iMyanmarHouse.com - Best Property Website for Myanmar
×


ဘာေတြစားမလဲ

ဆယ္လ္မြန္

က်န္းမာေရးအတြက္အေထာက္အကူျပဳတဲ့ အစားအစာေတြထဲကတစ္ခုေပါ့။ omega-3 fatty acids ပါဝင္ေနတာေၾကာင့္ ဓာတ္တိုးဆန္႔က်င္ပစၥည္းပါဝင္ေနတာေၾကာင့္ နာက်င္ေရာင္ ရမ္းမႈကို ေလ်ာ႔ပါးသက္သာေစျပီး ရာသီလာစဉ္နာက်င္ကိုက္ခဲမႈကို သက္သာေစႏိုင္ပါတယ္။ ဒါေၾကာင့္ရာသီလာခ်ိန္မွာ နာက်င္မႈေလ်ာ႔ပါးသက္သာေစခ်င္ရင္ ဆယ္လ္မြန္ငါးစားေပးပါ။

ငွက္ေပ်ာသီး

စားရတာလြယ္ျပီး ရာသီလာစဉ္နာက်င္ကိုက္ခဲတာ၊ ပင္ပန္းႏြမ္းနယ္တာကို သက္သာေစႏိုင္ ပါတယ္။ အမွ်င္ဓာတ္ပါဝင္မႈေၾကာင့္ ရာသီလာစဉ္ ဝမ္းခ်ဳပ္တာကို သက္သာေစႏိုင္ပါတယ္။ ၾကြက္သားေတြကိုေျပေလ်ာ့ေစျပီး စိတ္ခံစားမႈကိုေကာင္းမြန္ေစႏိုင္ပါတယ္။

အနက္ေရာင္ေခ်ာကလက္

အခ်ိဳနည္းတဲ့ အနက္ေရာင္ေခ်ာကလက္က ရာသီလာခ်ိန္မွာ စိတ္ခံစားမႈေကာင္းေစသလို နာက်င္ကိုက္ခဲမႈကိုပါသက္သာေစနိုင္တာပါေနာ္။ ရာသီလာခ်ိန္မွာ အနက္ေရာင္ေခ်ာကလက္ နည္နည္းေလာက္စားေပးလို႔ရပါတယ္။

ပန္းေဂၚဖီစိမ္း

အမွ်င္ဓာတ္နဲ႔သံဓာတ္ပါဝင္မႈေၾကာင့္ ရာသီလာစဉ္ေသြးဆင္းတာေၾကာင့္ သံဓာတ္ဆံုးရံႈး တာကို သက္သာေစႏိုင္ပါတယ္။ ေလပြတာကိုလည္း သက္သာေစႏိုင္ျပီး ခႏၶာကိုယ္ ကိုေရဓာတ္ျပည့္ေနေစပါတယ္။

ဖရဲသီး

ဖရဲသီးမွာပါတဲ့ သဘာဝအခ်ိဳဓာတ္ကရာသီလာတာေၾကာင့္ ခႏၶာကိုယ္က ဆံုးရံႈးသြား တဲ့အင္အားေတြကိုျဖည့္ေပးပါတယ္။ ဗီတာမင္ ၾကြယ္ဝစြာပါဝင္တာေၾကာင့္ ေလပြတာ ကိုမျဖစ္ေအာင္ကာကြယ္ေပးႏိုင္ပါတယ္။ ေရဓာတ္ျပည့္ဝတာေၾကာင့္ ခႏၶာကိုယ္ကိုေရ ဓာတ္ျဖည့္ေပးျပီး ရာသီလာစဉ္ နာက်င္ကိုက္ခဲမႈကိုသက္သာေစႏိုင္ပါတယ္။ စိတ္ခံစားမႈကို လည္း ေကာင္းေစႏိုင္ပါတယ္။

ဥအမ်ိဳးမ်ိဳး

က်န္းမာေရးနဲ႔အညီညြတ္ဆံုးအစားအစာတစ္မ်ိဳးေပါ့။ ၾကက္ဥအႏွစ္မွာ သံဓာတ္ၾကြယ္ဝ စြာပါဝင္ေနပါတယ္။ ေပ်ာ္ဝင္နုိင္တဲ့အဆီ၊ဗီတာမင္ နဲ႔ ခႏၶာကိုယ္အတြက္ မရွိမျဖစ္အေရးပါတဲ့ Fatty Acid နဲ႔ ပရိုတင္းတို႔ပါဝငေနတာေၾကာင့္ ရာသီလာခ်ိန္မွာ ခႏၶာကိုယ္ကို အား အင္ျပည့္ေနစမွာအေသအခ်ာပါ။ ၾကက္ဥကို မက်က္တက်က္ေလးျပဳျပီး စားေပးပါေနာ္။

