္ ဂီတအႏုပညာလုပ္ရင္း တေျဖးေျဖးနဲ႔ အသက္ႀကီးလာတဲ့ အခ်ိန္မွာ ကြၽန္ေတာ့္စိတ္ကူးထဲမွာေပါ့ေလ ဘယ္တုန္းကေတာ့ ငါဆယ္ေက်ာ္သက္အရြယ္ ေရာက္လာၿပီ ဘယ္အခ်ိန္မွာက်ေတာ့ ငါအလုပ္ကို ဘယ္လိုႀကိဳးစားရေတာ့မယ္ ဒိ္ႏွစ္ပိုင္းေတြမွာ စဥ္းစားမိေနတာေတာ့ Official ဂ်ိမ္းစဘြန္းရဲ႕ အသက္ရြယ္ကိုေရာက္လာၿပီလို႔ ကြၽန္ေတာ္ျမင္ပါတယ္။ ကြၽန္ေတာ့္ဘဝကေတာ့ စေနတာေတာ္ေတာ္ၾကာပါၿပီ ၁၈ႏွစ္သားထဲက ဒီအႏုပညာေလာကမွာ ရပ္တည္လာတာ ျဖစ္တယ္။ ၿပီးေတာ့ ကိုယ့္ေျခေထာက္ေပၚကို ရပ္တည္လာခဲ့တာပဲ ျဖစ္ပါတယ္။ အဲ့၁၈ႏွစ္သားထဲက ဒီေန႔ ဒီအခ်ိန္ထိ စိတ္ခ်မ္းေျမ့ရတဲ့ ရက္ေတြလည္း ႐ွိတယ္ ႀကိဳးစားရတဲ့ ရက္ေတြလည္း ႐ွိတယ္ ေမာပန္းရတဲ့ ရက္ေတြလည္း ႐ွိတယ္။ ဒီလူေလာကမွာ ႐ွိတဲ့ သဘာဝအတုိင္းပဲ ၿပိဳင္ဆိုင္ရတာေတြ႐ွိတယ္ အတိုက္အခိုက္ေတြလည္း ႐ွိပါတယ္။ ဒါေတြအားလံုးက ကြၽန္ေတာ္ငယ္ငယ္ေလးထဲက ေန႔စဥ္ျဖတ္သန္းခဲ့ရတာျဖစ္လို႔ ကြၽန္ေတာ့္ဘဝဟာ စတာေတာ္ေတာ္ ၾကာေနပါၿပီ။

“ဘဝဆိုတာ ဘယ္ေလာက္ပဲ plan plan ေနာက္ထပ္ ၅ႏွစ္ ၁၀ႏွစ္ေလာက္ထိပဲ plan ခ်ခ် ကိုယ့္စီစဥ္တဲ့တိုင္း ျဖစ္ခ်င္မွလည္း ျဖစ္လာမွာဆိုေတာ့ အလြန္ဆံုးေျပာႏိုင္ရင္ ေနာက္ထပ္ တစ္ႏွစ္ေပါ့ ကြၽန္ေတာ္ ေနာက္ တစ္ႏွစ္ ႏွစ္ႏွစ္ေတာ့ ပြဲလုပ္ႏိုင္အံုးမယ္လို႔ ယံုၾကည္မႈ႐ွိပါတယ္။ ျဖစ္ႏိုင္ရင္ ကြၽန္ေတာ့္ အသက္ ၆၄ျပည့္ ေမြးေန႔အထိ ကြၽန္ေတာ္ပရိတ္သတ္ေတြနဲ႔ ဆံုစည္းခ်င္ပါတယ္” လို႔ ပြဲနဲ႔ပတ္သတ္ၿပီး အေၾကာင္းအရာေတြကို ေျပာျပသြားခဲ့ပါတယ္။

