iMyanmarHouse.com - Best Property Website for Myanmar
×


လူၾကားထဲ စကားေျပာထဲအခ်ိန္မွာ ကိုယ့္ခံတြင္းနံ႕ဆုိးလို႕ သူမ်ား ႏွာေခါင္းရံႈ႕သြားတဲ့ ျဖစ္ရပ္မ်ိဳးကို သင္ၾကံဳေတြ႕ေနရျပီဆုိရင္ သင့္ ခံတြင္းက်န္းမာေရးကို ျပန္ဂရုစိုက္ဖို႕လိုေနပါျပီ။ ခံတြင္းနံ႕ဆုိးတာဟာ သင့္ရဲ႕ ကိုယ္ပိုင္ယံုၾကည္မႈကို ထိခိုက္ေစႏုိင္တဲ့အျပင္ သင့္ကိုလူၾကားထဲမွာ အရွက္ရေစတဲ့ ကိစၥတစ္ခုပါ။ ဒီေတာ့ ကိုယ့္ရဲ႕ခံတြင္းနံ႕ဆုိးကို ဘယ္လုိေပ်ာက္ေအာင္ လုပ္မလဲ။  ။

သြားကို ပံုမွန္တိုက္ပါ

ခံတြင္းနံ႕နံတာရဲ႕ အဓိက အေၾကာင္းအရင္းက သြားၾကိဳသြားၾကားထဲမွာ စားၾကြင္းစားက်န္ေတြ က်န္ခဲ့တာေၾကာင့္နဲ႔ သြားေခ်းေတြေၾကာင့္ပါ။ ဒီျပႆာနာကုိ အေျဖရွင္းႏုိ္င္ဆံုးကေတာ့ သြားပံုမွန္တိုက္တာနဲ႔ သြားပြတ္ၾကိဳး အသံုးျပဳေပးတာျဖစ္ပါတယ္။

ခံတြင္းသန္႔စင္ေဆးရည္ကို အသံုးျပဳျပီး ပလုတ္က်င္းပါ

ခံတြင္းသန္႔စင္ေဆးရည္ကို ေန႔စဥ္ အသံုးျပဳေပးပါ။ ခံတြင္းထဲမွာ ရွိတဲ့ ဘက္တီးရီးယားေတြကို ေသေစနုိင္တဲ့ ဘက္တီးရီးယားေတြ ထပ္မေပါက္ေအာင္ တားဆီးေပးႏုိင္တဲ့ ခံတြင္းသန္႔စင္ေဆးရည္ေတြကို သံုးေပးဖို႕ေတာ့ အေရးၾကီးပါတယ္။ ခက္တာက ခံတြင္းသန္႔ေဆးရည္ဆိုတာ ခံတြင္းနံ႔နံတာကို ခဏတာပဲ ေျဖရွင္းေပးနုိင္တာျဖစ္လို႕ ခံတြင္းနံ႔နံတာကို တကယ္အဓိက ျဖစ္ေစတဲ့ အေၾကာင္းအရင္းကို သိျပီး ျပဳျပင္ဖို႕ေတာ့လိုပါတယ္။

ေဆးလိပ္ျဖတ္ပါ

ဆိုးဝါးတဲ့ ခံတြင္းနံ႕ကိုျဖစ္ေစတဲ့ ေနာက္အေၾကာင္းအရင္းတစ္ခ်က္ကေတာ့ ေဆးလိပ္ ေသာက္တာပါ။ ေဆးလိပ္ေၾကာင့္ ခံတြင္းထဲမွာ ဘက္တီးရးးယားေတြ ပိုေပါက္ေစလို႕ ခံတြင္းနံ႕ ဆုိးေစတဲ့အျပင္ ေဆးလိပ္ဟာ သြားေတြကို စြန္းထင္းေစျပီး ခံတြင္းကင္ဆာေတာင္ ျဖစ္ေစတဲ့ အရာတစ္ခုပါ။ ေဆးလိပ္မျဖတ္မခ်င္း ေဆးလိပ္ေၾကာင့္ ျဖစ္တဲ့ ခံတြင္းနံ႕ဆုိးတာကေတာ့ ကပ္ပါေနဦးမွာပါ။

