iMyanmarHouse.com - Best Property Website for Myanmar
×


လူတုိင္းကေတာ့ အနည္းနဲ႕အမ်ားဆုိသလုိ ဝမ္းဗုိက္ျပႆနာေတြနဲ႕ရင္ဆုိင္ၾကရပါတယ္။ဘာေၾကာင့္ ဗုိက္ေအာင့္ျခင္း၊ ဗုိက္နာျခင္း၊ ဝမ္းဗုိက္မအီမသာျဖစ္ျခင္းေတြ ျဖစ္ပြားရလဲဆုိတဲ႕ အေၾကာင္းျပခ်က္ေတြမ်ားစြာရွိပါတယ္။ ဝမ္းဗုိက္ျပႆနာအမ်ားစု ဟာ အိမ္မွာပဲအလြယ္တကူေျဖရွင္းနုိင္ျပီး အျမဲဆုိသလုိ ဆရာဝန္ ညြန္ၾကားတဲ႕ ေဆးေတြကုိေသာက္ေနစရာမလုိပါဘူး။ ဒီေနရာမွာေတာ့ ဗုိက္ေအာင့္၊ ဗုိက္နာေတြကုိ မ်က္စိတစ္မွိတ္အတြင္းမွာ ေပ်ာက္ကင္းသြားေစနုိ္င္တဲ႕ အိမ္တြင္းနည္းလမ္းေကာင္းေလးေတြကုိေဖာ္ျပေပးလုိက္ပါတယ္။

ငရုတ္သီး

ငရုတ္သီးဟာ ဝမ္းဗုိက္ေဝဒနာ ေတြကုိ ကူညီေပးနုိင္တဲ႕အရာပါ။ ငရုတ္သီးဟာ အက္စစ္ဓာတ္ေလ်ာ့က်ေစျပီး ဝမ္းဗုိက္အတြင္းက ဘက္တီးရီးယားေတြကုိ လဲ သတ္ေပးနုိင္ပါတယ္။ ဒါ႕အျပင္ အစာေျခဖ်က္ျခင္းကုိလဲပုိထိေရာက္ေစပါတယ္။ ဒါေပမယ့္ သတိထားရမွာက ငရုတ္သီးကုိအျခားေသာပါဝင္ပစၥည္းေတြနဲ႕ေရာစပ္စားသုံးဖုိ႕ျဖစ္ပါတယ္။

ေယာဂ

ေယာဂ ပုိစ့္ေတြဟာ အစာေျခဖ်က္ျခင္းကုိ ကူညီေပးျပီး အစာေျခလမ္းေၾကာင္းကၾကြက္သားေတြရဲ႕လႈပ္ရွားမႈကုိ တုိးတက္ေကာင္းမြန္ေစနုိုင္ပါတယ္။ ဒါ႕အျပင္ အစာအိမ္ထဲကျပႆနာျဖစ္ေစတဲ႕ စိတ္ဖိစီးမႈ ကုိေလ်ာ့ခ်ေပးနုိင္ပါတယ္။ ဥပမာ- ဒူးေပၚလက္တင္ျပီး ေျခေထာက္တစ္ဖက္ရဲ႕ဒူးကုိ ၾကမ္းျပင္မွာေထာက္ထားတဲ႕ပုိစ့္ဟာ ေရာင္ေဖာျခင္းနဲ႕ ေလေအာင့္ျခင္းကုိ သက္သာေစနုိင္ပါတယ္။

ဂ်င္း

ဂ်င္းဟာအစာအိမ္က်န္းမာေရးနဲ႕ပတ္သက္ရင္ အံ႕ၾသစရာေကာင္းတဲ႕ ေကာင္းက်ဳိးေတြရွိေနတဲ႕အရာပါ။ ဂ်င္းဟာ ဗုိက္ေအာင့္ျခင္းေတြကုိသက္သာေစျပီး အစာေျခဖ်က္ျခင္းကုိ ကူညီေပးတဲ႕ ေသြးလည္ပတ္မႈကုိလဲေကာင္းေစပါတယ္။ ဂ်င္းဟာ အစာေတြကုိ အစာေျခလမ္းေၾကာင္းကေန ေခ်ာေခ်ာေမြ႕ေမြ႕ျဖတ္သြားေစဖုိ႕နဲ႕ အာဟာရေတြပုိမုိ စုပ္ယူနုိင္ဖုိ႕ကူညီေပးပါတယ္။

