iMyanmarHouse.com - Best Property Website for Myanmar
×

ဖရဲသီးက နီနီရဲရဲနဲ႔ အရည္ရႊမ္းၿပီး အရသာ႐ွိတဲ့ သစ္သီးတစ္မ်ိဳးပဲျဖစ္ပါတယ္။ ဗီတာမင္ စီနဲ႔ ဗီတာမင္ ေအဓာတ္တို႔ ၾကြယ္ဝစြာပါဝင္ၿပီး ကယ္လိုရီပမာဏ ၄၆ သာ ပါဝင္တဲ့ အတြက္ေၾကာင့္ က်န္းမာေရးနဲ႔ ညီညႊတ္တ့ဲ သစ္သီးပဲျဖစ္ပါတယ္။

ယခုလို ပူျပင္းေျခာက္ေသြ႔တဲ့ ေႏြရာသီမွာ ဖရဲသီးခ်ိဳခ်ိဳေလး စားသံုးလိုက္မယ္ဆိုရင္ ေအးျမမႈကို ခံစားရမွာပါ။ ဒါ့အျပင္ ဖရဲသီးက ေပးစြမ္းႏိုင္တ့ဲ က်န္းမာေရးအတြက္ ေကာင္းက်ိဳးေတြကလည္း မေရမတြက္ႏိုင္ေအာင္ပါပဲ။

ေရဓာတ္ျပည့္ဝေစျခင္း

ေရေသာက္ျခင္းက ခႏၶာကိုယ္ကို ေရဓာတ္ျပည့္ဝေစတဲ့ အေကာင္းဆံုးနည္းလမ္းတစ္ခုပါပဲ။ ေရမေသာက္ခ်င္တဲ့အခါမ်ိဳးမွာ ေရဓာတ္ ၉၂ ရာခိုင္ႏႈန္းခန္႔ ၾကြယ္ဝစြာပါဝင္တဲ့ ဖရဲသီးစားသံုးျခင္းက သင့္ခႏၶာကိုယ္အတြက္ ေရဓာတ္ကို ျဖည့္တင္းေပးႏိုင္တဲ့အျပင္ ဗိုက္လည္းျပည့္ေစမွာပါ။

ဗီတာမင္ဓာတ္ၾကြယ္ဝျခင္း

ဖရဲသီးထဲမွ ဗီတာမင္ စီ၊ ဗီတာမင္ ေအ၊ ပိုတက္စီယမ္၊ မဂၢနီစီယမ္၊ ဗီတာမင္ ဘီဝမ္း၊ ဗီတာမင္ ဘီဖိုက္၊ ဗီတာမင္ ဘီစစ္ တို႔ ၾကြယ္ဝစြာပါဝင္တာေၾကာင့္ သင့္ ခႏၶာကိုယ္ကလည္း ၾကြယ္ဝတဲ့ ဗီတာမင္ဓာတ္ေတြကို ရ႐ွိႏိုင္မွာပဲျဖစ္ပါတယ္။

ကင္ဆာေရာဂါကို ကာကြယ္ႏိုင္တဲ့ ျဒပ္ေပါင္းပါ႐ွိျခင္း

ဖရဲသီးထဲမွာပါဝင္တဲ့ Cucurbitacin E နဲ႔ Lycopene ဆိုတဲ့ ျဒပ္ေပါင္းမ်ားက ကင္ဆာေရာဂါျဖစ္ပြားမႈကို ကာကြယ္ေပးႏိုင္တယ္လို႔ ေလ့လာခ်က္ေတြအရ သိ႐ွိရပါတယ္။

