iMyanmarHouse.com - Best Property Website for Myanmar
×

သူငယ္ခ်င္းဆိုတာ ကမာၻေပၚမွာ အားလံုးနဲ့အရင္းနွီးဆံုးျဖစ္ပါတယ္။သင္ဟာ သင့္သူငယ္ခ်င္းကို ရုတ္တရက္ခ်စ္မိသြားနိုင္သလို အဲလိုအေျခအေနမ်ိဳးနဲ့ပတ္သက္ဖို့လည္းေၾကာက္ေနတတ္ပါတယ္။ဒီတစ္ခါမွာေတာ့ သင္နဲ့အရမ္းရင္းနွီးတဲ့ေယာက်္ားေလးသူငယ္ခ်င္းက သင့္ကို သာမန္သူငယ္ခ်င္းသံေယာဇဥ္ထက္ပိုတဲ့ ခံစားခ်က္မ်ိဳးနဲ့ စိတ္ဝင္စားေနျပီလားဆိုတာကို သိသာေစမယ့္အခ်က္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။ ။

1.Help

သူငယ္ခ်င္းဆိုတာ အျမဲတေစအကူအညီေပးေနတတ္သူဆိုတာေတာ့ သံသယျဖစ္ဖြယ္မရွိပါဘူး။ဒါေပမယ့္ သူဟာ သင့္ကိုကူညီဖို့အတြက္ သူ့ရဲ့အေပါင္းအသင္းေတြ၊အလုပ္၊ခ်စ္သူကိုထားခဲ့ျပီး သင့္ဆီကိုခ်က္ခ်င္းထလာတယ္ဆိုရင္ေတာ့ သင့္ကိုသူငယ္ခ်င္းသံေယာဇဥ္ထက္ပိုေနလို့ပါ။

2.Presents

သူငယ္ခ်င္းေတြဟာ သင္နွစ္သက္တဲ့အေသးစားလက္ေဆာင္ေတြကို အေၾကာင္းျပခ်က္မရွိပဲ ေပးတတ္ၾကပါတယ္။သင့္ကိုစိတ္ဝင္စားေနတဲ့သူဆိုရင္ေတာ့ သူ့ကိုအခြင့္အေရးပိုေပးေအာင္နဲ့သင္အထင္ၾကီးေအာင္ သင္အျမဲစိတ္ကူးယဥ္ခဲ့တဲ့ တန္ဖိုးၾကီးလက္ေဆာင္ေတြကို ေပးတတ္ပါတယ္။

3.Shopping

တကယ္လို့ေယာက်္ားေလးတစ္ေယာက္ဟာ တေနကုန္မညည္းမညွဴပဲ သင္နွင့္အတူေစ်းဝယ္ထြက္ေနျပီဆိုရင္ သူ့ရဲ့သင့္အေပၚစိတ္ရွည္အလိုလိုက္မွဳနဲ့ပတ္သက္ျပီး သတိထားခံခ်င္လို့ျဖစ္ပါတယ္။သူငယ္ခ်င္းေတြကေတာ့ လိုက္ေပးသည့္တိုင္ ‘ပင္ပန္းေနျပီ’လို့ မၾကာခဏေျပာတတ္ၾကပါတယ္။

4.Talking about other men

သူငယ္ခ်င္းေတြဟာ သင့္ရဲ့အဆိုးဝါးဆံုးအေျခအေနမွာေတာင္ သင့္ကိုနွစ္သိမ့္အားေပးဖို့ အဆင္သင့္ျဖစ္ေနတတ္သူေတြပါ။ဒါေပမယ့္ သူတို့ဟာ သူတို့ျမင္တဲ့၊သိတဲ့အေျခအေနအတိုင္းပဲ သင့္ကိုရွင္းျပနွစ္သိမ့္တတ္ၾကျပီး သင့္ကိုခ်စ္တဲ့သူက်ေတာ့ သင့္ဘက္ကပဲ အျမဲရပ္တည္တတ္သူပါ။

