ကေလးငယ္ေတြကို သားအိမ္ေခါင္းကင္ဆာနဲ့ ပတ္သက္ျပီး ဘယ္လိုရွင္းျပမလဲ
ကေလးငယ္ေတြကို ကင္ဆာအေၾကာင္းေျပာျပရတာက ဘယ္ေတာ့မွမလြယ္ကူပါဘူး။ မိဘေတြက ကေလးေတြကို ( အထူးသျဖင့္ ဆယ္ေက်ာ္သက္ေတြ ) ကို ကင္ဆာအေၾကာင္းေျပာျပဖို႔ ဘယ္အခိ်န္သင့္ေတာ္လဲ မသိၾကတာပါ။
သူတို႔ကိုဘယ္ေလာက္ေျပာျပရမလဲဆိုတာနဲ႔ သူတို႔ဘယ္လိုတံု႔ျပန္မလဲဆိုတာက စိန္ေခၚမႈတစ္ခုလိုျဖစ္ေနပါတယ္။ သင့္ကေလးေတြကို ကင္ဆာအေၾကာင္းေျပာျပၿပီး သူတို႔စိတ္မဖိစီးေအာင္ ဘယ္လိုကာကြယ္ရမလဲဆိုတဲ့အခ်က္ေလးေတြ ေအာက္မွာေပးထားပါတယ္။
ရိုးရိုးရွင္းရွင္းေျပာပါ
တခ်ိဳ႕ကေလးေတြအတြက္ ကင္ဆာကေၾကာက္စရာပါ။ သင္သိထားရမယ့္ အေရးႀကီးဆံုးတစ္ခ်က္က အရိုးရွင္းဆံုးေျပာဖို႔ပါဘဲ။ ရႈပ္ေထြးတာေတြမေပါမိေစဘဲ ဘာေတြျဖစ္ေနလဲဆိုတာပံုမွန္ဘဲ ေျပာျပပါ။ ပထမဆံုး သင္တို႔ကင္ဆာနဲ႔ပတ္သက္ၿပီး ဘာနားလည္လဲဆိုတာအရင္ေမးၿပီး မသိတာရွင္းျပပါ။
• ရိုးသားပါ
ကေလးငယ္ေတြကိုေျပာျပရမွာျဖစ္တဲ့အတြက္ သူတို႔နားလည္မယ့္အေနအ ထားနဲ႔ေျပာျပဖို႔လိုပါလိမ့္မယ္။ ဘာအခ်က္အလက္ကိုမွ ကြယ္ဝွက္ၿပီးေျပာဖို႔မစဥ္းစားပါနဲ႔။ ကင္ဆာဆိုတဲ့စကားလံုးက စိတ္ဖိစီးစရာေကာင္းေနေပမယ့္ ကိုယ္ထဲက ဆဲလ္တခ်ိဳ႕က တျခားဆဲလ္ေတြထက္ ပိုႀကီးထြားျမန္လာလို႔ဆိုၿပီးရွင္းျပပါ။ သင္တိတိက်က်ရွာင္းျပေလ သင့္ကေလးစိတ္မရႈပ္ေလပါဘဲ။
• အသင့္ေတာ္ဆံုး ေနရာနဲ႔ အခ်ိန္ကိုေ႐ြးၿပီး ေျပာျပပါ
သင့္ေတာ္တဲ့ ေနရာနဲ႔အခ်ိန္ကိုေ႐ြးၿပီး ရွင္းျပတာက အေရးႀကီးတဲ့အခ်က္တစ္ခ်က္ပါ။ သူတို႔ လွိုက္လွိုက္ေလ်ာေလ်ာ နားေထာင္ေပးနိုင္မယ့္အခ်ိန္ သူတို႔သက္ေတာင့္သက္သာျဖစ္ေနမယ့္အခ်ိန္ကိုေ႐ြးၿပီး သင္ကိုယ္တိုင္လည္း အာရံုမျပန္႔လြင့္မယ့္ေနရာကိုေ႐ြးပါ။
ေကာင္းေကာင္းျပင္ဆင္ၿပီးမွေျပာတာက သင့္ကေလးကို လန္႔ျဖန္႔ျခင္း စိတ္ဓာတ္က်ျခင္းမျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။ အထူးသျဖင့္ သူတို႔က ဝမ္းနည္းေနရင္၊ မေက်မနပ္ျဖစ္ေနရင္သင္သိထားရမွာက သင္ဟာ သူတို႔ေျပာတာေတြကိုနားေထာင္ၿပီး ေက်ာ္ျဖတ္ဖို႔ကူညီေပးဖို႔လိုတယ္ဆိုတာပါဘဲ။
• သူတို႔ကိုအေကာင္းျမင္ပါ
ကေလးေတြက လူႀကီးေတြရဲ႕ စိတ္ခံစားမႈေတြေၾကာင့္ သက္ေရာက္မႈရွိပါတယ္။ ဒါေၾကာင့္ သူတို႔ကိုအေကာင္းျမင္ေပးၿပီး၊ အရာရာအဆင္ေျပသြားမွာျဖစ္ေၾကာင္း သင္ကသူတို႔ေဘးမွာရွိေၾကာင္း သူတို႔သိပါေစ။
