iMyanmarHouse.com - Best Property Website for Myanmar
×


ဆံသားဆိုတာ လူတစ္ေယာက္ရဲ႕ ဒုတိယမ်က္ႏွာပါပဲ။ ကိုယ့္ရဲ႕ ဆံႏြယ္ေလးေတြ ႏူးည့ံေပ်ာ့ေပ်ာင္းေနဖို႔ဆိုတာ မိန္းကေလးတိုင္းရဲ႕ အိပ္မက္ပါပဲ။ ဒါေပမဲ့ လူဆို တာကလည္း လွခ်င္တဲ့ စိတ္ကမ်ားေနေတာ့ ဆံပင္ကို ဟိုနားက ျပဳျပင္၊ ဒီနားက ပံုသြင္းလိုက္နဲ႔ ေသခ်ာ ထိန္းသိမ္းမႈ မလုပ္တဲ့အခါမွာ ဆံသားနဲ႔ ဦးေရျပားက တျဖည္းျဖည္းနဲ႔ ေျခာက္လာေတာ့တာေပါ့။

ဒီလိုမျဖစ္ေစဖို႔ ကာကြယ္လို႔ ရမယ့္ နည္းလမ္း (၃)ခ်က္ကို ပ်ိဳေမေတြအတြက္ ေျပာျပေပးမယ္ေနာ္။

၁။ ဆံသားမပ်က္စီးေစဖို႔ ဂရုစိုက္ပါ။

 ေန႔တိုင္းေခါင္းေလွ်ာ္တာထက္ တစ္ရက္ျခား တစ္ခါျဖစ္ေစ၊ တစ္ပတ္ကို ၂ၾကိမ္ေလာက္ျဖစ္ေစ ေခါင္းေလွ်ာ္ေပးရင္ ရပါတယ္။ ေခါင္းမၾကာခဏ ေလွ်ာ္တဲ့အခါ ဦးေရျပားက ဆံသားေခ်ာေမြ႔ေစဖို႔ ထုတ္ေပးလိုက္တဲ့ သဘာ၀အဆီဓာတ္ေတြကို ဖယ္ရွားပစ္လိုက္လို႔ပါ။
  
ေရေအးနဲ႔ပဲ ေခါင္းေလွ်ာ္ေပးပါ။ ေရပူေရေႏြးနဲ႔ ေခါင္းေလွ်ာ္လိုက္တဲ့အခါ ဦးေရျပား ကို ေျခာက္ေသြ႔သြားေစျပီး အဆီဓာတ္ကို ပိုမိုခမ္းေျခာက္ဖို႔ လြယ္ကူေစပါတယ္။

ေခါင္းေလွ်ာ္ရည္နဲ႔ ေလွ်ာ္ျပီးရင္ ဆံသားေပ်ာ့ေဆး (Conditioner) ေလးပါ အ သံုးျပဳေပးပါ။ ဆံသားေပ်ာ့ေဆးမွာ ဦးေရျပားအတြက္ အစိုဓာတ္၊ အာဟာရ ဓာတ္ေတြ ျဖည့္စြမ္းေပးႏိုင္တဲ့အျပင္ ဆံသားကို ႏူးည့ံေပ်ာ့ေပ်ာင္းသြားေစတယ္။

ဆံပင္ေျခာက္ျပီး ၾကမ္းေနတဲ့သူေတြ၊ ဆံပင္အရမ္းကၽြတ္တဲ့သူေတြ ဆံသားပ်က္စီးမႈကင္းေ၀းေစဖို႔ သံုးေပးသင့္တယ္ေနာ္။ေခါင္းေလွ်ာ္ျပီးရင္ ဆံပင္ကို ေျခာက္စက္နဲ႔ မႈတ္ေပးတာထက္ မ်က္ႏွာသုတ္ပ၀ါနဲ႔ ေျခာက္ေအာင္ သုတ္ေပးတာ ပိုေကာင္းပါတယ္။

