iMyanmarHouse.com - Best Property Website for Myanmar
×


သင္ေရာ တစ္ေယာက္ေယာက္ကို ခ်စ္မိေနျပီလား? ဒါမွမဟုတ္ သင္ကေရာ အခ်စ္ခံေနရျပီလား ? ဘယ္လိုအခ်စ္မ်ိဳးနဲ႔လဲ ?

လူသားတိုင္းက တစ္သက္မွာ သံုးခါခ်စ္ဖူးႀကပါတယ္။ အခ်စ္ဦး၊ အခ်စ္ဆံုးနဲ႔ ေနာက္ဆံုးအခ်စ္ေပါ႔။ သင္ကေရာ ဘယ္ႏွစ္ခါခ်စ္ဖူးျပီးျပီလဲ သိရေအာင္ အခ်စ္သံုးမ်ိဳးရဲ ႔အဓိပါၸယ္ကိုေဖာ္ျပေပးလိုက္ပါတယ္။

အခ်စ္ဦး

အခ်စ္ဆိုတာေတာင္ ေရေရရာရာမသိေသးခ်ိန္ ရင္ခုန္တတ္စ အရြယ္မွာ သင္တို႔ဘ၀ထဲကို စတင္၀င္လာသူေတြေပါ႔။ အခ်စ္ဦးက မီးနဲ႔တူတယ္။ မီးလိုဘဲပူတယ္ ဒါေပမယ္႔ အလင္းေရာင္လည္းရတယ္ အသံုးလည္း၀င္တယ္။

အကိုင္မတတ္ရင္ အပူေလာင္တတ္ျပီး ေနာက္တစ္ခါ ေပါ႔ေပါ႔ဆဆ မကိုင္ရဲေအာင္ ဒဏ္ရာ အမွတ္တရေတြလည္းေပးတယ္။ အခ်စ္ကို စတင္ခံစားတတ္ေစျပီး အမွတ္တရေကာင္းေတြ ခ်န္ေပးတတ္သလို နာလဲနာက်င္တတ္ေစတယ္။ အခ်စ္ဦး ေျမးဦးထိေတာင္ မေမ႔ႏိုင္ဆိုတဲ႔စကားက အပိုမွမဟုတ္ဘဲေနာ္။

အခ်စ္ဆံုး

ဒါကေတာ့ ဆရာက်တဲ႔အဆင္႔ကို ေရာက္လာျပီးမွ ရွာေဖြေတြ႔ရွိတဲ႔ အခ်စ္မ်ိဳးေပါ႔။ တစ္ခ်ိဳ႕ကေတာ့ ဒီအဆင္႔မွာဘဲ သူတို႔ရဲ ႔အခ်စ္ေတြကို ရပ္တန္႔လိုက္ႀကတယ္။ အခ်စ္ဆံုးသူေတြဟာ ေရလိုပါဘဲ။ ေသာက္တဲ႔သူ ရင္ကိုေအးေစတယ္။ က်န္းမာေရး အရလဲေကာင္းတယ္။

 ေရမသန္႔ရင္ေတာ့ အဆင္မေျပဘူးေပါ႔။ အခ်စ္ဆံုးသူေတြက အခ်စ္ဦး ေလာက္ေတာ ့နာက်င္မႈေတြမေပးပါဘူး။ သင္ကအခ်စ္ေရးမွာ ဆရာက်လာတာလဲ ပါပါတယ္။

ေနာက္ဆံုးအခ်စ္

ပထမအခ်စ္၊ ဒုတိယအခ်စ္ျပီးလို႔ ေနာက္ဆံုး အခ်စ္ေရာက္လာျပီ။ အသည္းေတြလဲ ကြဲခဲ႔ျပီးျပီ။ ခ်ိဳျမန္ျခင္းေတြလည္း ခံစားခဲ႔ျပီးတဲ႔ အခ်စ္အေႀကာင္း ေနာေႀကသြားတဲ႔ အခ်ိန္မွာ ေတြ႔မယ္႔အခ်စ္ဟာ ေနာက္ဆံုးအခ်စ္ပါ။ ေနာက္ဆံုးအခ်စ္ဟာ မပူေလာင္ ေစပါဘူးဆို လိမ္ရာက်ပါမယ္။ ခ်စ္တတ္တဲ႔သူတိုင္း ဘယ္အခ်စ္မ်ိဳးမဆို အနည္း ငယ္ေတာ႔ ပူေလာင္ေစပါတယ္။

ဒါေပမယ္႔ ေနာက္ဆံုးအခ်စ္ဟာ ေလ နဲ႔တူပါတယ္။ ေလမရွိရင္ အသက္မရွင္ႏိုင္သ လိုပါဘဲ။ အသက္ရွႈလိုက္တဲ႔ အခ်ိန္တိုင္း လိုအပ္ေနပါတယ္။ သတိရမိတဲ႔ အခ်ိန္ တိုင္းမွာ အခ်စ္ေတြ တိုးပြားေနပါတယ္။ သင္ေရာ ေနာက္ဆံုးအခ်စ္ နဲ႕တစ္ ေယာက္ေယာက္ကို ခ်စ္မိေနျပီလား? ဒါမွမဟုတ္ သင္ကေရာ အခ်စ္ခံေနရျပီလား ?

