iMyanmarHouse.com - Best Property Website for Myanmar
×


ငယ္ငယ္ကတည္းက ေသာက္တတ္သားပဲလို႔မ်ားေတြးေနလား။ လူတိုင္းကေရေသာက္ တတ္တာသိေပမယ့္နည္းစနစ္မွန္မွန္ေသာက္တတ္ရဲ႕လားဆိုတာကေတာ့ မေသခ်ာ ဘူးေလေနာ္။ ေရကို နည္းစနစ္မွန္မွန္ေသာက္တတ္မွလည္း က်န္းမာမွာပါ။ ဒီေတာ့ ေရကိုနည္းစနစ္မွန္မွန္ေသာက္တတ္ဖို႔ ဒီေဆာင္းပါးေလးကို ဖတ္ၾကည့္လိုက္ပါေနာ္။

ေရေသာက္ရတဲ့ပမာဏက အသက္အရြယ္၊ ရာသီဥတုအေျခအေန၊ ကိုယ္အေလးခ်ိန္ နဲ႔ ဘယ္လိုလႈပ္ရွားမႈေတြလုပ္ေနလဲဆိုတဲ့အေပၚမွာ မူတည္ျပီး ကြဲျပားမႈေတြရွိႏိုင္ပါတယ္ေနာ္။ ပံုမွန္အားျဖင့္ေတာ့ လူတစ္ေယာက္ဟာ တစ္ေန႔ကို ေရ ၈ ခြက္ေသာက္ရပါမယ္။ အနည္းဆံုးေတာ့ ၆ ခြက္ေပါ့။ ဒီေသာက္လိုက္တဲ့ေရေတြက အခ်ိန္မွန္ဖို႔လည္းလိုပါမယ္ေနာ္။

ေရလံုေလာက္စြာရရွိမႈက ခႏၶာကိုယ္က်န္းမာေစႏိုင္ပါတယ္

    မွတ္ဉာဏ္ေကာင္းေစတယ္
     အသားအေရစိုျပည္လွပေစတယ္
    ကိုယ္အေလးခ်ိန္က်ေစတယ္
    ကုိယ္အေလးခ်ိန္ ထိန္းညွိေပးႏိုင္တယ္
    အေရျပားျပႆနာကင္းေစႏိုင္တယ္
    ကိုယ္ခံအားစနစ္ေကာင္းေစႏိုင္တယ္
    အစာေျခစနစ္က်န္းမာေစနိုင္တယ္
    ေသြးသန္႔ေစႏိုင္တယ္
    ဆီးလမ္းေၾကာင္းက်န္းမာေစႏိုင္တယ္
    ေက်ာက္ကပ္သန္႔စင္ေစႏိုင္တယ္
    ေသြးသန္႔ေစႏိုင္တယ္
    ေသြးေပါင္ခ်ိန္ထိန္းညွိေပးႏုိင္တယ္
    ေခါင္းကုိက္တာကို သက္သာေစႏိုင္တယ္
    ကိုယ္အပူခ်ိန္က်ေစႏိုင္တယ္
    ႏွလံုးက်န္းမာေစႏိုင္တယ္
    ခံတြင္းနံ႔ဆိုးကင္းေစႏိုင္တယ္
    စိတ္ခံစားမႈေကာင္းေစႏိုင္တယ္။

နည္းစနစ္မွန္မွန္ေရေသာက္ၾကမယ္

မနက္အိပ္ရာထရင္ ေရတစ္ခြက္ေသာက္ပါ

မနက္ႏိုးႏိုးခ်င္းမွာ ေရတစ္ခြက္ေသာက္ပါ။ ကိုယ္တြင္းအဂၤါေတြကို အေကာင္းဆံုး လည္ ပတ္ေစဖို႔ပါ။ မနက္စာမစားခင္ ကိုယ္တြင္းက အဆိပ္အေတာက္ေတြကို ဖယ္ရွားရာ လည္းေရာက္ပါတယ္။

အစားမစားခင္ ေရတစ္ခြက္ေသာက္ပါ

အစားမစားခင္ နာရီဝက္အလိုေလာက္မွာေရတစ္ခြက္ေသာက္ပါ။ ဒါမွ အစာေျခစနစ္က်န္း မာမွာပါ။ တစ္ခြက္ထက္ေတာ့ ပိုမေသာက္မိဖို႔သတိထားပါ။ အစားမစားႏို္င္တာမ်ိဳးျဖစ္ေစႏိုင္ တာေၾကာင့္ပါ။ အစားစားျပီးခ်ိန္မွာလည္း ေရတစ္ခြက္ထက္ပိုမေသာက္ပါနဲ႔။

