iMyanmarHouse.com - Best Property Website for Myanmar
×

ေနတိုးဟာဆိုရင္ လြန္ခဲ့တဲ့နွစ္အေတာ္ၾကာကတည္းက ျမန္မာနုိင္ငံရဲ႕ထိပ္တန္းမင္းသားျဖစ္ေနခဲ့ျပီး အကယ္ဒမီေတြရထားသလုိ တစ္နုိင္ငံလံုးက ပရိသတ္ေတြရဲ႕ခ်စ္ျမတ္နိုးမႈကုိခံထားရတဲ့ မင္းသားတစ္လက္ျဖစ္ပါတယ္။ ေနတိုးက အင္တာဗ်ဴးေတြမွာ တည္တည္ျငိမ္ျငိမ္စဥ္းစဥ္းစားစားေျဖေလ့ရွိတာေတြေၾကာင့္လည္း ပရိသတ္ေတြရဲ႕ေလးစားမႈေတြပုိင္ဆိုင္ထားသူလည္းျဖစ္ပါတယ္။ ေနတုိးက မၾကာေသးမီက အင္တာဗ်ဴးမွာ အကယ္ဒမီတစ္ၾကိဳခန္႔မွန္းေပးျခင္းခံေနရတဲ့အေပၚသေဘာထားနဲ႔ အနုပညာကုိ အဖက္ဖက္က ေဝဖန္မႈေတြမ်ာျပားေနတဲ့အေၾကာင္းကိုလည္းေျပာသြားခဲ့ပါတယ္။

ရုပ္ရွင္ေတြေပၚ ေဝဖန္ေနၾကတာေတြအေပၚ ေနတိုးက “အခုေခတ္ကေလ ကုိယ္အျမင္မေတာ္တာေတြကုိ လြပ္လြပ္လပ္လပ္ထုတ္ေဖာ္ပုိင္ခြင့္ရွိတဲ့ေခတ္ဆိုေတာ့ အေၾကာင္းအရာတစ္ခုကုိကုိယ္နဲ႔ဆိုင္သည္ျဖစ္ေစမဆုိင္သည္ျဖစ္ေစ ကြ်န္ေတာ္တို႔အနုပညာကို မ်ားမ်ားေဝဖန္ဖို႔လိုတယ္။ ပရိသတ္ကေဝဖန္တာရွိတယ္။ ရဲမႈခင္းနဲ႔ ပတ္သက္ျပီးရိုက္ရင္လည္း ရဲေတြကေဝဖန္တာရွိတယ္။ မ်ားမ်ားေဝဖန္ေလအေျဖကုိျမန္ျမန္ရွာေတြ႕ေလပါပဲ။ Online Media ေတြကေနေရာ မ်ာမး်ားေဝဖန္ေထာက္ျပဖို႔လုိ္တယ္လို႔ကြ်န္ေတာ္ျမင္ပါတယ္”လို႔ ေျဖၾကားထားပါတယ္။

ပရိသတ္ေတြက ေနတိုးကို မုန္းစြဲဇာတ္ကားနဲ႔ အကယ္ဒမီမွန္းေနတာကုိေတာ့ “ဒီကားအေပၚမွာေတာ့ အကုန္လံုးက အမ်ားၾကီးေမွ်ာ္လင့္ထားၾကတယ္ေပါ့။ ေမွ်ာ္လင့္ေလာက္ေအာင္လည္း Production Team ေရာ၊ဒါရုိက္တာေရာ ဇာတ္လမ္းဇာတ္ညႊန္းကအစေပါ့ အစစအရာရာျပည့္စံုေအာင္တည္ေဆာက္ထားတဲ့ကားေလးျဖစ္ပါတယ္။ လိုအပ္ခ်က္ေတြရွိေသးတယ္ဆုိေပမယ့္လည္း 2019 မွာေတာ့ လူေျပာလည္းမ်ားတယ္။ အခုအခ်ိန္အထိကုိလည္းရံုတင္ျပသေနတဲ့ကားျဖစ္တယ္ဆိုေတာ့ ေတာ္ေတာ္ေလးလည္းထူးျခားမႈရိွတဲ့ကားလို႔ျမင္တယ္ေလ။ ကြ်န္ေတာ္တို႔ရဲ႕အနုပညာကုိ ကြ်န္ေတာ္တို႔တာဝန္ေက်ခဲ့သလို ပရိသတ္ကလည္းကြ်န္ေတာ္တို႔ကုိ အကယ္ဒမီခန္႔မွန္းေပးတဲ့အထိတာဝန္ေက်ခဲ့လုိ႔ေက်းဇူးတင္တယ္လို႔ေျပာခ်င္ပါတယ္”လို႔ ရင္ဖြင့္ထားခဲ့ပါတယ္။

