iMyanmarHouse.com - Best Property Website for Myanmar
×

ရာသီအလိုက္ စားစရာေလးေတြကေတာ့ရွိစျမဲပါေနာ္။ ရာသီေပၚစာဆိုတာမ်ိဳးေပါ့။ အခုတစ္ေခါက္လည္း ေႏြရာသီရဲ႕ ရာသီစာျဖစ္တဲ့ ၾကံရည္ေလးအေၾကာင္းေျပာျပေပးခ်င္ပါတယ္ေနာ္။ ေႏြပူလာရင္ ေနရာတိုင္းမွာ ၾကံရည္ဆိုင္ေလးေတြေတြ႔လာရျပီေနာ္။ ေႏြပူပူကိုအံတုေပးႏုိင္စြမ္းေပးတဲ့ သဘာဝေဖ်ာ္ရည္ေလးတစ္ခုေပါ့။ ေႏြပူပူမွာ သံပရာသီးညွစ္ထားတ့ဲ ၾကံရည္ခ်ိဳခ်ိဳေလးေသာက္လိုက္ရတာက ရင္ထဲကိုေအးျပီး စိတ္ေက်နပ္မႈရေစတယ္ေနာ္။
ၾကံရည္ဆိုတာ

ၾကံရည္ဆိုတာက ၾကံေခ်ာင္းကိုၾကိတ္ျပီးရလာတဲ့အရည္ပါေနာ္။ ဆူးခရို႕စ္ ပါဝင္မႈမ်ားတာေၾကာင့္ အရသာကခ်ိဳပါတယ္ေနာ္။ ၾကံရည္ကို ျမန္မာတစ္နိုင္ငံတည္းမွာေသာက္သံုးတာမဟုတ္ပါဘူး။ ဘရာဇီး၊ ထိုင္း၊ အိႏိၵယတို႔မွာလည္း ၾကံရည္ေသာက္ၾကပါတယ္။ လတ္လတ္ဆတ္ဆတ္ၾကံေခ်ာင္းကို သံနဲ႔လုပ္ထားတဲ့ ၾကိတ္စက္ထဲထည့္ၾကိတ္ျပီး ရလာတဲ့ ၾကံရည္ကို ေရခဲထည့္ျပီးေသာက္လို႔ရသလို သံပရာရည္၊ ခ်င္း (ဂ်င္း)၊ ဆား နဲ႔ ပူစီနံရြက္တို႔ထည့္ျပီးေသာက္လို႔ရပါတယ္ေနာ္။ အရာသာရွိသလို ေႏြပူပူမွာရင္ေအးသြားေစတဲ့ ေသာက္စရာတစ္မ်ိဳးေပါ့။
ၾကံရည္ထဲမွာပါတဲ့ အာဟာရဓာတ္ေတြက

ၾကံရည္ထဲမွာ ပိုတက္ဆီယမ္၊ ကယ္လ္ဆီယမ္၊ မဂၢနီဆီယမ္၊ သံဓာတ္၊ မဂၢနိ၊ အမိုင္နိုအက္ဆစ္၊ဇင့္၊ သီရာမင္း နဲ႔ riboflavin  တို႔ပါဝင္ပါတယ္။ သၾကားဓာတ္ပါဝင္သလို ခႏၶာကိုယ္အတြက္ေန႔စဉ္လိုအပ္တဲ့ အမွ်င္ဓာတ္ပါဝင္ေနပါတယ္။ ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြျဖစ္ၾကတဲ့ flavonoids နဲ႔ polyphenolic ျဒပ္ေပါင္းေတြပါဝင္ေနပါတယ္။
ဘယ္လိုက်န္းမာေရးအက်ိဳးေက်းဇူးေတြရႏိုင္လဲ

ကိုယ္ခံအားေကာင္းေစတယ္ – ဗီတာမင္ C နဲ႔ ဓာတ္တိုးဆန္႔က်င္အာနိသင္ေတြၾကြယ္ဝတာေၾကာင့္ ကိုယ္ခံအားစနစ္ကိုတိုးတက္ေကာင္းမြန္ေစႏိုင္ပါတယ္။ အစာအိမ္၊အသညး္နဲ႔ အသက္ရႈလမ္းေၾကာင္းမွာ ပိုးဝင္ကူးစက္တာမ်ိဳးမျဖစ္ေအာင္ကာကြယ္ေပးႏိုင္ပါတယ္။

အားျပည့္ေစတယ္ – အျခားေသာေသာက္စရာေတြနဲ႔ မတူဘဲ သၾကားစစ္စစ္ကေနရတဲ့ အခ်ိဳရည္ျဖစ္တာေၾကာင့္ ခႏၶာကိုယ္ကို ထိခိုက္ေစတာမရွိဘဲ အားျပည့္ေစႏိုင္ပါတယ္ေနာ္။ ခႏၶာကိုယ္ကိုေရဓာတ္ျဖည့္ေပးႏိုင္ပါေသးတယ္။