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


သင်ရော တစ်ယောက်ယောက်ကို ချစ်မိနေပြီလား? ဒါမှမဟုတ် သင်ကရော အချစ်ခံနေရပြီလား ? ဘယ်လိုအချစ်မျိုးနဲ့လဲ ?

လူသားတိုင်းက တစ်သက်မှာ သုံးခါချစ်ဖူးကြပါတယ်။ အချစ်ဦး၊ အချစ်ဆုံးနဲ့ နောက်ဆုံးအချစ်ပေါ့။ သင်ကရော ဘယ်နှစ်ခါချစ်ဖူးပြီးပြီလဲ သိရအောင် အချစ်သုံးမျိုးရဲ့အဓိပါ္ပယ်ကိုဖော်ပြပေးလိုက်ပါတယ်။

အချစ်ဦး

အချစ်ဆိုတာတောင် ရေရေရာရာမသိသေးချိန် ရင်ခုန်တတ်စ အရွယ်မှာ သင်တို့ဘဝထဲကို စတင်ဝင်လာသူတွေပေါ့။ အချစ်ဦးက မီးနဲ့တူတယ်။ မီးလိုဘဲပူတယ် ဒါပေမယ့် အလင်းရောင်လည်းရတယ် အသုံးလည်းဝင်တယ်။

အကိုင်မတတ်ရင် အပူလောင်တတ်ပြီး နောက်တစ်ခါ ပေါ့ပေါ့ဆဆ မကိုင်ရဲအောင် ဒဏ်ရာ အမှတ်တရတွေလည်းပေးတယ်။ အချစ်ကို စတင်ခံစားတတ်စေပြီး အမှတ်တရကောင်းတွေ ချန်ပေးတတ်သလို နာလဲနာကျင်တတ်စေတယ်။ အချစ်ဦး မြေးဦးထိတောင် မမေ့နိုင်ဆိုတဲ့စကားက အပိုမှမဟုတ်ဘဲနော်။

အချစ်ဆုံး

ဒါကတော့ ဆရာကျတဲ့အဆင့်ကို ရောက်လာပြီးမှ ရှာဖွေတွေ့ရှိတဲ့ အချစ်မျိုးပေါ့။ တစ်ချို့ကတော့ ဒီအဆင့်မှာဘဲ သူတို့ရဲ့အချစ်တွေကို ရပ်တန့်လိုက်ကြတယ်။ အချစ်ဆုံးသူတွေဟာ ရေလိုပါဘဲ။ သောက်တဲ့သူ ရင်ကိုအေးစေတယ်။ ကျန်းမာရေး အရလဲကောင်းတယ်။

 ရေမသန့်ရင်တော့ အဆင်မပြေဘူးပေါ့။ အချစ်ဆုံးသူတွေက အချစ်ဦး လောက်တော့နာကျင်မှုတွေမပေးပါဘူး။ သင်ကအချစ်ရေးမှာ ဆရာကျလာတာလဲ ပါပါတယ်။

နောက်ဆုံးအချစ်

ပထမအချစ်၊ ဒုတိယအချစ်ပြီးလို့ နောက်ဆုံး အချစ်ရောက်လာပြီ။ အသည်းတွေလဲ ကွဲခဲ့ပြီးပြီ။ ချိုမြန်ခြင်းတွေလည်း ခံစားခဲ့ပြီးတဲ့ အချစ်အကြောင်း နောကြေသွားတဲ့ အချိန်မှာ တွေ့မယ့်အချစ်ဟာ နောက်ဆုံးအချစ်ပါ။ နောက်ဆုံးအချစ်ဟာ မပူလောင် စေပါဘူးဆို လိမ်ရာကျပါမယ်။ ချစ်တတ်တဲ့သူတိုင်း ဘယ်အချစ်မျိုးမဆို အနည်း ငယ်တော့ ပူလောင်စေပါတယ်။

ဒါပေမယ့် နောက်ဆုံးအချစ်ဟာ လေ နဲ့တူပါတယ်။ လေမရှိရင် အသက်မရှင်နိုင်သ လိုပါဘဲ။ အသက်ရှှုလိုက်တဲ့ အချိန်တိုင်း လိုအပ်နေပါတယ်။ သတိရမိတဲ့ အချိန် တိုင်းမှာ အချစ်တွေ တိုးပွားနေပါတယ်။ သင်ရော နောက်ဆုံးအချစ် နဲ့တစ် ယောက်ယောက်ကို ချစ်မိနေပြီလား? ဒါမှမဟုတ် သင်ကရော အချစ်ခံနေရပြီလား ?

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top