iMyanmarHouse.com - Best Property Website for Myanmar
×


စံုတြဲေလးတို႔ေရ ကိုယ့္ခ်စ္သူက ကိုယ္မွကိုယ္ ဂရုစိုက္တာမ်ိဳး လုိခ်င္တယ္ဆိုရင္ေတာ့ Marry က ေျပာျပထားတဲ့ အခ်က္ေလးေတြ လိုက္လုပ္ၾကည့္ေပးေနာ္။

စံုတြဲေလးတိုင္း ဂရုစိုက္တာ ခံခ်င္ၾကတာခ်ည္းပါပဲေနာ္။ ဒါေပမယ့္လည္း မိန္း ကေလးေတြဆီက အမ်ားဆံုး ၾကားရတာက ခ်စ္သူက သိပ္ဂရုမစိုက္ဘူးဆိုတာပါ။ ကိုယ့္ခ်စ္သူက မခ်စ္လုိ႔ မဟုတ္ဘဲ ဂရုစိုက္မႈ အားနည္းတာမ်ိဳး ျဖစ္တတ္ တယ္ေလ။

တကယ္လို႔  ခ်စ္သူဆီက ဂရုစိုက္တာခံခ်င္တယ္ဆိုရင္ေတာ့ ဗ်ဴဟာေလးေတြ လိုတယ္ေနာ္။ ကိုယ့္ခ်စ္သူေလး ဂရုစိုက္လာေအာင္ ဘယ္လိုလုပ္ေဆာင္ရမလဲ ဆိုတာ ေျပာျပမယ္ေနာ္။
အလိုက္သိပါ

ခ်စ္သူရဲ႕ ဂရုစိုက္တာကို ခံခ်င္္တယ္ဆိုရင္ေတာ့ အလိုက္သိဖို႔ လိုပါတယ္။ အလိုက္သိမွ အခ်စ္ခံရမွာပါေနာ္။ ဂရုစိုက္တာကို ခံခ်င္တယ္ဆိုရင္ သူ႔ဘက္က ဂရုစိုက္လာေအာင္ လုပ္ေဆာင္ရမွာမလု႔ိ ကိုယ့္ဘက္က ပထမဆံုး အလိုက္သိဖို႔ အရမ္းအေရးႀကီးပါတယ္။ စိတ္ေကာက္တာေတြ၊ စိတ္ဆိုးတာေတြကို အခ်ိန္အခါ သိၿပီးမွ စိတ္ေကာက္ စိတ္ဆိုးပါ။ ဒါမွ ဂရုတစိုက္ ေခ်ာ့မွာပါ။

အျမဲ စိတ္မေကာက္ပါနဲ႔

အျမဲ စိတ္ေကာက္ၿပီး အျမဲေခ်ာ့ေနရတာကို ဘယ္သူမွ မႀကိဳက္ပါဘူးေနာ္။ ခဏခဏ စိတ္ေကာက္ေနရင္ ရိုးသြားၿပီး ေနာက္ေတာ့လည္း စိတ္ျပန္ေျပသြားမွာေလ ဆိုၿပီး မေခ်ာ့ေတာ ဂရုမစိုက္ေတာ့တာေတြ ရွိပါတယ္။

ဒါေၾကာင့္ ဂရုစိုက္ေစခ်င္တယ္ဆိုရင္ ခဏခဏ စိတ္ေကာက္တာမ်ိဳး မလုပ္ဘဲ တစ္ခါတေလမွ စိတ္ေကာက္ျပလိုက္ရင္ အရမး္ကို ဂရုစိုက္ေနေတာ့မွာပါေနာ္။
အလွျပင္ပါ

ကိုယ့္ခ်စ္သူေကာင္ေလးက ကိုယ့္ကိုပဲ သဝန္ေတြတိုၿပီး ဂရုစိုက္ေနတာမ်ိဳး လိုခ်င္တယ္ဆိုရင္ေတာ့ အလွျပင္ပါေနာ္။ အမ်ားႀကီး ျပင္တာမ်ိဳး မဟုတ္ဘဲ သူသိတယ္ဆိုရံုေလာက္ေလး အလွျပင္ပါ။ တျခားသူေတြကို ဂရုစိုက္မေနဘဲ ကိုယ့္ကိုပဲ ဂရုစိုက္ေနဖုိ႔အတြက္ လွေအာင္ ေနတဲ့ ဗ်ဴဟာေလး လုိပါတယ္ေနာ္။