 အသားအေရေကာင္းေစတယ္ – ၾကံရည္မွာပါတဲ့ glycolic အက္ဆစ္ နဲ႔ alpha hydroxy အက္ဆစ္တို႔ပါဝင္ေနတာေၾကာင့္ အေရျပားနာက်င္ေရာင္ရမ္းတာ၊ပိုးဝင္ကူးစက္တာမ်ိဳးေတြမျဖစ္ေအာင္ကာကြယ္ေပးႏိုင္သလို အသက္အရြယ္ေၾကာင့္ျဖစ္တဲ့ အေရးအေၾကာင္းေတြျဖစ္တာ၊ အသားအေရာင္မညီတာ၊ အမာရြတ္ေတြျဖစ္တာ၊ အသားေပၚမွာ အမဲစက္ေတြျဖစ္တာကို သက္သာေစနိုင္ပါတယ္။

ကိုယ္ဝန္ေဆာင္ ဝမ္းခ်ဳပ္ျခင္း – ကိုုယ္ဝန္ေဆာင္ကာလမွာ ဝမ္းခ်ဳပ္တာက ျဖစ္ေလ့ျဖစ္ထရွိတာပါ။ ဒီျပႆနာကို သဘာဝအတိုင္းေျဖရွင္းဖို႔ဆိုရင္ေတာ့ ၾကံရည္ေသာက္ေပးလို႔ရပါတယ္ေနာ္။

ခံတြင္းနံ႔ဆိုးကင္းေစတယ္ – ၾကံရည္မွာပါတဲ့ သတၱဳဓာတ္ေတြက သြားေၾကြလႊာကို ကာကြယ္ေပးျပီး သြားပိုးစားတာ၊ ေတြမျဖစ္ေအာင္ကာကြယ္ေပးျပီး သြားေတြကို ၾကံ႕ခိုင္ေစႏိုင္ပါတယ္။ သြားနဲ႔ခံတြင္းကို က်န္းမာေစျပီး ခံတြင္းနံ႔ဆိုးကင္းေစနိုင္ပါတယ္။

အရိုးေတြကိုသန္မာေစႏိုင္တယ္ – ၾကံရည္မွာ ကယ္လ္ဆီယမ္၊ သံဓာတ္၊ ပိုတက္ဆီယမ္ နဲ႔ မဂၢနိ႔စ္တို႔ပါဝင္တာေၾကာင့္ အရိုးေတြကိုသန္မာေစႏိုင္ပါတယ္။ ၾကံရည္က အရိုးပြတာကိုပါကာကြယ္ေပးႏုိင္ပါတယ္။

အစာေၾကေစႏုိင္တယ္ -အမွ်င္ဓာတ္ပါဝင္မႈေၾကာင့္ အစာေျခစနစ္ကို က်န္းမာေစျပီး အစာေၾကေစဖို႔ အေထာက္အကူျပဳေပးႏုိင္ပါတယ္။ ေလပြတာ၊ ဝမ္းခ်ဳပ္တာနဲ႔ ဗိုက္ေအာင့္တာေတြကိုပါ သက္သာေစႏိုင္ပါတယ္။ ဝမ္းမွန္ေစဖို႔ေသာက္ေပးလို႔ရပါတယ္။

ေသြးတြင္းကိုလက္စထေရာက်ေစႏိုင္တယ္ – ေသြးတြင္းကိုလက္စထေရာကိုက်ဆင္းေစႏိုင္ျပီး ႏွလံုးေရာဂါနဲ႔ ႏွလံုးေသြးေၾကာဆိုင္ရာေရာဂါေတြမျဖစ္ေအာင္ကာကြယ္ေပးႏိုင္ပါတယ္။

စိတ္ဖိစီးမႈေျပေလ်ာ႔ေစႏိုင္တယ္ – ၾကံရည္မွာ tryptophan နဲ႔ မဂၢနီဆီယမ္တို႔ပါဝင္တာေၾကာင့္ စိတ္ဖိစီးမႈျဖစ္ေစတဲ့ ေဟာ္မုန္းပမာဏကို ထိန္းညွိေပးျပီး ေကာင္းေကာင္းအိပ္ေပ်ာ္ေစဖို႔ အေထာက္အကူျပဳေပးပါတယ္။ ညဘက္အိပ္မေပ်ာ္သူမ်ားရွိရင္ ၾကံရည္ေသာက္ပါ။ တစ္ေန႔တာရဲ႕ စိတ္ဖိစီးမႈကိုေျပေလ်ာ႔ေစဖို႔ဆိုရင္ ၾကံရည္ေအးေအးေလးကို သံပရာရည္ညွစ္ျပီးေသာက္ေပးပါေနာ္။

