iMyanmarHouse.com - Best Property Website for Myanmar
×

ယေန႔ေခတ္လူငယ္အမ်ားစုအေနျဖင့္ ေငြစုဖို႔စဥ္းစားတဲ့အခါတိုင္း ေသာကမ်ားတတ္ၾကပါတယ္။ ၀ယ္စရာပစၥည္းေတြ၊သြားစရာဆိုင္သစ္ေတြေပါမ်ားေနတဲ့ေခတ္ႀကီးမွာ ဘာမွမသံုးစြဲဘဲေနပါက ေခတ္ေနာက္က်ေနခဲ့မွာလည္းအမွန္ပါပဲ။ ထို့ ေၾကာင့္ လူငယ္ေတြအေနနဲ႔ ေငြစုျခင္းကို စိတ္ညစ္စရာအလုပ္လို႔ ထင္လာၾကပါတယ္။အခုေဖာ္ျပမယ့္နည္းလမ္းေလးေတြကေတာ့ အသံုးအစြဲေတြကို အမ်ားႀကီး ေလွ်ာ့ခ်ဖို႔မလိုဘဲ ေငြစုႏိုင္မယ့္ နည္းလမ္းေလးေတြ ျဖစ္ပါတယ္။

(၁) ၂၀/၈၀ နည္းလမ္း
ထိုနည္းလမ္းကိုအသံုးျပဳမယ္ဆိုရင္ေတာ့ သင့္အေနနဲ့ေအာက္ပါအခ်က္မ်ားကို ျပင္ဆင္ထားရပါမယ္။
-သင့္မွာ ဘဏ္ေျကြးနဲ့အျခားေျကြးျမီမ်ားကင္းရွင္းရပါမယ္။
-စီးပြားေရးလုပ္ငန္းအေသးစားတစ္ခုမွာ ရင္းနွီးျမွဳပ္နွံနိုင္ဖို့လိုျပီး သင့္လစာရဲ့ ၂၀ရာနွုန္းခန့္ကိုစုေဆာင္းနုိင္ရပါမယ္။
-က်န္တဲ့ လစာ၈၀ရာနွုန္းကိုေတာ့ စိတ္ျကိဳက္သံုးျဖဳန္းလို့ရပါတယ္။
-သင္သတိျပဳရမယ့္အခ်က္ကေတာ့ ျဖဳန္းဖို့ထက္ စုဖို့အရင္ဆံုးစဥ္းစားပါဆိုသလိုပဲ ပထမဆံုး စုေဆာင္းဖို့စဥ္းစားပါ။က်န္ေသာေငြကိုသာ သံုးရမွာျဖစ္ပါတယ္။
-တကယ္လို့ သင့္အေနနဲ့ ၂၀ရာနွုန္းစုဖို့ခက္ခဲေနေသးတယ္ဆိုပါက ၁၀ရာနွုန္း သို့မဟုတ္ ၅ရာနွုန္းခန့္ကိုသာ စတင္စုေဆာင္းပါ။သို့မွသာ ေငြစုတဲ့အေလ့အထကို စတင္ပ်ိဴးေထာင္ျဖစ္မွာ ျဖစ္ပါတယ္။

(၂)၆၀/၁၀/၁၀/၁၀/၁၀ နည္းလမ္း
ဒီနည္းလမ္းကေတာ့
-သင့္လစဥ္အသံုးစရိတ္မ်ားအတြက္ ၆၀ရာနွုန္း
-သင့္ပင္စင္ခ်ိန္အတြက္ ၁၀ရာနွုန္း
-ေရရွည္စုေဆာင္းေငြအတြက္ ၁၀ရာနွုုန္း
-အေရးေပၚကိစမ်ားနွင့္ သာေရးနာေရးမ်ားအတြက္ ၁၀ရာနွုန္း
-အေပ်ာ္အပါးအတြက္ ၁၀ရာနွဳန္းဆိုျပီး သင့္တစ္လစာ၀င္ေငြကို အခ်ိဴးက် ခြဲေ၀ စုေဆာင္းဖို့ပဲ ျဖစ္ပါတယ္။
သင့္ေနစဥ္ လစဥ္ အသံုးစရိတ္ေတြျဖစ္ေသာ အစားအေသာက္၊အသံုးအေဆာင္၊လမ္းစရိတ္နွင့္ အ၀တ္အစားစသည္တို့အတြက္ ၆၀ရာနွုန္းကို သံုးစြဲနိုင္ပါတယ္။ ကားဖိုး၊အိ္မ္ျပင္စရိတ္၊အေျကြးဆပ္ဖို့စသည္တို့ကေတာ့ ေရရွည္စုေဆာင္းေငြထဲက သံုးစဲြရမွာ ျဖစ္ပါတယ္။ ေနမေကာင္းခ်ိန္ဆရာ၀န္ျပဖို့၊ကားျပင္ဖို့နွင့္ေမြးေန့စေသာ ကိစရပ္မ်ားအတြက္ ၁၀ရာနွုန္းေသာ ေငြကိုခ်န္ထားရျခင္းျဖစ္ပါတယ္။
တကယ္လို့ သင့္မွာ လတ္တေလာအေျကြးဆပ္ဖို့ရွိေနပါက ပင္စင္ယူခ်ိန္အတြက္ စုေဆာင္းထားေသာ ၁၀ရာနွုန္းကို အေျကြးဆပ္ဖို့ အသံုးျပဳနိုင္ပါတယ္။

