iMyanmarHouse.com - Best Property Website for Myanmar
×


သူတို႔ကရင္းႏွီးေအာင္ေပါင္းျပီး ေနာက္ေက်ာဓားနဲ႔ထိုးတတ္တ့ဲ လူစားမ်ိဳးေတြပါ

ခ်စ္သူေတြျဖစ္လာျပီဆိုရင္ တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ျခင္း ေတြ ယံုၾကည္ျခင္းေတြနဲ႔ တည္ေဆာက္ရ ေတာ့မွာျဖစ္ပါတယ္။ ႏွစ္ေယာက္အတူတူ ေပ်ာ္ရႊင္စရာအခ်စ္ခရီးေတြ ကိုျဖတ္သန္းတဲ့ လမ္းမွာ အေႏွာက္ အယွက္ေလးေတြလည္း အနည္းနဲ႔အမ်ား ရွိတတ္ ပါတယ္။

သင့္ခ်စ္သူကိုသင့္ လက္ထဲက လုယူခ်င္တဲ့သူ ေတြလည္း ရွိတတ္ၾကပါတယ္။ စႏိႈက္ေက်ာ္ေတြဟာ သင့္လူကို လုယူဖို႔ နည္းလမ္းေပါင္းစံုသံုးျပီး ခ်ဥ္းကပ္မွာျဖစ္ပါတယ္။ သူတို႔ ေတြဟာ တတိယလူအျဖစ္နဲ႔ သင္တို႔ျပတ္ဖို႔ကို ေစာင့္စားေနၾက တာျဖစ္ပါတယ္။ ဒီလို ခ်ဥ္းကပ္လာတဲ့အခါမွာ သင့္အေနနဲ႔ စႏိႈက္ေက်ာ္ ဟုတ္မဟုတ္ဆိုိတာကို ေသခ်ာဆန္းစစ္ဖို႔ လိုအပ္တဲ့ အခ်က္ေလးေတြကုိ ေျပာေျပေပးလုိက္ပါတယ္။

စႏိႈက္ေက်ာ္ေတြရဲ႕ပထမဆံုးေျခလွမ္းဟာ ရင္းႏွီးေအာင္လုပ္တာ ပါပဲ။ ကိုယ့္ရဲ႕လက္တြဲေဖာ္နဲ႔ အရင္ဆံုးရင္းႏွီးေအာင္ ၾကံဖန္လမ္း ခင္းၾကပါလိမ့္မယ္။ တစ္ခ်ိဳ႕စႏိႈကေ္က်ာ္ေတြကေတာ့ သင့္ကိုပါ ရင္းႏွီးေအာင္ေပါင္းပါလိမ့္မယ္။

တကယ့္သူငယ္ခ်င္းေကာင္းလို ပံုစံမ်ိဳးနဲ႔ဟန္ေဆာင္ျပီး သင့္ခ်စ္သူကိုလုျပီး သင့္ေနာက္ေက်ာ ကို ဓားနဲ႔ထိုးဖို႔အသင့္ေခ်ာင္းေနၾကတဲ့ ေၾကာက္စရာလူမ်ိဳးေတြပါပဲ။ သူတို႔ဟာ သင့္ခ်စ္သူကို အရင္ဆံုးဂရုစိုက္ျပပါလိမ့္မယ္။

 ေနာက္ ပိုင္းေတြမွာ ပိုျပီးသဲသဲလႈပ္လာပါလိမ့္မယ္။ သင္တို႔ခ်စ္သူႏွစ္ ေယာက္ ကေတာက္ ကဆျဖစ္ေနခ်ိန္ေတြဟာ သူ႕အတြက္ ေတာ့ေရႊပါပဲ။ သင့္ခ်စ္သူကို ႏွစ္သိမ့္ပါလိမ့္မယ္။ အခန္႔မသင့္ရင္ စိတ္ညစ္မခံပါနဲ႔ဆိုတဲ့စကားနဲ႔ လမ္းခြဲဖို႔ထိ တိုက္တြန္းပါလိမ့္ မယ္။

သင့္ေရွ႕မွာသင့္ခ်စ္သူဆိုးေၾကာင္း သင့္ခ်စ္သူေရွ႕မွာ သင့္မေကာင္းေၾကာင္းကို လီဆယ္ျပီး ေျပာပါလိမ့္မယ္။ သင္တို႔ႏွစ္ေယာက္ရဲ႕ အဆင္ေျပသာယာၾကည္ႏူးခ်ိန္ေတြဟာ ေတာ့ သူတို႔အတြက္ အဆိုးရြားဆံုးအခ်ိန္ေတြပါပဲ။ ဒါမ်ိဳးေတြကို ခ်င့္ယံုဖို႔ကေတာ့ သင္တို႔တာ၀န္ပါ။ ခ်စ္သူႏွစ္ဦးၾကားကို သူစိမ္းဖက္လာ ျပီဆိုရင္ အဆင္မေျပႏိုင္ေတာ့ပါဘူး။