အနုပညာကုိ္ခ်စ္ျပီး ျမတ္နိုးလည္းျမတ္နုိးတာေၾကာင့္ ေရွ႕ဆက္ျပီး ၾကိဳးစားသြားမယ္လို႔လည္း “ရုပ္ရွင္အနုပညာကုိ ခ်စ္လည္းခ်စ္ျပီးေတာ့ ျမတ္နိုးလည္းျမတ္နိုးသလို ပရိသတ္အတြက္ေရာ အနုပညာအတြက္ေရာ ရုပ္ရွင္အတြက္ေရာ အမ်ားၾကီးၾကိဳးစားသြားမယ္။ သရုပ္ေဆာင္တင္မဟုတ္ဘူး။ ရုိက္ကူးမႈအပုိင္းနဲ႔ပတ္သက္ျပီးေတာ့ေရာ production ပုိင္းနဲ႔ပတ္သက္ျပီးေတာ့ေရာ ကြ်န္ေတာ္အနုပညာနဲ႔ပတ္သက္ျပီးေတာ့ တာဝန္ေက်ေအာင္ ကြ်န္ေတာ္ အနုပညာတာဝန္ကုိထမ္းေဆာင္သြားပါမယ္လို႔ေျပာခ်င္ပါတယ္”လို႔ ေျဖၾကားထားတာေတြ႕ရပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ေနတိုးကုိခ်စ္ၾကလား။ မုန္းစြဲနဲ႔ေနတိုးအကယ္ဒမီရမယ္ထင္လား…။ ဒါမွမဟုတ္ ကြယ္လြန္သြားရွာျပီျဖစ္တဲ့ မင္းေသြးကုိ အမွတ္တရအျဖစ္အကယ္ဒမီဆုခ်ီးျမွင့္လိုက္မယ္ထင္လား။ ေနတိုးရဲ႕ေရွ႕ဆက္မယ့္ အနုပညာေတြကုိေရာ အားေပးၾကမွာလား။ေျပာခဲ့ၾကပါဦး။

Credit:Can’t Wait To Say
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#


နေတိုးဟာဆိုရင် လွန်ခဲ့တဲ့နှစ်အတော်ကြာကတည်းက မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားဖြစ်နေခဲ့ပြီး အကယ်ဒမီတွေရထားသလို တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ချစ်မြတ်နိုးမှုကိုခံထားရတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ နေတိုးက အင်တာဗျူးတွေမှာ တည်တည်ငြိမ်ငြိမ်စဉ်းစဉ်းစားစားဖြေလေ့ရှိတာတွေကြောင့်လည်း ပရိသတ်တွေရဲ့လေးစားမှုတွေပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ နေတိုးက မကြာသေးမီက အင်တာဗျူးမှာ အကယ်ဒမီတစ်ကြိုခန့်မှန်းပေးခြင်းခံနေရတဲ့အပေါ်သဘောထားနဲ့ အနုပညာကို အဖက်ဖက်က ဝေဖန်မှုတွေမျာပြားနေတဲ့အကြောင်းကိုလည်းပြောသွားခဲ့ပါတယ်။