5.Calling

သူငယ္ခ်င္းေတြက သူတို့ေတြ့လိုတဲ့၊အတူအခ်ိန္ျဖဳန္းလိုတဲ့ ကိုယ္ပိုင္သူငယ္ခ်င္းရွိၾကေပမယ့္ သင့္ကိုခ်စ္ေနတဲ့သူက်ေတာ့ အျမဲလိုလို သင့္နားမွာပဲေနျပီး သင္နဲ့အတူအခ်ိန္ျဖဳန္းခ်င္ေနသူပါ။

6.Introducing

သင့္ကိုစိတ္ဝင္စားေနတဲ့သူဟာ သူ့ကိုအျခားမိန္းကေလးေတြနဲ့မိတ္ဆက္ေပးဖို့ သင္အခြင့္အေရးေပးလာခဲ့ရင္ေတာင္ ျငင္းဆန္တတ္ၾကပါတယ္။

7.Attention to your partner

တကယ္လို့သင္ဟာ သင့္ခ်စ္သူနဲ့ပတ္သက္ျပီး ေနာက္ေၾကာင္းျပန္ေနခ်ိန္မွာ အာရုံလဲြွဖို့ၾကိဳးစားတဲ့သူဟာ သင့္ကိုခ်စ္မိေနသူျဖစ္ပါတယ္။သင့္ရဲ့ခ်စ္သူကိုအျမန္ဆံုးဖယ္ထုတ္ျပီး သူ့ေနရာမွာအစားဝင္လိုတဲ့ဆႏၵျပင္းျပေနတတ္ပါတယ္။

8.Memory

လူတိုင္းဟာ သင့္ရဲ့ဇာတ္ေၾကာင္းကို မွတ္မထားသလို ေမ့ေနနိုင္ပါတယ္။ဒါေပမယ့္ သင့္ကိုတကယ္ခ်စ္ေနတဲ့သူကေတာ့ သင္ေျပာသမ်ွ စကားအခြန္းတိုင္းကို မွတ္မိေနတတ္ပါတယ္။
သင္ေရာ Friend Zoneထဲကေနရုန္းထြက္ဖို့စီစဥ္ေနျပီလား(သို့)ဘယ္သူငယ္ခ်င္းက သင့့္ကိုတိတ္တဆိတ္စိတ္ဝင္စားေနတယ္ဆိုတာ ခုရိပ္မိျပီလား??

Credit:nanmalgyi
ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

သူငယ်ချင်းဆိုတာ ကမ္ဘာပေါ်မှာ အားလုံးနဲ့အရင်းနှီးဆုံးဖြစ်ပါတယ်။သင်ဟာ သင့်သူငယ်ချင်းကို ရုတ်တရက်ချစ်မိသွားနိုင်သလို အဲလိုအခြေအနေမျိုးနဲ့ပတ်သက်ဖို့လည်းကြောက်နေတတ်ပါတယ်။ဒီတစ်ခါမှာတော့ သင်နဲ့အရမ်းရင်းနှီးတဲ့ယောကျ်ားလေးသူငယ်ချင်းက သင့်ကို သာမန်သူငယ်ချင်းသံယောဇဉ်ထက်ပိုတဲ့ ခံစားချက်မျိုးနဲ့ စိတ်ဝင်စားနေပြီလားဆိုတာကို သိသာစေမယ့်အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ။

1.Help

သူငယ်ချင်းဆိုတာ အမြဲတစေအကူအညီပေးနေတတ်သူဆိုတာတော့ သံသယဖြစ်ဖွယ်မရှိပါဘူး။ဒါပေမယ့် သူဟာ သင့်ကိုကူညီဖို့အတွက် သူ့ရဲ့အပေါင်းအသင်းတွေ၊အလုပ်၊ချစ်သူကိုထားခဲ့ပြီး သင့်ဆီကိုချက်ချင်းထလာတယ်ဆိုရင်တော့ သင့်ကိုသူငယ်ချင်းသံယောဇဉ်ထက်ပိုနေလို့ပါ။

