iMyanmarHouse.com - Best Property Website for Myanmar
×

ဝိတ္ခ်ေနၾကတဲ႔ဆရာဝန္ပရိသတ္ၾကီးတိုိ႔ေရ…ဝိတ္ခ်ေနေပမယ္႔ ဝိတ္မက်ဘူးျဖစ္ေနလား။ အစားေတြလည္းေလွ်ာ႔၊ ေလ႔က်င္႔ခန္္းေတြလုပ္ေနပင္မယ္႔ ထင္သေလာက္ဝိတ္မက်ဘူးျဖစ္ေနလား။ ဒါဆိုရင္ေတာ႔ ကိိုယ္ရဲ႕ဝိတ္ခ်တဲ႔နည္းက တစ္ခုခုမွားေနျပီဆိုတာ ေသခ်ာေနျပီေနာ္။ ဝိတ္ေလွ်ာ႔ေနတဲ႔သူေတြ အမ်ားဆံုးမွားေလ႔ရွိတဲ႔အမွားကေတာ႔ ေရလံုေလာက္စြာမေသာက္ျခင္းပဲဲျဖစ္ပါတယ္။ ေရကအျမဲေသာက္ေနတာပဲ၊ ဘယ္လုိလုပ္အက်ိဳးေက်းဇူးေပးနုိင္မွာမို႕လို႔လဲဆိုျပီးေတာ႔ အထင္မေသးလုိက္ပါနဲ႔။ ေရဆိုတာက အဆီခ်ဝိတ္ေလွ်ာ႔တဲ႔ေနရာ၊ အသားအေရလွေစတဲ႔ေနရာ သဘာဝတရားက လက္ေဆာင္ေပးတဲ႔ လက္နက္ပုန္္းတစ္ခုပါပဲ။ ဘာလို႔လဲဆိုေတာ႔ ကယ္လ္လိုရီိမပါ၊ သၾကားမပါ၊ အဆီတက္ေစတဲ႔ဓာတ္ေတြမပါတဲ႔ တစ္ခုတည္္းေသာ အရည္ျဖစ္မို႔လိုိ႔ပါ။ ဒါေၾကာင္႔မုိ႔လို႔ ေရေသာက္ျပီး ဝိတ္ခ်ဖို႔အတြက္ တစ္ေန႔ကို ေရမ်ားမ်ားေသာက္ျဖစ္ေအာင္ ဘယ္လုိေတြလုပ္ေဆာင္ရမလဲဆုိတဲ႔လ်ိဳ႕ဝွက္ခ်က္ေတြ မွ်ေဝေပးပါရေစေနာ္။

ပထမဆံုးအေနနဲ႔ ေရေသာက္ဖို႔အတြက္ ကိုယ္ေရဆာတဲ႔အခ်ိိန္္ကို ေစာင္႔စရာမလိုပါဘူး။ သဘာဝအတိုင္းေရဆာဖုိ႔ဆုိတာ ေႏြရာသီကလြဲရင္္ က်န္တဲ႔ရာသီိဥတုေတြမွာ ေရဆာဖို႔ဆိုတာ ျဖစ္နိုင္ေျခနည္းပါတယ္။

ဘယ္သြားသြား ေရဘူးေဆာင္ပါ။

ေရေသာက္ျပီိး ဝိတ္ခ်မယ္လို႔ဆံုးျဖတ္လိုက္ပါျပီရဲ႕….ေရဘူးက ကိုယ္႔အနားမွာမရွိရင္ ဘယ္လိုလုပ္ေရေသာက္ျဖစ္မလဲ။ အဲ႔တာေၾကာင္႔မိုိ႔လို႔ ေရဘူးကို ကိုယ္႔အနားမွာထားျပီး ေရဘူးကိုျမင္တုိင္း ေရေသာက္ဖို႔သတိရမွာေပါ႔ေနာ္။

ေရအစားထိုး ေရေႏြးၾကမ္းေသာက္ပါ။

ေရကိုေသာက္ေနက်မဟုတ္္ရင္ မေသာက္ခ်င္ေတာ႔ဘဲနဲ႔ မုန္းေနတာမ်ိဳးေတြ၊ ေရေသာက္လိုက္တုိင္း ပ်ိဳ႕အန္တာမ်ိဳးေတြၾကံဳဖူးတဲ႔သူတခ်ိဳ႕ရွိမွာေပါ႔ေနာ္။ ဒါဆိုရင္ေတာ႔ ေရအစားထုိး သစ္သီးေဖ်ာ္ရည္ေတြ၊ လီမြန္တီး (ေခၚ) သံပုရာေရေႏြးၾကမ္း လိုမ်ိဳးေသာက္လို႔ရပါတယ္။ ဒီလိုေသာက္တဲ႔အခါမွာလည္း ကယ္လိုရီမပါတဲ႔ သဘာဝေဖ်ာ္ရည္မ်ိဳးကို ဦးစားေပးျပီး ေသာက္သံုးသင္႔ပါတယ္။

