iMyanmarHouse.com - Best Property Website for Myanmar
×

အက္ဒ္မင္တုိ႔က အၿမဲလိုလို ေယာင္းေလးတို႔ အခ်စ္ေရးမွာ သိထားသင့္တာေတြ၊ ေဆာင္ရန္ေ႐ွာင္ရန္ေတြ အႀကံေပးတတ္တာ သိပါတယ္ေနာ္။ ဒီတစ္ခါေတာ့ ေမာင္ေလးေတြအတြက္ လက္မတြဲသင့္ေသာမိန္းကေလးေတြအေၾကာင္းေလး အႀကံေပးခ်င္ပါတယ္။

အက္ဒ္မင္က ေယာင္းေတြဘက္ မလုိက္ေတာ့ပဲ ေကာင္ေလးေတြဘက္ လုိက္သြားတယ္မထင္နဲ႔ဦး ေယာင္းေရ။ ဒီလိုေျပာျပရတယ္ဆိုတာကလည္း ေယာင္းတုိ႔ ဒီလိုအေျခအေနမ်ိဳးေတြ ျဖစ္ေနရင္ ဆင္ျခင္ၿပီး ျပဳျပင္ေစခ်င္လုိ႔ပါ။ ကဲ ေျပာၿပီေနာ္ …

(၁) ေတြ႕သမွ်လူႏွင့္ စြပ္စြဲတတ္ေသာမိန္းကေလး

သမီးရည္းစားဘဝ၊ လင္မယားဘဝဆိုတာ သဝန္တိုျခင္းနဲ႔ မကင္းႏုိ္င္သလုိ သဝန္တိုျခင္းဆိုတာလည္း ခ်စ္ျခင္းရဲ႕ သေကၤတ တစ္ခုေပါ့။ ဆိုေပမဲ့ အရာရာမွာ လြန္သြားရင္ မေကာင္းဘူးဆုိသလုိ သဝန္တုိလြန္းျပန္ေတာ့ ေပ်ာ္စရာ မေကာင္းေတာ့ျပန္ပါဘူး။

တစ္ေန႔တစ္ေန႔ ဘယ္သူနဲ႔ အစြပ္စြဲခံရမလဲ၊ ဘယ္သူနဲ႔မ်ား ေပးစားခံရမလဲလုိ႔ ေတြးပူရ၊ ခင္မင္ရတဲ့ သူငယ္ခ်င္းမိန္းကေလးေတြနဲ႔ မိတ္ပ်က္ရ နဲ႔ ေပ်ာ္စရာေကာင္းတဲ့ အခ်စ္ေရးမဟုတ္ေတာ့ဘူးေနာ္။ မိန္းကေလးေတြမွာ ဆဌမအာရံုရွိလို႔မို႔ စိတ္ထဲ ထင့္ေနတာ၊ ဘာညာ ဆိုတာမ်ိဳးထက္ ကိုယ္နဲ႔ စကားေျပာမိသမွ် ေကာင္မေလးတိုင္းနဲ႔ လိုက္ၿပီး စြပ္စြဲေနရင္ေတာ့ျဖင့္ စဥ္းစားသင့္ေနပါၿပီ…

(၂) ရစ္လြန္းတဲ့ မိန္းကေလး

ရစ္တယ္ဆိုတာကလည္း သာမန္ေလး ခ်စ္စႏိုိးနဲ႔ ရစ္ရင္ ခ်စ္စရာ၊ ေပ်ာ္စရာေလးေပါ့။ ရစ္လြန္းမက ရစ္လြနး္ေတာ့လည္း စိတ္ညစ္ဖုိ႔ ေကာင္းလာေရာ။ တစ္ေန႔တစ္ေန႔ သူ႐ွာသမွ် ျပႆနာကို ေျဖ႐ွင္းေနရတာနဲ႔တင္ ဘာမွလုပ္လုိ႔မရေတာ့ဘူးေနာ္။

မိိန္းကေလးေတြဘက္ကလည္း မိန္းကေလးမုိ႔ ရစ္တာ ဆိုၿပီး တရားလြန္ မရစ္သင့္ပါဘူးေနာ္။ ဘယ္အရာမဆို အတိုးအေလွ်ာ့ေလးနဲ႔မွ ေပ်ာ္စရာေကာင္းတဲ့ ဆက္ဆံေရး ရႏိုင္မွာမဟုတ္လား။
နားလည္မႈေတြနဲ႔ပဲ လက္တြဲသင့္ပါတယ္ေနာ္