2.Presents

သူငယ်ချင်းတွေဟာ သင်နှစ်သက်တဲ့အသေးစားလက်ဆောင်တွေကို အကြောင်းပြချက်မရှိပဲ ပေးတတ်ကြပါတယ်။သင့်ကိုစိတ်ဝင်စားနေတဲ့သူဆိုရင်တော့ သူ့ကိုအခွင့်အရေးပိုပေးအောင်နဲ့သင်အထင်ကြီးအောင် သင်အမြဲစိတ်ကူးယဉ်ခဲ့တဲ့ တန်ဖိုးကြီးလက်ဆောင်တွေကို ပေးတတ်ပါတယ်။

3.Shopping

တကယ်လို့ယောကျ်ားလေးတစ်ယောက်ဟာ တနေကုန်မညည်းမညှူပဲ သင်နှင့်အတူဈေးဝယ်ထွက်နေပြီဆိုရင် သူ့ရဲ့သင့်အပေါ်စိတ်ရှည်အလိုလိုက်မှုနဲ့ပတ်သက်ပြီး သတိထားခံချင်လို့ဖြစ်ပါတယ်။သူငယ်ချင်းတွေကတော့ လိုက်ပေးသည့်တိုင် ‘ပင်ပန်းနေပြီ’လို့ မကြာခဏပြောတတ်ကြပါတယ်။

4.Talking about other men

သူငယ်ချင်းတွေဟာ သင့်ရဲ့အဆိုးဝါးဆုံးအခြေအနေမှာတောင် သင့်ကိုနှစ်သိမ့်အားပေးဖို့ အဆင်သင့်ဖြစ်နေတတ်သူတွေပါ။ဒါပေမယ့် သူတို့ဟာ သူတို့မြင်တဲ့၊သိတဲ့အခြေအနေအတိုင်းပဲ သင့်ကိုရှင်းပြနှစ်သိမ့်တတ်ကြပြီး သင့်ကိုချစ်တဲ့သူကျတော့ သင့်ဘက်ကပဲ အမြဲရပ်တည်တတ်သူပါ။

5.Calling

သူငယ်ချင်းတွေက သူတို့တွေ့လိုတဲ့၊အတူအချိန်ဖြုန်းလိုတဲ့ ကိုယ်ပိုင်သူငယ်ချင်းရှိကြပေမယ့် သင့်ကိုချစ်နေတဲ့သူကျတော့ အမြဲလိုလို သင့်နားမှာပဲနေပြီး သင်နဲ့အတူအချိန်ဖြုန်းချင်နေသူပါ။

6.Introducing

သင့်ကိုစိတ်ဝင်စားနေတဲ့သူဟာ သူ့ကိုအခြားမိန်းကလေးတွေနဲ့မိတ်ဆက်ပေးဖို့ သင်အခွင့်အရေးပေးလာခဲ့ရင်တောင် ငြင်းဆန်တတ်ကြပါတယ်။

7.Attention to your partner

တကယ်လို့သင်ဟာ သင့်ချစ်သူနဲ့ပတ်သက်ပြီး နောက်ကြောင်းပြန်နေချိန်မှာ အာရုံလွဲှဖို့ကြိုးစားတဲ့သူဟာ သင့်ကိုချစ်မိနေသူဖြစ်ပါတယ်။သင့်ရဲ့ချစ်သူကိုအမြန်ဆုံးဖယ်ထုတ်ပြီး သူ့နေရာမှာအစားဝင်လိုတဲ့ဆန္ဒပြင်းပြနေတတ်ပါတယ်။

8.Memory

လူတိုင်းဟာ သင့်ရဲ့ဇာတ်ကြောင်းကို မှတ်မထားသလို မေ့နေနိုင်ပါတယ်။ဒါပေမယ့် သင့်ကိုတကယ်ချစ်နေတဲ့သူကတော့ သင်ပြောသမျှ စကားအခွန်းတိုင်းကို မှတ်မိနေတတ်ပါတယ်။
သင်ရော Friend Zoneထဲကနေရုန်းထွက်ဖို့စီစဉ်နေပြီလား(သို့)ဘယ်သူငယ်ချင်းက သင့်ကိုတိတ်တဆိတ်စိတ်ဝင်စားနေတယ်ဆိုတာ ခုရိပ်မိပြီလား??

Credit:nanmalgyi
ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top