ေရဆာတုိင္း ေရေသာက္ပါ။

တစ္ခါတစ္ေလက်ရင္ “ ေရဆာလိုက္တာ…ေရဆာေျပ အေအးေလးေသာက္လိုက္ဦးမယ္” ဆိုတာမ်ိဳးေတြးဖူး၊ ျဖစ္ဖူးလား။ အဲ႔လိုအခ်ိန္မွာ အေအးမေသာက္ပါနဲ႔ေနာ္။ ေရဆာတဲ႔အခ်ိန္မွာ ေရေသာက္ပါ။ ခႏၶာကိုယ္ထဲကို မလိုလားအပ္တဲ႔ သၾကားဓာတ္ေတြ၊ ကယ္လ္လိုုိရီေတြဝင္သြားမွာစိုးလို႔ပါ။

Alarm ေပးထားပါ။

သင္တို႔ကိုယ္တိုင္ ေရေသာက္ဖုိ႔သတိမရဘူးဆုိရင္ေတာင္ သင္႔ဖုန္းက သတိရေနမွာပါေနာ္။ သင္တို႔ရဲ႕ဖုန္းကို ၂ နာရီတစ္ခါ alarm ေပးလိုက္မယ္ဆိုရင္ သင္႔ကိုိ ေရ၈ခြက္ထက္မနည္းေသာက္သံုးျဖစ္ဖို႕ ေသခ်ာသေလာက္ျဖစ္ေနပါျပီ။ ေနာက္ဆိုရင္ alarm ျမည္ေအာင္ေစာင္႔စရာမလိုပဲနဲ႔ ေရေသာက္တတ္တဲ႔အက်င္႔က စြဲသြားပါလိမ္႔မယ္ေနာ္။

အစားအစာနဲ႔ ေရဓာတ္ျဖည္႔ပါ။

ေရမေသာက္ခ်င္ဘူးဆိုရင္ တျခားေရြးခ်ယ္စရာေတြရွိပါေသးတယ္။ အဲ႔ဒါကေတာ႔ ေရဓာတ္ျပည္႔ဝတဲ႔အစားအစာေတြ၊ ဟင္းသီးဟင္းရြက္ သစ္သီးဝလံေတြ စားသံုးေပးဖို႔ပါပဲ။ ဥပမာ ဖရဲသီးလိုိအသီးအနွံမ်ိဳးေတြစားသံုးေပးရင္ ေရဓာတ္ျပည္႔ဝေစပါတယ္။

ထမင္းမစားခင္ ေရေသာက္ပါ။

အစားမစားခင္ ေရေသာက္လိုက္လုိ႔ ဗိုက္ျပည္႔တယ္ဆိုတဲဲ႔ အသိစိတ္က သင္႔ကို အစားစားခ်င္စိတ္ကို ေလ်ာ႔နည္းေစတဲ႔အျပင္ ကယ္လ္လိုရီအမ်ားၾကီးမစားမိေအာင္ ထိန္းေပးနုိင္ပါတယ္။ ဒါေၾကာင္႔မို႔လို႔ အစားမစားခင္အခ်ိန္ရယ္၊ အစားစားေနစဥ္အခ်ိန္၊ အစာစားျပီးအခ်ိန္မွာေရေသာက္ေပးတာက အစာေျခစနစ္ကို အေထာက္အကူေပးတဲ႔အျပင္ အစားအစာမွာပါတဲ႔အာဟာရဓာတ္ေတြကို ပိုမိုစုပ္ယူေပးပါတယ္။

အားကစားလုပ္ေနခ်ိန္၊ ရာသီဥတုပူေနခ်ိန္္မွာ ေရပိုေသာက္ပါ။

ျပင္းထန္တဲ႔ ခႏၶာကိုယ္လႈပ္ရွားမႈလုပ္ေနတဲ႔အခ်ိန္၊ အျပင္သြားလိုို႔ ရာသီိဥတုပူေနတဲ႔အခ်ိန္မွာ ေရကိုပိုေသာက္ေပးသင္႔ပါတယ္။ အားကစားျပဳလုပ္ေနခ်ိန္မွာ ေရေသာက္ရတဲ႔ အေျခခံစည္းမ်ဥ္းရွိပါတယ္။ အဲ႔တာကေတာ႔ ေရ ၂၅၀ မီလီကို မိနစ္၂၀ တိုိုင္္း ၁ခါေသာက္သံုးေပးရတာမ်ိဳးပါ။ ဒါပင္မယ္႔ အရမ္းေမာေနခ်ိန္မွာေတာ႔ ေရကို မေသာက္သင္႔ပါဘူး။ အေမာေျပမွသာ ေရေသာက္ဖုိုိ႔ တုိက္တြန္္းခ်င္ပါတယ္္။