နည္းနည္းဆိုးပါ

ကုိယ့္ခ်စ္သူ ကိုယ့္ကို ဂရုစိုက္ေစခ်င္ရင္ေတာ့ အျမဲတမ္း ဟုတ္ကဲ့ ဆိုၿပီးေတာ့ မလိမၼာပါနဲ႔ေနာ္။ ကိုယ့္ကို ဂရုစိုက္လာေအာင္ေတာ့ နည္းနည္းေလး ဆိုးေပးဖို႔ လိုပါတယ္။ သူမႀကိဳက္တာေလးေတြ လုပ္ၾကည့္တာမ်ိဳးေပါ့ ဒါဆိုရင္ေတာ့ အရင္က လိမၼာၿပီး အခုမွ ဆုိးတယ္ဆိုေတာ့ နည္းနည္းေလး ဂရုစိုက္လာမွာပါ။
ကိုယ့္ဘက္က ဂရုမစိုက္ေတာ့တဲ့ ပံုစံျပပါ

ကိုယ့္ဘက္က ဂရုမစိုက္ေတာ့တဲ့ ပံုုစံေလး ျပပါ။ ကိုယ့္ဘက္က သိပ္ဂရုမစိုက္ေတာ့ဘူးဆိုရင္ သူ႔ဘက္က နည္းနည္းေလး ပိုၿပီး ဂရုစိုက္လာမွာပါ။ အခ်စ္ဆိုတာ လိုက္ေလေျပးေလ မလားေနာ္။  ကိုယ္ကပဲ ဂရုစိုက္ပါလို႔ မေတာင္းဆိုေနေတာ့ဘူးဆိုရင္ သူ႕ဘက္က ဂရုစိုက္လာမွာပါ။

စံုတြဲေလးတို႔ေရ ကိုယ့္ခ်စ္သူက ကိုယ္မွကိုယ္ ဂရုစိုက္တာမ်ိဳး လုိခ်င္တယ္ဆိုရင္ေတာ့ Marry က ေျပာျပထားတဲ့ အခ်က္ေလးေတြ လိုက္လုပ္ၾကည့္ေပးေနာ္။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

စုံတွဲလေးတို့ရေ ကိုယ့်ချစ်သူက ကိုယ်မှကိုယ် ဂရုစိုက်တာမျိုး လိုချင်တယ်ဆိုရင်တော့ Marry က ပြောပြထားတဲ့ အချက်လေးတွေ လိုက်လုပ်ကြည့်ပေးနော်။

စုံတွဲလေးတိုင်း ဂရုစိုက်တာ ခံချင်ကြတာချည်းပါပဲနော်။ ဒါပေမယ့်လည်း မိန်း ကလေးတွေဆီက အများဆုံး ကြားရတာက ချစ်သူက သိပ်ဂရုမစိုက်ဘူးဆိုတာပါ။ ကိုယ့်ချစ်သူက မချစ်လို့ မဟုတ်ဘဲ ဂရုစိုက်မှု အားနည်းတာမျိုး ဖြစ်တတ် တယ်လေ။

တကယ်လို့  ချစ်သူဆီက ဂရုစိုက်တာခံချင်တယ်ဆိုရင်တော့ ဗျူဟာလေးတွေ လိုတယ်နော်။ ကိုယ့်ချစ်သူလေး ဂရုစိုက်လာအောင် ဘယ်လိုလုပ်ဆောင်ရမလဲ ဆိုတာ ပြောပြမယ်နော်။
အလိုက်သိပါ

