iMyanmarHouse.com - Best Property Website for Myanmar
×


သိပ္ခ်စ္ၾကတဲ့ ခ်စ္သူေတြၾကားမွာ စိတ္ခ်င္း ဆက္သြယ္မႈ ဆိုတာကေတာ့ ကိုယ္က သတိရေနတဲ့အခ်ိန္မွာ ခ်စ္သူေလးဆီက ဖုန္းဝင္လာတာမ်ိဳးေလးပါ။

တစ္ေယာက္ ေပ်ာ္ရင္ က်န္တစ္ေယာက္ပါ ေပ်ာ္တတ္တယ္

Marry ရဲ႕ ခ်စ္သူေလးတို႔ေရ စိတ္ခ်င္း ဆက္သြယ္မႈ ဆိုတာကို ခံစားရဖူးပါသလား။ ခ်စ္ သူေတြၾကားက စိတ္ခ်င္း ဆက္သြယ္မႈ ဆိုတာက ဘာျဖစ္မလဲ ဆိုတာကို Marry က ေျပာျပေပးလိုက္ရပါတယ္ေနာ္။ အခု ေျပာျပေပးမယ့္ အခ်က္ေလးေတြသာ ခ်စ္သူေတြၾကား မွာ ျဖစ္ေနတတ္တယ္ ဆိုရင္ေတာ့ ေသခ်ာပါတယ္။ သိပ္ခ်စ္တဲ့ ခ်စ္သူေလးကုိ ပိုင္ဆိုင္ေန ပါၿပီ ဆိုတာ ေသခ်ာသြားပါၿပီေနာ္။

သတိရေနတဲ့ အခ်ိန္ အဆက္ အသြယ္ရလိုက္တာမ်ိဳး

ခ်စ္သူေလးကို သတိတရ ရွိလာတဲ့အခ်ိန္ ဒီတိုင္းေလး အေၾကာင္းျပခ်က္ ခိုင္ခိုင္လံုလံုလည္း မရွိ၊ တိုက္ဆိုင္မႈေလးေတြ ရွိလို႔ ျဖတ္ကနဲ႔ သိပ္သတိရမိသြားတဲ့ အခ်ိန္မွာ ခ်စ္သူေလးဆီ ကေန ဖုန္းဝင္လာတာမ်ိဳး၊ စာတိုေလးေတြ ေရာက္လာတာမ်ိဳး ျဖစ္တတ္ပါတယ္။

သိပ္သတိတရ ရွိေနတဲ့အခ်ိန္ ကိုယ္က ေခၚလိုက္မယ္လို႔ ေတြးၿပီး ဖုန္းကိုင္လိုက္တဲ့အခ်ိန္မွာ ဖုန္းဝင္လာတာမ်ိဳး၊ စာပို႔မယ္္္ လုပ္ေနတုန္း စာဝင္လာတာမ်ိဳးကို တစ္ခ်ိန္တည္း ၿပိဳင္တူ ျပဳလုပ္ေနတတ္ပါတယ္။

သတိရေနတဲ့အခ်ိန္ ဖုန္းဝင္လာတတ္တာမ်ိဳးပါ
တစ္ေယာက္ ေနမေကာင္းရင္ က်န္ တစ္ေယာက္ပါ ေနမေကာင္းတာမ်ိဳး

ဒီ အခ်က္ကေတာ့ ခ်စ္ျခင္းရဲ႕ အျမင့္ဆံုး ေနရာလို႔ေတာင္ ဆိုႏိုင္မွာပါ။ တကယ္လို႔ အတူတူ မရွိေနႏိုင္တဲ့ ခ်စ္သူေတြၾကား အဆက္အသြယ္လည္း ခ်က္ခ်င္း မရႏိုင္တဲ့ အေျခအေနေတြမွာ တစ္ဖက္က ခ်စ္သူေလးက ေနထိုင္ မေကာင္းတဲ့အခ်ိန္ အလိုလို ကိုယ္ပါ အေၾကာင္း မရွိ ေန မေကာင္း ျဖစ္သြား တာမ်ိဳး ျဖစ္ေပၚတတ္ပါတယ္။

အိမ္မက္ မက္တတ္တယ္

အိမ္မက္ ဆိုတာကေတာ့ စိတ္စြဲရင္ မက္တာ ထံုးစံ ဆိုေပမယ့္ တခါ တေလက် ခ်စ္သူေလးေတြၾကား ျဖစ္တတ္ပါတယ္။ ညအိပ္ခ်ိန္ အိမ္မက္ မက္လို႔ အိမ္မက္က တစ္မ်ိဳး ျဖစ္ေနတယ္ ဆိုၿပီး မနက္က် ဖုန္းဆက္လိုက္ရင္ ခ်စ္သူေလးက အဆင္မေျပတာ တစ္ခုခု ေတြ႔ေနတာမ်ိဳး၊ ေနထိုင္ မေကာင္းတာမ်ိဳး၊ သူလည္း ကိုယ့္ကို သိပ္သတိရတာမ်ိဳး ျဖစ္ေန တတ္ပါတယ္။

