iMyanmarHouse.com - Best Property Website for Myanmar
×


စိတ္ေတြဖိစီးလိုက္တာ၊ အလုပ္ေတြကလည္း ဒီေလာက္လုပ္ေနတာေတာင္မျပီးဘူးဆိုတဲ့ ေလဒီေလးေတြမ်ားရွိလား။ ဒါဆိုရင္ေတာ့ ေျပာစရာတစ္ခုရွိလာပါျပီေနာ္။ ဒါကေတာ့ အ လုပ္ေတြ ကို တအားဖိလုပ္ေနလို႔ စိတ္ဖိစီးေနတာျဖစ္နိုင္တယ္ဆိုတဲ့အခ်က္တစ္ခုပါ။ စိတ္ဖိ စီးမႈမ်ားလာတဲ့အခါ အလုပ္ေတြကိုေကာင္းေကာင္းမလုပ္နုိင္ေတာ့ပါဘူး။ အာရံုစူးစိုက္မႈ ကလည္း က်လာပါတယ္ေနာ္။

အလုပ္ခ်ိန္မ်ားမ်ားလုပ္ေလ စိတ္ဖိစီးေလေလပါ

အလုပ္စားပြဲမွာ တစ္ခ်ိန္လံုးထိုင္ေနရတာက ခက္ခဲပင္ပန္းပါတယ္။ တစ္ေန႔တာမွာ ၈ နာရီ ထက္ေက်ာ္ျပီး အလုပ္စားပြဲမွာ ထိုင္ေနရတာက အခ်ိန္ၾကာလာတာနဲ႔အမွ် စိတ္ဖိစီးမႈက ပိုလာႏိုင္ပါတယ္။ ဒီခံစားခ်က္က စိတ္ခံစားမႈသက္သက္ပဲေတာ့မဟုတ္ပါဘူး။ ေလ့လာ ခ်က္ေတြအရလည္း အမ်ိဳးသမီးေတြဟာ အလုပ္ခ်ိန္မ်ားမ်ားအလုပ္လုပ္ေလေလ စိတ္ဖိစီးမႈ ပိုမ်ားလာေလေလလို႔ေတြ႔ရွိထားရပါတယ္။

သုေတသီေတြက ေလ့လာမႈအတြင္း အလုပ္လုပ္ေနတဲ့အမ်ိဳးသမီးေတြကိုေလ့လာခဲ့ပါတယ္။ ဒီေလ့လာမႈအရ တစ္ပတ္မွာ အလုပ္ခ်ိန္ နာရီ ၄၀ ထက္ အလုပ္လုပ္တဲ့အမ်ိဳးသမီးေတြထက္ တစ္ပတ္မွာ ၅၅ နာရီနဲ႔အထက္အလုပ္လုပ္တဲ့အမ်ိဳးသမီးေတြက စိတ္ဖိစီးမႈပိုမ်ားေနတယ္ လို႔ေတြ႔ရွိခဲ့ရပါတယ္။ တစ္ပတ္တာမွာ ၅၅ နာရီနဲ႔ အထက္ အလုပ္လုပ္တဲ႔အမ်ိဳးသမီးေတြက စိတ္ဓာတ္က်လကၡဏာေတြပံုမွန္ထက္ပိုမ်ားေနတတ္ပါတယ္။

တစ္ပတ္ကို ၅၅ နာရီနဲ႔အထက္အလုပ္လုပ္တာအျပင္ ပိတ္ရက္ေတြမွာပါအလုပ္လုပ္ေနရ တာက စိတ္ဖိစီးမႈျဖစ္ေစျပီး စိတ္ဓာတ္က်ႏုိင္ေျခပိုမ်ားေနပါတယ္ေနာ္။ ဒါကေတာ့ အမ်ိဳးသ မီးေတြတင္မကပါဘူး။ အမ်ိဳးသားေတြမွာပါ အက်ံဳးဝင္တဲ့ေလ့လာခ်က္ပါ။  ဒီေလ့လာခ်က္က ျဗိတိန္ႏိုင္ငံက အရြယ္ေရာက္ျပီးသူေတြကို ေလ့လာထားတဲ့ေလ့လာခ်က္တစ္ခုပါ။
၅၅ နာရီနဲ႔အထက္အလုပ္လုပ္တဲ့ ေလဒီတို႔……သတိ!