ေသြးေပါင္က်ေစႏုိင္တယ္ –  ေသြးေၾကာေတြေတာင့္တင္းေနတာကိုေျပေလ်ာ့ေစႏိုင္တဲ့ ပိုတက္ဆီယမ္ၾကြယ္ဝစြာပါယင္ေနတာေၾကာင့္ ေသြးတိုးက်ေစႏိုင္ပါတယ္။ ေသြးတိုးက်ေစတာေၾကာင့္ ရုတ္တရက္ႏ်လ့ုးရပ္တာနျပ ေလျဖတ္တာေတြမျဖစ္ေအာင္ပါကာကြယ္ေပးႏိုင္ပါတယ္။

ေႏြရာသီရဲ႕ trademark ၾကံရည္ခ်ိဳခ်ိဳေလးေသာက္ျပီး အခုေျပာခဲ့တဲ့ က်န္းမာေရးအက်ိဳးေက်းဇူးေလးေတြရယူလိုက္ပါေနာ္။

Credit:hellosayarwon
က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ရာသီအလိုက် စားစရာလေးတွေကတော့ရှိစမြဲပါနော်။ ရာသီပေါ်စာဆိုတာမျိုးပေါ့။ အခုတစ်ခေါက်လည်း နွေရာသီရဲ့ ရာသီစာဖြစ်တဲ့ ကြံရည်လေးအကြောင်းပြောပြပေးချင်ပါတယ်နော်။ နွေပူလာရင် နေရာတိုင်းမှာ ကြံရည်ဆိုင်လေးတွေတွေ့လာရပြီနော်။ နွေပူပူကိုအံတုပေးနိုင်စွမ်းပေးတဲ့ သဘာဝဖျော်ရည်လေးတစ်ခုပေါ့။ နွေပူပူမှာ သံပရာသီးညှစ်ထားတဲ့ ကြံရည်ချိုချိုလေးသောက်လိုက်ရတာက ရင်ထဲကိုအေးပြီး စိတ်ကျေနပ်မှုရစေတယ်နော်။
ကြံရည်ဆိုတာ

ကြံရည်ဆိုတာက ကြံချောင်းကိုကြိတ်ပြီးရလာတဲ့အရည်ပါနော်။ ဆူးခရို့စ် ပါဝင်မှုများတာကြောင့် အရသာကချိုပါတယ်နော်။ ကြံရည်ကို မြန်မာတစ်နိုင်ငံတည်းမှာသောက်သုံးတာမဟုတ်ပါဘူး။ ဘရာဇီး၊ ထိုင်း၊ အိန္ဒိယတို့မှာလည်း ကြံရည်သောက်ကြပါတယ်။ လတ်လတ်ဆတ်ဆတ်ကြံချောင်းကို သံနဲ့လုပ်ထားတဲ့ ကြိတ်စက်ထဲထည့်ကြိတ်ပြီး ရလာတဲ့ ကြံရည်ကို ရေခဲထည့်ပြီးသောက်လို့ရသလို သံပရာရည်၊ ချင်း (ဂျင်း)၊ ဆား နဲ့ ပူစီနံရွက်တို့ထည့်ပြီးသောက်လို့ရပါတယ်နော်။ အရာသာရှိသလို နွေပူပူမှာရင်အေးသွားစေတဲ့ သောက်စရာတစ်မျိုးပေါ့။
ကြံရည်ထဲမှာပါတဲ့ အာဟာရဓာတ်တွေက

ကြံရည်ထဲမှာ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ မဂ္ဂနိ၊ အမိုင်နိုအက်ဆစ်၊ဇင့်၊ သီရာမင်း နဲ့ riboflavin  တို့ပါဝင်ပါတယ်။ သကြားဓာတ်ပါဝင်သလို ခန္ဓာကိုယ်အတွက်နေ့စဉ်လိုအပ်တဲ့ အမျှင်ဓာတ်ပါဝင်နေပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်ကြတဲ့ flavonoids နဲ့ polyphenolic ဒြပ်ပေါင်းတွေပါဝင်နေပါတယ်။
ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်လဲ

ကိုယ်ခံအားကောင်းစေတယ် – ဗီတာမင် C နဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေကြွယ်ဝတာကြောင့် ကိုယ်ခံအားစနစ်ကိုတိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ အစာအိမ်၊အသည်းနဲ့ အသက်ရှုလမ်းကြောင်းမှာ ပိုးဝင်ကူးစက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