ဆံပင္မေျခာက္တေျခာက္ ျဖစ္ေနတဲ့အခ်ိန္ ဘီးက်ဲနဲ႔ ေခါင္းကို ျဖည္းျဖည္းေလး ျဖီးေပးရပါမယ္။ ၆ ပတ္မွ ၁၂ ပတ္အတြင္း ဆံပင္အနားသားေလးေတြကို ကပ္ေၾကးနဲ႔ ညွပ္ေပးပါ။

ကိုယ္က ဆံပင္ရွည္ထားခ်င္တာဆိုရင္ ဆံပင္အနားသားေတြမွာ ဖြာလန္ေနတာ၊ ေကာက္ေနတာ၊ ပ်က္စီးေနတာေတြ ျဖစ္လာမွာပါ။

၂။ ဆံသားေပ်ာ့ေပ်ာင္းေစမယ့္ နည္းလမ္းေတြကို အျမဲ လုပ္ေပးပါ။

တစ္ပတ္ကို တစ္ၾကိမ္ ညအိပ္ခါနီးမွာ သဘာ၀အုန္းဆီ သို႔မဟုတ္ သံလြင္ဆီနဲ႔ ဦးေရျပားေနရာအႏွံ႔ကို ႏွံ႔စပ္ေအာင္ ပြတ္လိမ္းေပးပါ။ လိမ္းေနရင္း လက္ေခ်ာင္းေလးနဲ႔ ဦးေရျပားကို ျဖည္းျဖည္းခ်င္း ႏွိပ္နယ္ေပးမယ္ဆိုရင္ ေသြးလည္ ပတ္မႈစနစ္ကို ေကာင္းမြန္ေစျပီး ဆံပင္သန္စြမ္းမႈကို အားျဖစ္ေစပါတယ္။

 ေခါင္းေလွ်ာ္ေနစဥ္ ဆံသားေျခာက္တာမ်ိဳး မျဖစ္ေစဖို႔ တစ္နာရီ ၾကိဳတင္ျပီး ဦးေရျပားကို သံလြင္ဆီအနည္းငယ္နဲ႔ လိမ္းေပးထားပါ။ ဦးေရျပားထဲ ေကာင္းေကာင္းစိမ့္ဝင္သြားျပီဆိုမွ ေခါင္းေလွ်ာ္ရည္၊ ဆံပင္ေပ်ာ့ေဆးနဲ႔ ေခါင္းေလွ်ာ္ေပးရင္ ပိုေကာင္းပါတယ္။

ကိုယ္ခႏၶာအတြက္သာမက ဦးေရျပားကိုပါ ႏူးညံ့ေခ်ာေမြ႔သြားေစဖို႔ ၾကက္ဥအကာ ကို အသံုးျပဳေပးလို႔ ရပါတယ္။ ၾကက္ဥအကာ ၂လံုးကို သံပရာရည္ ၂ဇြန္းထည့္ျပီး အျမွဳပ္ထတဲ့အထိ ေသခ်ာေခါက္ေပးထားပါ။

 ေရခ်ိဳးတဲ့အခ်ိန္ ဆံပင္ကို ေရအနည္းငယ္ စြတ္ျပီး ၾကက္ဥအကာအျမွဳပ္ကို ႏွံ႔စပ္ေအာင္ လိမ္းေပးပါ။ ဆံသားအျမစ္ကေန ဆံစအနားသားအထိ ဘီးေလးနဲ႔ ေသခ်ာျဖီးေပးပါ။

၅မိနစ္ေလာက္ ၾကာရင္ ေရေအးနဲ႔ ေျပာင္စင္ေအာင္ ေဆးေပးပါ။ သတိထားဖို႔က ေရေႏြး၊ ေရပူကို အသံုးမျပဳဖို႔နဲ႔ သံုးေနရင္ အေရျပားယားယံတယ္၊ ဓာတ္မတည့္ဘူးလို႔ ခံစားမိရင္ အျမန္ဆံုး ေဆးေၾကာလိုက္ဖို႔ပါပဲ။

