iMyanmarHouse.com - Best Property Website for Myanmar
×


ပရိသတ္ေတြရဲ႕ အားေပးမႈ ရ႐ွိေနတဲ့ သ႐ုပ္ေဆာင္ မင္းထက္နဲ႔စုိးနႏၵာေက်ာ္တုိ႔ႏွစ္ဦး အားလုံးသိတဲ့အတုိင္းပဲ မၾကာခင္အခ်ိန္မွာ မဂၤလာေဆာင္ဖုိ႔႐ွိေနပါတယ္။ မင္းထက္ကေတာ့ ကာမလိမ္လည္မႈနဲ႔ တရားဆြဲခံရၿပီး ေနာက္ပုိင္းမွာ ပရိသတ္က ပုိၿပီးေတာ့ ခ်စ္လာတယ္ဆုိၿပီး အကုန္သိ မီဒီယာရဲ႕ အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

သ႐ုပ္ေဆာင္ မင္းထက္က “အမွန္တုိင္းေျပာရရင္ ကြၽန္ေတာ္တုိ႔ ႏွစ္ေယာက္ ဒီလုိျဖစ္သြားတာကုိ ေက်းဇူးတင္ပါတယ္။ ကြၽန္ေတာ္တုိ႔အတြက္ကုိ တြန္းအားျဖစ္သြားတယ္ ကြၽန္ေတာ္တုိ႔ ႏွစ္ဆပုိၾကဳိးစားခ်င္စိတ္ျဖစ္သြားတယ္။ ၿပီးေတာ့ ပရိသတ္ကလည္း ကြၽန္ေတာ္တုိ႔ ေရာက္တဲ့အခ်ိန္မွာ ကြၽန္ေတာ္တုိ႔အတြက္ တုိက္ခုိက္တာတုိ႔ဘာတုိ႔ မၾကဳံရပါဘူး။ ကြၽန္ေတာ္တုိ႔ကုိ တကယ္ရင္းရင္းနီးနီးေႏြးေႏြးေထြးေထြးနဲ႔ ၾကဳိဆုိတဲ့ ပရိသတ္ေတြပါပဲ။


 ကြၽန္ေတာ္တုိ႔အခု ေလွ်ာက္ခဲ့တဲ့ ႐ႈိးေတြဆုိရင္ ေမာ္လျမဳိင္ တစ္ဖက္မွာ ျမဝတီ ေနာက္မေကြး မင္းဘူး ေနာက္ေပ်ာ္ဘြယ္ အဲ့ပရိသတ္ေတြအားလုံး ကြၽန္ေတာ္နဲ႔ ထိေတြ႔ ဆက္ဆံတယ္။ ကြၽန္ေတာ္တုိ႔ဘက္ကလည္း ပရိသတ္ကုိ တစ္ေလးတစ္စားနဲ႔ ဆက္ဆံတဲ့အတြက္ ေစတနာေရာင္ျပန္ဟက္တယ္လုိ႔ ယူဆပါတယ္။ ကြၽန္ေတာ္တုိ႔အေပၚ ေႏြးေထြးတဲ့ ခ်စ္ခင္တဲ့ တုန္႔ျပန္မႈေတြကုိပဲ ကြၽန္ေတာ္တုိ႔ အျမဲတမ္းခံစားရပါတယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

မင္းထက္ကုိ ဘာလုိ႔ လက္တြဲျဖစ္တာလဲလုိ႔ ေမးျမန္းရာမွာ စုိးနႏၵာေက်ာ္က “ညီမသူ႔ကုိ လက္တြဲခဲ့တာက သာယာမႈတစ္ခုမွာပဲ လက္တြဲၿပီးေတာ့ စိတ္ညစ္မႈ တစ္ခုမွာ လက္တြဲျဖဳတ္တယ္မဟုတ္ဘူးေပါ့ေနာ္။ သူဘယ္ပဲသြားသြား ဘာပဲလုပ္လုပ္ ဘယ္အခ်ိန္ပဲ႐ွိ႐ွိ သူ႔ရဲ႕ ေဘးနားမွာ႐ွိေနဖုိ႔အတြက္ ညီမသူ႔ကုိ လက္တြဲခဲ့တာပါ။ အဲ့အတြက္ သူဘယ္လုိလမ္းကုိပဲ ေလွ်ာက္ေနပါေစ ညီမေနာက္ဆုံးအထိ သူ႔နားမွာပဲ လက္တြဲၿပီးေတာ့ ႐ွိေနမွာပါ။ ေပ်ာ္ရႊင္တဲ့အခ်ိန္ သာယာတဲ့အခ်ိန္ေတာ့နင္ခံစား ငါနဲ႔အတူတူလုိက္ခဲ့ က်န္တဲ့အခ်ိန္ေတြက်ေတာ့ နင့္ဟာနင္တစ္ေယာက္တည္းခံဆုိေတာ့ အဲ့လုိမ်ိဳးႀကီးေတာ့ မလုပ္ခ်င္ဘူး။”လုိ႔ ေျပာသြားခဲ့ပါတယ္။


