iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူရွိပါသလားရွင္။ အခုလက္ရွိခ်စ္သူကို တစ္ဘ၀စာ လက္တြဲဖို႔ရည္ရြယ္တယ္ဆိုရင္ေတာ့ ဒီလိုစကားေလးေတြကို ေန႔တိုင္းေျပာေပးသင့္ပါတယ္။

ငါနင့္ကိုခ်စ္တယ္

အခ်စ္ေရးမွာ ေဆင္ေျပေနေစဖို႔အတြက္ အေျခခံအားျဖင့္ေတာ့ တစ္ေယာက္ကိုယ္ တစ္ေယာက္ခ်စ္တယ္လို႔ ေျပာၾကဖို႔လိုပါတယ္။ အခ်စ္ဆိုတာ လက္ေဆာင္ႀကီးႀကီးမားမားတစ္ခုလိုအပ္တာမဟုတ္ပါဘူး။

ခ်စ္လို႔ေပါ့

ဘာလို႔လဲဆိုေတာ့ ခ်စ္လို႔ေပါ့ ဆိုတာမ်ိဳး ေျပာသင့္ပါတယ္။ ကိုယ့္ရဲ႕ခ်စ္သူက ဘာလို႔ဒီလိုလုပ္ေပးတာပါလဲလို႔ေမးလာရင္ ခ်စ္လို႔ေပါ့။ ဟုတ္ပါတယ္။ ခ်စ္လို႔ေပါ့လို႔ေျပာဖို႔က သိပ္ကိုအေရးႀကီးပါတယ္ေနာ္။

ေက်းဇူးတင္တယ္။

အနားမွာရွိေနေပးလို႔ေက်းဇူးတင္တယ္။ ကမၻာေပၚမွာ လူေပါင္း ဘီလီယံမ်ားစြာရွိတဲ့ထဲက ငါ့ကို ခ်စ္ေပးလို႔ ေက်းဇူးတင္တယ္။ အိုးခ်စ္သူကို ေက်းဇူးတင္စရာ အမ်ားႀကီးပါပဲ။ ခ်စ္သူႏွစ္ဦး တစ္ေယာက္ကိုယ္တစ္ေယာက္ ေန႔စဥ္ မွ်ေ၀ေပးေနရမယ့္ စကားလံုးေလးေတြထဲမွာ ေက်းဇူးတင္စကားလည္း ပါ၀င္ပါတယ္။

မင္းအရမ္းေတာ္တာပဲ။

မင္းကေတာ့ အရမ္းေတာ္တာပဲ။ ငါ့အတြက္မင္းကအေတာ္ဆံုးပဲ အေကာင္းဆံုးပဲဆိုတဲ့စကား ခ်စ္သူႏွစ္ဦးၾကားမွာ ခ်ီးက်ဳးစကား ေျပာေပးဖို႔လိုပါတယ္။ ဥပမာ အလုပ္လုပ္တာပဲျဖစ္ျဖစ္ ႏွစ္ေယာက္အတူတူ ဂိမ္းေဆာ့တာပဲျဖစ္ျဖစ္၊ သူက ထမင္းဟင္းခ်က္ေကၽြးတာပဲျဖစ္ျဖစ္ေပါ့။ အရမ္းေကာင္းတာပဲ အရမ္းေတာ္တာပဲ ခ်စ္သူ။

အရမ္းစြဲေဆာင္မႈရွိတာပဲ။

အရမ္းစြဲေဆာင္မႈရွိတာပဲ အရမ္းလွတာပဲဆိုတဲ့ စကားကို ခ်စ္သူႏွစ္ဦးၾကားမွာ ေျပာေပးသင့္ပါတယ္။ သူ႔ရဲ႕ ယံုၾကည္မႈကို ျမင့္တင္ေပးတဲ့အေနပဲျဖစ္ျဖစ္ ကိုယ္တကယ္ခံစားေနရတာကို ပြင့္ပြင့္လင္းလင္းေျပာေပးဖို႔ပဲျဖစ္ျဖစ္ေပါ့။

ကိုယ္ဘာကူညီေပးရမလဲ။

ကိုယ္ဘာကူညီေပးရမလဲ ၊ ခ်စ္ဘာလုပ္ေပးရမလဲ ဆိုတာမ်ိဳး ခ်စ္သူႏွစ္ဦးၾကားမွာ ေျပာသင့္ပါတယ္။ တစ္ေယာက္ရဲ့ အလုပ္ကိုတစ္ေယာက္ကူညီတာဟာ ႏွစ္ဦးရဲ့ ခ်စ္ျခင္းကို ခိုင္ၿမဲေစမွာပါ။

အခုေဖာ္ျပခဲ့တဲ့ စကားေတြက ခ်စ္သူႏွစ္ဦးၾကား ေျပာရမွာ သိပ္ၿပီး အပန္းႀကီးတဲ့ စကားမဟုတ္ပါဘူး။ တစ္ေယာက္ကိုယ္တစ္ေယာက္ ဘာမဟုတ္တဲ့ စကားေတြ ေျပာေနမယ့္အစား အခုလိုစကားေလးေတြ ေျပာေပးပါ။ လူေတြအမ်ားႀကီးရွိတဲ့ထဲက ခ်စ္သူဆိုတာ ဘုရာကေပးတဲ့ ဆုလာဘ္တစ္ခုလိုပါပဲ။