Detox water ေသာက္ပါ။

ယခုု ဝိတ္ေလွ်ာ႔တဲ႔သူေတြၾကားထဲမွာ နာမည္ၾကီိးလာတာကေတာ႔ Detox water ပဲျဖစ္ပါတယ္။ detox water  ဆိုိတာကေတာ႔ ေရထဲမွာ ဟင္းသီးဟင္းရြက္ေတြကို စိမ္ထားျပီး ေသာက္ရတာပါ။ ဥပမာအားျဖင္႔ သခြားသီး၊ သခြားေမႊး၊ စေတာ္ဘယ္ရီ၊ ပူစီနံနဲ႔ တျခားေဆးဖက္ဝင္အရြက္ေတြကို ေရာစိမ္ျပီး ေသာက္ေပးျခင္းက ကိုယ္အေလးခ်ိန္က်ဆင္းဖို႔အတြက္ အေထာက္အကူျဖစ္ေစပါတယ္။
ကိုယ္႔ရဲ႕ဆီးအေရာင္ကို သတိထားၾကည္႔ပါ။

ေနာက္ဆံုးအဆင္႔အေနနဲ႔ ကိုယ္႔ရဲ႕ဆီးအေရာင္ကို သတိထားၾကည္႔ေပးပါ။ ဆီိးအဝါရင္႔ေရာင္ဆိုရင္ေတာ႔ ေရေသာက္ဖို႔လိုေနပါေသးတယ္။ ဆီးအဝါေဖ်ာ႔ေရာင္ဆိုရင္ေတာ႔ ေရကို ျပည္႔ျပည္႔ဝဝေသာက္ျပီးျပီဆိုတဲ႔ အဓိပၸာယ္ပါပဲ။

ဒါဆိုရင္ေတာ႔ အေပၚကအခ်က္ေလးေတြကိုဖတ္ၾကည္႔ျပီး ခႏၶာကိုယ္ပိန္သြယ္ျပီး လွခ်င္တဲ႔ကိုကို မမေတြအတြက္ ေရေသာက္ျပီး ဘယ္လိုပိန္ေအာင္လုပ္ရမလဲဆိုတဲ႔ နည္းလမ္းေလးေတြကိုဖတ္ၾကည္႔ျပီး လက္ေတြ႔လုပ္ၾကည္႔ဖုိ႔ တုိက္တြန္းခ်င္ပါတယ္။ ဒီလို ဝိတ္ေလွ်ာ႔တဲ႔အခါမွာလည္း အလြန္အကၽြံမေလွ်ာ႔ၾကဖို႔နဲ႔ အစာအာဟာရလံုေလာက္စြာစားသံုးေပးဖုိ႔လည္း သတိျပဳေစခ်င္ပါတယ္ေနာ္။  ။

Credit:Hellosayarwon
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ဝိတ်ချနေကြတဲ့ဆရာဝန်ပရိသတ်ကြီးတို့ရေ…ဝိတ်ချနေပေမယ့် ဝိတ်မကျဘူးဖြစ်နေလား။ အစားတွေလည်းလျှော့၊ လေ့ကျင့်ခန်းတွေလုပ်နေပင်မယ့် ထင်သလောက်ဝိတ်မကျဘူးဖြစ်နေလား။ ဒါဆိုရင်တော့ ကိုယ်ရဲ့ဝိတ်ချတဲ့နည်းက တစ်ခုခုမှားနေပြီဆိုတာ သေချာနေပြီနော်။ ဝိတ်လျှော့နေတဲ့သူတွေ အများဆုံးမှားလေ့ရှိတဲ့အမှားကတော့ ရေလုံလောက်စွာမသောက်ခြင်းပဲဖြစ်ပါတယ်။ ရေကအမြဲသောက်နေတာပဲ၊ ဘယ်လိုလုပ်အကျိုးကျေးဇူးပေးနိုင်မှာမို့လို့လဲဆိုပြီးတော့ အထင်မသေးလိုက်ပါနဲ့။ ရေဆိုတာက အဆီချဝိတ်လျှော့တဲ့နေရာ၊ အသားအရေလှစေတဲ့နေရာ သဘာဝတရားက လက်ဆောင်ပေးတဲ့ လက်နက်ပုန်းတစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ ကယ်လ်လိုရီမပါ၊ သကြားမပါ၊ အဆီတက်စေတဲ့ဓာတ်တွေမပါတဲ့ တစ်ခုတည်းသော အရည်ဖြစ်မို့လို့ပါ။ ဒါကြောင့်မို့လို့ ရေသောက်ပြီး ဝိတ်ချဖို့အတွက် တစ်နေ့ကို ရေများများသောက်ဖြစ်အောင် ဘယ်လိုတွေလုပ်ဆောင်ရမလဲဆိုတဲ့လျို့ဝှက်ချက်တွေ မျှဝေပေးပါရစေနော်။