(၃) ျဖစ္သမွ် ျပႆနာ လူမႈကြန္ရက္ေပၚ တင္တတ္တဲ့ မိန္းကေလး

သမီးရည္းစားရန္ျဖစ္တာမဆန္းပါဘူး။ ျဖစ္တဲ့ျပႆနာဆုိတာလည္း ႀကီးႀကီးမားမားဟုတ္ခ်င္မွဟုတ္မွာေလ။ တစ္ခါတေလ ဝုန္းဝုန္းဒိုင္းဒိုင္းေတြျဖစ္ၾကၿပီး ခဏေနက် ဟီးဟီးဟားဟားျဖစ္သြားတတ္တာ သဘာဝပါပဲ။

ဒါကို တစ္ခုခုျဖစ္တိုင္း ကိုယ္ကပဲ မေကာင္းတဲ့သူလုိလုိ စာေတြအမ်ားႀကီး ေရးတင္တတ္တာမ်ိဳးက လံုးဝလံုးဝ မေကာင္းတဲ့ အက်င့္ပါ။ ဒါေၾကာင့္ ဒီလိုမိန္းကေလးမ်ိဳးက ေ႐ွာင္သင့္တဲ့အထဲမွာ ပါပါတယ္။

(၄) အြန္လိုင္းေပၚက အခ်စ္ဒႆနတိုင္းကို ယံုစားတတ္တဲ့ မိန္းကေလး

Facebook ေပၚမွာ အားအားေန စပရိုက္ တိုက္ေနတတ္တဲ့ Post ေတြ၊ ကိုယ့္ကို တကယ္ခ်စ္တဲ့ ခ်စ္သူဆိုတာ အစခ်ီတဲ့ Post ေတြကို သေဘာက်ၿပီး Share တာ၊ ကိုယ့္ခ်စ္သူေတြ႕ေအာင္ Mention ေခၚတာက ျပႆနာမဟုတ္ပါဘူး။

တကယ့္ျပႆနာက အဲ့ဒီထဲကလုိ ကိုယ့္အေပၚ မဆက္ဆံရေကာင္းလားဆုိၿပီး ျပႆနာ႐ွာတတ္တာပါ။ ဒီလို စာေတြ၊ ပို႔စ္ေတြဟာ မိန္းကေလးငယ္ေလးေတြ သေဘာက်ေအာင္ ေရးထားတဲ့ အေပ်ာ္ဖတ္ဝတၳဳလို ဖတ္လို႔ေကာင္းေပမဲ့ အျပင္ေလာကမွာ လက္ေတြ႕ျဖစ္လာဖို႔က ခက္တယ္ေလ…
ဒါေၾကာင့္ ဒီလို အခ်စ္ဒႆနေတြ၊ ပို႔စ္ေတြကို ႀကိဳက္တာက ႀကိဳက္ပါ၊ လက္ေတြ႕ျဖစ္လာေအာင္ အတင္းလုပ္ယူရင္ ႏွစ္ဦးႏွစ္ဖက္ ပင္ပန္းၾကရပါတယ္လို႔…

(၅) စိတ္ထိခုိက္ေအာင္ လုပ္တတ္တဲ့ မိန္းကေလး

ခႏၶာကိုယ္ကို နာက်င္ေအာင္ လုပ္မွ နာက်င္စရာေကာင္းတာမဟုတ္ပါဘူးေနာ္။ ကိုယ့္စိတ္ခံစားခ်က္ကို နာက်င္ေအာင္လုပ္တတ္တာကလည္း နာက်င္စရာေပါ့။

ကိုယ့္ကို အတိတ္အေၾကာင္းေတြ ခဏခဏျပန္ေျပာၿပီး နာက်င္ေအာင္လုပ္တာ၊ ကိုယ္မႀကိဳက္တဲ့ကိစၥေတြကို ခဏခဏေျပာတတ္တာ၊ လုပ္တတ္တာ၊ Facebook ေပၚမွာ ကိုယ့္အေၾကာင္းေတြတင္ၿပီး အ႐ွက္ခြဲတတ္တာ ဒီလုိအက်င့္႐ွိသူေတြနဲ႔ ကာလၾကာရွည္ လက္တြဲေတာ့မယ္ဆိုရင္ေတာ့ ေတာ္ေတာ္ႀကီးကို ညွိႏႈိင္းဖို႔ လိုအပ္ပါတယ္ေနာ္…

ဒါကေတာ့ လက္မတြဲသင့္တဲ့ မိန္းကေလးအမ်ိဳးအစားေတြပါ။ ဒါက မိန္းကေလးေတြမွာပဲ ႐ွိတတ္တဲ့ အမူအက်င့္ေတြလားဆိုေတာ့လည္း မဟုတ္ပါဘူး။ ေယာက်္ားေလးေတြမွာလည္း ႐ွိတတ္တာမို႔ ေယာင္းတုိ႔ေတြအေနနဲ႔ ကိုယ္တုိင္ ဒီလုိမိန္းကေလးမျဖစ္ဖို႔ ဆင္ျခင္သလုိ ဒီလုိအမ်ိဳးသားေတြနဲ႔ ၾကံဳခဲ့၊ ဆံုခဲ့ၾကရင္လည္း သတိျပဳႏိုင္ၾကပါေစရယ္လို႔….

