iMyanmarHouse.com - Best Property Website for Myanmar
×

 

လက္ထပ္ၿပီးေနာက္မွာ တအိုးတအိမ္ ခြဲမေနျဖစ္ဘဲ ေယာကၡမအိမ္မွာ လိုက္ေနမယ္ ဆိုရင္ေတာ့ သိထားသင့္တဲ့ အခ်က္ေတြ ရွိပါတယ္။

သတို႔သား၊ သတို႔သမီးေလးတို႔ မဂၤလာပြဲေလးၿပီးရင္ ႏွစ္ေယာက္တည္း တိုင္းျပည္ကို ဘယ္ မွာ တည္ေဆာက္မယ္စိတ္ကူးထားလဲ သတို႔သား၊ သတို႔သမီးေလးတို႔ လက္ထပ္ၿပီးေနာက္ မွာ တအိုးတအိမ္ ခြဲမေနျဖစ္ဘဲ ေယာကၡမအိမ္မွာ လိုက္ေနမယ္ဆိုရင္ေတာ့ သိထားသင့္တဲ့ အခ်က္ေတြ ရွိပါတယ္။ ဒါမွ ေယာကၡမနဲ႔ အဆင္ေျပမွာမလားေနာ္။

ေယာကၡမအေၾကာင္း ႀကိဳသိထားပါ

ဘယ္သူ႔အိမ္ပဲ လိုက္ေနေန ေယာကၡမအေၾကာင္းကို သိထားဖို႔ လိုပါတယ္။ ကိုယ့္ေယာကၡမ က စည္းကမ္းတင္းက်ပ္တဲ့သူလား၊ လူႀကီးအရမ္းဆန္လား၊ ေပါ့ေပါ့ပါးပါး ေနတတ္တဲ့သူလား အစရွိသျဖင့္ သိထားရမယ့္ ကိစၥေတြ အရမ္းမ်ားပါတယ္ေနာ္။ ဒီလိုအခ်က္ေတြကို ႀကိဳတင္ၿပီး သိထားမယ္ဆိုရင္ သူမႀကိဳက္တဲ့အခ်က္ေတြ မလုပ္မိေအာင္ ႀကိဳၿပီး ျပင္ဆင္လို႔ ရမွာပါ။

အလိုက္သိပါ

တစ္အိမ္ထဲမွာ စုေပါင္းၿပီး ေနရမယ္ဆိုရင္ တစ္ေယာက္နဲ႔ တစ္ေယာက္ အဆင္ေျပေစဖို႔ အလိုက္သိဖုိ႔ လိုအပ္ပါတယ္ေနာ္။ ဒါကလည္း အရမ္းကို အေရးႀကီးပါတယ္။ မိသားစုဝင္ေတြ နဲ႔ ေျပလည္ေအာင္ အလိုက္တသိ ေနရပါမယ္။ အိမ္မႈကိစၥေတြ၊ လူမႈေရးကိစၥေတြမွာ အလုိ္က္တသိ ပါဝင္ဖို႔ လိုပါတယ္။ ဒါမွ ေယာကၡမကလည္း ကိုယ့္ကို ၾကည္ျဖဴႏိုင္မွာပါ။



လိုက္နာပါ

ေယာကၡမအိမ္မွာ လိုက္ေနမယ္ဆိုရင္ ေယာကၡမရဲ႕ စည္းကမ္းေတြ ရွိမွာပါ။ ဒါေတြကို လိုက္နာဖို႔ လိုပါတယ္ေနာ္။ ညဘက္ မိုးခ်ဳပ္ အျပင္ထြက္တာ၊ မိုးခ်ဳပ္မွ ျပန္လာတာ၊ ညစာကို အျပင္မွာ ထြက္စားတာမ်ိဳးေတြ ဆင္ျခင္ဖို႔ လိုပါတယ္။

ကန္႔သတ္ခ်က္ေတြ ရွိပါ

မိသားစုဝင္ေတြ အတူတကြ ေနတဲ့အခါ ကန္႔သတ္ခ်က္ေတြ ရွိဖို႔ လိုပါတယ္။ ကိုယ္ေရး ကိုယ္တာ ကိစၥေတြမွာ ဝင္ေရာက္စြက္ဖက္တာမ်ိဳးေတြ မလုပ္ပါနဲ႔။ သီးသန္႔သံုးတဲ့ ပစၥည္းေတြ ကို ခြင့္မေတာင္းဘဲ ယူကိုင္တာမ်ိဳး ေရွာင္ပါ။ ထမင္း ဟင္း အတူတူ စုၿပီးခ်က္စားတာ မ်ိဳးဆိုရင္လည္း ဟင္းမႀကိဳက္လို႔ အရမ္းဇီဇာေၾကာင္တာမ်ိဳးေတြ ေရွာင္ပါ။

အေကာင္းျမင္စိတ္ေမြးပါ

မိသားစုဝင္ေတြ အခ်င္းခ်င္း အဆင္ေျပဖုိ႔ဆိုရင္ တစ္ဦးနဲ႔တစ္ဦး အေကာင္းျမင္စိတ္ေတြ ရွိဖုိ႔ လိုပါတယ္။ ကိုယ္ကိုယ္တိုင္က အစ အေကာင္းျမင္စိတ္ေမြးပါ။ ကိုယ့္ရဲ႕ မိဘအိမ္မွာလို အဆင္မေျပတာေတြ ႀကံဳလာတဲ့အခါမွာလည္း စိတ္ပ်က္အားငယ္ေနတာမ်ိဳး မလုပ္ဘဲ ဒါက ျဖစ္တတ္တဲ့ သဘာဝပဲလို႔ ေတြးေပးဖို႔ လိုပါတယ္။

