iMyanmarHouse.com - Best Property Website for Myanmar
×

ပုညခင္ရဲ႕ အေရွ႕တံခါးအဝင္ဆိုတဲ့ စာအုပ္ဟာ ေရႊၾကာဆိုတဲ့ရုပ္ရွင္အျဖစ္ကုိ ေရာက္ရွိိလာျပီး မၾကာခင္ကပဲ ဇာတ္ညႊန္းဆုကုိဆြတ္ခူးရရွိသြားပါတယ္။ ေရႊၾကာနဲ႔ပတ္သက္ျပီး တရုတ္ဝတၳဳကုိ ခုိးတယ္တို႔၊ ေကာ္ပီၾကီးပါတို႔ ဟုိးလြန္ခဲ့တဲ့ဆယ္နွစ္ေလာက္ကရုပ္ရွင္ကုိခိုးတယ္တို႔ ေဝဖန္မႈေတြကလည္း အခါမလပ္ထြက္လာေနခဲ့တာဟာ ရုပ္ရွင္စရိုက္ကတည္းက အကယ္ဒမီရသြားတဲ့အထိေဝဖန္မႈေတြက ဝင္လာမစဲတသဲသဲျဖစ္္လို႔ေနတာပါ။ အဲဒါေတြနဲ႔ပတ္သက္ျပီး ေနာက္ဆံုးေတာ့ ပုညခင္က ေျဖရွင္းလာပါျပီ။

ပုညခင္က အကယ္ဒမီပြဲမွာ သူ႔စာအုပ္ဆုရလို႔ မ်က္ရည္ဝဲေလာက္ေအာင္ဝမ္းသာျပီးတိတ္တိတ္ကေလးျပန္လာခဲ့တယ္လို႔ လူမႈကြန္ယက္မွာေရးသားထားသလို ေရႊၾကာရဲ႕ အဓိပၸါယ္ကုိလည္း “ကေလးဘဝကတည္းက ဘာခိုင္းခို္င္းၾကာတတ္လို႔ေရႊၾကာလို႔နာမည္ေပးထားတာပါ၊ၾကာပန္းနဲ႔ဘာမွမဆိုင္ပါဘူး”လို႔ ေျပာျပထားပါတယ္။ ေနာက္ျပီး ဒီဝတၳဳကုိေရးဖို႔စြန္႔စားအားထုတ္္ခဲ့ပံုေတြကုိ “ဒီဝတၳဳဟာ ကြ်န္မကုိယ္တိုင္ အလႊာအသီးသီးက ျပည့္တန္ဆာေတြကုိ ေတြ႕ဆံုေမးျမန္းျပီး သူတုိ႔ဘဝေတြကုိေလ့လာေရးသားခဲ့တဲ့ ဝတၳဳျဖစ္ပါတယ္”လုိ႔ေရးထားပါတယ္။

ဒါ့အျပင္ ဝတၳဳက ေကာ္ပီမဟုတ္ေၾကာင္းကုိလည္း “ေရႊၾကာအျဖစ္ဖန္တီးခဲ့တဲ့ မီးပူကပ္ခံထားရတဲ့ အမာရြတ္ၾကီးနဲ႔မိန္းကေလးဟာ အခုထိသက္ရွိထင္ရွားရွိပါတယ္။ စားဝတ္ေနေရးအခက္အခဲျဖစ္ရရွာတဲ့ ဘဝမလံုျခံဳရွာတဲ့ မိန္းကေလးေတြ ဒီလိုလမ္းကုိမလိုက္မိၾကဖို႔ ဒီဘဝရဲ႕လူျဖစ္ရံႈးရပံုကိုေရးဖြဲ႕ခဲ့ျခင္းျဖစ္ပါတယ္။ မဆီမဆိုင္တာေတြကုိဇြတ္အတင္းဆြဲစိတုိက္ခိုက္ေနၾကတာကေတာ့ ရုပ္ရွင္ရံုတင္ကတည္းကျဖစ္ပါတယ္။ တတ္နုိင္သမွ်သည္းခံခဲ့ပါတယ္။ ဒါေပမယ့္ ျငိမ္ေနရင္ အမွန္ကုိမသိပဲ ပူေလာင္ေနၾကမွာစုိးတာမို႔ အခုလိုေျပာျပရျခင္းျဖစ္ပါတယ္”လို႔ ေရးသားေဖာ္ျပထားပါတယ္။ ဒါေပမယ့္ ပရိသတ္ေတြကေတာ့ အရင္ေခတ္တုန္းက နုိင္ငံျခားရုပ္ရွင္တစ္ခုကို မီွးထားတယ္လုိ႔စြပ္စြဲေနၾကဆဲပါပဲ။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ပုညခင္ရဲ႕ အေရွ႕တံခါးအဝင္ကုိ နွစ္သက္ၾကလား။ေရႊၾကာဆုရသြားတာကုိေရာ ေက်နပ္ၾကလား။ ေရႊၾကာရုပ္ရွင္ကုိေရာ သေဘာက်ၾကလား။ေျပာခဲ့ၾကပါဦး။