ႏွစ္ေယာက္သားအတြက္ Wedding Plan နဲ႔ပတ္သက္ၿပီး မင္းထက္က “Wedding Plan က ကြၽန္ေတာ္တုိ႔ ေ႐ွ႕ႏွစ္ေလာက္ဆုိရင္ ကြၽန္ေတာ္တုိ႔ လုပ္ျဖစ္မယ္။ ကြၽန္ေတာ္တုိ႔ ႏွစ္ေယာက္က အမွန္တုိင္းေျပာရင္ ေတြ႔ဆုံပုံလည္း ထူးျခားပါတယ္။ ကြၽန္ေတာ္တုိ႔ ႏွစ္ေယာက္က ေတြ႔ခဲ့တာ ၆ႏွစ္ေက်ာ္ၿပီေပါ့ေနာ္။ ကြၽန္တုိ႔ ကားလည္းတစ္ကားမွ အတူတူမ႐ုိက္ဖူးဘူး။ VCD ေတာင္တစ္ခါမွ မ႐ုိက္ဖူးဘူး။ ကြၽန္ေတယ္နဲ႔ သူစေတြ႔ျဖစ္တာက ပရဟိတပြဲေလးတစ္ပြဲမွာ အဲ့ကန္ကလားဆုိတဲ့ ရြာေလး။ ကြၽန္ေတာ္ မဂၤလာေဆာင္ျဖစ္ရင္ေတာင္ ရန္ကုန္မွာ ဘယ္လုိေဆာင္ေဆာင္ အဲ့ဒီရြာေလးမွာ။ ကြၽန္ေတာ္ျမန္မာ့႐ုိးရာအတုိင္းျပန္ေဆာင္ဖုိ႔လုပ္ထားပါတယ္။ဆုိေတာ့ အဲ့ဒီရြာေလးမွာ ကြၽန္ေတာ္ ပရိဟိပြဲေလး သီခ်င္းသြားဆုိရင္းနဲ႔သူနဲ႔ေတြ႔တယ္။

အဲ့ေနာက္ပုိင္းမွာ သူ႔ကုိလည္း ကြၽန္ေတာ္အႏုပညာေၾကးနဲ႔ ေခၚတဲ့ပြဲ အင္မတန္ကုိ႐ွားတယ္။ လက္ခ်ိဳးေရရင္ ႏွစ္ပြဲလားပဲ ႐ွိတယ္ က်န္တာအားလုံး ပရဟိတပြဲပဲ။ ဒါေပမဲ့ သူကြၽန္ေတာ့္ကုိ ဘယ္အခါမွ မျငင္းခဲ့ဘူး။ သူ႔စိတ္ကုိလည္း ကြၽန္ေတာ္ျမင္တယ္ ကြၽန္ေတာ့္စိတ္ကုိလည္း သူျမင္တဲ့အခါ ကြၽန္ေတာ္တုိ႔အခုလုိ လက္တြဲျဖစ္တာပါ။”လုိ႔ ေျပာသြားခဲ့ပါတယ္။


Credit: Nanmalgyi

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version ျဖင့္ ဖတ္ပါ #

ပရိသတ်တွေရဲ့ အားပေးမှု ရရှိနေတဲ့ သရုပ်ဆောင် မင်းထက်နဲ့စိုးနန္ဒာကျော်တို့နှစ်ဦး အားလုံးသိတဲ့အတိုင်းပဲ မကြာခင်အချိန်မှာ မင်္ဂလာဆောင်ဖို့ရှိနေပါတယ်။ မင်းထက်ကတော့ ကာမလိမ်လည်မှုနဲ့ တရားဆွဲခံရပြီး နောက်ပိုင်းမှာ ပရိသတ်က ပိုပြီးတော့ ချစ်လာတယ်ဆိုပြီး အကုန်သိ မီဒီယာရဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။


သရုပ်ဆောင် မင်းထက်က “အမှန်တိုင်းပြောရရင် ကျွန်တော်တို့ နှစ်ယောက် ဒီလိုဖြစ်သွားတာကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အတွက်ကို တွန်းအားဖြစ်သွားတယ် ကျွန်တော်တို့ နှစ်ဆပိုကြိုးစားချင်စိတ်ဖြစ်သွားတယ်။ ပြီးတော့ ပရိသတ်ကလည်း ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ ကျွန်တော်တို့အတွက် တိုက်ခိုက်တာတို့ဘာတို့ မကြုံရပါဘူး။ ကျွန်တော်တို့ကို တကယ်ရင်းရင်းနီးနီးနွေးနွေးထွေးထွေးနဲ့ ကြိုဆိုတဲ့ ပရိသတ်တွေပါပဲ။

