iMyanmarHouse.com - Best Property Website for Myanmar
×


မိခင္တုိင္း အာထရာေဆာင္း မရိုက္ဖူးတဲ့သူ ရွားမွာပါ။ ကိုယ္ဝန္နဲ႕အာထရာေဆာင္းဆုိတာ ခြဲျခားလို႕မရေအာင္ကို ကိုယ္ဝန္ရွိျပီဆုိတာနဲ႔ အာထရာေဆာင္းရိုက္ေလ့ရွိပါတယ္။ ဒါဆို ဘယ္လို အက်ိဳးေက်းဇူး အေၾကာင္းအရာေတြရွိလို႕ ကိုယ္ဝန္ေဆာင္ေတြ အာထရာေဆာင္း ရိုက္ၾကတာလဲ ။ ။ အာထရာေဆာင္းရိုက္လို္က္ရင္ ဘယ္လို အေၾကာင္းအရာေတြသိႏုိင္လဲ ဆုိတဲ့ အေၾကာင္းေလးကို ဒီေဆာင္ပါးထဲမွာ ေျပာျပေပးေတာ့မွာပါ။ ။

ကိုယ္ဝန္နဲ႔ အာထရာေဆာင္း ။ ။

အာထရာေဆာင္းဆိုတာ အသံလႈိင္းကုိ အသံုးျပဳျပီး ပံုရိပ္ေဖာ္တာျဖစ္လို႕ ကေလးနဲ႕မိခင္အ တြက္ လံုးဝကို အႏၱရာယ္မေပးႏုိင္တဲ့  အရာတစ္ခုပါ။

ကိုယ္ဝန္သက္တမ္းကိုသိဖို႕႔ သားသားေလးလား မီးမီးေလးလားသိဖို႕ နဲ႔ အျခား အေၾကာင္း အရာေတြ အမ်ားၾကီးသိရဖို႕အတြက္ အာထရာေဆာင္းကို အသံုးျပဳၾကတာျဖစ္ပါတယ္။ ဒါဆုိ အျခား အေၾကာင္းအရာေတြက ဘာေတြမ်ားလဲ။ ။

ကိုယ္ဝန္သက္အလိုက္ အာထရာေဆာင္းက အေျဖထုတ္ေပးႏုိင္သည့္အရာမ်ား ။ ။

ကိုယ္ဝန္ ပထမ ၃ လ (ကိုယ္ဝန္ ၁ပတ္ကေန ၁၂ပတ္ အတြင္း) မွာအာထရာေဆာင္းရုိက္ ရင္ သိရမယ့္အေၾကာင္းအရာေတြကေတာ့

    ကိုယ္ဝန္ရွိမရွိ အေျဖထုတ္ေပးျခင္း
    ကိုယ္ဝန္သက္တမ္း ဘယ္ေလာက္ရွိျပီလဲဆုိတာနဲ႔ ေမြးမယ့္ရက္ကို တြက္ခ်က္ႏုိင္ျခင္း
    ကေလး ႏွလံုးခုန္ႏႈန္းကုိ စစ္ေဆးသိရွိႏုိင္ျခင္း
    အျမႊာကိုယ္ဝန္ရွိမရွိ သိႏုိင္ျခင္း
    အခ်င္း၊ သားအိမ္၊ သားဥအိမ္နဲ႕ သားအိမ္ေခါင္းတုိ႕ ပံုမွန္ ဟုတ္မဟုတ္ သိႏုိင္ျခင္း
    ေနရာမွား သေႏၶတည္တာကို သိႏုိင္ျခင္း (သားအိမ္ျပင္ပ သေႏၶတည္ျခင္း)
    သေႏၶသားမွာ တစ္စံုတစ္ရာ ခ်ဳိ႕ယြင္းခ်က္ ရွိမရွိ သိႏုိင္ျခင္း တုိ႕ျဖစ္ပါတယ္။

ကိုယ္ဝန္သက္ ဒုတိယ၃လ (၁၂ပတ္မွ ၂၄ပတ္ ) ႏွင့္ တတိယ ၃ လ ( ၂၄ပတ္မွာ အပတ္ ၄၀ )အတြင္း အာထရာေဆာင္း ထုတ္ေပးႏုိင္တဲ့ အေျဖေတြကေတာ့