ဆန္္

ျမန္မာနုိင္ငံမွာေတာ့ ဆန္ဟာအဓိကအစားအစာပါ။ အာလူး၊ အုတ္စပါး နဲ႕ အျခားေသာ ေကာက္နွံထြက္အစားအစာေတြလုိပဲ ဆန္ဟာလဲ အစာအိမ္ကုိကူညီေပးနုိင္တဲ႕အရာပါ။ အဲ႕ဒီအစားအစာေတြဟာ အစာအိမ္ထဲမွာအၾကာၾကီးမေနဘဲ အက္စစ္ျဖစ္ေပၚမႈကိုလဲလႈံ႕ေဆာ္ေပးမွာမဟုတ္ပါဘူး။

ဆုိဒါ

ဆုိဒါမွာပါဝင္တဲ႕ ဆုိဒီယံကာဘုိဟုိက္ဒရိတ္ဟာ အစားေျချခင္းအေပၚမွာနည္းလမ္းနွစ္ခုနဲ႕အလုပ္ျဖစ္ေစပါတယ္။ ဆုိဒါဟာ ရင္ပူရင္ဆာျခင္းကုိျဖစ္ေစတဲ႕ အစာအိမ္ထဲကအက္စစ္ကုိ ဓာတ္ျပယ္ေစျပီး ဒုတိယနည္းလမ္းကေတာ့ ေလခ်ဥ္တက္ျခင္းကုိျဖစ္ေစတဲ႕ အတြက္ အစာအိမ္ထဲက နာက်င္မႈေတြ ဖိအားေတြကုိ သက္သာသြားေစပါတယ္။

အပူ

ဗုိက္ေအာင့္တဲ႕အခါ ေရေႏြးအိတ္ကပ္ေပးျခင္းျဖင့္ ၾကြက္သားေတြကုိ အပန္းေျပေစျပီး တင္မားျခင္း နဲ႕ နာက်င္မႈေတြကုိ သက္သာေစနုိင္ပါတယ္။ အသုံးျပဳပုံကေတာ့ ေရေႏြးအိတ္ကုိ ဗုိက္ေနရာမွာကပ္ထားလုိက္ရုံပါပဲ။

Credit: Mingalarbarmorning

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

လူတိုင်းကတော့ အနည်းနဲ့အများဆိုသလို ဝမ်းဗိုက်ပြဿနာတွေနဲ့ရင်ဆိုင်ကြရပါတယ်။ဘာကြောင့် ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းဗိုက်မအီမသာဖြစ်ခြင်းတွေ ဖြစ်ပွားရလဲဆိုတဲ့ အကြောင်းပြချက်တွေများစွာရှိပါတယ်။ ဝမ်းဗိုက်ပြဿနာအများစု ဟာ အိမ်မှာပဲအလွယ်တကူဖြေရှင်းနိုင်ပြီး အမြဲဆိုသလို ဆရာဝန် ညွန်ကြားတဲ့ ဆေးတွေကိုသောက်နေစရာမလိုပါဘူး။ ဒီနေရာမှာတော့ ဗိုက်အောင့်၊ ဗိုက်နာတွေကို မျက်စိတစ်မှိတ်အတွင်းမှာ ပျောက်ကင်းသွားစေနိုင်တဲ့ အိမ်တွင်းနည်းလမ်းကောင်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

ငရုတ်သီး

ငရုတ်သီးဟာ ဝမ်းဗိုက်ဝေဒနာ တွေကို ကူညီပေးနိုင်တဲ့အရာပါ။ ငရုတ်သီးဟာ အက်စစ်ဓာတ်လျော့ကျစေပြီး ဝမ်းဗိုက်အတွင်းက ဘက်တီးရီးယားတွေကို လဲ သတ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အစာခြေဖျက်ခြင်းကိုလဲပိုထိရောက်စေပါတယ်။ ဒါပေမယ့် သတိထားရမှာက ငရုတ်သီးကိုအခြားသောပါဝင်ပစ္စည်းတွေနဲ့ရောစပ်စားသုံးဖို့ဖြစ်ပါတယ်။