ဘာေတြေရွာင္ရမလဲ

အခ်ိဳရည္ေတြ

အခ်ိဳကဲတဲ့ အခ်ိဳရည္ေတြ။ ဆိုဒါလိုမ်ိုးေသာက္စရာေတြက ရာသီလာစဉ္မ်ာ နာက်င္ ကိုက္ခဲမႈကို ပိုဆိုးေစႏိုင္ပါတယ္။ ခႏၶာကိုယ္ကို လိုအပ္တျ့ေရဓာတ္ရရွိေစမႈမွာ အဟန္႔အ တားျဖစ္ေစတာေၾကာင့္ ရာသီလာေနခ်ိန္မွာ အခ်ိဳရည္ေတြမေသာက္ပါနဲ႔။

ျပဳျပင္ထားတဲ့အစားအစာေတြ

အငန္ဓာတ္ပါဝင္မႈေၾကာင့္ ဗိုက္ထဲမွာ မအီမသာျဖစ္ေစႏုိင္ပါတယ္။ ဒါေၾကာင့္ ရာသီလာ ခ်ိန္မွာ အငန္ကဲတဲ့အစားအစာေတြ ျပဳျပင္ထားတဲ့အစားအစာေတြကို မစားဖို႔ေျပာပါရေစနာ္။

ဆီေၾကာ္စာေတြ

အဆီမ်ားတဲ့အစားအစာေတြက ရာသီလာစဉ္နာက်င္ကိုက္ခဲမႈကို ပိုဆိုးေစႏိုင္ပါတယ္။ ေျပာ ခ်င္တာကေတာ့ ရာသီလာခ်ိန္မွၾ သက္ေတာင့္သက္သာျဖစ္ေနေစဖို႔ အဆီမ်ားတဲ့ အစားအစာေတြကိုေရွာင္ေပးပါေနာ္။

ကဖင္း

ကုိယ္တြင္းသံဓာတ္ကိုထိခိုက္ေစႏိုင္တာေၾကာင့္ ရာသီလာခ်ိန္မွာ လက္ဖက္ရည္၊ေကာ္ဖီေတြ ကိုၾကိဳက္တယ္ဆိုရင္ေတာင္ မေသာက္ပါနဲ႔၊ လက္ဖက္သုပ္ေလးလည္းေရွာင္ပါေနာ္။

အစပ္မ်ားတဲ့အစားအစာေတြ

အစပ္မ်ားတဲ့အစားစအာေတြက ေလပြတာ၊ ဝမ္းသြားတာမ်ိဳးေတြကိုျဖစ္ေစႏုိင္သလို ရာသီ လာခ်ိန္ခံစားရတဲ့ ေဝဒနာေတြကိုပိုဆိုးေစႏိုင္ပါတယ္။ ဒါေၾကာင့္ အစပ္ေတြမစား ဖို႔လည္းေျပာပါရေစေနာ္။

ကဲ…. ခႏၶာကိုယ္မွာရာသီလာတာေၾကာင့္ ေဝဒနာခံစားရသက္သာစဖို႔ ဒီအစားအစာေလးေတြကို စားေပးပါေနာ္။

Credit:hellosayarwon

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ဘာတွေစားမလဲ

ဆယ်လ်မွန်

ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့ အစားအစာတွေထဲကတစ်ခုပေါ့။ omega-3 fatty acids ပါဝင်နေတာကြောင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်နေတာကြောင့် နာကျင်ရောင် ရမ်းမှုကို လျော့ပါးသက်သာစေပြီး ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့်ရာသီလာချိန်မှာ နာကျင်မှုလျော့ပါးသက်သာစေချင်ရင် ဆယ်လ်မွန်ငါးစားပေးပါ။

ငှက်ပျောသီး

စားရတာလွယ်ပြီး ရာသီလာစဉ်နာကျင်ကိုက်ခဲတာ၊ ပင်ပန်းနွမ်းနယ်တာကို သက်သာစေနိုင် ပါတယ်။ အမျှင်ဓာတ်ပါဝင်မှုကြောင့် ရာသီလာစဉ် ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။ ကြွက်သားတွေကိုပြေလျော့စေပြီး စိတ်ခံစားမှုကိုကောင်းမွန်စေနိုင်ပါတယ်။

အနက်ရောင်ချောကလက်

အချိုနည်းတဲ့ အနက်ရောင်ချောကလက်က ရာသီလာချိန်မှာ စိတ်ခံစားမှုကောင်းစေသလို နာကျင်ကိုက်ခဲမှုကိုပါသက်သာစေနိုင်တာပါနော်။ ရာသီလာချိန်မှာ အနက်ရောင်ချောကလက် နည်နည်းလောက်စားပေးလို့ရပါတယ်။

