iMyanmarHouse.com - Best Property Website for Myanmar
×
၁။ ခပ်ခွာခွာနေလာမယ်
ဒါကြောင့်တစ်ခါတစ်ရံအချစ်ကိုမျက်စိနဲ့မကြည့်ပဲ ဥာဏ်မျက်စိနဲ့ကြည့်ပြီး ကိုယ့်ချစ်သူလေးတွေရဲ့အပြုမူလေးတွေကိုလေ့လာရင်းအချစ်ရေးမှာခိုင်မြဲစွာလက်တွဲနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Credit:marry
ချစ်ရေးချစ်ရာ
# Unicode Version # ဖြင့် ဖတ်ပါ #
ကိုယ့်ချစ်သူကောင်မလေးမှာဒီလိုအပြုမူမျိုးတွေရှိနေရင်သတိထား
တစ်ချို့သောယောက်င်္ကျားလေးတွေဟာအချစ်စိတ်သာမွန်နေတတ်ပြီးကိုယ့်ရဲ့ချစ်သူရဲ့အပြုမူနဲ့အမူရာတွေကိုတော့သိပ်မသိတတ်ကြပါဘူး။ဒါကောင့်မြန်မာပြည်ကထင်ရှားခဲ့တဲ့စာရေးဆရာကြီးပီမိုးနင်းကမိန်းကလေးတွေကိုကြည့်ရင်ဉာဏ်မျက်စိနဲ့ကြည့်ပါလို့ပြောခဲ့တယ်ထင်ပါရဲ့။
ကိုယ့်ချစ်သူမိန်းကလေးကကိုယ့်အပေါ်မနှစ်သက်တော့ရင်သူမတို့အပြုမူများကလည်းစတင်ပြောင်းလဲလာတတ်ပါတယ်။ဒါကြောင်ကိုယ့်ချစ်သူကောင်မလေးရဲ့အပြုမူတွေကိုကောင်းစွာသိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
၁။ ခပ်ခွာခွာနေလာမယ်
ကိုယ့်ချစ်သူကောင်မလေးကကိုယ့်အပေါ်ခပ်ခွာခွာနေလာတယ်ဆိုရင်စတင်သတိထားပေတော့။ ဒါပေမယ့်အဲဒါဟာဆိုးရွားလွန်းတဲ့အခြေနေတစ်ခုတော့မဟုတ်သေး ပါဘူး။ကိုယ့်ချစ်သူကကိုယ့်အပေါ်ခပ်ခွာခွာနေလာပြီဆိုရင်တော့ပထမဦးဆုံးလုပ် သင့်တာက ကိုယ့်ကိုကိုယ်ပြန်စမ်းစစ်ကြည့်ပါ။ကိုယ့်မှာသူမမကြိုက်တဲ့ကိစ္စလေး တစ်ချို့ရှိနေပါပြီ။
၂။ အလုပ်မှအလုပ် လုပ်ပြနေတာမျိုးပေါ့
မြင်တတ်ရင်သိပ်ကိုသိသာလွန်းတဲ့အချက်ပါ။ ကိုယ့်အတွက်အချိန်လေးခဏပေးဖို့အတွက်ခက်ခဲချင်ယောင်ဟန်ဆောင်ပြနေတာမျိုးပေါ့။ သူမအတွက်ခက်ခဲလွန်းသ လို ဟန်ဆောင်နေထိုင်ပြနေတာမျိုးပေါ့။ဗေဒင်သွားမမေးပါနဲ့။ အဲဒါဟာကိုယ့် အပေါ်သူ့ရဲ့တန်ဖိုးထားမူလျော့နည်းလာတာပါပဲ။
၃။ စောင့်ဆိုင်းပေးရတာမျိုး
ကိုယ်ကသာသူမနဲ့တွေ့ဆုံဖို့သစ်ကုလားအုပ်ကြီးတစ်ကောင်လိုစောင့်စားပေးရတာမျိုးပေါ့။ကိုယ်ကစိတ်အားထက်သန်သလောက်သူမကကိုယ်နဲ့တွေ့ဆုံဖို့ အားတက်သရောမရှိတော့တာမျိုးပေါ့။ ဒါဆိုရင်တော့ကိုယ့်အပေါ်အေးစက်လာပြီ ဆိုတာပြသနေတာပါပဲ။
၄။ သစ်သားတုံးကြီးလိုအေးစက်သွားတာ
