iMyanmarHouse.com - Best Property Website for Myanmar
×
(၂) ဆီးချိုအတွက်ဆေးတစ်လက်
(၅)ဆီးကျိတ်ကင်ဆာ
(၇)လေပြွန်ယောင်ခြင်း
(၈)အစာကြေစေခြင်း
(၁၀)ဆံပင်ကျွတ်ခြင်း
Credit: Dr Jue
ကျန်းမာရေး
#Unicode Version# ဖြင့်ဖတ်ပါ ။
(၁)ကိုယ်အလေးချိန်ကျစေခြင်း
မာလကာရွက်သည် ကစီဓာတ်များကို သကြားအဖြစ်သို့ပြောင်းလဲခြင်းကို တားမြစ်ပေးလို့ကိုယ်အလေးချိန်ကျစေပါတယ်။
(၂) ဆီးချိူအတွက်ဆေးတစ်လက်
ဂျပန်နိုင်ငံမှ သုတေသနအဖွဲ့ရဲ့ လေ့လာချက်အရ မာလကာရွက်ဟာ alpha-glucosidase အင်ဇိုင်းရဲ့လုပ်ဆောင်ချက်ကို ကျဆင်းစေတာမို့ သွေးတွင်းအချိူဓာတ်ကို ကျဆင်းစေပါတယ်။ ကိုယ် ခန္ဓာမှသကြားများ စုပ်ယူခြင်းကိုလဲ တားမြစ်ပေးပါတယ်။ နေ့စဉ် မာလကာရွက်ပြုတ်ရည်ကိုပုံမှန်သောက်လျှင် ၂ပတ်ကြာသောအခါ သွေးတွင်းအချိူဓာတ်ကျဆင်းတာတွေ့ရပါတယ်။
(၃)ကိုလက်စထရောကျစေခြင်း
-မာလကာရွက်ပြုတ်ရည်ကို နေ့စဉ်သောက်ပါက ၃လခန့်အကြာမှာ ကိုယ်တွင်းရှိ မကောင်းသော ကိုလက်စထရောများကို လေ့ျာနည်းစေပါတယ်။ထို့ပြင် အသည်းကိုလဲ ပြန်လည်အားဖြည့်ပေးပါတယ်။
(၄)သွားကိုက်ခြင်း နဲ့ လည်ချောင်းနာခြင်းကို သက်သာစေတယ်
မာလကာရွက်တွင် ပိုးသတ်အာနိသင်ရှိတာမို့ သွားကိုက်ခြင်းကိုသက်သာစေပြီး မာလကာရွက်ပြုတ်ရည်ဖြင့် ပလုတ်ကျင်းပါက လည်ချောင်းနာခြင်းနဲ့ သွားဖုံးရောဂါကိုပါ ကောင်းမွန်စေပါတယ်။ ဒါကြောင့် မာလကာရွက်ကို သွားတိုက်ဆေးများတွင် ထည့်သွင်းအသုံးပြုကြတာဖြစ်ပါတယ်။
(၅)ဆီးကျိတ်ကင်ဆာ
ဆီးကျိတ်ရောင်ခြင်းနဲ့ဆီးကျိတ်ကင်ဆာသမားများအနေနဲ့လဲ မာလကာရွက်ပြုတ်ရည်ကို နေ့စဉ်သောက်ပေးသင့်ပါတယ်။
(၆)ဒဏ်ရာများနဲ့ပိုးဝင်ခြင်း
အနာကျက်စေသောအာနိသင်ရှိတာမို့ ထိခိုက်ဒဏ်ရာရှိသူများအနေနဲ့လဲ မာလကာပြုတ်ရည်ကို သောက်ပေးနိုင်ပါတယ်။ ထို့ပြင် ပိုးသတ်အာနိသင်ရှိတာမို့ ဘတ်တီးရီးယားပိုးဝင်ခြင်းကိုလဲ သက်သာစေပါတယ်။နားပြည်ယိုရောဂါရှိသူများလဲ မာလကာရွက်ပြုတ်ရည်ကို နေ့စဉ်သောက်သုံးနိုင်ပါတယ်။
(၇)လေပြွန်ယောင်ခြင်း
မာလကာပြုတ်ရည်ကိုသောက်သုံးခြင်းဖြင့် ချွဲသလိပ်များကို ပါးစေပြီး ချောင်းဆိုးသက်သာစေပါတယ်။
(၈)အစာကြေစေခြင်း
မာလကာရွက်ပြုတ်ရည်ဟာ အစာချေအင်ဇိုင်းများကို အားကောင်းစေပြီး ဝမ်းချူပ်ခြင်းကို သက်သာစေပါတယ်။ထို့ပြင် ပိုးသတ်အာနိသင်ရှိတာမို့ အူလမ်းကြောင်းရှိပိုးများကိုသေစေပြီး အစာအိမ်ရောင်ခြင်းကို လျော့ပါးစေပါတယ်။အစာအိမ်နာခြင်းကိုသက်သာဖို့ ရေ ၁လီတာခွဲတွင် မာလကာရွက်၈ရွက်ကိုကျိူပြီးတစ်နေ့ကိုသုံးကြိမ်သောက်ပေးပါ။
(၉)အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်း
ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိ ကြောင့် အသားအရေကိုပျက်စီးသော ဒြပ်ပေါင်းများမှ ကာကွယ်ပေးပါတယ်။ဆဲလ်များအိုမင်းရင့်ရော်ခြင်းကိုတားဆီးပေးပါတယ်။
(၁၀)ဆံပင်ကျွတ်ခြင်း
မာလကာရွက်လက်တဆုပ်စာကို ရေတစ်လီတာတွင် မိနစ်၂၀ကျိူပါ။ထိုပြုတ်ရည်ကိုအအေးခံပြီး သင့်ဦးရေပေါ်တွင်လိမ်းကာနှိပ်နယ်ပေးပါ။
Credit: Dr Jue
ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top