ႏွလံုးက်န္းမာေရးအတြက္ ေကာင္းမြန္ျခင္း

ကမာၻေပၚမွာ အျဖစ္အမ်ားဆံုးေရာဂါကေတာ့ ႏွလံုးေရာဂါပဲျဖစ္ပါတယ္။ က်န္းမာေရးနဲ႔ ညီညႊတ္မွ်တတဲ့ အစားအစာမ်ား မစားတဲ့အတြက္ေၾကာင့္ ႏွလံုးေရာဂါ၊ ေသြးတိုးေရာဂါနဲ႔ ကိုလက္စထေရာပမာဏ ျမင့္မားျခင္းစတဲ့ ဆိုးက်ိဳးမ်ားကို ခံစားရပါတယ္။ ေလ့လာေတြ႔႐ွိခ်က္မ်ားအရ ဖရဲသီးထဲမွာပါတဲ့ Lycopene ျဒပ္က ကိုလက္စထေရာကို ေလ်ာ့က်ေစၿပီး ေသြးေပါင္ခ်ိန္ကို ထိန္းညွိေပးပါတယ္။ ဖရဲသီးရဲ႕ ဗီတာမင္နဲ႔ သတၱဳဓာတ္တို႔ကလည္း ႏွလံုးအတြက္ အထူးေကာင္းမြန္ပါတယ္။

ၾကြက္သားမ်ား ေရာင္ရမ္း နာက်င္ျခင္းကို သက္သာေစျခင္း

ၾကြက္သားမ်ား နာက်င္ကိုက္ခဲတ့ဲအခါ ဖရဲသီးေဖ်ာ္ရည္ေသာက္သံုးေပးလိုက္ပါ။ နာက်င္မႈေတြ ေလ်ာ့က်သြားတာကို အံ့ၾသဖြယ္ေတြ႔ျမင္ရမွာပဲျဖစ္ပါတယ္။

အသားအေရအလွအပနဲ႔ ဆံေကသာအလွအပအတြက္လည္း ေကာင္းမြန္ျခင္း
ဖရဲသီးရဲ႕ ဗီတာမင္ ေအနဲ႔ စီက အသားအေရနဲ႔ ဆံေကသာအလွအပအတြက္ မ်ားစြာအေထာက္အကူျပဳပါတယ္။ ပ်က္စီးသြားတဲ့ ဆဲလ္မ်ားကို ျပန္လည္ျပဳျပင္ေပးၿပီး ေနေလာင္ဒဏ္ေၾကာင့္ အသားအေရ ပ်က္စီးၾကမ္းတမ္းျခင္းမွလည္း ကာကြယ္ေပးပါတယ္။ အဖ်ားႏွစ္ခြျဖစ္ၿပီး ေျခာက္ေသြ႔ၾကမ္းတမ္းေနတဲ့ ဆံေကသာကိုလည္း ႏူးညံ့ေပ်ာ့ေပ်ာင္းလာေအာင္ ျပဳလုပ္ေပးႏိုင္တဲ့အစြမ္းသတၱိ ပိုင္ဆိုင္ထားတဲ့ သစ္သီးတစ္မ်ိဳးပဲျဖစ္ပါတယ္။

Credit: myfoodmyanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ဖရဲသီးက နီနီရဲရဲနဲ့ အရည်ရွှမ်းပြီး အရသာရှိတဲ့ သစ်သီးတစ်မျိုးပဲဖြစ်ပါတယ်။ ဗီတာမင် စီနဲ့ ဗီတာမင် အေဓာတ်တို့ ကြွယ်ဝစွာပါဝင်ပြီး ကယ်လိုရီပမာဏ ၄၆ သာ ပါဝင်တဲ့ အတွက်ကြောင့် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ သစ်သီးပဲဖြစ်ပါတယ်။

ယခုလို ပူပြင်းခြောက်သွေ့တဲ့ နွေရာသီမှာ ဖရဲသီးချိုချိုလေး စားသုံးလိုက်မယ်ဆိုရင် အေးမြမှုကို ခံစားရမှာပါ။ ဒါ့အပြင် ဖရဲသီးက ပေးစွမ်းနိုင်တဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးတွေကလည်း မရေမတွက်နိုင်အောင်ပါပဲ။