Credit:hellosayarwon
ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

အက်ဒ်မင်တို့က အမြဲလိုလို ယောင်းလေးတို့ အချစ်ရေးမှာ သိထားသင့်တာတွေ၊ ဆောင်ရန်ရှောင်ရန်တွေ အကြံပေးတတ်တာ သိပါတယ်နော်။ ဒီတစ်ခါတော့ မောင်လေးတွေအတွက် လက်မတွဲသင့်သောမိန်းကလေးတွေအကြောင်းလေး အကြံပေးချင်ပါတယ်။

အက်ဒ်မင်က ယောင်းတွေဘက် မလိုက်တော့ပဲ ကောင်လေးတွေဘက် လိုက်သွားတယ်မထင်နဲ့ဦး ယောင်းရေ။ ဒီလိုပြောပြရတယ်ဆိုတာကလည်း ယောင်းတို့ ဒီလိုအခြေအနေမျိုးတွေ ဖြစ်နေရင် ဆင်ခြင်ပြီး ပြုပြင်စေချင်လို့ပါ။ ကဲ ပြောပြီနော် …

(၁) တွေ့သမျှလူနှင့် စွပ်စွဲတတ်သောမိန်းကလေး

သမီးရည်းစားဘဝ၊ လင်မယားဘဝဆိုတာ သဝန်တိုခြင်းနဲ့ မကင်းနိုင်သလို သဝန်တိုခြင်းဆိုတာလည်း ချစ်ခြင်းရဲ့ သင်္ကေတ တစ်ခုပေါ့။ ဆိုပေမဲ့ အရာရာမှာ လွန်သွားရင် မကောင်းဘူးဆိုသလို သဝန်တိုလွန်းပြန်တော့ ပျော်စရာ မကောင်းတော့ပြန်ပါဘူး။

တစ်နေ့တစ်နေ့ ဘယ်သူနဲ့ အစွပ်စွဲခံရမလဲ၊ ဘယ်သူနဲ့များ ပေးစားခံရမလဲလို့ တွေးပူရ၊ ခင်မင်ရတဲ့ သူငယ်ချင်းမိန်းကလေးတွေနဲ့ မိတ်ပျက်ရ နဲ့ ပျော်စရာကောင်းတဲ့ အချစ်ရေးမဟုတ်တော့ဘူးနော်။ မိန်းကလေးတွေမှာ ဆဌမအာရုံရှိလို့မို့ စိတ်ထဲ ထင့်နေတာ၊ ဘာညာ ဆိုတာမျိုးထက် ကိုယ်နဲ့ စကားပြောမိသမျှ ကောင်မလေးတိုင်းနဲ့ လိုက်ပြီး စွပ်စွဲနေရင်တော့ဖြင့် စဉ်းစားသင့်နေပါပြီ…

(၂) ရစ်လွန်းတဲ့ မိန်းကလေး

ရစ်တယ်ဆိုတာကလည်း သာမန်လေး ချစ်စနိုးနဲ့ ရစ်ရင် ချစ်စရာ၊ ပျော်စရာလေးပေါ့။ ရစ်လွန်းမက ရစ်လွန်းတော့လည်း စိတ်ညစ်ဖို့ ကောင်းလာရော။ တစ်နေ့တစ်နေ့ သူရှာသမျှ ပြဿနာကို ဖြေရှင်းနေရတာနဲ့တင် ဘာမှလုပ်လို့မရတော့ဘူးနော်။

မိန်းကလေးတွေဘက်ကလည်း မိန်းကလေးမို့ ရစ်တာ ဆိုပြီး တရားလွန် မရစ်သင့်ပါဘူးနော်။ ဘယ်အရာမဆို အတိုးအလျှော့လေးနဲ့မှ ပျော်စရာကောင်းတဲ့ ဆက်ဆံရေး ရနိုင်မှာမဟုတ်လား။
နားလည်မှုတွေနဲ့ပဲ လက်တွဲသင့်ပါတယ်နော်