အစားအေသာက္ဆင္ျခင္ပါ

လူၾကားထဲ သြားခါနီး ခံတြင္းနံ႕ဆိုးတာကို ၾကိဳကာကြယ္ခ်င္ရင္ေတာ့ ကိုယ္စားတဲ့ အစားအေသာက္ေတြကို ဆင္ျခင္ေစခ်င္ပါတယ္။ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီတို႔ဟာ ခံတြင္းနံ႕ကိုျပင္းေစတဲ့အျပင္ ေကာ္ဖီဟာလည္း ခံတြင္းနံ႔ဆိုးတာကို ျဖစ္ေစတတ္တဲ့ အရာတစ္ခုပါ။

ခံတြင္းရွင္းေစတဲ့ အစားအေသာက္ေတြ ေရြးစားပါ

တစ္ခ်ိဳ႕ အစားအေသာက္ေတြဟာ စားလိုက္တာနဲ႕ သင့္ခံတြင္းကို သန္႔ရွင္းသြားေစတယ္ဆုိတာ သင္သိပါသလား။ ပန္းသီး၊ သခြားသီးနဲ႔ ဆလပ္ရြက္တို႕ဟာ သင့္ခံတြင္းကို သဘာဝ အတုိင္း သန္႔ရွင္ေးပးတဲ့ အစားအေသာက္ေတြပါ။

လွ်ာပြတ္ၾကိဳးကို အသံုးျပဳပါ

သြားပြတ္တံပဲ သံုးသံုး လွ်ာပြတ္ၾကိဳးကိုပဲ သံုးသံုး လွ်ာေပၚမွာကပ္ေနတဲ့ ခံတြင္းနံ႕ဆိုးတာကိုျဖစ္ေစတဲ့ စားၾကြင္းစားက်န္ေတြ၊ သြားေခ်းေတြနဲ႕ ဘက္တီးရီးယားေတြကို ဖယ္ရွားေပးဖို႕လိုပါတယ္။

သြားဖံုးကုိ ဂရုိစိုက္ပါ

သြားဖံုးျပည္တည္တာတို႕၊ သြားဖံုးအနာျဖစ္တာတို႕ရွိေနရင္ ခံတြင္းနံ႕ဆိုးမယ္ဆိုတာကို ေျပာၾကည့္ဖုိ႕ေတာင္ လိုမယ္မထင္ပါဘူး။ မက်န္းမာတဲ့ သြားဖံုးရဲ႕ ေအာက္ေျခမွာ ကပ္ေနတဲ့ ဘက္တီးရီးယားေတြေၾကာင့္ သင့္သြားဖံုး အနာမက်က္ေတာ့မယ့္ အျပင္ ခံတြင္းနံ႕ ဆုိုးေနမယ္ဆုိတာ ေသခ်ာပါတယ္။ ဒါေၾကာင့္ သြားဖံုးနဲ႔ ပက္သက္လို႕ တစ္ခုခုျဖစ္ခဲ့ရင္ သြားဆရာဝန္ဆီ ေသခ်ာသြားျပတာကသာ အေကာင္းဆံုးပါ။

ပီေကဝါးပါ

ပူရွိန္းပီေက၊ ပူရွိန္းသၾကားလံုးတို႕လို ပူစီနံနဲ႕ လုပ္ထားတဲ့ အခ်ိဳသိပ္မပါတဲ့ ပီေကေတြ ဝါးေပးပါ။ ပီေကမ်ားမ်ားဝါးေလ တံေတြ မ်ားမ်ားထြက္ေလျဖစ္ျပီး သြားေပၚမွာ အစားေတြကပ္က်န္ဖို႕ဆိုတာ မျဖစ္ႏုိ္င္ေတာ့ပါဘူး။

ေရမ်ားမ်ားေသာက္ပါ

သင္ေသာက္လိုက္တဲ့ ေရမ်ားမ်ားေၾကာင့္ သင့္ခံတြင္းထဲမွာရွိတဲ့ ခံတြင္းနံ႕ဆုိးျခင္းကိုျဖစ္ေစတဲ့ အရာေတြ အားလံုး ဝမ္းထဲကို က်သြားမွာ အေသအခ်ာပါ။