Credit:Can’t Wait To Say
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ပုညခင်ရဲ့ အရှေ့တံခါးအဝင်ဆိုတဲ့ စာအုပ်ဟာ ရွှေကြာဆိုတဲ့ရုပ်ရှင်အဖြစ်ကို ရောက်ရှိလာပြီး မကြာခင်ကပဲ ဇာတ်ညွှန်းဆုကိုဆွတ်ခူးရရှိသွားပါတယ်။ ရွှေကြာနဲ့ပတ်သက်ပြီး တရုတ်ဝတ္ထုကို ခိုးတယ်တို့၊ ကော်ပီကြီးပါတို့ ဟိုးလွန်ခဲ့တဲ့ဆယ်နှစ်လောက်ကရုပ်ရှင်ကိုခိုးတယ်တို့ ဝေဖန်မှုတွေကလည်း အခါမလပ်ထွက်လာနေခဲ့တာဟာ ရုပ်ရှင်စရိုက်ကတည်းက အကယ်ဒမီရသွားတဲ့အထိဝေဖန်မှုတွေက ဝင်လာမစဲတသဲသဲဖြစ်လို့နေတာပါ။ အဲဒါတွေနဲ့ပတ်သက်ပြီး နောက်ဆုံးတော့ ပုညခင်က ဖြေရှင်းလာပါပြီ။

ပုညခင်က အကယ်ဒမီပွဲမှာ သူ့စာအုပ်ဆုရလို့ မျက်ရည်ဝဲလောက်အောင်ဝမ်းသာပြီးတိတ်တိတ်ကလေးပြန်လာခဲ့တယ်လို့ လူမှုကွန်ယက်မှာရေးသားထားသလို ရွှေကြာရဲ့ အဓိပ္ပါယ်ကိုလည်း “ကလေးဘဝကတည်းက ဘာခိုင်းခိုင်းကြာတတ်လို့ရွှေကြာလို့နာမည်ပေးထားတာပါ၊ကြာပန်းနဲ့ဘာမှမဆိုင်ပါဘူး”လို့ ပြောပြထားပါတယ်။ နောက်ပြီး ဒီဝတ္ထုကိုရေးဖို့စွန့်စားအားထုတ်ခဲ့ပုံတွေကို “ဒီဝတ္ထုဟာ ကျွန်မကိုယ်တိုင် အလွှာအသီးသီးက ပြည့်တန်ဆာတွေကို တွေ့ဆုံမေးမြန်းပြီး သူတို့ဘဝတွေကိုလေ့လာရေးသားခဲ့တဲ့ ဝတ္ထုဖြစ်ပါတယ်”လို့ရေးထားပါတယ်။

ဒါ့အပြင် ဝတ္ထုက ကော်ပီမဟုတ်ကြောင်းကိုလည်း “ရွှေကြာအဖြစ်ဖန်တီးခဲ့တဲ့ မီးပူကပ်ခံထားရတဲ့ အမာရွတ်ကြီးနဲ့မိန်းကလေးဟာ အခုထိသက်ရှိထင်ရှားရှိပါတယ်။ စားဝတ်နေရေးအခက်အခဲဖြစ်ရရှာတဲ့ ဘဝမလုံခြုံရှာတဲ့ မိန်းကလေးတွေ ဒီလိုလမ်းကိုမလိုက်မိကြဖို့ ဒီဘဝရဲ့လူဖြစ်ရှုံးရပုံကိုရေးဖွဲ့ခဲ့ခြင်းဖြစ်ပါတယ်။ မဆီမဆိုင်တာတွေကိုဇွတ်အတင်းဆွဲစိတိုက်ခိုက်နေကြတာကတော့ ရုပ်ရှင်ရုံတင်ကတည်းကဖြစ်ပါတယ်။ တတ်နိုင်သမျှသည်းခံခဲ့ပါတယ်။ ဒါပေမယ့် ငြိမ်နေရင် အမှန်ကိုမသိပဲ ပူလောင်နေကြမှာစိုးတာမို့ အခုလိုပြောပြရခြင်းဖြစ်ပါတယ်”လို့ ရေးသားဖော်ပြထားပါတယ်။ ဒါပေမယ့် ပရိသတ်တွေကတော့ အရင်ခေတ်တုန်းက နိုင်ငံခြားရုပ်ရှင်တစ်ခုကို မှီးထားတယ်လို့စွပ်စွဲနေကြဆဲပါပဲ။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ပုညခင်ရဲ့ အရှေ့တံခါးအဝင်ကို နှစ်သက်ကြလား။ရွှေကြာဆုရသွားတာကိုရော ကျေနပ်ကြလား။ ရွှေကြာရုပ်ရှင်ကိုရော သဘောကျကြလား။ပြောခဲ့ကြပါဦး။
Credit:Can’t Wait To Say
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top