iMyanmarHouse.com - Best Property Website for Myanmar
×

ေက်ာ္ေက်ာ္နႏၵဟာဆုိရင္ သၾကၤန္သီခ်င္းအၾကမ္းစားၾကီးေတြနဲ႔ လူသိမ်ားလာခဲ့တာျဖစ္ျပီး ဇာဇာထက္နဲ႔အတူတြဲရိုက္ခဲ့တဲ့ MTV တစ္ခုေၾကာင့္လည္း ေဝဖန္မႈေတြခံရကာ ပရိသတ္အင္အားလည္းမ်ားလာခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ေက်ာ္ေက်ာ္နႏၵကုိ မၾကိဳက္တဲ့သူေတြလည္းရွိေနၾကဆဲပါပဲ။ ေက်ာ္ေက်ာ္နႏၵကေတာ့ မၾကာခင္မွာက်င္းပေတာ့မယ့္ အကယ္ဒမီေပးပြဲၾကီးကို တက္ေရာက္မယ့္အျပင္အဆင္ေတြကုိ အင္တာဗ်ဴးေတြမွာေျဖထားခဲ့သလို အကယ္ဒမီပြဲတက္ေရာက္ရေတာ့မယ့္အတြက္ စိတ္လႈပ္ရွားေနေပမယ့္လည္းအခုေတာ့ အကယ္ဒမီပြဲဖိတ္စာပယ္ဖ်က္ခံလုိက္ရျပီလို႔ ပရိသတ္ေတြက ထင္ေၾကးေပးေနၾကပါတယ္။

ေက်ာ္ေက်ာ္နႏၵက အကယ္ဒမီေပးပြဲတက္ေရာက္မယ့္အျပင္အဆင္ကုိ “အကယ္ဒမီကေတာ့ ဒီႏွစ္ေတာ့တက္မွာပါ။ အရင္ႏွစ္ေတြတုန္းကလည္း ခပ္ဆန္းဆန္းေလးတက္ျဖစ္ပါတယ္။ ဒါေပမယ့္အရင္တုန္းကေတာ့ လူလည္းသိပ္ၿပီးေတာ့ သတိမထားမိတာေၾကာင့္လည္း ပါပါတယ္။ ဒီႏွစ္မွာေတာ့ ပရိသတ္ေတြကလည္း သတိထားမိၿပီဆိုေတာ့ ခပ္ဆန္းဆန္းေလးနဲ႔ တက္ျဖစ္မွာပါ။ အခုအဖြဲ႔စည္းကလည္း သတ္မွတ္ထားတာေၾကာင့္ က်ေနာ္တိုင္းရင္းသား ဝတ္စံုကိုေတာ့ ဘယ္သူနဲ႔မွမတူေအာင္လုပ္မွာပါ။ သိန္းေသာင္းခ်ီတဲ့ဝတ္စံုနဲ႔က်ေနာ္မတက္ပါဘူး။ က်ေနာ္႐ိုး႐ိုးသားသားဝတ္စံုကိုပဲ ဝတ္ၿပီးတတ္မွာပါ။ ဒါေပမယ့္တခုေတာ့႐ွိတယ္ သိန္း ၅ ေထာင္တန္ လက္စြပ္ႀကီးကိုဝတ္ၿပီးေတာ့ တက္မွာပါ။ သိန္း ၁၂၀၀ တန္လက္ေကာက္ႀကီးကိုလည္း ဘယ္သူလိုခ်င္လဲ။ တေန႔ေန႔က်ရင္ေတာ့ ပရိသတ္ကိုပဲေပးမွာေပါ့။ အခုေလာေလာဆယ္ေတာ့ အကယ္ဒမီေပးပြဲမွာ ဝတ္လိုက္ဦးမယ္ေနာ္”လို႔ အားၾကိဳးမာန္တက္ေျပာထားတာပါ။