Credit: myfoodmyanmar
ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ချစ်သူရှိပါသလားရှင်။ အခုလက်ရှိချစ်သူကို တစ်ဘဝစာ လက်တွဲဖို့ရည်ရွယ်တယ်ဆိုရင်တော့ ဒီလိုစကားလေးတွေကို နေ့တိုင်းပြောပေးသင့်ပါတယ်။

ငါနင့်ကိုချစ်တယ်

အချစ်ရေးမှာ ဆေင်ပြေနေစေဖို့အတွက် အခြေခံအားဖြင့်တော့ တစ်ယောက်ကိုယ် တစ်ယောက်ချစ်တယ်လို့ ပြောကြဖို့လိုပါတယ်။ အချစ်ဆိုတာ လက်ဆောင်ကြီးကြီးမားမားတစ်ခုလိုအပ်တာမဟုတ်ပါဘူး။

ချစ်လို့ပေါ့

ဘာလို့လဲဆိုတော့ ချစ်လို့ပေါ့ ဆိုတာမျိုး ပြောသင့်ပါတယ်။ ကိုယ့်ရဲ့ချစ်သူက ဘာလို့ဒီလိုလုပ်ပေးတာပါလဲလို့မေးလာရင် ချစ်လို့ပေါ့။ ဟုတ်ပါတယ်။ ချစ်လို့ပေါ့လို့ပြောဖို့က သိပ်ကိုအရေးကြီးပါတယ်နော်။

ကျေးဇူးတင်တယ်။

အနားမှာရှိနေပေးလို့ကျေးဇူးတင်တယ်။ ကမ္ဘာပေါ်မှာ လူပေါင်း ဘီလီယံများစွာရှိတဲ့ထဲက ငါ့ကို ချစ်ပေးလို့ ကျေးဇူးတင်တယ်။ အိုးချစ်သူကို ကျေးဇူးတင်စရာ အများကြီးပါပဲ။ ချစ်သူနှစ်ဦး တစ်ယောက်ကိုယ်တစ်ယောက် နေ့စဉ် မျှဝေပေးနေရမယ့် စကားလုံးလေးတွေထဲမှာ ကျေးဇူးတင်စကားလည်း ပါဝင်ပါတယ်။

မင်းအရမ်းတော်တာပဲ။

မင်းကတော့ အရမ်းတော်တာပဲ။ ငါ့အတွက်မင်းကအတော်ဆုံးပဲ အကောင်းဆုံးပဲဆိုတဲ့စကား ချစ်သူနှစ်ဦးကြားမှာ ချီးကျုးစကား ပြောပေးဖို့လိုပါတယ်။ ဥပမာ အလုပ်လုပ်တာပဲဖြစ်ဖြစ် နှစ်ယောက်အတူတူ ဂိမ်းဆော့တာပဲဖြစ်ဖြစ်၊ သူက ထမင်းဟင်းချက်ကျွေးတာပဲဖြစ်ဖြစ်ပေါ့။ အရမ်းကောင်းတာပဲ အရမ်းတော်တာပဲ ချစ်သူ။

အရမ်းစွဲဆောင်မှုရှိတာပဲ။

အရမ်းစွဲဆောင်မှုရှိတာပဲ အရမ်းလှတာပဲဆိုတဲ့ စကားကို ချစ်သူနှစ်ဦးကြားမှာ ပြောပေးသင့်ပါတယ်။ သူ့ရဲ့ ယုံကြည်မှုကို မြင့်တင်ပေးတဲ့အနေပဲဖြစ်ဖြစ် ကိုယ်တကယ်ခံစားနေရတာကို ပွင့်ပွင့်လင်းလင်းပြောပေးဖို့ပဲဖြစ်ဖြစ်ပေါ့။

ကိုယ်ဘာကူညီပေးရမလဲ။

ကိုယ်ဘာကူညီပေးရမလဲ ၊ ချစ်ဘာလုပ်ပေးရမလဲ ဆိုတာမျိုး ချစ်သူနှစ်ဦးကြားမှာ ပြောသင့်ပါတယ်။ တစ်ယောက်ရဲ့ အလုပ်ကိုတစ်ယောက်ကူညီတာဟာ နှစ်ဦးရဲ့ ချစ်ခြင်းကို ခိုင်မြဲစေမှာပါ။

အခုဖော်ပြခဲ့တဲ့ စကားတွေက ချစ်သူနှစ်ဦးကြား ပြောရမှာ သိပ်ပြီး အပန်းကြီးတဲ့ စကားမဟုတ်ပါဘူး။ တစ်ယောက်ကိုယ်တစ်ယောက် ဘာမဟုတ်တဲ့ စကားတွေ ပြောနေမယ့်အစား အခုလိုစကားလေးတွေ ပြောပေးပါ။ လူတွေအများကြီးရှိတဲ့ထဲက ချစ်သူဆိုတာ ဘုရာကပေးတဲ့ ဆုလာဘ်တစ်ခုလိုပါပဲ။

Credit: myfoodmyanmar
ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top