 ကျွန်တော်တို့အခု လျှောက်ခဲ့တဲ့ ရှိုးတွေဆိုရင် မော်လမြိုင် တစ်ဖက်မှာ မြဝတီ နောက်မကွေး မင်းဘူး နောက်ပျော်ဘွယ် အဲ့ပရိသတ်တွေအားလုံး ကျွန်တော်နဲ့ ထိတွေ့ ဆက်ဆံတယ်။ ကျွန်တော်တို့ဘက်ကလည်း ပရိသတ်ကို တစ်လေးတစ်စားနဲ့ ဆက်ဆံတဲ့အတွက် စေတနာရောင်ပြန်ဟက်တယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့အပေါ် နွေးထွေးတဲ့ ချစ်ခင်တဲ့ တုန့်ပြန်မှုတွေကိုပဲ ကျွန်တော်တို့ အမြဲတမ်းခံစားရပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။


မင်းထက်ကို ဘာလို့ လက်တွဲဖြစ်တာလဲလို့ မေးမြန်းရာမှာ စိုးနန္ဒာကျော်က “ညီမသူ့ကို လက်တွဲခဲ့တာက သာယာမှုတစ်ခုမှာပဲ လက်တွဲပြီးတော့ စိတ်ညစ်မှု တစ်ခုမှာ လက်တွဲဖြုတ်တယ်မဟုတ်ဘူးပေါ့နော်။ သူဘယ်ပဲသွားသွား ဘာပဲလုပ်လုပ် ဘယ်အချိန်ပဲရှိရှိ သူ့ရဲ့ ဘေးနားမှာရှိနေဖို့အတွက် ညီမသူ့ကို လက်တွဲခဲ့တာပါ။ အဲ့အတွက် သူဘယ်လိုလမ်းကိုပဲ လျှောက်နေပါစေ ညီမနောက်ဆုံးအထိ သူ့နားမှာပဲ လက်တွဲပြီးတော့ ရှိနေမှာပါ။ ပျော်ရွှင်တဲ့အချိန် သာယာတဲ့အချိန်တော့နင်ခံစား ငါနဲ့အတူတူလိုက်ခဲ့ ကျန်တဲ့အချိန်တွေကျတော့ နင့်ဟာနင်တစ်ယောက်တည်းခံဆိုတော့ အဲ့လိုမျိုးကြီးတော့ မလုပ်ချင်ဘူး။”လို့ ပြောသွားခဲ့ပါတယ်။

နှစ်ယောက်သားအတွက် Wedding Plan နဲ့ပတ်သက်ပြီး မင်းထက်က “Wedding Plan က ကျွန်တော်တို့ ရှေ့နှစ်လောက်ဆိုရင် ကျွန်တော်တို့ လုပ်ဖြစ်မယ်။ ကျွန်တော်တို့ နှစ်ယောက်က အမှန်တိုင်းပြောရင် တွေ့ဆုံပုံလည်း ထူးခြားပါတယ်။ ကျွန်တော်တို့ နှစ်ယောက်က တွေ့ခဲ့တာ ၆နှစ်ကျော်ပြီပေါ့နော်။ ကျွန်တို့ ကားလည်းတစ်ကားမှ အတူတူမရိုက်ဖူးဘူး။ VCD တောင်တစ်ခါမှ မရိုက်ဖူးဘူး။ ကျွန်တေယ်နဲ့ သူစတွေ့ဖြစ်တာက ပရဟိတပွဲလေးတစ်ပွဲမှာ အဲ့ကန်ကလားဆိုတဲ့ ရွာလေး။ ကျွန်တော် မင်္ဂလာဆောင်ဖြစ်ရင်တောင် ရန်ကုန်မှာ ဘယ်လိုဆောင်ဆောင် အဲ့ဒီရွာလေးမှာ။ ကျွန်တော်မြန်မာ့ရိုးရာအတိုင်းပြန်ဆောင်ဖို့လုပ်ထားပါတယ်။ဆိုတော့ အဲ့ဒီရွာလေးမှာ ကျွန်တော် ပရိဟိပွဲလေး သီချင်းသွားဆိုရင်းနဲ့သူနဲ့တွေ့တယ်။


အဲ့နောက်ပိုင်းမှာ သူ့ကိုလည်း ကျွန်တော်အနုပညာကြေးနဲ့ ခေါ်တဲ့ပွဲ အင်မတန်ကိုရှားတယ်။ လက်ချိုးရေရင် နှစ်ပွဲလားပဲ ရှိတယ် ကျန်တာအားလုံး ပရဟိတပွဲပဲ။ ဒါပေမဲ့ သူကျွန်တော့်ကို ဘယ်အခါမှ မငြင်းခဲ့ဘူး။ သူ့စိတ်ကိုလည်း ကျွန်တော်မြင်တယ် ကျွန်တော့်စိတ်ကိုလည်း သူမြင်တဲ့အခါ ကျွန်တော်တို့အခုလို လက်တွဲဖြစ်တာပါ။”လို့ ပြောသွားခဲ့ပါတယ်။
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top