 ေနာက္တစ္နည္းကေတာ့ ငွက္ေပ်ာသီးနဲ႔ ပ်ားရည္အႏွစ္ပါပဲ။ ဆံသားကို ႏူး ညံ့ေခ်ာေမြ႔ေစျပီး ေတာက္ပလာေစတဲ့ ပ်ားရည္နဲ႔ အစိုဓာတ္ထိန္းေပးႏိုင္တဲ့ ငွက္ေပ်ာသီးကို ေသခ်ာေရာေမႊျပီး ၾကိတ္ေခ်ေပးပါ။ ၾကက္ဥအကာကို သံုးတဲ့နည္း လမ္းအတိုင္းပဲ ေရခ်ိဳးေနတဲ့အခ်ိန္မွာ ဆံပင္ကို သုတ္လိမ္းေပးျပီး ေရေအးနဲ႔ ေသ ခ်ာေဆးေပးလိုက္ရင္ ရပါျပီ။



၃။ ဆံသားကို ေျခာက္ေသြ႔ေစမယ့္ အျပဳအမူေတြကို ေရွာင္ၾကဥ္ပါ။

ကိုယ့္ဆံသားကို ႏူးႏူးညံ့ညံ့ေလး ျဖစ္ေစခ်င္တယ္ဆိုရင္ ဆံပင္ကို အပူေပးျပီး အေျခာက္ခံတာ၊ ေျဖာင့္စက္၊ ေကာက္စက္နဲ႔ ဆံပင္ကို မၾကာခဏ ပံုစံသြင္း တာေတြကို မလုပ္သင့္ပါဘူး။
   
အေရာင္ဆိုးေဆး၊ ခၽြတ္ေဆးေတြမွာ ဦးေရျပားကို ထိခိုက္ေစတဲ့ ဓာတုေဗဒပစၥည္း အျပင္းစားေတြ အမ်ားၾကီး ပါ၀င္ေနပါတယ္။ ဒါေၾကာင့္ ဆံပင္ကို အေရာင္ဆိုး တာေတြ မလုပ္ဘဲ သဘာ၀အတိုင္းပဲ ထားထားေပးပါ။
   
ဆံပင္မေျခာက္ေသးဘဲ ေခါင္းစိုစိုၾကီးနဲ႔ အိပ္လိုက္တာ၊ ေခါင္းကို တစ္ဖက္ထဲမွာ အျမဲဖိျပီး အိပ္တဲ့ အေလ့အက်င့္ကိုလည္း ေဖ်ာက္ထားဖို႔ေတာ့ လိုမယ္ေနာ္။ အခ်ိန္ အၾကာၾကီး ဆံပင္မညွပ္ဘဲေတာ့ မေနပါနဲ႔။

ကိုယ္က ဆံပင္ရွည္ထားခ်င္တယ္ဆိုရင္လည္း ဆံသဆိုင္မွာ ေသခ်ာေျပာျပီး အနားစေလးေတြကို ညီညာသြားေအာင္ ညွပ္ေပးတာ၊ ဆံပင္ေပါင္းတင္တာမ်ိဳးေတြ လုပ္ေပးလို႔ ရပါတယ္။

ေဆးလိပ္၊ အရက္ေသာက္တဲ့ အက်င့္ကိုလည္း ေဖ်ာက္လိုက္တာ အေကာင္း ဆံုးပါပဲ။ အေရျပားကို ေျခာက္ေသြ႔ပ်က္စီးေစတဲ့ ဓာတ္ပစၥည္းေတြ အမ်ားအျပား ပါ၀င္ေနတဲ့ ေဆးလိပ္၊ အရက္ဟာ အလွအပအတြက္သာမက က်န္းမာေရးကို လည္း ေတာ္ေတာ္ေလးကို ဒုကၡေပးႏိုင္တဲ့ အရာေတြထဲမွာ ပါ၀င္ေနပါတယ္။