ဒါေပမယ့္ သင္မထိန္းနိုင္တဲ့ကတိေတြကိုေတာ့မေပးပါနဲ႔။ ကေလးငယ္ေတြက သူတို႔ခ်စ္တဲသူေတြက အရာအားလံုးအဆင္ေျပဖို႔ အတတ္နိုင္ဆံုးႀကိဳးစားေပးေနၾကတာျမင္ဖို႔လိုပါတယ္။
• သင္ဘယ္သူနဲ႔စကားေျပာေနလဲဆိုတာသိပါ
အသက္ေျခာက္နွစ္ေအာက္ကေလးေတြက ဘာေတြျဖစ္ေနလဲဆိုတာသိပ္နားမလည္ၾကပါဘူး။ သူတို႔ကိုသက္ေတာင့္သက္သာထားၿပီး မေကာင္းတာဘာမွမျဖစ္ေနဘူး မေျပာင္းလဲသြားဘူးဆိုတာေျပာျပထားပါ။
အသက္ ၆ နွစ္ကေန ၁၂ နွစ္ထိကေလးေတြကေတာ့ ကင္ဆာအေၾကာင္းသိနားလည္ေနၿပီျဖစ္ပါတယ္။ သူတို႔ကိုရိုးရိုးရွင္းရွင္းနဲ႔ တည့္တည့္မတ္မတ္ရွင္းျပပါ။ သူတို႔ကို သင္ေျပာတဲ့အခ်က္အလက္ေတြနဲ႔ ေခါင္းမရႈပ္ေစပါနဲ႔။ ဆယ္ေက်ာ္သက္ေတြနဲ႔ကေတာ့ ေျပာရဆိုရခက္နိုင္ပါတယ္။
သူတို႔က သူတို႔ဘယ္လိုခံစားရလဲဆိုတာနဲ႔ သူတို႔အမူအက်င့္ေတြကို ေကာင္းေကာင္း မေဖာ္ျပတတ္ပါဘူး။ သင့္အေနနဲ႔ သူတို႔ဘယ္လိုခံစားေနရလဲဆိုတာ အေကာင္းဘက္ကေျပာေအာင္ကူညီေပးၿပီး ဘယ္လိုရင္ဆိုင္ရမလဲဆိုတာရင့္က်က္တဲ့နည္းနဲ႔သင္ေပးပါ။ သူတိုကို အကူအညီလိုရင္ တစ္စံုတစ္ေယာက္ကိုေျပာလို႔ရတယ္ဆိုတဲ့အေၾကာင္းအားေပးပါ။
Credit: hellosayarwon
က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
# Unicode Version # ျဖင့္ ဖတ္ပါ #
ကလေးငယ်တွေကို ကင်ဆာအကြောင်းပြောပြရတာက ဘယ်တော့မှမလွယ်ကူပါဘူး။ မိဘတွေက ကလေးတွေကို ( အထူးသဖြင့် ဆယ်ကျော်သက်တွေ ) ကို ကင်ဆာအကြောင်းပြောပြဖို့ ဘယ်အချိန်သင့်တော်လဲ မသိကြတာပါ။
သူတို့ကိုဘယ်လောက်ပြောပြရမလဲဆိုတာနဲ့ သူတို့ဘယ်လိုတုံ့ပြန်မလဲဆိုတာက စိန်ခေါ်မှုတစ်ခုလိုဖြစ်နေပါတယ်။ သင့်ကလေးတွေကို ကင်ဆာအကြောင်းပြောပြပြီး သူတို့စိတ်မဖိစီးအောင် ဘယ်လိုကာကွယ်ရမလဲဆိုတဲ့အချက်လေးတွေ အောက်မှာပေးထားပါတယ်။
ရိုးရိုးရှင်းရှင်းပြောပါ
တချို့ကလေးတွေအတွက် ကင်ဆာကကြောက်စရာပါ။ သင်သိထားရမယ့် အရေးကြီးဆုံးတစ်ချက်က အရိုးရှင်းဆုံးပြောဖို့ပါဘဲ။ ရှုပ်ထွေးတာတွေမပေါမိစေဘဲ ဘာတွေဖြစ်နေလဲဆိုတာပုံမှန်ဘဲ ပြောပြပါ။ ပထမဆုံး သင်တို့ကင်ဆာနဲ့ပတ်သက်ပြီး ဘာနားလည်လဲဆိုတာအရင်မေးပြီး မသိတာရှင်းပြပါ။
• ရိုးသားပါ
ကလေးငယ်တွေကိုပြောပြရမှာဖြစ်တဲ့အတွက် သူတို့နားလည်မယ့်အနေအ ထားနဲ့ပြောပြဖို့လိုပါလိမ့်မယ်။ ဘာအချက်အလက်ကိုမှ ကွယ်ဝှက်ပြီးပြောဖို့မစဉ်းစားပါနဲ့။ ကင်ဆာဆိုတဲ့စကားလုံးက စိတ်ဖိစီးစရာကောင်းနေပေမယ့် ကိုယ်ထဲက ဆဲလ်တချို့က တခြားဆဲလ်တွေထက် ပိုကြီးထွားမြန်လာလို့ဆိုပြီးရှင်းပြပါ။ သင်တိတိကျကျရှာင်းပြလေ သင့်ကလေးစိတ်မရှုပ်လေပါဘဲ။