ရေဓာတ်ပြည့်ဝစေခြင်း

ရေသောက်ခြင်းက ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝစေတဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ ရေမသောက်ချင်တဲ့အခါမျိုးမှာ ရေဓာတ် ၉၂ ရာခိုင်နှုန်းခန့် ကြွယ်ဝစွာပါဝင်တဲ့ ဖရဲသီးစားသုံးခြင်းက သင့်ခန္ဓာကိုယ်အတွက် ရေဓာတ်ကို ဖြည့်တင်းပေးနိုင်တဲ့အပြင် ဗိုက်လည်းပြည့်စေမှာပါ။

ဗီတာမင်ဓာတ်ကြွယ်ဝခြင်း

ဖရဲသီးထဲမှ ဗီတာမင် စီ၊ ဗီတာမင် အေ၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ဗီတာမင် ဘီဝမ်း၊ ဗီတာမင် ဘီဖိုက်၊ ဗီတာမင် ဘီစစ် တို့ ကြွယ်ဝစွာပါဝင်တာကြောင့် သင့် ခန္ဓာကိုယ်ကလည်း ကြွယ်ဝတဲ့ ဗီတာမင်ဓာတ်တွေကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။

ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ ဒြပ်ပေါင်းပါရှိခြင်း

ဖရဲသီးထဲမှာပါဝင်တဲ့ Cucurbitacin E နဲ့ Lycopene ဆိုတဲ့ ဒြပ်ပေါင်းများက ကင်ဆာရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တယ်လို့ လေ့လာချက်တွေအရ သိရှိရပါတယ်။

နှလုံးကျန်းမာရေးအတွက် ကောင်းမွန်ခြင်း

ကမ္ဘာပေါ်မှာ အဖြစ်အများဆုံးရောဂါကတော့ နှလုံးရောဂါပဲဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်မျှတတဲ့ အစားအစာများ မစားတဲ့အတွက်ကြောင့် နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ ကိုလက်စထရောပမာဏ မြင့်မားခြင်းစတဲ့ ဆိုးကျိုးများကို ခံစားရပါတယ်။ လေ့လာတွေ့ရှိချက်များအရ ဖရဲသီးထဲမှာပါတဲ့ Lycopene ဒြပ်က ကိုလက်စထရောကို လျော့ကျစေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။ ဖရဲသီးရဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တို့ကလည်း နှလုံးအတွက် အထူးကောင်းမွန်ပါတယ်။

ကြွက်သားများ ရောင်ရမ်း နာကျင်ခြင်းကို သက်သာစေခြင်း

ကြွက်သားများ နာကျင်ကိုက်ခဲတဲ့အခါ ဖရဲသီးဖျော်ရည်သောက်သုံးပေးလိုက်ပါ။ နာကျင်မှုတွေ လျော့ကျသွားတာကို အံ့သြဖွယ်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

အသားအရေအလှအပနဲ့ ဆံကေသာအလှအပအတွက်လည်း ကောင်းမွန်ခြင်း
ဖရဲသီးရဲ့ ဗီတာမင် အေနဲ့ စီက အသားအရေနဲ့ ဆံကေသာအလှအပအတွက် များစွာအထောက်အကူပြုပါတယ်။ ပျက်စီးသွားတဲ့ ဆဲလ်များကို ပြန်လည်ပြုပြင်ပေးပြီး နေလောင်ဒဏ်ကြောင့် အသားအရေ ပျက်စီးကြမ်းတမ်းခြင်းမှလည်း ကာကွယ်ပေးပါတယ်။ အဖျားနှစ်ခွဖြစ်ပြီး ခြောက်သွေ့ကြမ်းတမ်းနေတဲ့ ဆံကေသာကိုလည်း နူးညံ့ပျော့ပျောင်းလာအောင် ပြုလုပ်ပေးနိုင်တဲ့အစွမ်းသတ္တိ ပိုင်ဆိုင်ထားတဲ့ သစ်သီးတစ်မျိုးပဲဖြစ်ပါတယ်။

Credit: myfoodmyanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top