သြားႏွင့္ ခံတြင္းဆရာဝန္ဆီ မွန္မွန္ျပပါ

သြားနဲ႕ ခံတြင္းေရာဂါ ျဖစ္မွသြားဆရာဝန္ဆီ သြားတာထက္ မျဖစ္ခင္တည္းက ကိုယ့္ရဲ႕ ခံတြင္းက်န္းမာေရးကို သြားဆရာဝန္ဆီ သြားစစ္တာ အေကာင္းဆံုးပါ။

Credit:Hellosayarwon

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

လူကြားထဲ စကားပြောထဲအချိန်မှာ ကိုယ့်ခံတွင်းနံ့ဆိုးလို့ သူများ နှာခေါင်းရှုံ့သွားတဲ့ ဖြစ်ရပ်မျိုးကို သင်ကြုံတွေ့နေရပြီဆိုရင် သင့် ခံတွင်းကျန်းမာရေးကို ပြန်ဂရုစိုက်ဖို့လိုနေပါပြီ။ ခံတွင်းနံ့ဆိုးတာဟာ သင့်ရဲ့ ကိုယ်ပိုင်ယုံကြည်မှုကို ထိခိုက်စေနိုင်တဲ့အပြင် သင့်ကိုလူကြားထဲမှာ အရှက်ရစေတဲ့ ကိစ္စတစ်ခုပါ။ ဒီတော့ ကိုယ့်ရဲ့ခံတွင်းနံ့ဆိုးကို ဘယ်လိုပျောက်အောင် လုပ်မလဲ။  ။

သွားကို ပုံမှန်တိုက်ပါ

ခံတွင်းနံ့နံတာရဲ့ အဓိက အကြောင်းအရင်းက သွားကြိုသွားကြားထဲမှာ စားကြွင်းစားကျန်တွေ ကျန်ခဲ့တာကြောင့်နဲ့ သွားချေးတွေကြောင့်ပါ။ ဒီပြဿာနာကို အဖြေရှင်းနိုင်ဆုံးကတော့ သွားပုံမှန်တိုက်တာနဲ့ သွားပွတ်ကြိုး အသုံးပြုပေးတာဖြစ်ပါတယ်။

ခံတွင်းသန့်စင်ဆေးရည်ကို အသုံးပြုပြီး ပလုတ်ကျင်းပါ

ခံတွင်းသန့်စင်ဆေးရည်ကို နေ့စဉ် အသုံးပြုပေးပါ။ ခံတွင်းထဲမှာ ရှိတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ ဘက်တီးရီးယားတွေ ထပ်မပေါက်အောင် တားဆီးပေးနိုင်တဲ့ ခံတွင်းသန့်စင်ဆေးရည်တွေကို သုံးပေးဖို့တော့ အရေးကြီးပါတယ်။ ခက်တာက ခံတွင်းသန့်ဆေးရည်ဆိုတာ ခံတွင်းနံ့နံတာကို ခဏတာပဲ ဖြေရှင်းပေးနိုင်တာဖြစ်လို့ ခံတွင်းနံ့နံတာကို တကယ်အဓိက ဖြစ်စေတဲ့ အကြောင်းအရင်းကို သိပြီး ပြုပြင်ဖို့တော့လိုပါတယ်။

ဆေးလိပ်ဖြတ်ပါ

ဆိုးဝါးတဲ့ ခံတွင်းနံ့ကိုဖြစ်စေတဲ့ နောက်အကြောင်းအရင်းတစ်ချက်ကတော့ ဆေးလိပ် သောက်တာပါ။ ဆေးလိပ်ကြောင့် ခံတွင်းထဲမှာ ဘက်တီးရးးယားတွေ ပိုပေါက်စေလို့ ခံတွင်းနံ့ ဆိုးစေတဲ့အပြင် ဆေးလိပ်ဟာ သွားတွေကို စွန်းထင်းစေပြီး ခံတွင်းကင်ဆာတောင် ဖြစ်စေတဲ့ အရာတစ်ခုပါ။ ဆေးလိပ်မဖြတ်မချင်း ဆေးလိပ်ကြောင့် ဖြစ်တဲ့ ခံတွင်းနံ့ဆိုးတာကတော့ ကပ်ပါနေဦးမှာပါ။