အားပြည့်စေတယ် – အခြားသောသောက်စရာတွေနဲ့ မတူဘဲ သကြားစစ်စစ်ကနေရတဲ့ အချိုရည်ဖြစ်တာကြောင့် ခန္ဓာကိုယ်ကို ထိခိုက်စေတာမရှိဘဲ အားပြည့်စေနိုင်ပါတယ်နော်။ ခန္ဓာကိုယ်ကိုရေဓာတ်ဖြည့်ပေးနိုင်ပါသေးတယ်။

 အသားအရေကောင်းစေတယ် – ကြံရည်မှာပါတဲ့ glycolic အက်ဆစ် နဲ့ alpha hydroxy အက်ဆစ်တို့ပါဝင်နေတာကြောင့် အရေပြားနာကျင်ရောင်ရမ်းတာ၊ပိုးဝင်ကူးစက်တာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးနိုင်သလို အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေးအကြောင်းတွေဖြစ်တာ၊ အသားအရောင်မညီတာ၊ အမာရွတ်တွေဖြစ်တာ၊ အသားပေါ်မှာ အမဲစက်တွေဖြစ်တာကို သက်သာစေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင် ဝမ်းချုပ်ခြင်း – ကိုယ်ဝန်ဆောင်ကာလမှာ ဝမ်းချုပ်တာက ဖြစ်လေ့ဖြစ်ထရှိတာပါ။ ဒီပြဿနာကို သဘာဝအတိုင်းဖြေရှင်းဖို့ဆိုရင်တော့ ကြံရည်သောက်ပေးလို့ရပါတယ်နော်။

ခံတွင်းနံ့ဆိုးကင်းစေတယ် – ကြံရည်မှာပါတဲ့ သတ္တုဓာတ်တွေက သွားကြွေလွှာကို ကာကွယ်ပေးပြီး သွားပိုးစားတာ၊ တွေမဖြစ်အောင်ကာကွယ်ပေးပြီး သွားတွေကို ကြံ့ခိုင်စေနိုင်ပါတယ်။ သွားနဲ့ခံတွင်းကို ကျန်းမာစေပြီး ခံတွင်းနံ့ဆိုးကင်းစေနိုင်ပါတယ်။

အရိုးတွေကိုသန်မာစေနိုင်တယ် – ကြံရည်မှာ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ပိုတက်ဆီယမ် နဲ့ မဂ္ဂနိ့စ်တို့ပါဝင်တာကြောင့် အရိုးတွေကိုသန်မာစေနိုင်ပါတယ်။ ကြံရည်က အရိုးပွတာကိုပါကာကွယ်ပေးနိုင်ပါတယ်။

အစာကြေစေနိုင်တယ် -အမျှင်ဓာတ်ပါဝင်မှုကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး အစာကြေစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ လေပွတာ၊ ဝမ်းချုပ်တာနဲ့ ဗိုက်အောင့်တာတွေကိုပါ သက်သာစေနိုင်ပါတယ်။ ဝမ်းမှန်စေဖို့သောက်ပေးလို့ရပါတယ်။

သွေးတွင်းကိုလက်စထရောကျစေနိုင်တယ် – သွေးတွင်းကိုလက်စထရောကိုကျဆင်းစေနိုင်ပြီး နှလုံးရောဂါနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

စိတ်ဖိစီးမှုပြေလျော့စေနိုင်တယ် – ကြံရည်မှာ tryptophan နဲ့ မဂ္ဂနီဆီယမ်တို့ပါဝင်တာကြောင့် စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းပမာဏကို ထိန်းညှိပေးပြီး ကောင်းကောင်းအိပ်ပျော်စေဖို့ အထောက်အကူပြုပေးပါတယ်။ ညဘက်အိပ်မပျော်သူများရှိရင် ကြံရည်သောက်ပါ။ တစ်နေ့တာရဲ့ စိတ်ဖိစီးမှုကိုပြေလျော့စေဖို့ဆိုရင် ကြံရည်အေးအေးလေးကို သံပရာရည်ညှစ်ပြီးသောက်ပေးပါနော်။

သွေးပေါင်ကျစေနိုင်တယ် –  သွေးကြောတွေတောင့်တင်းနေတာကိုပြေလျော့စေနိုင်တဲ့ ပိုတက်ဆီယမ်ကြွယ်ဝစွာပါယင်နေတာကြောင့် သွေးတိုးကျစေနိုင်ပါတယ်။ သွေးတိုးကျစေတာကြောင့် ရုတ်တရက်နျလ့ုးရပ်တာနပြ လေဖြတ်တာတွေမဖြစ်အောင်ပါကာကွယ်ပေးနိုင်ပါတယ်။

နွေရာသီရဲ့ trademark ကြံရည်ချိုချိုလေးသောက်ပြီး အခုပြောခဲ့တဲ့ ကျန်းမာရေးအကျိုးကျေးဇူးလေးတွေရယူလိုက်ပါနော်။

Credit:hellosayarwon
ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top