iMyanmarHouse.com - Best Property Website for Myanmar
×





Credit:Nanmalgyi
#Unicode Version#
ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်ပြီး ပြည်သူတွေရဲ့ချစ်ခြင်းတွေကိုသိမ်းပိုက်ယူထားနိုင်တဲ့
ယနေ့ခေတ်သရုပ်ဆောင်မင်းသားတွေထဲမှာတော့ မြင့်မြတ်တစ်ယောက်ပါဝင်နေပါတယ်။
သူကဟိုတလောကသွားရိုက်ခဲ့တဲ့ရေခဲတောင်ပေါ်ကရိုက်ကွင်းအတွေ့အကြုံတွေကို
မီဒီယာတွေနဲ့အင်တာဗျူးတစ်ခုမှာပြောပြသွားတာတွေရှိပါတယ်။
သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ကမိတ်ဆွေတွေသိအောင်ပြောပြပေးလိုက်ပါရစေနော်။

အရင်ကရိုက်ခဲ့တဲ့ကားတွေနဲ့တော့မတူဘူးပေါ့နော် ။အချိန်အားဖြင့်ဆိုရင်လည်းရိုက်ကူးရက်ဆိုတာထက်
တစ်နေရာနဲ့တစ်နေရာကူးရတဲ့ရက်တွေလည်းကြာတယ်လေ အဲ့ဒီတော့ တစ်လလောက်တော့ပျမ်းမျှဖြစ်သွားမယ်။ တလမှာလိုလည်းတစ်ရက်နှစ်ရက်လောက်ပေါ့ ။
အတွေ့အကြုံတွေကတော့ အများကြီးပါပြောမယ်ဆိုရင် တနေကုန်သွားမယ် အဲ့ဒီအကြောင်းတွေကုန်မှာမဟုတ်ဘူး ။
ဒါပေမယ့် တကယ်ကိုဘဝမှာတော့ အမှတ်တရဖြစ်နေမယ့်ဇာတ်ကားတစ်ကား ခါတိုင်းဆိုလို့ရှိရင် ဇာတ်ကားတစ်ကားပေါ့နော်ပရိသတ်ကိုရသလေးပေးတာပေါ့။
အခုကျတော့ အဲ့ဒီကားရဲ့ရသတွေကိုကျွန်တော်တို့ကခံရတာ။

တဖွဲ့လုံးဖြစ်တာဗျ အဓိကကတော့နှင်းကိုက်တယ်လို့ပဲပြောရမလားပေါ့နော်။ အေးတဲ့နေရာမှာ ကျွန်တော်သွားရိုက်တယ်ဆိုရင်တောင်မှ
အနည်းဆုံးရိုက်ရမယ့်နေရာနဲ့ကို ရေခဲထဲမှာ ၄၅မိနစ် တစ်နာရီလောက်လမ်းလျှောက်ရတယ်။ပြီးတော့ရိုက်ကူးတဲ့အချိန်ရှိတယ်။
 အဲ့ဒါတွေအကုန်လုံးလဲအဲ့ဒီနှင်းထဲမှာပဲဆိုတော့ကြာတော့ခြေထောက်က နှင်းကိုက်တာပေါ့နော်။ အဲ့ဒီအခေါ်အဝေါ်ကတော့နှင်းကိုက်တယ်ပဲပြောကြတယ်။
ကျွန်တော့်မန်နေဂျာရယ် ၊နောက်ပြီးတော့ ကိုကေညီတို့ရောတော်တော်များများပါပဲဖြစ်ကြတယ်။
တချို့စက်အဖွဲ့တွေခြေသန်းတွေသုံး လေးချောင်းအကုန်ပုပ်တာဆိုးဆိုးရွားရွားကြီးတော့မဟုတ်ဘူး။ ဒါပေမယ့်ပုပ်ကုန်တာအဲ့ဒီလိုမျိုးတွေဖြစ်တယ်ပေါ့နော်။

ကျွန်တော်တို့ရေသန့်ကုန်သွားတော့ တောင်တွေကလည်းပြိုထားတော့ ထောက်ပို့တွေကအချိန်မှာလိုက်မပို့နိုင်တော့စမ်းချောင်းရေကိုပဲကျိုသောက်ရတဲ့ရက်တွေ လည်းရှိတယ်။
နောက်အရက်ကိုစမ်းချောင်းရေကိုကျိုထားတဲ့ရေနွေးနဲ့ရောသောက်ရတဲ့ရက်တွေလည်းရှိတယ်။တော်တော်လေးတော့ဘဝမှာ ဗရမ်းဗတာပေါ့နော် အမှတ်တရပဲပေါ့။
 တစ်ခါမှကျွန်တော်အရက်ကိုရေနွေးနဲ့ရောမသောက်ဖူးဘူး။ ၁၄ရက်ရေမချိုးဘူးယုံလားတော့မသိဘူး(ရယ်လျက်)ချိုးလို့လည်းမရဘူး ။ ချိုးရင်အခြေအနေမကောင်းဘူး။
 ရေလုံးလုံးမချိုးတာ၁၄ရက်မှတ်မှတ်ရရပါပဲ။သေချာတာကတော့ နောက် မိန်းမဘာပဲချက်ကျွေးချက်ကျွေးကြေးမများဘူးဘယ်နေရာမှာပဲရောက်ရောက်အပြစ်မမြင်တော့ဘူ
းသင်ခန်းစာကောင်းကောင်းရသွားပါပြီ။ဆိုပြီးပြောပြသွားခဲ့ပါတယ်။


Credit:Nanmalgyi

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top