အပတ္စဉ္တိုင္း ၅၅ နာရီ ဒါမွမဟုတ္ ၅၅ နာရီနဲ႔အထက္ အလုပ္လုပ္တဲ့ေလဒီေတြမွာ စိတ္ဓာတ္က်ေဝဒနာခံစားရႏိုင္ေျခကေတာ္ေတာ္ေလးမ်ားပါတယ္။ ပိတ္ရက္ေတြမွာပါ အလုပ္နဲ႔လက္မျပတ္လုပ္ေနရျပီဆိုရင္ေတာ့ ေလဒီေတြတင္မဟုတ္ပါဘူး။ Gentlemen ေတြမွာပါ စိတ္ဖိစီးမႈျဖစ္ေစျပီး စ္ိတ္ဓာတ္က်ေစႏိုင္တာပါ။

အလုပ္နဲ႔လက္မျပတ္တမ္းလုပ္ေန တာက ေရရွည္ျဖစ္လာတဲ့အခါ ေန႔စဉ္နဲ႔အမွ် စိတ္က်န္း မာေရးထိခိုက္လာရပါတယ္ေနာ္။ ေမ့ တတ္လာတာမ်ိဳး၊ ခ်က္ခ်င္းဆိုသလို ေျပာလိုက္တဲ့ အေၾကာင္းအရာေတြကို မမွတ္မိေတာ့တာ၊ ေန႔စဉ္လုပ္ေနက်တာဝန္ေတြကိုေမ့သြားတာ မ်ိဳးျဖစ္ႏိုင္ပါတယ္။

United Kingdom Household Longitudinal Study (UKHLS) ကအိမ္ေထာင္စု ၄၀၀၀၀ ခန္႔ရဲ႕ က်န္းမာေရးစစ္ေဆးမႈမွတ္တမ္းေတြကိုေလ့လာခဲ့ပါတယ္။ ယခုေလ့လာမႈအတြက္ အလုပ္ခြင္ဝင္ေနတဲ့ အမ်ိဳးသားနဲ႔ အမ်ိဳးသမီး ၂၃၀၀၀ ေက်ာ္ကိုေလ့လာခဲ့ပါတယ္။

ေလ့လာမႈစစ္တမ္းေတြအရ တစ္ပတ္ကို ၅၅ နာရီနဲ႔ အထက္အလုပ္လုပ္ေနတဲ့ ေလဒီေတြ၊ ပိတ္ရက္ပါမက်န္အလုပ္လုပ္ေနတဲ့ ေလဒီေတြဟာ တစ္ပတ္ကို ၃၅ နာရီ ကေန နာရီ ၄၀ ၾကာအလုပ္လုပ္ေနတဲ့  ေလဒီေတြထက္ စိတ္ဖိစီးမႈပိုမ်ားျပီး စိတ္ဓာတ္က်ႏိုင္ေျခက အျခား သူေတြထက္ပိုမ်ားေနတယ္၊လို႔ေတြ႔ရွိခဲ့ရပါတယ္။

စိတ္ဖိစီးမႈက အျဖစ္မ်ားတဲ့ စိတ္က်န္းမာေရးအေျခအေနတစ္ခုေပါ႔။ စိတ္ဓာတ္က်တာေၾကာင့္ ဘဝေနထိုင္မႈမွာထိခိုက္လာတာမ်ိဳးအထိျဖစ္ႏိုင္ပါတယ္။ စိတ္က်န္းမာေရးအားနည္းလာတဲ့ အခါ စိတ္ဖိစီးတာ၊ရုပ္ပိုင္းဆိုင္ရာ ထိခိုက္မႈေတြပါခံစားလာရႏိုင္ပါတယ္။

အလုပ္တာဝန္ေတြကို ေကာင္းမြန္ျပီးစီးေအာင္မလုပ္ႏိုင္ေတာ့သလို မိသားစုတာဝန္ေတြကိုပါ လစ္ဟင္းလာႏိုင္ပါတယ္။ သိပ္မျပင္းထန္ေသးတဲ့အဆင့္မွာေတာ့ အျမဲလိုလိုဝမ္းနည္းေန တာ၊ ေမွ်ာ္လင့္ခ်က္မဲ့ေနတာ၊ အျပစ္ရွိသလိုအျမဲခံစားေနရတာ၊ ဝါသနာပါတာေတြကို အာရံုဝင္စားမႈမဲ့လာတာ၊ အိပ္စက္မႈမွာ ျပႆနာရွိလာတာမ်ိဳးေတြခံစားရႏိုင္ပါတယ္။