(၃)၁၀ရာနွုန္း နည္းလမ္း
ဒီနည္းလမ္းကေတာ့ ရိုးရွင္းပါတယ္။သင့္လစာရဲ့ ၁၀ရာနွုန္းခန့္ကိုသာစုေဆာင္းရမွာျဖစ္လို့ သင့္ရဲ့ သြားလာစားေသာက္မွုေတြ ေရွာ့ပင္းထြက္ခ်င္တာေတြကို ထိခိုက္ေစမွာမဟုတ္ပါဘူး။ တစ္ျပားမွမစုမိတာထက္စာရင္ေတာ့လည္း တစ္လကို ၁၀ရာနွုန္းေလာက္ေတာ့စုေဆာင္းထားသင့္ပါတယ္။ စိတ္မထိမ္းနိုင္ဘဲ သံုးမိမွာ စိုးတယ္ဆိုရင္ေတာ့လည္း ထိုေငြကို ဘဏ္ထဲမွာ လစဥ္စုေဆာင္းသင့္တယ္ေနာ္။တစ္လ၁၀ရာနွုန္းကေန ၁၅ရာနွုန္း ၂၀ရာနွုန္းစသည္ျဖင့္ တိုးျပီး စုေဆာင္းသြားနိုင္ပါတယ္။

(၄)တစ္၀က္သံုး-တစ္၀က္စုနည္းလမ္း
-ဒီနည္းလမ္းကေတာ့ သင္ရွာသမ်ွ တစ္လစာ၀င္ေငြကို ၂ပိုင္းပိုင္းျပီး ၁ပုိင္းကို ေန့စဥ္လိုအပ္ခ်က္မ်ားအတြက္ အသံုးျပဳျပီး က်န္၁ပိုင္းကို လစာထုတ္တာနဲ့ တလက္စတည္းဘဏ္ထဲမွာထည့္ထားဖို့ ျဖစ္ပါတယ္။ လစာရဲ့ တစ္၀က္ခန့္ကိုသာ တစ္လလံုးသံုးဖို့ဆိုတာ ထင္ထားသေလာက္ေတာ့မလြယ္ပါဘူး။ဒါေပမယ့္ စိတ္မပူပါနဲ့။သင့္လက္ထဲ အသံုးစရိတ္ျပတ္ျပီဆိုပါက ဘဏ္ကေန နည္းနည္းခ်င္းစီထုတ္သံုးနိုင္ပါတယ္။သို့ေပမယ့္ တကယ္လိုအပ္တဲ့ အေျကာင္းအရာအတြက္ ေငြသံုးျခင္းျဖစ္ဖို့ေတာ့ လိုပါတယ္။ဒီနည္းလမ္းက လက္ဖြာသူေတြအတြက္ တကယ္ကို အသံုးက်ပါလိမ့္မယ္။