ဒီနည္းလမ္း ၃ခ်က္ကို ေသခ်ာလိုက္နာေပးမယ္ဆိုရင္ ပ်ိဳေမေတြလည္း ပိုးသားေလးလို ႏူးညံ့အိစက္တဲ့ ဆံသားကို အျမန္ဆံုး ပိုင္ဆိုင္ရမွာ အေသအခ်ာပါပဲ။

Credit:hellosayarwon

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ဆံသားဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာပါပဲ။ ကိုယ့်ရဲ့ ဆံနွယ်လေးတွေ နူးညံ့ပျော့ပျောင်းနေဖို့ဆိုတာ မိန်းကလေးတိုင်းရဲ့ အိပ်မက်ပါပဲ။ ဒါပေမဲ့ လူဆို တာကလည်း လှချင်တဲ့ စိတ်ကများနေတော့ ဆံပင်ကို ဟိုနားက ပြုပြင်၊ ဒီနားက ပုံသွင်းလိုက်နဲ့ သေချာ ထိန်းသိမ်းမှု မလုပ်တဲ့အခါမှာ ဆံသားနဲ့ ဦးရေပြားက တဖြည်းဖြည်းနဲ့ ခြောက်လာတော့တာပေါ့။

ဒီလိုမဖြစ်စေဖို့ ကာကွယ်လို့ ရမယ့် နည်းလမ်း (၃)ချက်ကို ပျိုမေတွေအတွက် ပြောပြပေးမယ်နော်။

၁။ ဆံသားမပျက်စီးစေဖို့ ဂရုစိုက်ပါ။

 နေ့တိုင်းခေါင်းလျှော်တာထက် တစ်ရက်ခြား တစ်ခါဖြစ်စေ၊ တစ်ပတ်ကို ၂ကြိမ်လောက်ဖြစ်စေ ခေါင်းလျှော်ပေးရင် ရပါတယ်။ ခေါင်းမကြာခဏ လျှော်တဲ့အခါ ဦးရေပြားက ဆံသားချောမွေ့စေဖို့ ထုတ်ပေးလိုက်တဲ့ သဘာဝအဆီဓာတ်တွေကို ဖယ်ရှားပစ်လိုက်လို့ပါ။
  
ရေအေးနဲ့ပဲ ခေါင်းလျှော်ပေးပါ။ ရေပူရေနွေးနဲ့ ခေါင်းလျှော်လိုက်တဲ့အခါ ဦးရေပြား ကို ခြောက်သွေ့သွားစေပြီး အဆီဓာတ်ကို ပိုမိုခမ်းခြောက်ဖို့ လွယ်ကူစေပါတယ်။

ခေါင်းလျှော်ရည်နဲ့ လျှော်ပြီးရင် ဆံသားပျော့ဆေး (Conditioner) လေးပါ အ သုံးပြုပေးပါ။ ဆံသားပျော့ဆေးမှာ ဦးရေပြားအတွက် အစိုဓာတ်၊ အာဟာရ ဓာတ်တွေ ဖြည့်စွမ်းပေးနိုင်တဲ့အပြင် ဆံသားကို နူးညံ့ပျော့ပျောင်းသွားစေတယ်။

ဆံပင်ခြောက်ပြီး ကြမ်းနေတဲ့သူတွေ၊ ဆံပင်အရမ်းကျွတ်တဲ့သူတွေ ဆံသားပျက်စီးမှုကင်းဝေးစေဖို့ သုံးပေးသင့်တယ်နော်။ခေါင်းလျှော်ပြီးရင် ဆံပင်ကို ခြောက်စက်နဲ့ မှုတ်ပေးတာထက် မျက်နှာသုတ်ပဝါနဲ့ ခြောက်အောင် သုတ်ပေးတာ ပိုကောင်းပါတယ်။