Credit:Nanmalgyi
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
နှုတ်ခမ်းနီမလေးတွေ သာမက ယောက်ျားလေး ပရိတ်သတ်ပါ အခိုင်အမာ ရရှိထားတဲ့ အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က လာမယ့် April 10ရက်နေ့ သုဝဏ္ဏဘူမိမှာ ကျင်းပမယ့် သူ့ရဲ့ 15ကြိမ်မြောက် Birthday showမှာ ဘယ်လိုအထူးခြားဆုံးတွေ လုပ်သွားမလဲဆိုတာကို ပြောပြသွားမှာပဲ ဖြစ်ပါတယ်။

“ကျွန်တော်ရဲ့ ဂီတသက်တမ်းတလျှောက်မှာ studio album 7ခုနဲ့ Live album 2ခု ထွက်ထားပါတယ်။ သီချင်းအပုဒ်ရေ 100ကျော်ကျော်လောက် ကျွန်တော့်မှာ ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အတွဲအခွေတွေမှာ ဝင်ပြီးတော့ဆိုခဲ့တာက “ဖုတ်လိုက် ဖုတ်လိုက်” “နှစ်ပါးသွား” “နင်နဲ့ငါနဲ့” “စိတ်ကူးယဉ်အနမ်း” တို့လိုမျိုး သီချင်းတွေလည်း ပိုင်ဆိုင်ထားပါတယ်။ အဲ့သီချင်းတွေနဲ့ အခုလက်ရှိထွက်ထားတဲ့ Sai Sai Is Sai Saiအခွေထဲက သီချင်းတွေကို မျှမျှတတနဲ့ ဖျော်ဖြေမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော့်ရဲ့ ပရိတ်သတ်တွေထဲမှာ ဟိုးငယ်ငယ်လေးထဲက ကျွန်တော့်ကို အားပေးပြီး အခုလူကြီးတွေ ဖြစ်လာတဲ့အချိန် သီချင်း အသစ်တွေကို နားမထောင်ဖြစ်တော့တဲ့သူတွေ ရှိသလို အခုမှ စပြီးတော့ နားထောင်ဖြစ်ပြီး အခုလက်ရှိနောက်ပိုင်း သီချင်းတွေကိုနားထောင်ဖြစ်တဲ့ ပရိတ်သတ်တွေရှိပါတယ်။ အဲ့ဒါကြောင့် ကျွန်တော် အားလုံးကို မျှမျှတတနဲ့ အပုဒ်လေးဆယ် ဖျော်ဖြေမှာဖြစ်ပါတယ်။

“ပွဲတွေကို စလုပ်ဖြစ်တုန်းကတော့ အဆိုတော်ဆိုတော့ ပွဲလုပ်ချင်တာပဲ ဆိုချင်တာပဲ ဆိုပြီး လုပ်လိုက်တာကနေ တစ်နှစ်ပြီး တစ်နှစ် လုပ်လာလိုက်တာ ၁၀နှစ်အတိုင်းအတာကို ရောက်လာတော့ သတိထားမိလာတယ်။ ၁၀နှစ်တောင် ပြည့်သွားပြီ နောက်နှစ်တွေမှာ ထပ်လုပ်နိုင်ပါအုံးမလား ငါတို့ ဒီလောက်တောင် ကြိုးစားခဲ့တာပဲ နောက်ထပ် လုပ်နိုင်ဖို့ မလုပ်နိုင်ဖို့က မသေချာတဲ့ အတွက် ဒီပွဲကိုတော့ အကောင်းဆုံးလုပ်မယ်ဆိုပြီးတော့ လုပ်ခဲ့တာပါပဲ။ အခု ၁၅နှစ်ပြည့်တဲ့ အချိန်ရောက်လာတော့ ကိုယ့်ကိုယ်ကို သီချင်းထဲကလို ဟိုက်ရှားပါးပေါ့ ဘိုလိုပြောရရင် Wowပေါ့ ၁၅နှစ်တောင် ဖြတ်သန်းလာခဲ့ပြီးပြီးပဲ ခုနကပြောသလိုပါပဲ နောက်နှစ်တွေက မသေချာတော့ပါဘူး။ ကျွန်တော်ဖျော်ဖြေခွင့်ရတဲ့ ဒီနှစ်မှာ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ မီးကုန်ယမ်းကုန် ကြိုးစားဖျော်ဖြေသွားပါမယ်။