ကေလးက ေခါင္းပိုင္းနဲ႕ဖြားမွာလား၊ တင္ပဆံုပိုင္းနဲ႔ ဖြားမွာလား၊ ကန္႕လန္ အေနအ ထားျဖစ္ေန လားဆုိတာကို ၾကိဳသိႏုိင္ျခင္း သားသားေလးလား မီးမီးေလးလားဆိုတာကို ေသခ်ာကြဲျပားစြာသိႏုိင္ျခင္း အျမႊာကိုယ္ဝန္ေတြဆိုရင္ အခ်င္းတစ္ခုတည္းလား၊ အခ်င္း တစ္ခုစီနဲ႔လားဆိုတာကို ေသခ်ာသိရျခင္း

အခ်င္းေရွ႕ေရာက္ေနလား၊ အခ်ိန္မတိုင္ခင္ အ ခ်င္းကြာက်တာမ်ိဳးရွိေနလားဆိုတာကို အေျဖထုတ္ေပးႏုိင္ျခင္း ကိုယ္ဝန္သက္ ၁၃ ပတ္ ၁၄ ပတ္ေလာက္ဆို အာထရာေဆာင္း ရိုိက္လိုက္တာနဲ႔ ခရိုမိုဇုန္း ပံုမွန္မဟုတ္တဲ့Down syndrome ေရာဂါ  ေမြးလာမယ့္ကေလးမွာ ျဖစ္ေနေၾကာင္း သိႏုိင္ျခင္း
   
ကေလးမွာ ေမြးရာပါ ခ်ိဳ႕ယြင္းခ်က္ေတြ ရွိမရွိ နဲ႔ ကိုယ္လက္အဂါၤစံုမစံ ဗုိက္ထဲမွာရွိေနစဥ္ တည္းက ၾကိဳသိႏုိင္ျခင္း ေရျမႊာေရ နည္းေနလား၊ မ်ားေနလားဆိုတာကို သိရျခင္း
အခ်င္းဆီကေန ကေလးက ေအာက္ဆီဂ်င္ အျပည့္အဝရရဲ႕လားဆိုတာကို သိႏုိင္ျခင္း
ကိုယ္ဝန္ကို စမ္းသပ္ရင္းနဲ႔ မိခင္ရဲ႕ သားအိမ္တို႕၊ သားဥအိမ္တို႕မွာ ကင္ဆာ အလံုးအက်ိတ္ ေတြရွိမရွိ တစ္ခါတည္း သိႏုိင္ျခင္း သားအိမ္ေခါင္းအရွည္ကို သိႏုိင္ျခင္း နဲ႕႕႔႔ ဗုိက္ထဲက သေႏၶသား အသက္ရွိမရွိကုိ အတည္ျပဳေပးႏုိင္ျခင္း တို႕ျဖစ္ပါတယ္။ ။

ကိုယ္ဝန္ေဆာင္ေတြ ရုိက္ႏုိင္တဲ့ အာထရေဆာင္း အမ်ိဳးအစား ဘယ္ႏွစ္မ်ိဳးရွိသလဲ ။ ။
Transvaginal ultrasound (မိန္းမကိုယ္တြင္း ထည့္သြင္းရုိက္ေသာ အာထရာေဆာင္း)

    ကိုယ္ဝန္သက္တမ္းႏုစဥ္ ကာလမွာ မိန္းမကိုယ္တြင္းကို ပစၥည္းတစ္ခုထည့္ျပီး ရိုက္တဲ့ အာထရာေဆာင္းျဖစ္ပါတယ္။ ကိုယ္ဝန္ရွိမရွိ အေျဖထုတ္ေပးတဲ့ေနရာမွာ သူကဆရာၾကီးပါ။