ယောဂ

ယောဂ ပိုစ့်တွေဟာ အစာခြေဖျက်ခြင်းကို ကူညီပေးပြီး အစာခြေလမ်းကြောင်းကကြွက်သားတွေရဲ့လှုပ်ရှားမှုကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ဒါ့အပြင် အစာအိမ်ထဲကပြဿနာဖြစ်စေတဲ့ စိတ်ဖိစီးမှု ကိုလျော့ချပေးနိုင်ပါတယ်။ ဥပမာ- ဒူးပေါ်လက်တင်ပြီး ခြေထောက်တစ်ဖက်ရဲ့ဒူးကို ကြမ်းပြင်မှာထောက်ထားတဲ့ပိုစ့်ဟာ ရောင်ဖောခြင်းနဲ့ လေအောင့်ခြင်းကို သက်သာစေနိုင်ပါတယ်။

ဂျင်း

ဂျင်းဟာအစာအိမ်ကျန်းမာရေးနဲ့ပတ်သက်ရင် အံ့သြစရာကောင်းတဲ့ ကောင်းကျိုးတွေရှိနေတဲ့အရာပါ။ ဂျင်းဟာ ဗိုက်အောင့်ခြင်းတွေကိုသက်သာစေပြီး အစာခြေဖျက်ခြင်းကို ကူညီပေးတဲ့ သွေးလည်ပတ်မှုကိုလဲကောင်းစေပါတယ်။ ဂျင်းဟာ အစာတွေကို အစာခြေလမ်းကြောင်းကနေ ချောချောမွေ့မွေ့ဖြတ်သွားစေဖို့နဲ့ အာဟာရတွေပိုမို စုပ်ယူနိုင်ဖို့ကူညီပေးပါတယ်။

ဆန်

မြန်မာနိုင်ငံမှာတော့ ဆန်ဟာအဓိကအစားအစာပါ။ အာလူး၊ အုတ်စပါး နဲ့ အခြားသော ကောက်နှံထွက်အစားအစာတွေလိုပဲ ဆန်ဟာလဲ အစာအိမ်ကိုကူညီပေးနိုင်တဲ့အရာပါ။ အဲ့ဒီအစားအစာတွေဟာ အစာအိမ်ထဲမှာအကြာကြီးမနေဘဲ အက်စစ်ဖြစ်ပေါ်မှုကိုလဲလှုံ့ဆော်ပေးမှာမဟုတ်ပါဘူး။

ဆိုဒါ

ဆိုဒါမှာပါဝင်တဲ့ ဆိုဒီယံကာဘိုဟိုက်ဒရိတ်ဟာ အစားခြေခြင်းအပေါ်မှာနည်းလမ်းနှစ်ခုနဲ့အလုပ်ဖြစ်စေပါတယ်။ ဆိုဒါဟာ ရင်ပူရင်ဆာခြင်းကိုဖြစ်စေတဲ့ အစာအိမ်ထဲကအက်စစ်ကို ဓာတ်ပြယ်စေပြီး ဒုတိယနည်းလမ်းကတော့ လေချဉ်တက်ခြင်းကိုဖြစ်စေတဲ့ အတွက် အစာအိမ်ထဲက နာကျင်မှုတွေ ဖိအားတွေကို သက်သာသွားစေပါတယ်။

အပူ

ဗိုက်အောင့်တဲ့အခါ ရေနွေးအိတ်ကပ်ပေးခြင်းဖြင့် ကြွက်သားတွေကို အပန်းပြေစေပြီး တင်မားခြင်း နဲ့ နာကျင်မှုတွေကို သက်သာစေနိုင်ပါတယ်။ အသုံးပြုပုံကတော့ ရေနွေးအိတ်ကို ဗိုက်နေရာမှာကပ်ထားလိုက်ရုံပါပဲ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top