(၃) ဖြစ်သမျှ ပြဿနာ လူမှုကွန်ရက်ပေါ် တင်တတ်တဲ့ မိန်းကလေး

သမီးရည်းစားရန်ဖြစ်တာမဆန်းပါဘူး။ ဖြစ်တဲ့ပြဿနာဆိုတာလည်း ကြီးကြီးမားမားဟုတ်ချင်မှဟုတ်မှာလေ။ တစ်ခါတလေ ဝုန်းဝုန်းဒိုင်းဒိုင်းတွေဖြစ်ကြပြီး ခဏနေကျ ဟီးဟီးဟားဟားဖြစ်သွားတတ်တာ သဘာဝပါပဲ။

ဒါကို တစ်ခုခုဖြစ်တိုင်း ကိုယ်ကပဲ မကောင်းတဲ့သူလိုလို စာတွေအများကြီး ရေးတင်တတ်တာမျိုးက လုံးဝလုံးဝ မကောင်းတဲ့ အကျင့်ပါ။ ဒါကြောင့် ဒီလိုမိန်းကလေးမျိုးက ရှောင်သင့်တဲ့အထဲမှာ ပါပါတယ်။

(၄) အွန်လိုင်းပေါ်က အချစ်ဒဿနတိုင်းကို ယုံစားတတ်တဲ့ မိန်းကလေး

Facebook ပေါ်မှာ အားအားနေ စပရိုက် တိုက်နေတတ်တဲ့ Post တွေ၊ ကိုယ့်ကို တကယ်ချစ်တဲ့ ချစ်သူဆိုတာ အစချီတဲ့ Post တွေကို သဘောကျပြီး Share တာ၊ ကိုယ့်ချစ်သူတွေ့အောင် Mention ခေါ်တာက ပြဿနာမဟုတ်ပါဘူး။

တကယ့်ပြဿနာက အဲ့ဒီထဲကလို ကိုယ့်အပေါ် မဆက်ဆံရကောင်းလားဆိုပြီး ပြဿနာရှာတတ်တာပါ။ ဒီလို စာတွေ၊ ပို့စ်တွေဟာ မိန်းကလေးငယ်လေးတွေ သဘောကျအောင် ရေးထားတဲ့ အပျော်ဖတ်ဝတ္ထုလို ဖတ်လို့ကောင်းပေမဲ့ အပြင်လောကမှာ လက်တွေ့ဖြစ်လာဖို့က ခက်တယ်လေ…
ဒါကြောင့် ဒီလို အချစ်ဒဿနတွေ၊ ပို့စ်တွေကို ကြိုက်တာက ကြိုက်ပါ၊ လက်တွေ့ဖြစ်လာအောင် အတင်းလုပ်ယူရင် နှစ်ဦးနှစ်ဖက် ပင်ပန်းကြရပါတယ်လို့…

(၅) စိတ်ထိခိုက်အောင် လုပ်တတ်တဲ့ မိန်းကလေး

ခန္ဓာကိုယ်ကို နာကျင်အောင် လုပ်မှ နာကျင်စရာကောင်းတာမဟုတ်ပါဘူးနော်။ ကိုယ့်စိတ်ခံစားချက်ကို နာကျင်အောင်လုပ်တတ်တာကလည်း နာကျင်စရာပေါ့။

ကိုယ့်ကို အတိတ်အကြောင်းတွေ ခဏခဏပြန်ပြောပြီး နာကျင်အောင်လုပ်တာ၊ ကိုယ်မကြိုက်တဲ့ကိစ္စတွေကို ခဏခဏပြောတတ်တာ၊ လုပ်တတ်တာ၊ Facebook ပေါ်မှာ ကိုယ့်အကြောင်းတွေတင်ပြီး အရှက်ခွဲတတ်တာ ဒီလိုအကျင့်ရှိသူတွေနဲ့ ကာလကြာရှည် လက်တွဲတော့မယ်ဆိုရင်တော့ တော်တော်ကြီးကို ညှိနှိုင်းဖို့ လိုအပ်ပါတယ်နော်…

ဒါကတော့ လက်မတွဲသင့်တဲ့ မိန်းကလေးအမျိုးအစားတွေပါ။ ဒါက မိန်းကလေးတွေမှာပဲ ရှိတတ်တဲ့ အမူအကျင့်တွေလားဆိုတော့လည်း မဟုတ်ပါဘူး။ ယောကျ်ားလေးတွေမှာလည်း ရှိတတ်တာမို့ ယောင်းတို့တွေအနေနဲ့ ကိုယ်တိုင် ဒီလိုမိန်းကလေးမဖြစ်ဖို့ ဆင်ခြင်သလို ဒီလိုအမျိုးသားတွေနဲ့ ကြုံခဲ့၊ ဆုံခဲ့ကြရင်လည်း သတိပြုနိုင်ကြပါစေရယ်လို့….

Credit:hellosayarwon
ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top