သိပ္ခ်စ္ၾကတဲ့ ခ်စ္သူေတြၾကားမွာ တစ္ေယာက္က တစ္ေယာက္ကို သိပ္လြမ္းရင္ အိမ္မက္ထဲထိ အလိုလို မက္တတ္ပါတယ္။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


သိပ်ချစ်ကြတဲ့ ချစ်သူတွေကြားမှာ စိတ်ချင်း ဆက်သွယ်မှု ဆိုတာကတော့ ကိုယ်က သတိရနေတဲ့အချိန်မှာ ချစ်သူလေးဆီက ဖုန်းဝင်လာတာမျိုးလေးပါ။

တစ်ယောက် ပျော်ရင် ကျန်တစ်ယောက်ပါ ပျော်တတ်တယ်

Marry ရဲ့ ချစ်သူလေးတို့ရေ စိတ်ချင်း ဆက်သွယ်မှု ဆိုတာကို ခံစားရဖူးပါသလား။ ချစ် သူတွေကြားက စိတ်ချင်း ဆက်သွယ်မှု ဆိုတာက ဘာဖြစ်မလဲ ဆိုတာကို Marry က ပြောပြပေးလိုက်ရပါတယ်နော်။ အခု ပြောပြပေးမယ့် အချက်လေးတွေသာ ချစ်သူတွေကြား မှာ ဖြစ်နေတတ်တယ် ဆိုရင်တော့ သေချာပါတယ်။ သိပ်ချစ်တဲ့ ချစ်သူလေးကို ပိုင်ဆိုင်နေ ပါပြီ ဆိုတာ သေချာသွားပါပြီနော်။

သတိရနေတဲ့ အချိန် အဆက် အသွယ်ရလိုက်တာမျိုး

ချစ်သူလေးကို သတိတရ ရှိလာတဲ့အချိန် ဒီတိုင်းလေး အကြောင်းပြချက် ခိုင်ခိုင်လုံလုံလည်း မရှိ၊ တိုက်ဆိုင်မှုလေးတွေ ရှိလို့ ဖြတ်ကနဲ့ သိပ်သတိရမိသွားတဲ့ အချိန်မှာ ချစ်သူလေးဆီ ကနေ ဖုန်းဝင်လာတာမျိုး၊ စာတိုလေးတွေ ရောက်လာတာမျိုး ဖြစ်တတ်ပါတယ်။

သိပ်သတိတရ ရှိနေတဲ့အချိန် ကိုယ်က ခေါ်လိုက်မယ်လို့ တွေးပြီး ဖုန်းကိုင်လိုက်တဲ့အချိန်မှာ ဖုန်းဝင်လာတာမျိုး၊ စာပို့မယ် လုပ်နေတုန်း စာဝင်လာတာမျိုးကို တစ်ချိန်တည်း ပြိုင်တူ ပြုလုပ်နေတတ်ပါတယ်။

သတိရနေတဲ့အချိန် ဖုန်းဝင်လာတတ်တာမျိုးပါ
တစ်ယောက် နေမကောင်းရင် ကျန် တစ်ယောက်ပါ နေမကောင်းတာမျိုး

ဒီ အချက်ကတော့ ချစ်ခြင်းရဲ့ အမြင့်ဆုံး နေရာလို့တောင် ဆိုနိုင်မှာပါ။ တကယ်လို့ အတူတူ မရှိနေနိုင်တဲ့ ချစ်သူတွေကြား အဆက်အသွယ်လည်း ချက်ချင်း မရနိုင်တဲ့ အခြေအနေတွေမှာ တစ်ဖက်က ချစ်သူလေးက နေထိုင် မကောင်းတဲ့အချိန် အလိုလို ကိုယ်ပါ အကြောင်း မရှိ နေ မကောင်း ဖြစ်သွား တာမျိုး ဖြစ်ပေါ်တတ်ပါတယ်။

အိမ်မက် မက်တတ်တယ်

အိမ်မက် ဆိုတာကတော့ စိတ်စွဲရင် မက်တာ ထုံးစံ ဆိုပေမယ့် တခါ တလေကျ ချစ်သူလေးတွေကြား ဖြစ်တတ်ပါတယ်။ ညအိပ်ချိန် အိမ်မက် မက်လို့ အိမ်မက်က တစ်မျိုး ဖြစ်နေတယ် ဆိုပြီး မနက်ကျ ဖုန်းဆက်လိုက်ရင် ချစ်သူလေးက အဆင်မပြေတာ တစ်ခုခု တွေ့နေတာမျိုး၊ နေထိုင် မကောင်းတာမျိုး၊ သူလည်း ကိုယ့်ကို သိပ်သတိရတာမျိုး ဖြစ်နေ တတ်ပါတယ်။

သိပ်ချစ်ကြတဲ့ ချစ်သူတွေကြားမှာ တစ်ယောက်က တစ်ယောက်ကို သိပ်လွမ်းရင် အိမ်မက်ထဲထိ အလိုလို မက်တတ်ပါတယ်။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top