(၅)စာအိတ္ ၄ အိတ္နည္းလမ္း
-ပထမဦးဆံုးအေနျဖင့္ သင့္ရဲ့တစ္လစာ၀င္ေငြအတိအက်ကို တြက္ခ်က္ပါ။
-ထို့ေနာက္ သင့္အေထြေထြကုန္က်စရိတ္ပမာဏအတြက္ ဖယ္ပါ။
-ျပီးတာနဲ့ သင္ဒီတစ္လအတြင္း ၀ယ္ဖို့ဆံုးျဖတ္ထားတဲ့ အရာေတြရွိပါက ထိုအတြက္ ကုန္က်မယ့္ေငြကို ဖယ္ပါ။(ဥပမာ skin care, အိတ္ ဖိနပ္အသစ္,ဖုန္း အ၀တ္အစား )တကယ္လို့ ထူးထူးျခားျခား၀ယ္စရာ ဘာမွမရွိဘူးဆိုပါက ထိုေငြကိုစုေဆာင္းပါ။ ထိုေငြပမာဏဟာ တစ္လစာ၀င္ေငြရဲ့ ၁၀ရာနွုန္းကေန၂၀ရာနွုန္းထိျဖစ္သင့္ပါတယ္။
-ကဲ လာပါျပီ။က်န္တဲ့ ေငြပမာဏကို ေလးပိုင္းပိုင္းျပီး စာအိတ္ေလးအိတ္ထဲအခ်ိဴးက်ထည့္ပါ။ဒါဆိုရင္ေတာ့ တစ္ပတ္ခ်င္းစီအသံုးျပဳနိုင္ဖို့ ၄ပတ္စာ စာအိတ္၄အိတ္ရပါျပီ။တစ္ပတ္အတြင္း ရုပ္ရွင္ျကည့္ဖို့၊အျပင္သြားဖို့ စတာေတြကို ထိုစာအိတ္ထဲက ေငြျဖင့္သာအသံုးျပဳပါ။စာအိတ္ထဲက ရွိတဲ့ပမာဏထက္ေတာ့ ပိုသံုးလို့မရပါဘူး။လမကုန္ခင္ေငြျပတ္တတ္တဲ့ ကိုိကုိ မမ မ်ားအတြက္ အသံုး၀င္မယ့္နည္းလမ္းေကာင္းတစ္ခုပါပဲ။

(၆)ဖြားဖြားရဲ့နည္းလမ္း
-လြယ္ကူရိုးစင္းတဲ့နည္းလမ္းတစ္ခုပါပဲ။အဖြားတို႔ေခတ္ကမိသားစုေတြမွာအသံုးျပဳခဲ့တဲ့ ေငြကိုအခ်ဴိးက်ခြဲေ၀အသံုးျပဳတဲ့နည္းလမ္းေကာင္းေလးပါ။
-သင္ တစ္လအတြင္း ေငြသံုးျဖစ္မယ့္ အေျကာင္းအရာေတြကို က႑တစ္ခုစီလိုက္ ခြဲျခားပါ။ဥပမာ စားစရိတ္၊ဖုန္းေဘလ္၊အ၀တ္အစားဖိုး၊ေဆး၀ါး၊လမ္းစရိတ္၊အေပ်ာ္အပါးစသည္ျဖင့္ေပါ့။
-သင့္တစ္လစာ၀င္ေငြကို အထက္ပါ က႑အေရအတြက္အလိုက္ တစ္ပံုစီခြဲပါ။ထိုတစ္ပံုစီလိုက္ကို စာအိတ္အသီးသီးတြင္ထည့္ျပီး စာအိတ္ေပၚတြင္ ေခါင္းစဥ္တပ္ထားပါ။ ထိုစာအိတ္အလိုက္ ကုန္က်စရိတ္မ်ားကိုသံုးစြဲပါ။အေရးျကီးတဲ့အခ်က္ကေတာ့ စာအိတ္တစ္ခုစီမွာ ေငြကုန္ျပီဆိုတာနဲ့ တျခားစာအိတ္ကေနထုတ္မသံုးဖို့ပါပဲ။ဥပမာ အေပ်ာ္အပါးအတြက္ စာအိတ္ထဲမွာ ပိုက္ဆံကုန္ေနျပီဆိုပါက ေနာက္ထပ္လစာမရခင္အထိ အေပ်ာ္အပါးကိစၥမ်ားကို္ရပ္တန့္ထားပါ။သို့ေပမယ့္ မျဖစ္မေနသံုးရမယ့္ကိစအတြက္ ဥပမာ စားစရိတ္အတြက္ပိုက္ဆံကုန္ေနျပီဆိုပါက သိပ္အေရးမျကီးတဲ့ စာအိတ္ထဲကေနယူသံုးလို့ရပါတယ္။