စိတ္ေရာကိုယ္ပါက်န္းမာေစဖို႔ တစ္ပတ္တာမွာ လြန္ေရာ ကၽြံေရာ ၃၅ နာရီ ကေန နာရီ ၄၀ ေလာက္ပဲအလုပ္လုပ္ပါ။ ဒီထက္ပိုလုပ္တာက စိတ္ဖိစီးမႈကိုျဖစ္ေစျပီး ေရရွည္မွာ စိတ္ေရာ ကိုယ္ပါထိခိုက္ေစႏိုင္တာေၾကာင့္ အလုပ္ခ်ိန္ကို ၅၅ နာရီထက္ပိုလုပ္တာ၊ ပိတ္ရက္ေတြမွာပါ အလုပ္လုပ္ေနတာကို တတ္ႏိုင္သမွ်ေရွာင္ပါေနာ္။

Credit:hellosayarwon

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


စိတ်တွေဖိစီးလိုက်တာ၊ အလုပ်တွေကလည်း ဒီလောက်လုပ်နေတာတောင်မပြီးဘူးဆိုတဲ့ လေဒီလေးတွေများရှိလား။ ဒါဆိုရင်တော့ ပြောစရာတစ်ခုရှိလာပါပြီနော်။ ဒါကတော့ အ လုပ်တွေ ကို တအားဖိလုပ်နေလို့ စိတ်ဖိစီးနေတာဖြစ်နိုင်တယ်ဆိုတဲ့အချက်တစ်ခုပါ။ စိတ်ဖိ စီးမှုများလာတဲ့အခါ အလုပ်တွေကိုကောင်းကောင်းမလုပ်နိုင်တော့ပါဘူး။ အာရုံစူးစိုက်မှု ကလည်း ကျလာပါတယ်နော်။

အလုပ်ချိန်များများလုပ်လေ စိတ်ဖိစီးလေလေပါ

အလုပ်စားပွဲမှာ တစ်ချိန်လုံးထိုင်နေရတာက ခက်ခဲပင်ပန်းပါတယ်။ တစ်နေ့တာမှာ ၈ နာရီ ထက်ကျော်ပြီး အလုပ်စားပွဲမှာ ထိုင်နေရတာက အချိန်ကြာလာတာနဲ့အမျှ စိတ်ဖိစီးမှုက ပိုလာနိုင်ပါတယ်။ ဒီခံစားချက်က စိတ်ခံစားမှုသက်သက်ပဲတော့မဟုတ်ပါဘူး။ လေ့လာ ချက်တွေအရလည်း အမျိုးသမီးတွေဟာ အလုပ်ချိန်များများအလုပ်လုပ်လေလေ စိတ်ဖိစီးမှု ပိုများလာလေလေလို့တွေ့ရှိထားရပါတယ်။

သုတေသီတွေက လေ့လာမှုအတွင်း အလုပ်လုပ်နေတဲ့အမျိုးသမီးတွေကိုလေ့လာခဲ့ပါတယ်။ ဒီလေ့လာမှုအရ တစ်ပတ်မှာ အလုပ်ချိန် နာရီ ၄၀ ထက် အလုပ်လုပ်တဲ့အမျိုးသမီးတွေထက် တစ်ပတ်မှာ ၅၅ နာရီနဲ့အထက်အလုပ်လုပ်တဲ့အမျိုးသမီးတွေက စိတ်ဖိစီးမှုပိုများနေတယ် လို့တွေ့ရှိခဲ့ရပါတယ်။ တစ်ပတ်တာမှာ ၅၅ နာရီနဲ့ အထက် အလုပ်လုပ်တဲ့အမျိုးသမီးတွေက စိတ်ဓာတ်ကျလက္ခဏာတွေပုံမှန်ထက်ပိုများနေတတ်ပါတယ်။

တစ်ပတ်ကို ၅၅ နာရီနဲ့အထက်အလုပ်လုပ်တာအပြင် ပိတ်ရက်တွေမှာပါအလုပ်လုပ်နေရ တာက စိတ်ဖိစီးမှုဖြစ်စေပြီး စိတ်ဓာတ်ကျနိုင်ခြေပိုများနေပါတယ်နော်။ ဒါကတော့ အမျိုးသ မီးတွေတင်မကပါဘူး။ အမျိုးသားတွေမှာပါ အကျုံးဝင်တဲ့လေ့လာချက်ပါ။  ဒီလေ့လာချက်က ဗြိတိန်နိုင်ငံက အရွယ်ရောက်ပြီးသူတွေကို လေ့လာထားတဲ့လေ့လာချက်တစ်ခုပါ။
၅၅ နာရီနဲ့အထက်အလုပ်လုပ်တဲ့ လေဒီတို့……သတိ!