3- D အာထရာေဆာင္း

ရိုးရိုး 2 D အာထရာေဆာင္းေတြလို မဟုတ္ဘဲ 3-D အာထရာေဆာင္းမွာဆိုရင္ သေႏၶ သားေလးရဲ႕ ကိုယ္လံုးကိုယ္ထည္နဲ႔ သင့္ကိုယ္တြြင္းက ကလီစာေတြကို ရွင္းရွင္းလင္းလင္း ျမင္ႏိုင္တဲ့အတြက္ ကိုယ္ဝန္မွာ ျပႆနာတစ္စံုတစ္ခုရွိလို႕ကေတာ့ ဒီ 3-D အာထရာေဆာင္း က ေသခ်ာတဲ့အေျဖကို တိတိက်က်ထုတ္ေပးႏုိင္မွာပါ။

4- D အာထရာေဆာင္း

dynamic 3-D ultrasound လို႕လည္းေခၚၾကတဲ့ ဒီ 4- D အာထရာေဆာင္း ဟာဆုိရင္ သေႏၶသားေလးရဲ႕ ကိုယ္လံုးကိုယ္ထည္သာမက သူ႕ရဲ႕ လႈပ္ရွားမႈကိုပါ ေတြ႕ျမင္ရေစတဲ့ အဆင့္ျမင့္ အာထရာေဆာင္းတစ္ခုပါ။

Fetal echocardiography

သေႏၶသားေလးမွာ ေမြးရာပါ ႏွလံုးေရာဂါရွိတယ္လို႕ ဆရာဝန္ေတြ သံသယရွိတဲ့အခါ သံုးတဲ့ ပံုရိပ္ေဖာ္တဲ့ နည္းတစ္မ်ိဳးပဲ ျဖစ္ပါတယ္။ ဗိုက္ထဲက ကေလးရဲ႕ ႏွလံုး ဖြဲ႕စည္းပံု၊ ႏွလံုး အရြယ္ အစား၊ ႏွလံုးမွာ အေပါက္ေတြပါမပါနဲ႔ ႏွလံုး ပံုမွန္ အလုပ္လုပ္ရဲ႕လား ၾကိဳသိႏုိင္တဲ့ ပံုရိပ္ေဖာ္ နည္းပဲ ျဖစ္ပါတယ္။

ဒါေတြကေတာ့ ကိုယ္ဝန္ေဆာင္ေတြကို ဆရာဝန္ေတြ ဘာေၾကာင့္ အာထရာေဆာင္းရုိက္ေပးလဲ အာထရာေဆာင္းကေန ဘယ္လိုအေၾကာင္းအရာေတြကို သိႏုိင္သလဲဆုိတာနဲ႔  အာထရာေဆာင္း ဘယ္ႏွစ္မ်ိဳးရွိလဲဆိုတဲ့ အေၾကာင္းေလးေတြပဲ ျဖစ္ပါတယ္။

Credit:hellosayarwon

 က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


မိခင်တိုင်း အာထရာဆောင်း မရိုက်ဖူးတဲ့သူ ရှားမှာပါ။ ကိုယ်ဝန်နဲ့အာထရာဆောင်းဆိုတာ ခွဲခြားလို့မရအောင်ကို ကိုယ်ဝန်ရှိပြီဆိုတာနဲ့ အာထရာဆောင်းရိုက်လေ့ရှိပါတယ်။ ဒါဆို ဘယ်လို အကျိုးကျေးဇူး အကြောင်းအရာတွေရှိလို့ ကိုယ်ဝန်ဆောင်တွေ အာထရာဆောင်း ရိုက်ကြတာလဲ ။ ။ အာထရာဆောင်းရိုက်လိုက်ရင် ဘယ်လို အကြောင်းအရာတွေသိနိုင်လဲ ဆိုတဲ့ အကြောင်းလေးကို ဒီဆောင်ပါးထဲမှာ ပြောပြပေးတော့မှာပါ။ ။

ကိုယ်ဝန်နဲ့ အာထရာဆောင်း ။ ။

အာထရာဆောင်းဆိုတာ အသံလှိုင်းကို အသုံးပြုပြီး ပုံရိပ်ဖော်တာဖြစ်လို့ ကလေးနဲ့မိခင်အ တွက် လုံးဝကို အန္တရာယ်မပေးနိုင်တဲ့  အရာတစ်ခုပါ။