“ကျွန်တော်ရဲ့ ပွဲလေးက နွေခေါင်ခေါင်ဖြစ်တဲ့ အတွက် အင်မတန်ပူပါတယ်။ အတတ်နိုင်ဆုံး ပရိတ်သတ်တွေက ပဲများလာစရာ မလိုပါဘူး။ အားလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ကခုန်ကြမှာပဲ ဖြစ်ပါတယ်။ အသံကုန်ဟစ်ပြီး ကဲကြမှာဖြစ်တယ်။ နောက်ပြိး ကျွန်တော်ရဲ့ ပွဲတွေကို ရောက်ဖူးတဲ့သူတွေလည်း ရှိမယ်။ အခုမှ ပထမဆုံး လာမယ့်သူတွေလည်း ရှိမယ် အဲ့ဒါကြောင့် အတတ်နိုင်ဆုံး အပေါ့ပါးဆုံးဖြစ်မယ့် အင်္ကျီဝတ်လာစေချင်ပါတယ်။ ယောက်ျားလေးတွေ ဆိုရင်လည်း စွပ်ကျယ် တီရှပ် ဘောင်းဘီတို မိန်းကလေးတွေ ဆိုလည်း ဘောင်းဘီတို စကပ်လိုမျိုး အပေါ့ဆုံးဖြစ်တာတွေ ဝတ်လာကြပါ ဒေါက်ဖိနပ်တွေလည်း သုံးလေးနာရီ ဘယ်သူမှ မခုန်နိုင်ပါဘူး ညှပ်ဖိနပ်တို့ အားကစားဖိနပ်တို့ပဲ စီးသင့်ပါတယ်။ စောစောလာမယ်ဆိုရင်တော့ နေပူမှာစိုးတဲ့ အတွက် ဦးထုပ်ယူလာစေချင်ပါတယ်။

မနှစ်က အားလုံးကတော့ ကျွန်တော်ကို ရေသန့်ဘူး ဝယ်ရခက်တဲ့ ပြဿနာလေး ပြောပါတယ်။ ကျွန်တော့်ဘက်ကလည်း ပြန်ဆွေးနွေးချင်တာက ဒီပရိတ်သတ် ထောင်နဲ့ချီ သောင်းနဲ့ချီတာကို တစ်ယောက်ချင်းစီ ရေသန့်ဘူးလိုက်ဝေရင် ကွင်းထဲမှာ ပျော်လို့ပဲ ဖြစ်စေ ပစ်မိတာ ပေါက်မိတာရှိရင် ပရိတ်သတ်အချင်းချင်း ထိခိုက်မှုတွေ ဖြစ်တာမျိုး ကျွန်တော့်မှာ အတွေ့ကြုံရှိခဲ့ဖူးပါတယ် ပရိတ်သတ်အချင်းချင်း ထိခိုက်မှုတွေဖြစ်တဲ့ အချိန်မှာ မတော်တဆ စကားများတာတို့ ရန်ဖြစ်တာတို့ ဖြစ်တတ်ပါတယ် ဒီတော့ ပရိသတ်ကိုလည်း ကျွန်တော် ပြန်တောင်းပန်ချင်တာက ကျွန်တော် နှစ်မျိုးစဉ်းစားပါမယ် ခါတိုင်းနှစ်တွေလို ရေသန့်ဘူး ပေးမယူပဲနဲ့ ပလပ်စတစ်အိတ်ထဲကို ထည့်ပေးတဲ့ နည်းကိုပဲ သုံးရမလား ဒါမှ မဟုတ် ပရိတ်သတ်ကို ရေသန့်ဘူး ပေးယူမယ် ဒါပေမယ့် ပရိသတ်တွေကလည်း ရေသန့်ဘူးနဲ့ အချင်းချင်း ပစ်ပေါက်တာမျိုး မလုပ်မိစေဖို့ အကယ်၍မတော်တဆ ထိခိုက်ခဲ့ရင်လည်း အချင်းချင်း နားလည်ပေးဖို့ ပြီးတော့ ကျွန်တော်တို့ကလည်း ဒီရေသန့်ဘူးကို ပြန်ပစ်မယ့် နေရာတွေ စီစဉ်မယ် အဲ့လိုတော့ စဉ်းစားထားပါတယ်။ ပိုပြီးဖြစ်နိုင်တာကတော့ ကျွန်တော်တို့ ရေသန့်ဘူး ပေးယူမယ် ဒါပေမယ့် မထိခိုက်အောင်ပဲ အားလုံးက ထိန်းသိမ်းပေးဖို့လည်း မှာချင်ပါတယ်။