အပတ်စဉ်တိုင်း ၅၅ နာရီ ဒါမှမဟုတ် ၅၅ နာရီနဲ့အထက် အလုပ်လုပ်တဲ့လေဒီတွေမှာ စိတ်ဓာတ်ကျဝေဒနာခံစားရနိုင်ခြေကတော်တော်လေးများပါတယ်။ ပိတ်ရက်တွေမှာပါ အလုပ်နဲ့လက်မပြတ်လုပ်နေရပြီဆိုရင်တော့ လေဒီတွေတင်မဟုတ်ပါဘူး။ Gentlemen တွေမှာပါ စိတ်ဖိစီးမှုဖြစ်စေပြီး စိတ်ဓာတ်ကျစေနိုင်တာပါ။

အလုပ်နဲ့လက်မပြတ်တမ်းလုပ်နေ တာက ရေရှည်ဖြစ်လာတဲ့အခါ နေ့စဉ်နဲ့အမျှ စိတ်ကျန်း မာရေးထိခိုက်လာရပါတယ်နော်။ မေ့ တတ်လာတာမျိုး၊ ချက်ချင်းဆိုသလို ပြောလိုက်တဲ့ အကြောင်းအရာတွေကို မမှတ်မိတော့တာ၊ နေ့စဉ်လုပ်နေကျတာဝန်တွေကိုမေ့သွားတာ မျိုးဖြစ်နိုင်ပါတယ်။

United Kingdom Household Longitudinal Study (UKHLS) ကအိမ်ထောင်စု ၄၀၀၀၀ ခန့်ရဲ့ ကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းတွေကိုလေ့လာခဲ့ပါတယ်။ ယခုလေ့လာမှုအတွက် အလုပ်ခွင်ဝင်နေတဲ့ အမျိုးသားနဲ့ အမျိုးသမီး ၂၃၀၀၀ ကျော်ကိုလေ့လာခဲ့ပါတယ်။

လေ့လာမှုစစ်တမ်းတွေအရ တစ်ပတ်ကို ၅၅ နာရီနဲ့ အထက်အလုပ်လုပ်နေတဲ့ လေဒီတွေ၊ ပိတ်ရက်ပါမကျန်အလုပ်လုပ်နေတဲ့ လေဒီတွေဟာ တစ်ပတ်ကို ၃၅ နာရီ ကနေ နာရီ ၄၀ ကြာအလုပ်လုပ်နေတဲ့  လေဒီတွေထက် စိတ်ဖိစီးမှုပိုများပြီး စိတ်ဓာတ်ကျနိုင်ခြေက အခြား သူတွေထက်ပိုများနေတယ်၊လို့တွေ့ရှိခဲ့ရပါတယ်။

စိတ်ဖိစီးမှုက အဖြစ်များတဲ့ စိတ်ကျန်းမာရေးအခြေအနေတစ်ခုပေါ့။ စိတ်ဓာတ်ကျတာကြောင့် ဘဝနေထိုင်မှုမှာထိခိုက်လာတာမျိုးအထိဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးအားနည်းလာတဲ့ အခါ စိတ်ဖိစီးတာ၊ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပါခံစားလာရနိုင်ပါတယ်။

အလုပ်တာဝန်တွေကို ကောင်းမွန်ပြီးစီးအောင်မလုပ်နိုင်တော့သလို မိသားစုတာဝန်တွေကိုပါ လစ်ဟင်းလာနိုင်ပါတယ်။ သိပ်မပြင်းထန်သေးတဲ့အဆင့်မှာတော့ အမြဲလိုလိုဝမ်းနည်းနေ တာ၊ မျှော်လင့်ချက်မဲ့နေတာ၊ အပြစ်ရှိသလိုအမြဲခံစားနေရတာ၊ ဝါသနာပါတာတွေကို အာရုံဝင်စားမှုမဲ့လာတာ၊ အိပ်စက်မှုမှာ ပြဿနာရှိလာတာမျိုးတွေခံစားရနိုင်ပါတယ်။

စိတ်ရောကိုယ်ပါကျန်းမာစေဖို့ တစ်ပတ်တာမှာ လွန်ရော ကျွံရော ၃၅ နာရီ ကနေ နာရီ ၄၀ လောက်ပဲအလုပ်လုပ်ပါ။ ဒီထက်ပိုလုပ်တာက စိတ်ဖိစီးမှုကိုဖြစ်စေပြီး ရေရှည်မှာ စိတ်ရော ကိုယ်ပါထိခိုက်စေနိုင်တာကြောင့် အလုပ်ချိန်ကို ၅၅ နာရီထက်ပိုလုပ်တာ၊ ပိတ်ရက်တွေမှာပါ အလုပ်လုပ်နေတာကို တတ်နိုင်သမျှရှောင်ပါနော်။

Credit:hellosayarwon

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top