iMyanmarHouse.com - Best Property Website for Myanmar
×
Credit:Nanmlagyi
#Unicode Version#
လူတွေ အားလုံးဟာ သူတို့နေထိုင်ရာ သက်တမ်းတလျှောက်မှာ ခေါင်းကိုက်ခြင်းကို အနည်းဆုံးတကြိမ်တော့ ကြုံဖူးကြပါတယ်။ဒီရောဂါကို အသေးအမွှားလို့ ထင်ပေမယ့် တချို့ကတော့ ခေါင်းကိုက်ခြင်းောကာင့် အသက်ပါ ဆုံးရှုံးလိုက်ရသူတွေ ရှိပါတယ်။ခေါင်းကိုက်ခြင်း လက္ခဏာရပ်တွေကို စုစည်းဖော်ပြပေးပြီး ကျန်းမာရေးနဲ့ အညီနေထိုင်နိုင်အောင် ဆန္ဒပြု တိုက်တွန်းလိုက်ပါတယ်။
ခေါင်းကိုက်ခြင်းက ပုံစံအမျိုးမျိုး ရှိပါတယ်။တချို့က အာရုံစိုက်ရတဲ့ အလုပ်ကို လုပ်ရတဲ့အတွက် မျက်ရိုးနှစ်ခုဆက်ကြားက ကိုက်တာဖြစ်ပြီး တချို့ကတော့ ဦးခေါင်း ရှေ့ပိုင်းကိုက်တာဖြစ်ပါတယ်။တခါတလေမှာ မျက်လုံးအောင့်ပြီး ခေါင်းကိုက်တာရှိပြီး တခေါင်းလုံးကိုက်တာနဲ့ ခေါင်းတခြမ်းကိုက်တာဆိုပြီး ရှိပါတယ်။
တချို့သော ခေါင်းကိုက်ခြင်းတွေဟာ သွေးကြောတွေထူပိန်းမှု၊ဘရိန်းကျူမာ၊ဦးနှောက်နဲက အာရုံကြောအားနည်းမှု၊ဦးနှောက်သွေးယိုစီးခြင်း၊နေရာကွက်ကြား သွေးကြောများ ယောင်ယမ်းကြီးထွားခြင်းတွေကြောင့် ဖြစ်တတ်ပါတယ်။
တခါတလေမှာ ဦးခေါင်းထဲ လျှပ်စီးလက်သလို မိုးခြိမ်းသလို ခေါင်းကိုက်တတ်ပါတယ်။ဒါဟာ ကြောက်မက်ဖွယ်ကောင်းပြီး ခေါင်းပေါက်ထွက်မတတ်ဖြစ်ပေမယ့် ဒီအတွက် ဆေးဝါးရှိပြီး စိုးရိမ်ရတဲ့ ရောဂါတော့ မဟုတ်ပါဘူး။
တကယို့ လိင်ဆက်ဆံမှုပြီးတဲ့အချိန်မှာ ခေါင်းကိုက်နေတတ်တယ်ဆိုရင် ဆရာဝန်နဲ့ ပြသင့်နေပါပြီ။လိင်ဆေးဝါးတွေ သုံးစွဲလို့ ခေါင်းကိုက်ခြင်းမျိုး မဟုတ်ပဲ လိင်ဆက်ဆံပြီးတိုင်း ခေါင်းကိုက်တာမျိုးဖြစ်နေရင် ဘရိန်းကျူမာရောဂါကို ခံစားနေရပြီဖြစ်ပါတယ်။
ရုတ်တရက် မူးပြီး ပြာဝေသွားတာမျိုးနဲက သင့်ရဲက အမြင်အာရုံတွေ မသဲကွဲတော့တဲ့ ခေါင်းကိုက်ခြင်းမျိုးကြုံရပြီး စကားတွေဟာ မပီသတော့ဘူးလို့ ခံစားရရင် ဆရာဝန်ဆီ အမြန်ဆုံး ပြေးသင့်ပါတယ်။ဒါဟာ ဦးနှောက်သွေးယိုစီးမှုကြောင့် ဖြစ်တတ်တဲ့ ရောဂါလက္ခဏရပ်ဖြစ်ပါတယ်။
အသက် 50 ကျော်ရင် ရရှိနိုင်တဲ့ ရက်ခြားပြဿနာကတော့ ခေါင်းကိုက်ခြင်းပါပဲ။ဒီလိုခေါင်းကိုက်ခြင်းဟာ အခြေအေနအမျိုးမျိုးောကာင့် ဖြစ်တတ်ပြီး ဒါဟာ ခန္ဓာကိုယ်ရဲ့ အိုမင်းမစွမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ သာမာန်ရောဂါလက္ခဏာသာဖြစ်ပါတယ်။
တခါတလေမှာ ကင်ဆာရဲ့ ရှေ့ပြေးရောဂါလက္ခဏာက ခေါင်းကိုက်ခြင်းဖြစ်ပါတယ်။အချိန်ခြားပြီး ခေါင်းကိုက်နေခြင်းမျိုး ကြုံလာရင် ကင်ဆာရောဂါရှိနိုင်ခြေများပြီး ဒီအတွက် သန့်ရှင်းတဲ့ အစားအစာတွေကို စားသောက်ဖို့နဲ့ လေ့ကျင့်ခန်းကို ပုံမှန်ခံပြီး မဖြစ်ပွားအောင် အစထဲက ကာကွယ်တားဆီးသင့်ပါတယ်။
Credit:Nanmlagyi
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top