ဆံပင်မခြောက်တခြောက် ဖြစ်နေတဲ့အချိန် ဘီးကျဲနဲ့ ခေါင်းကို ဖြည်းဖြည်းလေး ဖြီးပေးရပါမယ်။ ၆ ပတ်မှ ၁၂ ပတ်အတွင်း ဆံပင်အနားသားလေးတွေကို ကပ်ကြေးနဲ့ ညှပ်ပေးပါ။

ကိုယ်က ဆံပင်ရှည်ထားချင်တာဆိုရင် ဆံပင်အနားသားတွေမှာ ဖွာလန်နေတာ၊ ကောက်နေတာ၊ ပျက်စီးနေတာတွေ ဖြစ်လာမှာပါ။

၂။ ဆံသားပျော့ပျောင်းစေမယ့် နည်းလမ်းတွေကို အမြဲ လုပ်ပေးပါ။

တစ်ပတ်ကို တစ်ကြိမ် ညအိပ်ခါနီးမှာ သဘာဝအုန်းဆီ သို့မဟုတ် သံလွင်ဆီနဲ့ ဦးရေပြားနေရာအနှံ့ကို နှံ့စပ်အောင် ပွတ်လိမ်းပေးပါ။ လိမ်းနေရင်း လက်ချောင်းလေးနဲ့ ဦးရေပြားကို ဖြည်းဖြည်းချင်း နှိပ်နယ်ပေးမယ်ဆိုရင် သွေးလည် ပတ်မှုစနစ်ကို ကောင်းမွန်စေပြီး ဆံပင်သန်စွမ်းမှုကို အားဖြစ်စေပါတယ်။

 ခေါင်းလျှော်နေစဉ် ဆံသားခြောက်တာမျိုး မဖြစ်စေဖို့ တစ်နာရီ ကြိုတင်ပြီး ဦးရေပြားကို သံလွင်ဆီအနည်းငယ်နဲ့ လိမ်းပေးထားပါ။ ဦးရေပြားထဲ ကောင်းကောင်းစိမ့်ဝင်သွားပြီဆိုမှ ခေါင်းလျှော်ရည်၊ ဆံပင်ပျော့ဆေးနဲ့ ခေါင်းလျှော်ပေးရင် ပိုကောင်းပါတယ်။

ကိုယ်ခန္ဓာအတွက်သာမက ဦးရေပြားကိုပါ နူးညံ့ချောမွေ့သွားစေဖို့ ကြက်ဥအကာ ကို အသုံးပြုပေးလို့ ရပါတယ်။ ကြက်ဥအကာ ၂လုံးကို သံပရာရည် ၂ဇွန်းထည့်ပြီး အမြှုပ်ထတဲ့အထိ သေချာခေါက်ပေးထားပါ။

 ရေချိုးတဲ့အချိန် ဆံပင်ကို ရေအနည်းငယ် စွတ်ပြီး ကြက်ဥအကာအမြှုပ်ကို နှံ့စပ်အောင် လိမ်းပေးပါ။ ဆံသားအမြစ်ကနေ ဆံစအနားသားအထိ ဘီးလေးနဲ့ သေချာဖြီးပေးပါ။

၅မိနစ်လောက် ကြာရင် ရေအေးနဲ့ ပြောင်စင်အောင် ဆေးပေးပါ။ သတိထားဖို့က ရေနွေး၊ ရေပူကို အသုံးမပြုဖို့နဲ့ သုံးနေရင် အရေပြားယားယံတယ်၊ ဓာတ်မတည့်ဘူးလို့ ခံစားမိရင် အမြန်ဆုံး ဆေးကြောလိုက်ဖို့ပါပဲ။

