iMyanmarHouse.com - Best Property Website for Myanmar
×
Credit:nanmalgyi
# Unicode Version # ဖြင့် ဖတ်ပါ #
Facebook တစ်ခွင်မှာတော့တစ်နေ့တစ်မျိုးမပျင်းရအောင်ကို အမျိုးမျိုးရယ်စရာတွေ ၊ Facebook Cele တွေတိုးပွားလာပါတယ်။ တချို့ကကျတမင်နာမည်ကြီးချင်တာကြောင့် သက် သက်မဲ့နာမည်ကြီးအောင်လုပ်နေတာမျိုးတွေရှိသလို တချို့ကြတော့လည်း မယောင်မလည် ရိုးရိုးသားပုံစံလေးတွေနဲ့ နာမည်ကြီးလာကြပါတယ်။
မယောင်မလည်ရောက်လာပြီးနာမည်ကြီးသွားတဲ့အထဲမှာ ခြိမ့်ကေကို (ငှက်ပျောသီး) တစ်ယောက်လည်းပါပါတယ်။ သူက Media9 နဲ့အင်တာဗျူးတစ်ခုမှ အချစ်ရေးနဲ့ပတ် သက်ပြီးပြောပြသွားတာတွေရှိပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ မိတ်ဆွေတွေ သိရအောင်ပြန်ပြေပြပေးလိုက်ပါတယ်ခင်ဗျ။
ရည်းစားရှိလားဆိုတော့ ရည်းစားတော့မထားသေးပါဘူး ။ ကိုယ့်ကိုလည်းကြိုက်မယ့်သူ လည်းမရှိသေးပါဘူး ။လို့ပြေသွားပြီး ဖြူဖြူထွေးလို မိန်းကလေးဆိုသဘောကျတယ်လို့ပြော ဖူးတဲ့အပေါ်မှာ “အဲ့ဒါကတော့ တကယ်တမ်းဘာမှသဘောမကျပါဘူး။ ဒါကတစ်ယောက်နဲ့ တစ်ယောက် တွေ့လို့စကားပြောတာမျိုးပဲရှိတာပါ။ ကြိုက်စရာလည်းအကြောင်းမရှိပါဘူး။ ဆိုပြီးပြောပြသွားပါတယ်။
စာဖတ်တာဝါသနာပါလားဆိုတော့ “ကျွန်တော်ကတော့အဲ့ဒီလိုမျိုးငယ်ငယ်လေးတုန်းက စာအုပ်တွေဖတ်တာမတရားကြီးဝါသနာပါတယ်။ အလုပ်မရှိစာအုပ်တွေပဲကျွန်တော်ဖတ်နေ တာအခုနောက်ပိုင်းကျတော့စာအုပ်တွေသိပ်မဖတ်ဖြစ်တော့ပါဘူး။အကြိုက်ဆုံးစာရေးဆရာဆိုရင်တော့ ပီမိုးနင်းစာအုပ်တွေကိုကြိုက်တယ်။ ဆိုပြီးတော့ပြောပြသွားပါတယ်။
 ဝေဖန်မှုတွေကိုတုန့်ပြန်ပုံတွေကိုလည်း “ဘယ်လိုမှတော့မမြင်ပါဘူး အဲ့ဒီလိုမျိုးဆဲရင် ကျနော်ရယ်နေလိုက်တာ အဲ့ဒီလိုမျိုး ဘယ်လိုမှမနေတဲ့အပြင်ပျော်တောင်ပျော်နေတာ ဆိုပြီးပြောပြသွားခဲ့ပါတယ်။
အပြင်မှာတွေ့တော့ ပရိသတ်တွေရဲ့တုန့်ပြန်မှုကိုလည်း “ကျွန်တော့်ကို ကားပေါ်ကနေတွေ့ရင်လည်း ဘနားနားရေ ဘနားနားရေဆိုပြီးလိုက်ခေါ်တော့တစ်ခါတလေ ကိုယ်တောင်ကြောင်တယ် ။ကိုယ်ကမသိဘူး။ သူတို့ကနှုတ်ဆက်ပါတယ်။”ဆိုပြီးပြောပြခဲ့ပါ တယ်။
Credit:nanmalgyi
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top