ပန်းဂေါ်ဖီစိမ်း

အမျှင်ဓာတ်နဲ့သံဓာတ်ပါဝင်မှုကြောင့် ရာသီလာစဉ်သွေးဆင်းတာကြောင့် သံဓာတ်ဆုံးရှုံး တာကို သက်သာစေနိုင်ပါတယ်။ လေပွတာကိုလည်း သက်သာစေနိုင်ပြီး ခန္ဓာကိုယ် ကိုရေဓာတ်ပြည့်နေစေပါတယ်။

ဖရဲသီး

ဖရဲသီးမှာပါတဲ့ သဘာဝအချိုဓာတ်ကရာသီလာတာကြောင့် ခန္ဓာကိုယ်က ဆုံးရှုံးသွား တဲ့အင်အားတွေကိုဖြည့်ပေးပါတယ်။ ဗီတာမင် ကြွယ်ဝစွာပါဝင်တာကြောင့် လေပွတာ ကိုမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ရေဓာတ်ပြည့်ဝတာကြောင့် ခန္ဓာကိုယ်ကိုရေ ဓာတ်ဖြည့်ပေးပြီး ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကိုသက်သာစေနိုင်ပါတယ်။ စိတ်ခံစားမှုကို လည်း ကောင်းစေနိုင်ပါတယ်။

ဥအမျိုးမျိုး

ကျန်းမာရေးနဲ့အညီညွတ်ဆုံးအစားအစာတစ်မျိုးပေါ့။ ကြက်ဥအနှစ်မှာ သံဓာတ်ကြွယ်ဝ စွာပါဝင်နေပါတယ်။ ပျော်ဝင်နိုင်တဲ့အဆီ၊ဗီတာမင် နဲ့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်အရေးပါတဲ့ Fatty Acid နဲ့ ပရိုတင်းတို့ပါဝငနေတာကြောင့် ရာသီလာချိန်မှာ ခန္ဓာကိုယ်ကို အား အင်ပြည့်နေစမှာအသေအချာပါ။ ကြက်ဥကို မကျက်တကျက်လေးပြုပြီး စားပေးပါနော်။

ဘာတွေရှောင်ရမလဲ

အချိုရည်တွေ

အချိုကဲတဲ့ အချိုရည်တွေ။ ဆိုဒါလိုမျိုးသောက်စရာတွေက ရာသီလာစဉ်မျာ နာကျင် ကိုက်ခဲမှုကို ပိုဆိုးစေနိုင်ပါတယ်။ ခန္ဓာကိုယ်ကို လိုအပ်တြ့ရေဓာတ်ရရှိစေမှုမှာ အဟန့်အ တားဖြစ်စေတာကြောင့် ရာသီလာနေချိန်မှာ အချိုရည်တွေမသောက်ပါနဲ့။

ပြုပြင်ထားတဲ့အစားအစာတွေ

အငန်ဓာတ်ပါဝင်မှုကြောင့် ဗိုက်ထဲမှာ မအီမသာဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရာသီလာ ချိန်မှာ အငန်ကဲတဲ့အစားအစာတွေ ပြုပြင်ထားတဲ့အစားအစာတွေကို မစားဖို့ပြောပါရစေနာ်။

ဆီကြော်စာတွေ

အဆီများတဲ့အစားအစာတွေက ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကို ပိုဆိုးစေနိုင်ပါတယ်။ ပြော ချင်တာကတော့ ရာသီလာချိန်မြှ သက်တောင့်သက်သာဖြစ်နေစေဖို့ အဆီများတဲ့ အစားအစာတွေကိုရှောင်ပေးပါနော်။

ကဖင်း

ကိုယ်တွင်းသံဓာတ်ကိုထိခိုက်စေနိုင်တာကြောင့် ရာသီလာချိန်မှာ လက်ဖက်ရည်၊ကော်ဖီတွေ ကိုကြိုက်တယ်ဆိုရင်တောင် မသောက်ပါနဲ့၊ လက်ဖက်သုပ်လေးလည်းရှောင်ပါနော်။

အစပ်များတဲ့အစားအစာတွေ

အစပ်များတဲ့အစားစအာတွေက လေပွတာ၊ ဝမ်းသွားတာမျိုးတွေကိုဖြစ်စေနိုင်သလို ရာသီ လာချိန်ခံစားရတဲ့ ဝေဒနာတွေကိုပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အစပ်တွေမစား ဖို့လည်းပြောပါရစေနော်။

ကဲ…. ခန္ဓာကိုယ်မှာရာသီလာတာကြောင့် ဝေဒနာခံစားရသက်သာစဖို့ ဒီအစားအစာလေးတွေကို စားပေးပါနော်။

Credit:hellosayarwon

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top