ကဲ အထက္ပါနည္းလမ္း ၆ လမ္းထဲက သင္နွင့္အသင့္ေတာ္ဆံုးေငြစုနည္းက ဘာမ်ားျဖစ္မလဲ။

Credit:Dr Poe Thar Khin
ၾကီးပြားေရး

ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ယနေ့ခေတ်လူငယ်အများစုအနေဖြင့် ငွေစုဖို့စဉ်းစားတဲ့အခါတိုင်း သောကများတတ်ကြပါတယ်။ ဝယ်စရာပစ္စည်းတွေ၊သွားစရာဆိုင်သစ်တွေပေါများနေတဲ့ခေတ်ကြီးမှာ ဘာမှမသုံးစွဲဘဲနေပါက ခေတ်နောက်ကျနေခဲ့မှာလည်းအမှန်ပါပဲ။ ထို့ ကြောင့် လူငယ်တွေအနေနဲ့ ငွေစုခြင်းကို စိတ်ညစ်စရာအလုပ်လို့ ထင်လာကြပါတယ်။အခုဖော်ပြမယ့်နည်းလမ်းလေးတွေကတော့ အသုံးအစွဲတွေကို အများကြီး လျှော့ချဖို့မလိုဘဲ ငွေစုနိုင်မယ့် နည်းလမ်းလေးတွေ ဖြစ်ပါတယ်။

(၁) ၂၀/၈၀ နည်းလမ်း
ထိုနည်းလမ်းကိုအသုံးပြုမယ်ဆိုရင်တော့ သင့်အနေနဲ့အောက်ပါအချက်များကို ပြင်ဆင်ထားရပါမယ်။
-သင့်မှာ ဘဏ်ကြွေးနဲ့အခြားကြွေးမြီများကင်းရှင်းရပါမယ်။
-စီးပွားရေးလုပ်ငန်းအသေးစားတစ်ခုမှာ ရင်းနှီးမြှုပ်နှံနိုင်ဖို့လိုပြီး သင့်လစာရဲ့ ၂၀ရာနှုန်းခန့်ကိုစုဆောင်းနိုင်ရပါမယ်။
-ကျန်တဲ့ လစာ၈၀ရာနှုန်းကိုတော့ စိတ်ကြိုက်သုံးဖြုန်းလို့ရပါတယ်။
-သင်သတိပြုရမယ့်အချက်ကတော့ ဖြုန်းဖို့ထက် စုဖို့အရင်ဆုံးစဉ်းစားပါဆိုသလိုပဲ ပထမဆုံး စုဆောင်းဖို့စဉ်းစားပါ။ကျန်သောငွေကိုသာ သုံးရမှာဖြစ်ပါတယ်။
-တကယ်လို့ သင့်အနေနဲ့ ၂၀ရာနှုန်းစုဖို့ခက်ခဲနေသေးတယ်ဆိုပါက ၁၀ရာနှုန်း သို့မဟုတ် ၅ရာနှုန်းခန့်ကိုသာ စတင်စုဆောင်းပါ။သို့မှသာ ငွေစုတဲ့အလေ့အထကို စတင်ပျိူးထောင်ဖြစ်မှာ ဖြစ်ပါတယ်။