ချစ်သူရဲ့ ဂရုစိုက်တာကို ခံချင်တယ်ဆိုရင်တော့ အလိုက်သိဖို့ လိုပါတယ်။ အလိုက်သိမှ အချစ်ခံရမှာပါနော်။ ဂရုစိုက်တာကို ခံချင်တယ်ဆိုရင် သူ့ဘက်က ဂရုစိုက်လာအောင် လုပ်ဆောင်ရမှာမလု့ိ ကိုယ့်ဘက်က ပထမဆုံး အလိုက်သိဖို့ အရမ်းအရေးကြီးပါတယ်။ စိတ်ကောက်တာတွေ၊ စိတ်ဆိုးတာတွေကို အချိန်အခါ သိပြီးမှ စိတ်ကောက် စိတ်ဆိုးပါ။ ဒါမှ ဂရုတစိုက် ချော့မှာပါ။

အမြဲ စိတ်မကောက်ပါနဲ့

အမြဲ စိတ်ကောက်ပြီး အမြဲချော့နေရတာကို ဘယ်သူမှ မကြိုက်ပါဘူးနော်။ ခဏခဏ စိတ်ကောက်နေရင် ရိုးသွားပြီး နောက်တော့လည်း စိတ်ပြန်ပြေသွားမှာလေ ဆိုပြီး မချော့တော ဂရုမစိုက်တော့တာတွေ ရှိပါတယ်။

ဒါကြောင့် ဂရုစိုက်စေချင်တယ်ဆိုရင် ခဏခဏ စိတ်ကောက်တာမျိုး မလုပ်ဘဲ တစ်ခါတလေမှ စိတ်ကောက်ပြလိုက်ရင် အရမ်းကို ဂရုစိုက်နေတော့မှာပါနော်။
အလှပြင်ပါ

ကိုယ့်ချစ်သူကောင်လေးက ကိုယ့်ကိုပဲ သဝန်တွေတိုပြီး ဂရုစိုက်နေတာမျိုး လိုချင်တယ်ဆိုရင်တော့ အလှပြင်ပါနော်။ အများကြီး ပြင်တာမျိုး မဟုတ်ဘဲ သူသိတယ်ဆိုရုံလောက်လေး အလှပြင်ပါ။ တခြားသူတွေကို ဂရုစိုက်မနေဘဲ ကိုယ့်ကိုပဲ ဂရုစိုက်နေဖို့အတွက် လှအောင် နေတဲ့ ဗျူဟာလေး လိုပါတယ်နော်။

နည်းနည်းဆိုးပါ

ကိုယ့်ချစ်သူ ကိုယ့်ကို ဂရုစိုက်စေချင်ရင်တော့ အမြဲတမ်း ဟုတ်ကဲ့ ဆိုပြီးတော့ မလိမ္မာပါနဲ့နော်။ ကိုယ့်ကို ဂရုစိုက်လာအောင်တော့ နည်းနည်းလေး ဆိုးပေးဖို့ လိုပါတယ်။ သူမကြိုက်တာလေးတွေ လုပ်ကြည့်တာမျိုးပေါ့ ဒါဆိုရင်တော့ အရင်က လိမ္မာပြီး အခုမှ ဆိုးတယ်ဆိုတော့ နည်းနည်းလေး ဂရုစိုက်လာမှာပါ။
ကိုယ့်ဘက်က ဂရုမစိုက်တော့တဲ့ ပုံစံပြပါ

ကိုယ့်ဘက်က ဂရုမစိုက်တော့တဲ့ ပုံစံလေး ပြပါ။ ကိုယ့်ဘက်က သိပ်ဂရုမစိုက်တော့ဘူးဆိုရင် သူ့ဘက်က နည်းနည်းလေး ပိုပြီး ဂရုစိုက်လာမှာပါ။ အချစ်ဆိုတာ လိုက်လေပြေးလေ မလားနော်။  ကိုယ်ကပဲ ဂရုစိုက်ပါလို့ မတောင်းဆိုနေတော့ဘူးဆိုရင် သူ့ဘက်က ဂရုစိုက်လာမှာပါ။

စုံတွဲလေးတို့ရေ ကိုယ့်ချစ်သူက ကိုယ်မှကိုယ် ဂရုစိုက်တာမျိုး လိုချင်တယ်ဆိုရင်တော့ Marry က ပြောပြထားတဲ့ အချက်လေးတွေ လိုက်လုပ်ကြည့်ပေးနော်။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top