အစားအသောက်ဆင်ခြင်ပါ

လူကြားထဲ သွားခါနီး ခံတွင်းနံ့ဆိုးတာကို ကြိုကာကွယ်ချင်ရင်တော့ ကိုယ်စားတဲ့ အစားအသောက်တွေကို ဆင်ခြင်စေချင်ပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ဟာ ခံတွင်းနံ့ကိုပြင်းစေတဲ့အပြင် ကော်ဖီဟာလည်း ခံတွင်းနံ့ဆိုးတာကို ဖြစ်စေတတ်တဲ့ အရာတစ်ခုပါ။

ခံတွင်းရှင်းစေတဲ့ အစားအသောက်တွေ ရွေးစားပါ

တစ်ချို့ အစားအသောက်တွေဟာ စားလိုက်တာနဲ့ သင့်ခံတွင်းကို သန့်ရှင်းသွားစေတယ်ဆိုတာ သင်သိပါသလား။ ပန်းသီး၊ သခွားသီးနဲ့ ဆလပ်ရွက်တို့ဟာ သင့်ခံတွင်းကို သဘာဝ အတိုင်း သန့်ရှင်ေးပးတဲ့ အစားအသောက်တွေပါ။

လျှာပွတ်ကြိုးကို အသုံးပြုပါ

သွားပွတ်တံပဲ သုံးသုံး လျှာပွတ်ကြိုးကိုပဲ သုံးသုံး လျှာပေါ်မှာကပ်နေတဲ့ ခံတွင်းနံ့ဆိုးတာကိုဖြစ်စေတဲ့ စားကြွင်းစားကျန်တွေ၊ သွားချေးတွေနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးဖို့လိုပါတယ်။

သွားဖုံးကို ဂရိုစိုက်ပါ

သွားဖုံးပြည်တည်တာတို့၊ သွားဖုံးအနာဖြစ်တာတို့ရှိနေရင် ခံတွင်းနံ့ဆိုးမယ်ဆိုတာကို ပြောကြည့်ဖို့တောင် လိုမယ်မထင်ပါဘူး။ မကျန်းမာတဲ့ သွားဖုံးရဲ့ အောက်ခြေမှာ ကပ်နေတဲ့ ဘက်တီးရီးယားတွေကြောင့် သင့်သွားဖုံး အနာမကျက်တော့မယ့် အပြင် ခံတွင်းနံ့ ဆိုးနေမယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့် သွားဖုံးနဲ့ ပက်သက်လို့ တစ်ခုခုဖြစ်ခဲ့ရင် သွားဆရာဝန်ဆီ သေချာသွားပြတာကသာ အကောင်းဆုံးပါ။

ပီကေဝါးပါ

ပူရှိန်းပီကေ၊ ပူရှိန်းသကြားလုံးတို့လို ပူစီနံနဲ့ လုပ်ထားတဲ့ အချိုသိပ်မပါတဲ့ ပီကေတွေ ဝါးပေးပါ။ ပီကေများများဝါးလေ တံတွေ များများထွက်လေဖြစ်ပြီး သွားပေါ်မှာ အစားတွေကပ်ကျန်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။

ရေများများသောက်ပါ

သင်သောက်လိုက်တဲ့ ရေများများကြောင့် သင့်ခံတွင်းထဲမှာရှိတဲ့ ခံတွင်းနံ့ဆိုးခြင်းကိုဖြစ်စေတဲ့ အရာတွေ အားလုံး ဝမ်းထဲကို ကျသွားမှာ အသေအချာပါ။

သွားနှင့် ခံတွင်းဆရာဝန်ဆီ မှန်မှန်ပြပါ

သွားနဲ့ ခံတွင်းရောဂါ ဖြစ်မှသွားဆရာဝန်ဆီ သွားတာထက် မဖြစ်ခင်တည်းက ကိုယ့်ရဲ့ ခံတွင်းကျန်းမာရေးကို သွားဆရာဝန်ဆီ သွားစစ်တာ အကောင်းဆုံးပါ။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top