ေယာကၡမနဲ႔ အတူတူ ေနမယ္ဆိုရင္ အဆင္ေျပေစဖို႔ Marry က ေျပာျပထားတဲ့ အခ်က္ေတြကို မေမ့ပါနဲ႔ေနာ္။

Credit:marry

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #




 လက်ထပ်ပြီးနောက်မှာ တအိုးတအိမ် ခွဲမနေဖြစ်ဘဲ ယောက္ခမအိမ်မှာ လိုက်နေမယ် ဆိုရင်တော့ သိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။

သတို့သား၊ သတို့သမီးလေးတို့ မင်္ဂလာပွဲလေးပြီးရင် နှစ်ယောက်တည်း တိုင်းပြည်ကို ဘယ် မှာ တည်ဆောက်မယ်စိတ်ကူးထားလဲ သတို့သား၊ သတို့သမီးလေးတို့ လက်ထပ်ပြီးနောက် မှာ တအိုးတအိမ် ခွဲမနေဖြစ်ဘဲ ယောက္ခမအိမ်မှာ လိုက်နေမယ်ဆိုရင်တော့ သိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။ ဒါမှ ယောက္ခမနဲ့ အဆင်ပြေမှာမလားနော်။

ယောက္ခမအကြောင်း ကြိုသိထားပါ

ဘယ်သူ့အိမ်ပဲ လိုက်နေနေ ယောက္ခမအကြောင်းကို သိထားဖို့ လိုပါတယ်။ ကိုယ့်ယောက္ခမ က စည်းကမ်းတင်းကျပ်တဲ့သူလား၊ လူကြီးအရမ်းဆန်လား၊ ပေါ့ပေါ့ပါးပါး နေတတ်တဲ့သူလား အစရှိသဖြင့် သိထားရမယ့် ကိစ္စတွေ အရမ်းများပါတယ်နော်။ ဒီလိုအချက်တွေကို ကြိုတင်ပြီး သိထားမယ်ဆိုရင် သူမကြိုက်တဲ့အချက်တွေ မလုပ်မိအောင် ကြိုပြီး ပြင်ဆင်လို့ ရမှာပါ။

အလိုက်သိပါ

တစ်အိမ်ထဲမှာ စုပေါင်းပြီး နေရမယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေစေဖို့ အလိုက်သိဖို့ လိုအပ်ပါတယ်နော်။ ဒါကလည်း အရမ်းကို အရေးကြီးပါတယ်။ မိသားစုဝင်တွေ နဲ့ ပြေလည်အောင် အလိုက်တသိ နေရပါမယ်။ အိမ်မှုကိစ္စတွေ၊ လူမှုရေးကိစ္စတွေမှာ အလိုက်တသိ ပါဝင်ဖို့ လိုပါတယ်။ ဒါမှ ယောက္ခမကလည်း ကိုယ့်ကို ကြည်ဖြူနိုင်မှာပါ။

လိုက်နာပါ

ယောက္ခမအိမ်မှာ လိုက်နေမယ်ဆိုရင် ယောက္ခမရဲ့ စည်းကမ်းတွေ ရှိမှာပါ။ ဒါတွေကို လိုက်နာဖို့ လိုပါတယ်နော်။ ညဘက် မိုးချုပ် အပြင်ထွက်တာ၊ မိုးချုပ်မှ ပြန်လာတာ၊ ညစာကို အပြင်မှာ ထွက်စားတာမျိုးတွေ ဆင်ခြင်ဖို့ လိုပါတယ်။

ကန့်သတ်ချက်တွေ ရှိပါ

မိသားစုဝင်တွေ အတူတကွ နေတဲ့အခါ ကန့်သတ်ချက်တွေ ရှိဖို့ လိုပါတယ်။ ကိုယ်ရေး ကိုယ်တာ ကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်တာမျိုးတွေ မလုပ်ပါနဲ့။ သီးသန့်သုံးတဲ့ ပစ္စည်းတွေ ကို ခွင့်မတောင်းဘဲ ယူကိုင်တာမျိုး ရှောင်ပါ။ ထမင်း ဟင်း အတူတူ စုပြီးချက်စားတာ မျိုးဆိုရင်လည်း ဟင်းမကြိုက်လို့ အရမ်းဇီဇာကြောင်တာမျိုးတွေ ရှောင်ပါ။

အကောင်းမြင်စိတ်မွေးပါ

မိသားစုဝင်တွေ အချင်းချင်း အဆင်ပြေဖို့ဆိုရင် တစ်ဦးနဲ့တစ်ဦး အကောင်းမြင်စိတ်တွေ ရှိဖို့ လိုပါတယ်။ ကိုယ်ကိုယ်တိုင်က အစ အကောင်းမြင်စိတ်မွေးပါ။ ကိုယ့်ရဲ့ မိဘအိမ်မှာလို အဆင်မပြေတာတွေ ကြုံလာတဲ့အခါမှာလည်း စိတ်ပျက်အားငယ်နေတာမျိုး မလုပ်ဘဲ ဒါက ဖြစ်တတ်တဲ့ သဘာဝပဲလို့ တွေးပေးဖို့ လိုပါတယ်။

ယောက္ခမနဲ့ အတူတူ နေမယ်ဆိုရင် အဆင်ပြေစေဖို့ Marry က ပြောပြထားတဲ့ အချက်တွေကို မမေ့ပါနဲ့နော်။

Credit:marry

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top