ရုပ်ရှင်တွေပေါ် ဝေဖန်နေကြတာတွေအပေါ် နေတိုးက “အခုခေတ်ကလေ ကိုယ်အမြင်မတော်တာတွေကို လွပ်လွပ်လပ်လပ်ထုတ်ဖော်ပိုင်ခွင့်ရှိတဲ့ခေတ်ဆိုတော့ အကြောင်းအရာတစ်ခုကိုကိုယ်နဲ့ဆိုင်သည်ဖြစ်စေမဆိုင်သည်ဖြစ်စေ ကျွန်တော်တို့အနုပညာကို များများဝေဖန်ဖို့လိုတယ်။ ပရိသတ်ကဝေဖန်တာရှိတယ်။ ရဲမှုခင်းနဲ့ ပတ်သက်ပြီးရိုက်ရင်လည်း ရဲတွေကဝေဖန်တာရှိတယ်။ များများဝေဖန်လေအဖြေကိုမြန်မြန်ရှာတွေ့လေပါပဲ။ Online Media တွေကနေရော မျာမးျားဝေဖန်ထောက်ပြဖို့လိုတယ်လို့ကျွန်တော်မြင်ပါတယ်”လို့ ဖြေကြားထားပါတယ်။

ပရိသတ်တွေက နေတိုးကို မုန်းစွဲဇာတ်ကားနဲ့ အကယ်ဒမီမှန်းနေတာကိုတော့ “ဒီကားအပေါ်မှာတော့ အကုန်လုံးက အများကြီးမျှော်လင့်ထားကြတယ်ပေါ့။ မျှော်လင့်လောက်အောင်လည်း Production Team ရော၊ဒါရိုက်တာရော ဇာတ်လမ်းဇာတ်ညွှန်းကအစပေါ့ အစစအရာရာပြည့်စုံအောင်တည်ဆောက်ထားတဲ့ကားလေးဖြစ်ပါတယ်။ လိုအပ်ချက်တွေရှိသေးတယ်ဆိုပေမယ့်လည်း 2019 မှာတော့ လူပြောလည်းများတယ်။ အခုအချိန်အထိကိုလည်းရုံတင်ပြသနေတဲ့ကားဖြစ်တယ်ဆိုတော့ တော်တော်လေးလည်းထူးခြားမှုရှိတဲ့ကားလို့မြင်တယ်လေ။ ကျွန်တော်တို့ရဲ့အနုပညာကို ကျွန်တော်တို့တာဝန်ကျေခဲ့သလို ပရိသတ်ကလည်းကျွန်တော်တို့ကို အကယ်ဒမီခန့်မှန်းပေးတဲ့အထိတာဝန်ကျေခဲ့လို့ကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်”လို့ ရင်ဖွင့်ထားခဲ့ပါတယ်။

အနုပညာကိုချစ်ပြီး မြတ်နိုးလည်းမြတ်နိုးတာကြောင့် ရှေ့ဆက်ပြီး ကြိုးစားသွားမယ်လို့လည်း “ရုပ်ရှင်အနုပညာကို ချစ်လည်းချစ်ပြီးတော့ မြတ်နိုးလည်းမြတ်နိုးသလို ပရိသတ်အတွက်ရော အနုပညာအတွက်ရော ရုပ်ရှင်အတွက်ရော အများကြီးကြိုးစားသွားမယ်။ သရုပ်ဆောင်တင်မဟုတ်ဘူး။ ရိုက်ကူးမှုအပိုင်းနဲ့ပတ်သက်ပြီးတော့ရော production ပိုင်းနဲ့ပတ်သက်ပြီးတော့ရော ကျွန်တော်အနုပညာနဲ့ပတ်သက်ပြီးတော့ တာဝန်ကျေအောင် ကျွန်တော် အနုပညာတာဝန်ကိုထမ်းဆောင်သွားပါမယ်လို့ပြောချင်ပါတယ်”လို့ ဖြေကြားထားတာတွေ့ရပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော နေတိုးကိုချစ်ကြလား။ မုန်းစွဲနဲ့နေတိုးအကယ်ဒမီရမယ်ထင်လား…။ ဒါမှမဟုတ် ကွယ်လွန်သွားရှာပြီဖြစ်တဲ့ မင်းသွေးကို အမှတ်တရအဖြစ်အကယ်ဒမီဆုချီးမြှင့်လိုက်မယ်ထင်လား။ နေတိုးရဲ့ရှေ့ဆက်မယ့် အနုပညာတွေကိုရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Credit:Can’t Wait To Say

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top