“ကျွန်တော် ဂီတအနုပညာလုပ်ရင်း တဖြေးဖြေးနဲ့ အသက်ကြီးလာတဲ့ အချိန်မှာ ကျွန်တော့်စိတ်ကူးထဲမှာပေါ့လေ ဘယ်တုန်းကတော့ ငါဆယ်ကျော်သက်အရွယ် ရောက်လာပြီ ဘယ်အချိန်မှာကျတော့ ငါအလုပ်ကို ဘယ်လိုကြိုးစားရတော့မယ် ဒိနှစ်ပိုင်းတွေမှာ စဉ်းစားမိနေတာတော့ Official ဂျိမ်းစဘွန်းရဲ့ အသက်ရွယ်ကိုရောက်လာပြီလို့ ကျွန်တော်မြင်ပါတယ်။ ကျွန်တော့်ဘဝကတော့ စနေတာတော်တော်ကြာပါပြီ ၁၈နှစ်သားထဲက ဒီအနုပညာလောကမှာ ရပ်တည်လာတာ ဖြစ်တယ်။ ပြီးတော့ ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည်လာခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့၁၈နှစ်သားထဲက ဒီနေ့ ဒီအချိန်ထိ စိတ်ချမ်းမြေ့ရတဲ့ ရက်တွေလည်း ရှိတယ် ကြိုးစားရတဲ့ ရက်တွေလည်း ရှိတယ် မောပန်းရတဲ့ ရက်တွေလည်း ရှိတယ်။ ဒီလူလောကမှာ ရှိတဲ့ သဘာဝအတိုင်းပဲ ပြိုင်ဆိုင်ရတာတွေရှိတယ် အတိုက်အခိုက်တွေလည်း ရှိပါတယ်။ ဒါတွေအားလုံးက ကျွန်တော်ငယ်ငယ်လေးထဲက နေ့စဉ်ဖြတ်သန်းခဲ့ရတာဖြစ်လို့ ကျွန်တော့်ဘဝဟာ စတာတော်တော် ကြာနေပါပြီ။

“ဘဝဆိုတာ ဘယ်လောက်ပဲ plan plan နောက်ထပ် ၅နှစ် ၁၀နှစ်လောက်ထိပဲ plan ချချ ကိုယ့်စီစဉ်တဲ့တိုင်း ဖြစ်ချင်မှလည်း ဖြစ်လာမှာဆိုတော့ အလွန်ဆုံးပြောနိုင်ရင် နောက်ထပ် တစ်နှစ်ပေါ့ ကျွန်တော် နောက် တစ်နှစ် နှစ်နှစ်တော့ ပွဲလုပ်နိုင်အုံးမယ်လို့ ယုံကြည်မှုရှိပါတယ်။ ဖြစ်နိုင်ရင် ကျွန်တော့် အသက် ၆၄ပြည့် မွေးနေ့အထိ ကျွန်တော်ပရိတ်သတ်တွေနဲ့ ဆုံစည်းချင်ပါတယ်” လို့ ပွဲနဲ့ပတ်သတ်ပြီး အကြောင်းအရာတွေကို ပြောပြသွားခဲ့ပါတယ်။


Credit:Nanmalgyi

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top