ဒါေပမယ့္ မၾကာခင္ကပဲ ရုပ္ရွင္အစည္းအရံုးကထုတ္လာတဲ့ ေၾကညာခ်က္တစ္ေစာင္အရေတာ့ ေက်ာ္ေက်္ာနႏၵရဲ႕ အကယ္ဒမီပြဲဖိတ္စာက ပယ္ဖ်က္ခံလုိက္ရျပီလို႔ ပရိသတ္ေတြက ေျပာေနၾကပါတယ္။  ေၾကညာခ်က္ထဲမွာ “(၂၀၁၈) ခုနွစ္အတြက္ ျမန္မာ့ရုပ္ရွင္ထူးခြ်န္ဆုေပးပြဲအခမ္းအနားသုိ႔တက္ေရာက္ရန္ဖိတ္ၾကားရာတြင္ ခံုအမွတ္ (A3,KK-16) ပါ ဖိတ္စာသည္ ခ်မွတ္ထားေသာ မူဝါဒနွင့္မညီပဲ မွားယြင္းဖိတ္ၾကားခဲ့့ျခင္းျဖစ္သည့္အတြက္ ဖိတ္စာထုတ္ေပးသူကုိ ျပင္းထန္စြာသတိေပးျပီး အဆိုပါဖိတ္စာကုိ တက္ေရာက္ခြင့္စာရင္းမွ ပယ္ဖ်က္လိုက္ေၾကာင္းနွင့္ အဆိုပါဖိတ္စာျဖင့္အခမ္းအနားသုိ႔တက္ေရာက္ခြင့္မရွိေၾကာင္း ေၾကညာအပ္ပါသည္”လုိ႔ ပါရွိပါတယ္။ ေက်ာ္ေက်ာ္နႏၵရဲ႕ဖိတ္စာဓာတ္ပံုထဲမွာေတြ႕ရတဲ့ ခံုနံပါတ္ကလည္း ေၾကညာခ်က္ထဲက ခံုနံပါတ္နဲ႔ တစ္ထပ္တည္းက်ေနတာေၾကာင့္ ေက်ာ္ေက်္ာနႏၵရဲ႕ဖိတ္စာဟာ အကယ္ဒမီေပးပြဲတက္ေရာက္ခြင့္ပယ္ဖ်က္ခံလိုက္ရျပီလို႔ထင္ျပီး ပရိသတ္ေတြက စိတ္မေကာင္းျဖစ္ေနၾကပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ေက်ာ္ေက်ာ္နႏၵရဲ႕ ဖိတ္စာပယ္ဖ်က္ျခင္းခံလိုက္ရတယ္ၾကားလို႔႔ စိတ္မေကာင္းျဖစ္သြားၾကလား။ တကယ္သာ ပယ္ဖ်က္ခံလုိက္ရတယ္ဆိုရင္လည္း အကယ္ဒမီပဲြမတက္ရေပမယ့္ အနုပညာေတြဆက္လုပ္သြားဖို႔ ေက်ာ္ေက်ာ္နႏၵကုိ အားေပးလိုက္ၾကပါဦး။

Credit:Can’t Wait To Say
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
#Unicode Version#
ကျော်ကျော်နန္ဒဟာဆိုရင် သြင်္ကန်သီချင်းအကြမ်းစားကြီးတွေနဲ့ လူသိများလာခဲ့တာဖြစ်ပြီး ဇာဇာထက်နဲ့အတူတွဲရိုက်ခဲ့တဲ့ MTV တစ်ခုကြောင့်လည်း ဝေဖန်မှုတွေခံရကာ ပရိသတ်အင်အားလည်းများလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကျော်ကျော်နန္ဒကို မကြိုက်တဲ့သူတွေလည်းရှိနေကြဆဲပါပဲ။ ကျော်ကျော်နန္ဒကတော့ မကြာခင်မှာကျင်းပတော့မယ့် အကယ်ဒမီပေးပွဲကြီးကို တက်ရောက်မယ့်အပြင်အဆင်တွေကို အင်တာဗျူးတွေမှာဖြေထားခဲ့သလို အကယ်ဒမီပွဲတက်ရောက်ရတော့မယ့်အတွက် စိတ်လှုပ်ရှားနေပေမယ့်လည်းအခုတော့ အကယ်ဒမီပွဲဖိတ်စာပယ်ဖျက်ခံလိုက်ရပြီလို့ ပရိသတ်တွေက ထင်ကြေးပေးနေကြပါတယ်။