ပထမဆုံးအနေနဲ့ ရေသောက်ဖို့အတွက် ကိုယ်ရေဆာတဲ့အချိန်ကို စောင့်စရာမလိုပါဘူး။ သဘာဝအတိုင်းရေဆာဖို့ဆိုတာ နွေရာသီကလွဲရင် ကျန်တဲ့ရာသီဥတုတွေမှာ ရေဆာဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းပါတယ်။

ဘယ်သွားသွား ရေဘူးဆောင်ပါ။

ရေသောက်ပြီး ဝိတ်ချမယ်လို့ဆုံးဖြတ်လိုက်ပါပြီရဲ့….ရေဘူးက ကိုယ့်အနားမှာမရှိရင် ဘယ်လိုလုပ်ရေသောက်ဖြစ်မလဲ။ အဲ့တာကြောင့်မို့လို့ ရေဘူးကို ကိုယ့်အနားမှာထားပြီး ရေဘူးကိုမြင်တိုင်း ရေသောက်ဖို့သတိရမှာပေါ့နော်။

ရေအစားထိုး ရေနွေးကြမ်းသောက်ပါ။

ရေကိုသောက်နေကျမဟုတ်ရင် မသောက်ချင်တော့ဘဲနဲ့ မုန်းနေတာမျိုးတွေ၊ ရေသောက်လိုက်တိုင်း ပျို့အန်တာမျိုးတွေကြုံဖူးတဲ့သူတချို့ရှိမှာပေါ့နော်။ ဒါဆိုရင်တော့ ရေအစားထိုး သစ်သီးဖျော်ရည်တွေ၊ လီမွန်တီး (ခေါ်) သံပုရာရေနွေးကြမ်း လိုမျိုးသောက်လို့ရပါတယ်။ ဒီလိုသောက်တဲ့အခါမှာလည်း ကယ်လိုရီမပါတဲ့ သဘာဝဖျော်ရည်မျိုးကို ဦးစားပေးပြီး သောက်သုံးသင့်ပါတယ်။

ရေဆာတိုင်း ရေသောက်ပါ။

တစ်ခါတစ်လေကျရင် “ ရေဆာလိုက်တာ…ရေဆာပြေ အအေးလေးသောက်လိုက်ဦးမယ်” ဆိုတာမျိုးတွေးဖူး၊ ဖြစ်ဖူးလား။ အဲ့လိုအချိန်မှာ အအေးမသောက်ပါနဲ့နော်။ ရေဆာတဲ့အချိန်မှာ ရေသောက်ပါ။ ခန္ဓာကိုယ်ထဲကို မလိုလားအပ်တဲ့ သကြားဓာတ်တွေ၊ ကယ်လ်လိုရီတွေဝင်သွားမှာစိုးလို့ပါ။

Alarm ပေးထားပါ။

သင်တို့ကိုယ်တိုင် ရေသောက်ဖို့သတိမရဘူးဆိုရင်တောင် သင့်ဖုန်းက သတိရနေမှာပါနော်။ သင်တို့ရဲ့ဖုန်းကို ၂ နာရီတစ်ခါ alarm ပေးလိုက်မယ်ဆိုရင် သင့်ကို ရေ၈ခွက်ထက်မနည်းသောက်သုံးဖြစ်ဖို့ သေချာသလောက်ဖြစ်နေပါပြီ။ နောက်ဆိုရင် alarm မြည်အောင်စောင့်စရာမလိုပဲနဲ့ ရေသောက်တတ်တဲ့အကျင့်က စွဲသွားပါလိမ့်မယ်နော်။