(၂)၆၀/၁၀/၁၀/၁၀/၁၀ နည်းလမ်း
ဒီနည်းလမ်းကတော့
-သင့်လစဉ်အသုံးစရိတ်များအတွက် ၆၀ရာနှုန်း
-သင့်ပင်စင်ချိန်အတွက် ၁၀ရာနှုန်း
-ရေရှည်စုဆောင်းငွေအတွက် ၁၀ရာနှုန်း
-အရေးပေါ်ကိစများနှင့် သာရေးနာရေးများအတွက် ၁၀ရာနှုန်း
-အပျော်အပါးအတွက် ၁၀ရာနှုန်းဆိုပြီး သင့်တစ်လစာဝင်ငွေကို အချိူးကျ ခွဲေ၀ စုဆောင်းဖို့ပဲ ဖြစ်ပါတယ်။
သင့်နေစဉ် လစဉ် အသုံးစရိတ်တွေဖြစ်သော အစားအသောက်၊အသုံးအဆောင်၊လမ်းစရိတ်နှင့် အဝတ်အစားစသည်တို့အတွက် ၆၀ရာနှုန်းကို သုံးစွဲနိုင်ပါတယ်။ ကားဖိုး၊အိမ်ပြင်စရိတ်၊အကြွေးဆပ်ဖို့စသည်တို့ကတော့ ရေရှည်စုဆောင်းငွေထဲက သုံးစွဲရမှာ ဖြစ်ပါတယ်။ နေမကောင်းချိန်ဆရာဝန်ပြဖို့၊ကားပြင်ဖို့နှင့်မွေးနေ့စသော ကိစရပ်များအတွက် ၁၀ရာနှုန်းသော ငွေကိုချန်ထားရခြင်းဖြစ်ပါတယ်။
တကယ်လို့ သင့်မှာ လတ်တလောအကြွေးဆပ်ဖို့ရှိနေပါက ပင်စင်ယူချိန်အတွက် စုဆောင်းထားသော ၁၀ရာနှုန်းကို အကြွေးဆပ်ဖို့ အသုံးပြုနိုင်ပါတယ်။

(၃)၁၀ရာနှုန်း နည်းလမ်း
ဒီနည်းလမ်းကတော့ ရိုးရှင်းပါတယ်။သင့်လစာရဲ့ ၁၀ရာနှုန်းခန့်ကိုသာစုဆောင်းရမှာဖြစ်လို့ သင့်ရဲ့ သွားလာစားသောက်မှုတွေ ရှော့ပင်းထွက်ချင်တာတွေကို ထိခိုက်စေမှာမဟုတ်ပါဘူး။ တစ်ပြားမှမစုမိတာထက်စာရင်တော့လည်း တစ်လကို ၁၀ရာနှုန်းလောက်တော့စုဆောင်းထားသင့်ပါတယ်။ စိတ်မထိမ်းနိုင်ဘဲ သုံးမိမှာ စိုးတယ်ဆိုရင်တော့လည်း ထိုငွေကို ဘဏ်ထဲမှာ လစဉ်စုဆောင်းသင့်တယ်နော်။တစ်လ၁၀ရာနှုန်းကနေ ၁၅ရာနှုန်း ၂၀ရာနှုန်းစသည်ဖြင့် တိုးပြီး စုဆောင်းသွားနိုင်ပါတယ်။

(၄)တစ်ဝက်သုံး-တစ်ဝက်စုနည်းလမ်း
-ဒီနည်းလမ်းကတော့ သင်ရှာသမျှ တစ်လစာဝင်ငွေကို ၂ပိုင်းပိုင်းပြီး ၁ပိုင်းကို နေ့စဉ်လိုအပ်ချက်များအတွက် အသုံးပြုပြီး ကျန်၁ပိုင်းကို လစာထုတ်တာနဲ့ တလက်စတည်းဘဏ်ထဲမှာထည့်ထားဖို့ ဖြစ်ပါတယ်။ လစာရဲ့ တစ်ဝက်ခန့်ကိုသာ တစ်လလုံးသုံးဖို့ဆိုတာ ထင်ထားသလောက်တော့မလွယ်ပါဘူး။ဒါပေမယ့် စိတ်မပူပါနဲ့။သင့်လက်ထဲ အသုံးစရိတ်ပြတ်ပြီဆိုပါက ဘဏ်ကနေ နည်းနည်းချင်းစီထုတ်သုံးနိုင်ပါတယ်။သို့ပေမယ့် တကယ်လိုအပ်တဲ့ အကြောင်းအရာအတွက် ငွေသုံးခြင်းဖြစ်ဖို့တော့ လိုပါတယ်။ဒီနည်းလမ်းက လက်ဖွာသူတွေအတွက် တကယ်ကို အသုံးကျပါလိမ့်မယ်။