ကိုယ်ဝန်သက်တမ်းကိုသိဖို့ သားသားလေးလား မီးမီးလေးလားသိဖို့ နဲ့ အခြား အကြောင်း အရာတွေ အများကြီးသိရဖို့အတွက် အာထရာဆောင်းကို အသုံးပြုကြတာဖြစ်ပါတယ်။ ဒါဆို အခြား အကြောင်းအရာတွေက ဘာတွေများလဲ။ ။

ကိုယ်ဝန်သက်အလိုက် အာထရာဆောင်းက အဖြေထုတ်ပေးနိုင်သည့်အရာများ ။ ။

ကိုယ်ဝန် ပထမ ၃ လ (ကိုယ်ဝန် ၁ပတ်ကနေ ၁၂ပတ် အတွင်း) မှာအာထရာဆောင်းရိုက် ရင် သိရမယ့်အကြောင်းအရာတွေကတော့

    ကိုယ်ဝန်ရှိမရှိ အဖြေထုတ်ပေးခြင်း
    ကိုယ်ဝန်သက်တမ်း ဘယ်လောက်ရှိပြီလဲဆိုတာနဲ့ မွေးမယ့်ရက်ကို တွက်ချက်နိုင်ခြင်း
    ကလေး နှလုံးခုန်နှုန်းကို စစ်ဆေးသိရှိနိုင်ခြင်း
    အမြွှာကိုယ်ဝန်ရှိမရှိ သိနိုင်ခြင်း
    အချင်း၊ သားအိမ်၊ သားဥအိမ်နဲ့ သားအိမ်ခေါင်းတို့ ပုံမှန် ဟုတ်မဟုတ် သိနိုင်ခြင်း
    နေရာမှား သန္ဓေတည်တာကို သိနိုင်ခြင်း (သားအိမ်ပြင်ပ သန္ဓေတည်ခြင်း)
    သန္ဓေသားမှာ တစ်စုံတစ်ရာ ချို့ယွင်းချက် ရှိမရှိ သိနိုင်ခြင်း တို့ဖြစ်ပါတယ်။

ကိုယ်ဝန်သက် ဒုတိယ၃လ (၁၂ပတ်မှ ၂၄ပတ် ) နှင့် တတိယ ၃ လ ( ၂၄ပတ်မှာ အပတ် ၄၀ )အတွင်း အာထရာဆောင်း ထုတ်ပေးနိုင်တဲ့ အဖြေတွေကတော့

ကလေးက ခေါင်းပိုင်းနဲ့ဖွားမှာလား၊ တင်ပဆုံပိုင်းနဲ့ ဖွားမှာလား၊ ကန့်လန် အနေအ ထားဖြစ်နေ လားဆိုတာကို ကြိုသိနိုင်ခြင်း သားသားလေးလား မီးမီးလေးလားဆိုတာကို သေချာကွဲပြားစွာသိနိုင်ခြင်း အမြွှာကိုယ်ဝန်တွေဆိုရင် အချင်းတစ်ခုတည်းလား၊ အချင်း တစ်ခုစီနဲ့လားဆိုတာကို သေချာသိရခြင်း

အချင်းရှေ့ရောက်နေလား၊ အချိန်မတိုင်ခင် အ ချင်းကွာကျတာမျိုးရှိနေလားဆိုတာကို အဖြေထုတ်ပေးနိုင်ခြင်း ကိုယ်ဝန်သက် ၁၃ ပတ် ၁၄ ပတ်လောက်ဆို အာထရာဆောင်း ရိုက်လိုက်တာနဲ့ ခရိုမိုဇုန်း ပုံမှန်မဟုတ်တဲ့Down syndrome ရောဂါ  မွေးလာမယ့်ကလေးမှာ ဖြစ်နေကြောင်း သိနိုင်ခြင်း
   