အစားအစာနဲ့ ရေဓာတ်ဖြည့်ပါ။

ရေမသောက်ချင်ဘူးဆိုရင် တခြားရွေးချယ်စရာတွေရှိပါသေးတယ်။ အဲ့ဒါကတော့ ရေဓာတ်ပြည့်ဝတဲ့အစားအစာတွေ၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေ စားသုံးပေးဖို့ပါပဲ။ ဥပမာ ဖရဲသီးလိုအသီးအနှံမျိုးတွေစားသုံးပေးရင် ရေဓာတ်ပြည့်ဝစေပါတယ်။

ထမင်းမစားခင် ရေသောက်ပါ။

အစားမစားခင် ရေသောက်လိုက်လို့ ဗိုက်ပြည့်တယ်ဆိုတဲ့ အသိစိတ်က သင့်ကို အစားစားချင်စိတ်ကို လျော့နည်းစေတဲ့အပြင် ကယ်လ်လိုရီအများကြီးမစားမိအောင် ထိန်းပေးနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အစားမစားခင်အချိန်ရယ်၊ အစားစားနေစဉ်အချိန်၊ အစာစားပြီးအချိန်မှာရေသောက်ပေးတာက အစာခြေစနစ်ကို အထောက်အကူပေးတဲ့အပြင် အစားအစာမှာပါတဲ့အာဟာရဓာတ်တွေကို ပိုမိုစုပ်ယူပေးပါတယ်။

အားကစားလုပ်နေချိန်၊ ရာသီဥတုပူနေချိန်မှာ ရေပိုသောက်ပါ။

ပြင်းထန်တဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုလုပ်နေတဲ့အချိန်၊ အပြင်သွားလို့ ရာသီဥတုပူနေတဲ့အချိန်မှာ ရေကိုပိုသောက်ပေးသင့်ပါတယ်။ အားကစားပြုလုပ်နေချိန်မှာ ရေသောက်ရတဲ့ အခြေခံစည်းမျဉ်းရှိပါတယ်။ အဲ့တာကတော့ ရေ ၂၅၀ မီလီကို မိနစ်၂၀ တိုင်း ၁ခါသောက်သုံးပေးရတာမျိုးပါ။ ဒါပင်မယ့် အရမ်းမောနေချိန်မှာတော့ ရေကို မသောက်သင့်ပါဘူး။ အမောပြေမှသာ ရေသောက်ဖိို့ တိုက်တွန်းချင်ပါတယ်။

Detox water သောက်ပါ။

ယခု ဝိတ်လျှော့တဲ့သူတွေကြားထဲမှာ နာမည်ကြီးလာတာကတော့ Detox water ပဲဖြစ်ပါတယ်။ detox water  ဆိုတာကတော့ ရေထဲမှာ ဟင်းသီးဟင်းရွက်တွေကို စိမ်ထားပြီး သောက်ရတာပါ။ ဥပမာအားဖြင့် သခွားသီး၊ သခွားမွှေး၊ စတော်ဘယ်ရီ၊ ပူစီနံနဲ့ တခြားဆေးဖက်ဝင်အရွက်တွေကို ရောစိမ်ပြီး သောက်ပေးခြင်းက ကိုယ်အလေးချိန်ကျဆင်းဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။
ကိုယ့်ရဲ့ဆီးအရောင်ကို သတိထားကြည့်ပါ။

နောက်ဆုံးအဆင့်အနေနဲ့ ကိုယ့်ရဲ့ဆီးအရောင်ကို သတိထားကြည့်ပေးပါ။ ဆီးအဝါရင့်ရောင်ဆိုရင်တော့ ရေသောက်ဖို့လိုနေပါသေးတယ်။ ဆီးအဝါဖျော့ရောင်ဆိုရင်တော့ ရေကို ပြည့်ပြည့်ဝဝသောက်ပြီးပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

ဒါဆိုရင်တော့ အပေါ်ကအချက်လေးတွေကိုဖတ်ကြည့်ပြီး ခန္ဓာကိုယ်ပိန်သွယ်ပြီး လှချင်တဲ့ကိုကို မမတွေအတွက် ရေသောက်ပြီး ဘယ်လိုပိန်အောင်လုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကိုဖတ်ကြည့်ပြီး လက်တွေ့လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒီလို ဝိတ်လျှော့တဲ့အခါမှာလည်း အလွန်အကျွံမလျှော့ကြဖို့နဲ့ အစာအာဟာရလုံလောက်စွာစားသုံးပေးဖို့လည်း သတိပြုစေချင်ပါတယ်နော်။  ။

Credit:Hellosayarwon

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top