အရင်ကနှစ်ဦးသားတွေ့ဆုံခဲ့တဲ့အချိန်ကာလတွေကိုပြန်လည်အမှတ်ရပါ။ တစ်ချိန် ကနှစ်ဦးသားတွေ့ဆုံတဲ့အခါသူမအပြုမူတွေကလိုက်လိုက် လျောလျောနဲ့ပျော်စ ရာကောင်းခဲ့ဖူးမှာပါ။
လက်ရှိမှာသူမအမူရာတွေကအေးစက်ပြီး မာခေါက်ခေါက်ကြီးဖြစ်သွားပြီဆိုရင် အဲဒါကလည်းကိုယ့်အပေါ်မကြိုက်တဲ့အချက်တွေရှိနေပြီဆိုတာကိုပြသနေတာပဲ။ ဒီလိုအခြေနေမျိုးမှာဘာကိုမှ စွတ်အတင်းပြောဆိုဆက်ဆံတာမျိုးမပြုလုပ်သင့် ပါဘူး၊
၅။ ကိုယ်မကြိုက်တဲ့အပြုမူတွေတမင်လုပ်ပြတာ
ကိုယ်မကြိုက်တဲ့အပြုမူမျိုးကိုမှတမင်ရွေးချယ်ပြီးလုပ်ပြတာမျိုးပေါ့။ ဂျစ်ပေပေအ မူရာတွေလုပ်ပြတာမျိုး။ အသံစွာစွာနဲ့အော်ဟစ်စကားပြောပြတာမျိုးကိုယ့်ရှေ့မှာ တင်တခြားသောယောက်င်္ကျားလေးတွေကိုငေးမောပြီးတမင်အရွဲ့တိုက်ကြည့်ပြတာမျိုးပေါ့။ အတော်ကိုသတိကြီးကြီးထားရတော့မယ်အခြေနေဆိုတာမမေ့လိုက်ပါနဲ့။
၆။ အနာဂါတ်အစီစဉ်တွေမရှိတော့ပါ
သူမစိတ်ထဲမှာပဲဖြစ်ဖြစ်နှစ်ဦးသားတွေ့ဆုံစဉ်တဲ့အခါမျိုးပဲဖြစ်ဖြစ်ပေါ့။ ဘဝတစ်ခု ကိုတည်ထောင်ဖို့ပြောဆိုတိုင်ပင်တာမျိုးမရှိတော့တာ။ ဒီနေ့ညနေဘယ်လိုပန်းခြံ မျိုးဘယ်လိုနေရာမျိုးသွားကြမလဲဆိုတာကအစတိုင်ပင်ဆွေးနွေးဖို့ခက်ခဲလာတာမျိုးပေါ့။ သူမစိတ်ထဲမှာအစိုင်ခဲကြီးကြီးမားမားတစ်ခုရှိနေတာသေချာပြီ။
၇။ ထင်ရာဆိုင်းတာသူမတစ်ဦးတည်းရှိပြီလို့သတ်မှတ်လိုက်တာ
တကယ့်ကိုခွဲခွာရမယ့်အနေထားမျိုးရောက်နေပါပြီ။ တစ်ချိန်ကသူမဘဝမှာကိုယ် ဟာအမြဲပါဝင်နေသူလို့သတ်မှတ်ထားပေမယ့်သူမတစ်ဦးတည်းဘဝမှာရှိပြီလို့သတ်မှတ်လိုက်တာမျိုးပေါ့။
အရာအားလုံးဟာသူမနဲ့သာသက်ဆိုင်တယ်။ သူမရဲ့ကိုယ်ရေးကိုယ်တာသူမ စိတ်ကြိုက်နေထိုင်လို့ရပြီလို့သတ်မှတ်လိုက်ရင်တော့ချစ်သူနှစ်ဦးကြားကခွဲခွာ ရတော့မယ့်အနေထားလေးဆီသို့ဦးတည်သွားပြီဆိုတာမမေ့လိုက်ပါနဲ့။
ဒါကြောင့်တစ်ခါတစ်ရံအချစ်ကိုမျက်စိနဲ့မကြည့်ပဲ ဉာဏ်မျက်စိနဲ့ကြည့်ပြီး ကိုယ့်ချစ်သူလေးတွေရဲ့အပြုမူလေးတွေကိုလေ့လာရင်းအချစ်ရေးမှာခိုင်မြဲစွာလက်တွဲနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Credit:marry
ချစ်ရေးချစ်ရာ
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top