iMyanmarHouse.com - Best Property Website for Myanmar
×



ပါဝင်ပစ္စည်း




နည်းလမ်း


အလှအပ


#Unicode Version# ဖြင့်ဖတ်ပါ ။

ဆံပင် အဆီပြန်တာလောက် စိတ်ညစ်စရာကောင်းတာမရှိပါဘူး။ Oily ဖြစ်တဲ့ Hair ကိုပိုင်ဆိုင်ထားတဲ့သူတွေဆိုသိမှာပါ။ ဒီနေ့ခေါင်းလျှော်ပြီးတာနဲ့ နောက်နေ့ဆို ဦးရေပြားကစပြီးအဆီပြန်တော့တာပါပဲ။ ခေါင်းခဏ ခဏလျှော်ရတော့လည်း ကြာလာတော့ ပျင်းစရာကောင်းလာပါတယ် တစ်နေရာသွားတော့မယ်ဆို ခေါင်းအရင်လျှော်ရတာအမောပါပဲ။ အဆီပြန်တဲ့ခေါင်းနဲ့လည်း အပြင်မထွက်ချင်ဘူးလေ။ ဒီလိုစိတ်ညစ်စရာတွေ ထပ်မဖြစ်ရလေအောင် ထိန်းသိမ်းသင့်တဲ့ နည်းလမ်းတစ်ခုတော့ ရှိပါတယ်။ အဲ့ဒီနည်းလမ်းကိုပဲ ခုပြောပြပေးသွားမှာဖြစ်ပါတယ်။

Oily ဖြစ်တဲ့ဆံပင်ကိုပိုင်ဆိုင်ထားတဲ့သူတိုင်းတော့အတွက်ကတော့ အဖြေမရှိဘူးလို့ယူဆကြပေမယ့် ခုပြောပေးသွားမယ့်နည်းလမ်းကို စိတ်ရှည်စွာ မပျင်းမရိပဲ သေချာစွာပုံမှန်လုပ်ပေးမယ်ဆိုရင် ဒီအိမ်မက်ဆိုးထဲကလွတ်မြောက်နိုင်မှာပါ။ အလုပ်သွား ကျောင်းသွားနေရတဲ့ ပျိုမေတွေအတွက်ဆိုပိုဆိုးပါတယ်။ မနက်တိုင်းမသွားခင်ခေါင်းလျှော်ရတာဟာ အလုပ်ပိုတစ်ခုလိုဖြစ်လာတော့ စိတ်ရှုပ်စရာကောင်းလာပါတယ်။ ကဲ…အိမ်မက်ဆိုးထဲကရုန်းထွက်နိုင်ဖို့ လိုအပ်မယ့် ပါဝင်ပစ္စည်းတွေကိုကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်း

ဒိန်ချဉ် (စားပွဲတင်ဇွန်း ၅ဇွန်း)

Baking Soda မုန့်ဖုတ်ဆိုဒါ (စားပွဲတင်ဇွန်း ၁ဇွန်း)

Lemon Juice သံပုရာရည် (စားပွဲတင်ဇွန်း ၁ဇွန်း)

နည်းလမ်း

အထက်ပါ ပါဝင်ပစ္စည်းတွေကို ဆတူရောပြီး ဦးရေ ဆံကေသာ ထိပ်ဖျားတွေမှာ လိုက်သုတ်လိုက်ပါ။ နောက်ပြီး မိနစ် ၃၀ ၊ ၄၀ ကြာထားပြီး ရေဆေးလိုက်ပါ။ တစ်ပတ်ကို တစ်ခါပဲ ပြုလုပ်ပေးသင့်ပါတယ်။

Credit: mystylemyanmar
အလှအပ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top