(၅)စာအိတ် ၄ အိတ်နည်းလမ်း
-ပထမဦးဆုံးအနေဖြင့် သင့်ရဲ့တစ်လစာဝင်ငွေအတိအကျကို တွက်ချက်ပါ။
-ထို့နောက် သင့်အထွေထွေကုန်ကျစရိတ်ပမာဏအတွက် ဖယ်ပါ။
-ပြီးတာနဲ့ သင်ဒီတစ်လအတွင်း ဝယ်ဖို့ဆုံးဖြတ်ထားတဲ့ အရာတွေရှိပါက ထိုအတွက် ကုန်ကျမယ့်ငွေကို ဖယ်ပါ။(ဥပမာ skin care, အိတ် ဖိနပ်အသစ်,ဖုန်း အဝတ်အစား )တကယ်လို့ ထူးထူးခြားခြားဝယ်စရာ ဘာမှမရှိဘူးဆိုပါက ထိုငွေကိုစုဆောင်းပါ။ ထိုငွေပမာဏဟာ တစ်လစာဝင်ငွေရဲ့ ၁၀ရာနှုန်းကနေ၂၀ရာနှုန်းထိဖြစ်သင့်ပါတယ်။
-ကဲ လာပါပြီ။ကျန်တဲ့ ငွေပမာဏကို လေးပိုင်းပိုင်းပြီး စာအိတ်လေးအိတ်ထဲအချိူးကျထည့်ပါ။ဒါဆိုရင်တော့ တစ်ပတ်ချင်းစီအသုံးပြုနိုင်ဖို့ ၄ပတ်စာ စာအိတ်၄အိတ်ရပါပြီ။တစ်ပတ်အတွင်း ရုပ်ရှင်ကြည့်ဖို့၊အပြင်သွားဖို့ စတာတွေကို ထိုစာအိတ်ထဲက ငွေဖြင့်သာအသုံးပြုပါ။စာအိတ်ထဲက ရှိတဲ့ပမာဏထက်တော့ ပိုသုံးလို့မရပါဘူး။လမကုန်ခင်ငွေပြတ်တတ်တဲ့ ကိုကို မမ များအတွက် အသုံးဝင်မယ့်နည်းလမ်းကောင်းတစ်ခုပါပဲ။

(၆)ဖွားဖွားရဲ့နည်းလမ်း
-လွယ်ကူရိုးစင်းတဲ့နည်းလမ်းတစ်ခုပါပဲ။အဖွားတို့ခေတ်ကမိသားစုတွေမှာအသုံးပြုခဲ့တဲ့ ငွေကိုအချိူးကျခွဲဝေအသုံးပြုတဲ့နည်းလမ်းကောင်းလေးပါ။
-သင် တစ်လအတွင်း ငွေသုံးဖြစ်မယ့် အကြောင်းအရာတွေကို ကဏ္ဍတစ်ခုစီလိုက် ခွဲခြားပါ။ဥပမာ စားစရိတ်၊ဖုန်းဘေလ်၊အဝတ်အစားဖိုး၊ဆေးဝါး၊လမ်းစရိတ်၊အပျော်အပါးစသည်ဖြင့်ပေါ့။
-သင့်တစ်လစာဝင်ငွေကို အထက်ပါ ကဏ္ဍအရေအတွက်အလိုက် တစ်ပုံစီခွဲပါ။ထိုတစ်ပုံစီလိုက်ကို စာအိတ်အသီးသီးတွင်ထည့်ပြီး စာအိတ်ပေါ်တွင် ခေါင်းစဉ်တပ်ထားပါ။ ထိုစာအိတ်အလိုက် ကုန်ကျစရိတ်များကိုသုံးစွဲပါ။အရေးကြီးတဲ့အချက်ကတော့ စာအိတ်တစ်ခုစီမှာ ငွေကုန်ပြီဆိုတာနဲ့ တခြားစာအိတ်ကနေထုတ်မသုံးဖို့ပါပဲ။ဥပမာ အပျော်အပါးအတွက် စာအိတ်ထဲမှာ ပိုက်ဆံကုန်နေပြီဆိုပါက နောက်ထပ်လစာမရခင်အထိ အပျော်အပါးကိစ္စများကိုရပ်တန့်ထားပါ။သို့ပေမယ့် မဖြစ်မနေသုံးရမယ့်ကိစအတွက် ဥပမာ စားစရိတ်အတွက်ပိုက်ဆံကုန်နေပြီဆိုပါက သိပ်အရေးမကြီးတဲ့ စာအိတ်ထဲကနေယူသုံးလို့ရပါတယ်။

ကဲ အထက်ပါနည်းလမ်း ၆ လမ်းထဲက သင်နှင့်အသင့်တော်ဆုံးငွေစုနည်းက ဘာများဖြစ်မလဲ။

Credit:Dr Poe Thar Khin
ကြီးပွားရေး

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top