ကျော်ကျော်နန္ဒက အကယ်ဒမီပေးပွဲတက်ရောက်မယ့်အပြင်အဆင်ကို “အကယ်ဒမီကတော့ ဒီနှစ်တော့တက်မှာပါ။ အရင်နှစ်တွေတုန်းကလည်း ခပ်ဆန်းဆန်းလေးတက်ဖြစ်ပါတယ်။ ဒါပေမယ့်အရင်တုန်းကတော့ လူလည်းသိပ်ပြီးတော့ သတိမထားမိတာကြောင့်လည်း ပါပါတယ်။ ဒီနှစ်မှာတော့ ပရိသတ်တွေကလည်း သတိထားမိပြီဆိုတော့ ခပ်ဆန်းဆန်းလေးနဲ့ တက်ဖြစ်မှာပါ။ အခုအဖွဲ့စည်းကလည်း သတ်မှတ်ထားတာကြောင့် ကျနော်တိုင်းရင်းသား ဝတ်စုံကိုတော့ ဘယ်သူနဲ့မှမတူအောင်လုပ်မှာပါ။ သိန်းသောင်းချီတဲ့ဝတ်စုံနဲ့ကျနော်မတက်ပါဘူး။ ကျနော်ရိုးရိုးသားသားဝတ်စုံကိုပဲ ဝတ်ပြီးတတ်မှာပါ။ ဒါပေမယ့်တခုတော့ရှိတယ် သိန်း ၅ ထောင်တန် လက်စွပ်ကြီးကိုဝတ်ပြီးတော့ တက်မှာပါ။ သိန်း ၁၂၀၀ တန်လက်ကောက်ကြီးကိုလည်း ဘယ်သူလိုချင်လဲ။ တနေ့နေ့ကျရင်တော့ ပရိသတ်ကိုပဲပေးမှာပေါ့။ အခုလောလောဆယ်တော့ အကယ်ဒမီပေးပွဲမှာ ဝတ်လိုက်ဦးမယ်နော်”လို့ အားကြိုးမာန်တက်ပြောထားတာပါ။

ဒါပေမယ့် မကြာခင်ကပဲ ရုပ်ရှင်အစည်းအရုံးကထုတ်လာတဲ့ ကြေညာချက်တစ်စောင်အရတော့ ကျော်ကျေ်ာနန္ဒရဲ့ အကယ်ဒမီပွဲဖိတ်စာက ပယ်ဖျက်ခံလိုက်ရပြီလို့ ပရိသတ်တွေက ပြောနေကြပါတယ်။  ကြေညာချက်ထဲမှာ “(၂၀၁၈) ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားသို့တက်ရောက်ရန်ဖိတ်ကြားရာတွင် ခုံအမှတ် (A3,KK-16) ပါ ဖိတ်စာသည် ချမှတ်ထားသော မူဝါဒနှင့်မညီပဲ မှားယွင်းဖိတ်ကြားခဲ့ခြင်းဖြစ်သည့်အတွက် ဖိတ်စာထုတ်ပေးသူကို ပြင်းထန်စွာသတိပေးပြီး အဆိုပါဖိတ်စာကို တက်ရောက်ခွင့်စာရင်းမှ ပယ်ဖျက်လိုက်ကြောင်းနှင့် အဆိုပါဖိတ်စာဖြင့်အခမ်းအနားသို့တက်ရောက်ခွင့်မရှိကြောင်း ကြေညာအပ်ပါသည်”လို့ ပါရှိပါတယ်။ ကျော်ကျော်နန္ဒရဲ့ဖိတ်စာဓာတ်ပုံထဲမှာတွေ့ရတဲ့ ခုံနံပါတ်ကလည်း ကြေညာချက်ထဲက ခုံနံပါတ်နဲ့ တစ်ထပ်တည်းကျနေတာကြောင့် ကျော်ကျေ်ာနန္ဒရဲ့ဖိတ်စာဟာ အကယ်ဒမီပေးပွဲတက်ရောက်ခွင့်ပယ်ဖျက်ခံလိုက်ရပြီလို့ထင်ပြီး ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ကျော်ကျော်နန္ဒရဲ့ ဖိတ်စာပယ်ဖျက်ခြင်းခံလိုက်ရတယ်ကြားလို့ စိတ်မကောင်းဖြစ်သွားကြလား။ တကယ်သာ ပယ်ဖျက်ခံလိုက်ရတယ်ဆိုရင်လည်း အကယ်ဒမီပွဲမတက်ရပေမယ့် အနုပညာတွေဆက်လုပ်သွားဖို့ ကျော်ကျော်နန္ဒကို အားပေးလိုက်ကြပါဦး။

Credit:Can’t Wait To Say

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top