အစာေျခအက္ဆစ္အားေပ်ာ႔သြားျပီး အစာမေၾကတာမ်ိဳးျဖစ္ေစႏိုင္တာေၾကာင့္ပါ။ အေကာင္း ဆံုးကေတာ့ အူနံရံေတြက အာဟာရေတြကို အျပည့္အဝစုပ္ယူႏိုင္ေစဖို႔အတြက္ ထမင္း စားျပီး တစ္နာရီၾကာမွ ေရေသာက္တာအေကာင္းဆံုးပါ။

ေရမခ်ိဳးခင္ ေရတစ္ခြက္ေသာက္ပါ

ေရမခ်ိဳးခင္ေရတစ္ခြက္ေသာက္ေပးရပါမယ္။ ဒါကေတာ့ ေသြးေပါင္ခ်ိန္ကိုထိန္းညွိဖို႔အ တြက္ပါ။ ေရမခ်ိဳးခင္ ေရတစ္ခြက္ေသာက္ေပးတာက ေသြးတိုးက်ေစနုိင္ပါတယ္ေနာ္။

မအိပ္ခင္ ေရတစ္ခြက္ေသာက္ပါ

ညအိပ္ရာမဝင္ခင္မွာ ေရတစ္ခြက္ေသာက္ေပးပါ။ ညအိပ္ေနစဉ္ေရဓာတ္ဆံုရံႈးမႈကို ကာ ကြယ္ဖို႔အတြက္ပါ။ ညမအိပ္ခင္ေရတစ္ခြက္ေသာက္တာက ေလျဖတ္တာကို ကာ ကြယ္ေပးႏိုင္သလို ရုတ္တရက္နွလံုးရပ္တာျဖစ္နိုင္ေျခကိုလည္း က်ဆင္းေစႏိုင္ပါတယ္ေနာ္။

ကိုယ္ဝန္ေဆာင္မိခင္ေတြ၊ အားကစားသမားေတြ၊ ကာယအားသံုးျပီး အလုပ္လုပ္ေန ရသူေတြ၊ေခၽြးထြက္မ်ားေနသူေတြ၊ ႏို႔တိုက္မိခင္ေတြကေတာ့ ေရကို အျခားသူေတြထက္ ပိုေသာက္ဖို႔လိုအပ္ပါမယ္။

ဒါမွ ခႏၶာကိုယ္မွာ ေရဓာတ္မွ်တျပီး က်န္းမာလန္းဆန္းေနမွာပါ။ နည္းစနစ္ မွန္မွန္ေလးေရေသာက္လို႔ ခႏၶာကိုယ္က်န္းမာေရးကိုေစာင့္ေရွာက္ရေအာင္လား Hello ဆရာဝန္ပရိသတ္ၾကီးေရ……………

Credit:hellosayarwon

က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ငယ်ငယ်ကတည်းက သောက်တတ်သားပဲလို့များတွေးနေလား။ လူတိုင်းကရေသောက် တတ်တာသိပေမယ့်နည်းစနစ်မှန်မှန်သောက်တတ်ရဲ့လားဆိုတာကတော့ မသေချာ ဘူးလေနော်။ ရေကို နည်းစနစ်မှန်မှန်သောက်တတ်မှလည်း ကျန်းမာမှာပါ။ ဒီတော့ ရေကိုနည်းစနစ်မှန်မှန်သောက်တတ်ဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။

ရေသောက်ရတဲ့ပမာဏက အသက်အရွယ်၊ ရာသီဥတုအခြေအနေ၊ ကိုယ်အလေးချိန် နဲ့ ဘယ်လိုလှုပ်ရှားမှုတွေလုပ်နေလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ကွဲပြားမှုတွေရှိနိုင်ပါတယ်နော်။ ပုံမှန်အားဖြင့်တော့ လူတစ်ယောက်ဟာ တစ်နေ့ကို ရေ ၈ ခွက်သောက်ရပါမယ်။ အနည်းဆုံးတော့ ၆ ခွက်ပေါ့။ ဒီသောက်လိုက်တဲ့ရေတွေက အချိန်မှန်ဖို့လည်းလိုပါမယ်နော်။