ကလေးမှာ မွေးရာပါ ချို့ယွင်းချက်တွေ ရှိမရှိ နဲ့ ကိုယ်လက်အဂါၤစုံမစံ ဗိုက်ထဲမှာရှိနေစဉ် တည်းက ကြိုသိနိုင်ခြင်း ရေမြွှာရေ နည်းနေလား၊ များနေလားဆိုတာကို သိရခြင်း
အချင်းဆီကနေ ကလေးက အောက်ဆီဂျင် အပြည့်အဝရရဲ့လားဆိုတာကို သိနိုင်ခြင်း
ကိုယ်ဝန်ကို စမ်းသပ်ရင်းနဲ့ မိခင်ရဲ့ သားအိမ်တို့၊ သားဥအိမ်တို့မှာ ကင်ဆာ အလုံးအကျိတ် တွေရှိမရှိ တစ်ခါတည်း သိနိုင်ခြင်း သားအိမ်ခေါင်းအရှည်ကို သိနိုင်ခြင်း နဲ့ ဗိုက်ထဲက သန္ဓေသား အသက်ရှိမရှိကို အတည်ပြုပေးနိုင်ခြင်း တို့ဖြစ်ပါတယ်။ ။

ကိုယ်ဝန်ဆောင်တွေ ရိုက်နိုင်တဲ့ အာထရဆောင်း အမျိုးအစား ဘယ်နှစ်မျိုးရှိသလဲ ။ ။
Transvaginal ultrasound (မိန်းမကိုယ်တွင်း ထည့်သွင်းရိုက်သော အာထရာဆောင်း)

    ကိုယ်ဝန်သက်တမ်းနုစဉ် ကာလမှာ မိန်းမကိုယ်တွင်းကို ပစ္စည်းတစ်ခုထည့်ပြီး ရိုက်တဲ့ အာထရာဆောင်းဖြစ်ပါတယ်။ ကိုယ်ဝန်ရှိမရှိ အဖြေထုတ်ပေးတဲ့နေရာမှာ သူကဆရာကြီးပါ။

3- D အာထရာဆောင်း

ရိုးရိုး 2 D အာထရာဆောင်းတွေလို မဟုတ်ဘဲ 3-D အာထရာဆောင်းမှာဆိုရင် သန္ဓေ သားလေးရဲ့ ကိုယ်လုံးကိုယ်ထည်နဲ့ သင့်ကိုယ်တွင်းက ကလီစာတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်တဲ့အတွက် ကိုယ်ဝန်မှာ ပြဿနာတစ်စုံတစ်ခုရှိလို့ကတော့ ဒီ 3-D အာထရာဆောင်း က သေချာတဲ့အဖြေကို တိတိကျကျထုတ်ပေးနိုင်မှာပါ။

4- D အာထရာဆောင်း

dynamic 3-D ultrasound လို့လည်းခေါ်ကြတဲ့ ဒီ 4- D အာထရာဆောင်း ဟာဆိုရင် သန္ဓေသားလေးရဲ့ ကိုယ်လုံးကိုယ်ထည်သာမက သူ့ရဲ့ လှုပ်ရှားမှုကိုပါ တွေ့မြင်ရစေတဲ့ အဆင့်မြင့် အာထရာဆောင်းတစ်ခုပါ။

Fetal echocardiography

သန္ဓေသားလေးမှာ မွေးရာပါ နှလုံးရောဂါရှိတယ်လို့ ဆရာဝန်တွေ သံသယရှိတဲ့အခါ သုံးတဲ့ ပုံရိပ်ဖော်တဲ့ နည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဗိုက်ထဲက ကလေးရဲ့ နှလုံး ဖွဲ့စည်းပုံ၊ နှလုံး အရွယ် အစား၊ နှလုံးမှာ အပေါက်တွေပါမပါနဲ့ နှလုံး ပုံမှန် အလုပ်လုပ်ရဲ့လား ကြိုသိနိုင်တဲ့ ပုံရိပ်ဖော် နည်းပဲ ဖြစ်ပါတယ်။

ဒါတွေကတော့ ကိုယ်ဝန်ဆောင်တွေကို ဆရာဝန်တွေ ဘာကြောင့် အာထရာဆောင်းရိုက်ပေးလဲ အာထရာဆောင်းကနေ ဘယ်လိုအကြောင်းအရာတွေကို သိနိုင်သလဲဆိုတာနဲ့  အာထရာဆောင်း ဘယ်နှစ်မျိုးရှိလဲဆိုတဲ့ အကြောင်းလေးတွေပဲ ဖြစ်ပါတယ်။

Credit:hellosayarwon

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top