စႏိႈက္ေက်ာ္ေတြဟာ မ်က္ရည္လဲျခဴတတ္ပါတယ္။ သူ႕ရဲ႕ အဆင္မေျပမႈေတြကို ဟုတ္ေသာ္ရွိ မဟုတ္ေသာ္ရွိ သနားေအာင္ ေျပာျပီး ဂရုဏာကိုအရင္ရေအာင္ယူတတ္ပါတယ္။ သနားေအာင္ အရင္လုပ္ျပီး ေနာက္ပိုင္းမွာေတာ့ သင့္ခ်စ္သူနဲ႔ရင္းႏွီးပြင့္လင္းတဲ့ အေျခအေန တစ္ခုကိုရေအာင္ ဖန္တီးပါလိမ့္မယ္။

သင့္ခ်စ္သူနဲ႔ သံေယာဇဥ္ေတြျဖစ္လာေအာင္ တမင္လုပ္ယူပါလိမ့္မယ္။ ဒါဟာ စႏိႈက္ေက်ာ္ေတြရဲ႕ လုပ္ရိုးလုပ္စဥ္ဖန္တီးမႈေတြပါပဲ။ သင္တို႔ ႏွစ္ေယာက္ျပတ္ဆဲဖို႔ကို ေပ်ာ္ေပ်ာ္ၾကီးေစာင့္ဆိုင္းေနၾကပါတယ္။ သူတို႕က သင့္ခ်စ္သူကိုပိုင္ဆိုင္ဖို႔ဆိုရင္ သင္ရွိေနရက္နဲ႔ေတာင္ Silent အျဖစ္နဲ႔ ေနတတ္ၾကပါတယ္။

ဒါကေတာ့ သင့္ခ်စ္သူကို ေသခ်ာသတိထား ေလ့လာသင့္တဲ့ အခ်က္တစ္ခုပါ။ သင္နဲ႔သင့္ ခ်စ္သူအေနနဲ႔ ဒီလိုစႏိႈက္ေက်ာ္ေတြရဲ႕ နည္းလမ္းေတြကိုိ သိထား မယ္ဆိုရင္ေတာ့ ခ်ဥ္းကပ္လာတဲ့သူေတြကိုိ အလြယ္တကူ ေလ့လာႏိုင္မွာပါ။

အခ်စ္တစ္ခုဟာ တည္ေဆာက္ဖို႔မလြယ္ကူ တာမို႔ ေနာက္ထပ္ကိုယ့္ကိုခ်ဥ္းကပ္လာတဲ့ သူေတြကိုဂရုမစိုက္ပဲ ကိုယ့္ခ်စ္သူကိုသာ ႏွလံုးသားတစ္ခုလံုးနဲ႔ ရင္းျပီးခ်စ္ပါလို႔ တိုက္တြနး္လုိက္ပါတယ္။


Credit:marry


 ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


သူတို့ကရင်းနှီးအောင်ပေါင်းပြီး နောက်ကျောဓားနဲ့ထိုးတတ်တဲ့ လူစားမျိုးတွေပါ

ချစ်သူတွေဖြစ်လာပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်း တွေ ယုံကြည်ခြင်းတွေနဲ့ တည်ဆောက်ရ တော့မှာဖြစ်ပါတယ်။ နှစ်ယောက်အတူတူ ပျော်ရွှင်စရာအချစ်ခရီးတွေ ကိုဖြတ်သန်းတဲ့ လမ်းမှာ အနှောက် အယှက်လေးတွေလည်း အနည်းနဲ့အများ ရှိတတ် ပါတယ်။

သင့်ချစ်သူကိုသင့် လက်ထဲက လုယူချင်တဲ့သူ တွေလည်း ရှိတတ်ကြပါတယ်။ စနှိုက်ကျော်တွေဟာ သင့်လူကို လုယူဖို့ နည်းလမ်းပေါင်းစုံသုံးပြီး ချဉ်းကပ်မှာဖြစ်ပါတယ်။ သူတို့ တွေဟာ တတိယလူအဖြစ်နဲ့ သင်တို့ပြတ်ဖို့ကို စောင့်စားနေကြ တာဖြစ်ပါတယ်။ ဒီလို ချဉ်းကပ်လာတဲ့အခါမှာ သင့်အနေနဲ့ စနှိုက်ကျော် ဟုတ်မဟုတ်ဆိုတာကို သေချာဆန်းစစ်ဖို့ လိုအပ်တဲ့ အချက်လေးတွေကို ပြောပြေပေးလိုက်ပါတယ်။