ရေလုံလောက်စွာရရှိမှုက ခန္ဓာကိုယ်ကျန်းမာစေနိုင်ပါတယ်

    မှတ်ဉာဏ်ကောင်းစေတယ်
     အသားအရေစိုပြည်လှပစေတယ်
    ကိုယ်အလေးချိန်ကျစေတယ်
    ကိုယ်အလေးချိန် ထိန်းညှိပေးနိုင်တယ်
    အရေပြားပြဿနာကင်းစေနိုင်တယ်
    ကိုယ်ခံအားစနစ်ကောင်းစေနိုင်တယ်
    အစာခြေစနစ်ကျန်းမာစေနိုင်တယ်
    သွေးသန့်စေနိုင်တယ်
    ဆီးလမ်းကြောင်းကျန်းမာစေနိုင်တယ်
    ကျောက်ကပ်သန့်စင်စေနိုင်တယ်
    သွေးသန့်စေနိုင်တယ်
    သွေးပေါင်ချိန်ထိန်းညှိပေးနိုင်တယ်
    ခေါင်းကိုက်တာကို သက်သာစေနိုင်တယ်
    ကိုယ်အပူချိန်ကျစေနိုင်တယ်
    နှလုံးကျန်းမာစေနိုင်တယ်
    ခံတွင်းနံ့ဆိုးကင်းစေနိုင်တယ်
    စိတ်ခံစားမှုကောင်းစေနိုင်တယ်။

နည်းစနစ်မှန်မှန်ရေသောက်ကြမယ်

မနက်အိပ်ရာထရင် ရေတစ်ခွက်သောက်ပါ

မနက်နိုးနိုးချင်းမှာ ရေတစ်ခွက်သောက်ပါ။ ကိုယ်တွင်းအင်္ဂါတွေကို အကောင်းဆုံး လည် ပတ်စေဖို့ပါ။ မနက်စာမစားခင် ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားရာ လည်းရောက်ပါတယ်။

အစားမစားခင် ရေတစ်ခွက်သောက်ပါ

အစားမစားခင် နာရီဝက်အလိုလောက်မှာရေတစ်ခွက်သောက်ပါ။ ဒါမှ အစာခြေစနစ်ကျန်း မာမှာပါ။ တစ်ခွက်ထက်တော့ ပိုမသောက်မိဖို့သတိထားပါ။ အစားမစားနိုင်တာမျိုးဖြစ်စေနိုင် တာကြောင့်ပါ။ အစားစားပြီးချိန်မှာလည်း ရေတစ်ခွက်ထက်ပိုမသောက်ပါနဲ့။

အစာခြေအက်ဆစ်အားပျော့သွားပြီး အစာမကြေတာမျိုးဖြစ်စေနိုင်တာကြောင့်ပါ။ အကောင်း ဆုံးကတော့ အူနံရံတွေက အာဟာရတွေကို အပြည့်အဝစုပ်ယူနိုင်စေဖို့အတွက် ထမင်း စားပြီး တစ်နာရီကြာမှ ရေသောက်တာအကောင်းဆုံးပါ။

ရေမချိုးခင် ရေတစ်ခွက်သောက်ပါ

ရေမချိုးခင်ရေတစ်ခွက်သောက်ပေးရပါမယ်။ ဒါကတော့ သွေးပေါင်ချိန်ကိုထိန်းညှိဖို့အ တွက်ပါ။ ရေမချိုးခင် ရေတစ်ခွက်သောက်ပေးတာက သွေးတိုးကျစေနိုင်ပါတယ်နော်။

မအိပ်ခင် ရေတစ်ခွက်သောက်ပါ

ညအိပ်ရာမဝင်ခင်မှာ ရေတစ်ခွက်သောက်ပေးပါ။ ညအိပ်နေစဉ်ရေဓာတ်ဆုံရှုံးမှုကို ကာ ကွယ်ဖို့အတွက်ပါ။ ညမအိပ်ခင်ရေတစ်ခွက်သောက်တာက လေဖြတ်တာကို ကာ ကွယ်ပေးနိုင်သလို ရုတ်တရက်နှလုံးရပ်တာဖြစ်နိုင်ခြေကိုလည်း ကျဆင်းစေနိုင်ပါတယ်နော်။

ကိုယ်ဝန်ဆောင်မိခင်တွေ၊ အားကစားသမားတွေ၊ ကာယအားသုံးပြီး အလုပ်လုပ်နေ ရသူတွေ၊ချွေးထွက်များနေသူတွေ၊ နို့တိုက်မိခင်တွေကတော့ ရေကို အခြားသူတွေထက် ပိုသောက်ဖို့လိုအပ်ပါမယ်။

ဒါမှ ခန္ဓာကိုယ်မှာ ရေဓာတ်မျှတပြီး ကျန်းမာလန်းဆန်းနေမှာပါ။ နည်းစနစ် မှန်မှန်လေးရေသောက်လို့ ခန္ဓာကိုယ်ကျန်းမာရေးကိုစောင့်ရှောက်ရအောင်လား Hello ဆရာဝန်ပရိသတ်ကြီးရေ……………

Credit:hellosayarwon

ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top