 နောက်တစ်နည်းကတော့ ငှက်ပျောသီးနဲ့ ပျားရည်အနှစ်ပါပဲ။ ဆံသားကို နူး ညံ့ချောမွေ့စေပြီး တောက်ပလာစေတဲ့ ပျားရည်နဲ့ အစိုဓာတ်ထိန်းပေးနိုင်တဲ့ ငှက်ပျောသီးကို သေချာရောမွှေပြီး ကြိတ်ချေပေးပါ။ ကြက်ဥအကာကို သုံးတဲ့နည်း လမ်းအတိုင်းပဲ ရေချိုးနေတဲ့အချိန်မှာ ဆံပင်ကို သုတ်လိမ်းပေးပြီး ရေအေးနဲ့ သေ ချာဆေးပေးလိုက်ရင် ရပါပြီ။

၃။ ဆံသားကို ခြောက်သွေ့စေမယ့် အပြုအမူတွေကို ရှောင်ကြဉ်ပါ။

ကိုယ့်ဆံသားကို နူးနူးညံ့ညံ့လေး ဖြစ်စေချင်တယ်ဆိုရင် ဆံပင်ကို အပူပေးပြီး အခြောက်ခံတာ၊ ဖြောင့်စက်၊ ကောက်စက်နဲ့ ဆံပင်ကို မကြာခဏ ပုံစံသွင်း တာတွေကို မလုပ်သင့်ပါဘူး။
   
အရောင်ဆိုးဆေး၊ ချွတ်ဆေးတွေမှာ ဦးရေပြားကို ထိခိုက်စေတဲ့ ဓာတုဗေဒပစ္စည်း အပြင်းစားတွေ အများကြီး ပါဝင်နေပါတယ်။ ဒါကြောင့် ဆံပင်ကို အရောင်ဆိုး တာတွေ မလုပ်ဘဲ သဘာဝအတိုင်းပဲ ထားထားပေးပါ။
   
ဆံပင်မခြောက်သေးဘဲ ခေါင်းစိုစိုကြီးနဲ့ အိပ်လိုက်တာ၊ ခေါင်းကို တစ်ဖက်ထဲမှာ အမြဲဖိပြီး အိပ်တဲ့ အလေ့အကျင့်ကိုလည်း ဖျောက်ထားဖို့တော့ လိုမယ်နော်။ အချိန် အကြာကြီး ဆံပင်မညှပ်ဘဲတော့ မနေပါနဲ့။

ကိုယ်က ဆံပင်ရှည်ထားချင်တယ်ဆိုရင်လည်း ဆံသဆိုင်မှာ သေချာပြောပြီး အနားစလေးတွေကို ညီညာသွားအောင် ညှပ်ပေးတာ၊ ဆံပင်ပေါင်းတင်တာမျိုးတွေ လုပ်ပေးလို့ ရပါတယ်။

ဆေးလိပ်၊ အရက်သောက်တဲ့ အကျင့်ကိုလည်း ဖျောက်လိုက်တာ အကောင်း ဆုံးပါပဲ။ အရေပြားကို ခြောက်သွေ့ပျက်စီးစေတဲ့ ဓာတ်ပစ္စည်းတွေ အများအပြား ပါဝင်နေတဲ့ ဆေးလိပ်၊ အရက်ဟာ အလှအပအတွက်သာမက ကျန်းမာရေးကို လည်း တော်တော်လေးကို ဒုက္ခပေးနိုင်တဲ့ အရာတွေထဲမှာ ပါဝင်နေပါတယ်။

ဒီနည်းလမ်း ၃ချက်ကို သေချာလိုက်နာပေးမယ်ဆိုရင် ပျိုမေတွေလည်း ပိုးသားလေးလို နူးညံ့အိစက်တဲ့ ဆံသားကို အမြန်ဆုံး ပိုင်ဆိုင်ရမှာ အသေအချာပါပဲ။

Credit:hellosayarwon

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top