• အသင့်တော်ဆုံး နေရာနဲ့ အချိန်ကိုရွေးပြီး ပြောပြပါ
သင့်တော်တဲ့ နေရာနဲ့အချိန်ကိုရွေးပြီး ရှင်းပြတာက အရေးကြီးတဲ့အချက်တစ်ချက်ပါ။ သူတို့ လှိုက်လှိုက်လျောလျော နားထောင်ပေးနိုင်မယ့်အချိန် သူတို့သက်တောင့်သက်သာဖြစ်နေမယ့်အချိန်ကိုရွေးပြီး သင်ကိုယ်တိုင်လည်း အာရုံမပြန့်လွင့်မယ့်နေရာကိုရွေးပါ။
ကောင်းကောင်းပြင်ဆင်ပြီးမှပြောတာက သင့်ကလေးကို လန့်ဖြန့်ခြင်း စိတ်ဓာတ်ကျခြင်းမဖြစ်အောင် ကာကွယ်ပေးပါတယ်။ အထူးသဖြင့် သူတို့က ဝမ်းနည်းနေရင်၊ မကျေမနပ်ဖြစ်နေရင်သင်သိထားရမှာက သင်ဟာ သူတို့ပြောတာတွေကိုနားထောင်ပြီး ကျော်ဖြတ်ဖို့ကူညီပေးဖို့လိုတယ်ဆိုတာပါဘဲ။
• သူတို့ကိုအကောင်းမြင်ပါ
ကလေးတွေက လူကြီးတွေရဲ့ စိတ်ခံစားမှုတွေကြောင့် သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် သူတို့ကိုအကောင်းမြင်ပေးပြီး၊ အရာရာအဆင်ပြေသွားမှာဖြစ်ကြောင်း သင်ကသူတို့ဘေးမှာရှိကြောင်း သူတို့သိပါစေ။
ဒါပေမယ့် သင်မထိန်းနိုင်တဲ့ကတိတွေကိုတော့မပေးပါနဲ့။ ကလေးငယ်တွေက သူတို့ချစ်တဲသူတွေက အရာအားလုံးအဆင်ပြေဖို့ အတတ်နိုင်ဆုံးကြိုးစားပေးနေကြတာမြင်ဖို့လိုပါတယ်။
• သင်ဘယ်သူနဲ့စကားပြောနေလဲဆိုတာသိပါ
အသက်ခြောက်နှစ်အောက်ကလေးတွေက ဘာတွေဖြစ်နေလဲဆိုတာသိပ်နားမလည်ကြပါဘူး။ သူတို့ကိုသက်တောင့်သက်သာထားပြီး မကောင်းတာဘာမှမဖြစ်နေဘူး မပြောင်းလဲသွားဘူးဆိုတာပြောပြထားပါ။
အသက် ၆ နှစ်ကနေ ၁၂ နှစ်ထိကလေးတွေကတော့ ကင်ဆာအကြောင်းသိနားလည်နေပြီဖြစ်ပါတယ်။ သူတို့ကိုရိုးရိုးရှင်းရှင်းနဲ့ တည့်တည့်မတ်မတ်ရှင်းပြပါ။ သူတို့ကို သင်ပြောတဲ့အချက်အလက်တွေနဲ့ ခေါင်းမရှုပ်စေပါနဲ့။ ဆယ်ကျော်သက်တွေနဲ့ကတော့ ပြောရဆိုရခက်နိုင်ပါတယ်။
သူတို့က သူတို့ဘယ်လိုခံစားရလဲဆိုတာနဲ့ သူတို့အမူအကျင့်တွေကို ကောင်းကောင်း မဖော်ပြတတ်ပါဘူး။ သင့်အနေနဲ့ သူတို့ဘယ်လိုခံစားနေရလဲဆိုတာ အကောင်းဘက်ကပြောအောင်ကူညီပေးပြီး ဘယ်လိုရင်ဆိုင်ရမလဲဆိုတာရင့်ကျက်တဲ့နည်းနဲ့သင်ပေးပါ။ သူတိုကို အကူအညီလိုရင် တစ်စုံတစ်ယောက်ကိုပြောလို့ရတယ်ဆိုတဲ့အကြောင်းအားပေးပါ။
Credit: hellosayarwon
ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...