စနှိုက်ကျော်တွေရဲ့ပထမဆုံးခြေလှမ်းဟာ ရင်းနှီးအောင်လုပ်တာ ပါပဲ။ ကိုယ့်ရဲ့လက်တွဲဖော်နဲ့ အရင်ဆုံးရင်းနှီးအောင် ကြံဖန်လမ်း ခင်းကြပါလိမ့်မယ်။ တစ်ချို့စနှိုကေ်ကျာ်တွေကတော့ သင့်ကိုပါ ရင်းနှီးအောင်ပေါင်းပါလိမ့်မယ်။

တကယ့်သူငယ်ချင်းကောင်းလို ပုံစံမျိုးနဲ့ဟန်ဆောင်ပြီး သင့်ချစ်သူကိုလုပြီး သင့်နောက်ကျော ကို ဓားနဲ့ထိုးဖို့အသင့်ချောင်းနေကြတဲ့ ကြောက်စရာလူမျိုးတွေပါပဲ။ သူတို့ဟာ သင့်ချစ်သူကို အရင်ဆုံးဂရုစိုက်ပြပါလိမ့်မယ်။

 နောက် ပိုင်းတွေမှာ ပိုပြီးသဲသဲလှုပ်လာပါလိမ့်မယ်။ သင်တို့ချစ်သူနှစ် ယောက် ကတောက် ကဆဖြစ်နေချိန်တွေဟာ သူ့အတွက် တော့ရွှေပါပဲ။ သင့်ချစ်သူကို နှစ်သိမ့်ပါလိမ့်မယ်။ အခန့်မသင့်ရင် စိတ်ညစ်မခံပါနဲ့ဆိုတဲ့စကားနဲ့ လမ်းခွဲဖို့ထိ တိုက်တွန်းပါလိမ့် မယ်။

သင့်ရှေ့မှာသင့်ချစ်သူဆိုးကြောင်း သင့်ချစ်သူရှေ့မှာ သင့်မကောင်းကြောင်းကို လီဆယ်ပြီး ပြောပါလိမ့်မယ်။ သင်တို့နှစ်ယောက်ရဲ့ အဆင်ပြေသာယာကြည်နူးချိန်တွေဟာ တော့ သူတို့အတွက် အဆိုးရွားဆုံးအချိန်တွေပါပဲ။ ဒါမျိုးတွေကို ချင့်ယုံဖို့ကတော့ သင်တို့တာဝန်ပါ။ ချစ်သူနှစ်ဦးကြားကို သူစိမ်းဖက်လာ ပြီဆိုရင် အဆင်မပြေနိုင်တော့ပါဘူး။

စနှိုက်ကျော်တွေဟာ မျက်ရည်လဲခြူတတ်ပါတယ်။ သူ့ရဲ့ အဆင်မပြေမှုတွေကို ဟုတ်သော်ရှိ မဟုတ်သော်ရှိ သနားအောင် ပြောပြီး ဂရုဏာကိုအရင်ရအောင်ယူတတ်ပါတယ်။ သနားအောင် အရင်လုပ်ပြီး နောက်ပိုင်းမှာတော့ သင့်ချစ်သူနဲ့ရင်းနှီးပွင့်လင်းတဲ့ အခြေအနေ တစ်ခုကိုရအောင် ဖန်တီးပါလိမ့်မယ်။

သင့်ချစ်သူနဲ့ သံယောဇဉ်တွေဖြစ်လာအောင် တမင်လုပ်ယူပါလိမ့်မယ်။ ဒါဟာ စနှိုက်ကျော်တွေရဲ့ လုပ်ရိုးလုပ်စဉ်ဖန်တီးမှုတွေပါပဲ။ သင်တို့ နှစ်ယောက်ပြတ်ဆဲဖို့ကို ပျော်ပျော်ကြီးစောင့်ဆိုင်းနေကြပါတယ်။ သူတို့က သင့်ချစ်သူကိုပိုင်ဆိုင်ဖို့ဆိုရင် သင်ရှိနေရက်နဲ့တောင် Silent အဖြစ်နဲ့ နေတတ်ကြပါတယ်။

ဒါကတော့ သင့်ချစ်သူကို သေချာသတိထား လေ့လာသင့်တဲ့ အချက်တစ်ခုပါ။ သင်နဲ့သင့် ချစ်သူအနေနဲ့ ဒီလိုစနှိုက်ကျော်တွေရဲ့ နည်းလမ်းတွေကို သိထား မယ်ဆိုရင်တော့ ချဉ်းကပ်လာတဲ့သူတွေကို အလွယ်တကူ လေ့လာနိုင်မှာပါ။

အချစ်တစ်ခုဟာ တည်ဆောက်ဖို့မလွယ်ကူ တာမို့ နောက်ထပ်ကိုယ့်ကိုချဉ်းကပ်လာတဲ့ သူတွေကိုဂရုမစိုက်ပဲ ကိုယ့်ချစ်သူကိုသာ နှလုံးသားတစ်ခုလုံးနဲ့ ရင်းပြီးချစ်ပါလို့ တိုက်တွန်းလိုက်ပါတယ်။


Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top