iMyanmarHouse.com - Best Property Website for Myanmar
×



snack1



snack2



snack3



snack4



snack5



snack6



ဒိန်ခဲပျော့

snack8


အသီးအနှံများ

snack9


အစေ့၊အဆံ

snack10


Credit:MM


#Unicode Version# ဖြင့်ဖတ်ပါ ။

သင့်ပုံစံ၊ ဝိတ်အလေးချိန်နှင့် စိတ်အခြေအနေတွေက သင်ဘယ်လို စမတ်ကျကျမုန့်စားလဲဆိုတာအပေါ်တွင် မူတည်နိုင်ပါတယ်။ အစားအစာကို မှန်မှန်ကန်ကန်ရွေးချယ်ပြီး စားသင့်ပါတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့ အစားအစာက ကျန်းမာရေးနှင့် ညီညွတ်ရဲလားဆိုတာကိုလဲ သတိပြုမိသင့်ပါတယ်။ သရေစာမုန့်စားတဲ့အခါမျိုးမှာလဲ ရွေးချယ်စားသင့်ပါတယ်။ Smoothieတွေက သရေစာမုန့်အတွက် မှန်ကန်တဲ့ ရွေးချယ်ချက်တော့မဟုတ်ပါဘူး။ ဆရာကျကျဘယ်လိုမုန့်စားမလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

ဖြည်းဖြည်းမှန်မှန်စားပါ

snack1

သင် အစာ စားတဲ့အခါ သင်စားချင်တဲ့ အစားအစာများကို စားလို့ရပါတယ်။ ဒါပေမဲ့ အစားအစာတစ်ခုအတွက် ၁၀မိနစ်လောက် အချိန်သတ်မှတ်ပြီးစားကြည့်ပါ။ တီဗီကြည့်ခြင်း၊ ဖုန်းသုံးခြင်း၊ စကားပြောခြင်း ကဲ့သို့ အရာများမလုပ်ဘဲ ဖြည်းဖြည်းမှန်မှန်နဲ့ အစာ စားသင့်ပါတယ်။

အချိန်ကောင်းရွေးချယ်ပါ

snack2

သရေစာ စားသင့်တဲ့အချိန်က နေ့ခင်း၁၂နာရီမှ ၅နာရီကြားဖြစ်ပါတယ်။ အဲဒီအချိန်အတွင်း သရေစာ စားခြင်းက အဆက်မပြတ်စားချင်စိတ်မဖြစ်စေဘဲ ဝိတ်တတ်ခြင်းများလဲ ဖြစ်လာမှာမဟုတ်ပါဘူး။

လတ်လတ်ဆက်ဆက်ကြော်တဲ့အစားအစာကို ရွေးချယ်ပါ

snack3

စားခါနီးမှ လတ်လတ်ဆက်ဆက်ကြော်တဲ့ အစားအစာကို ရွေးချယ်စားသင့်ပါတယ်။ ဥပမာ- ငှက်ပျောသီးနှင့် အာလူးက ကြိုပြီးကြော်ထားရင် မကောင်းပါဘူး။ စားခါနီးမှ ကြော်စားတာက ကောင်းပါတယ်။ ကြာကြာကြော်တဲ့ဆီက သင့်ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။

အလုပ်စားပွဲတွင် မစားပါနဲ့

snack4

သင့်အလုပ်စားပွဲတွင် အစာ စားခြင်းက အန္တရာယ်ရှိပါတယ်။ သင် ပရေဂျက်အတွက် အလုပ်လုပ်နေတာဆိုရင် သင့်စားတဲ့ အစားအစားတွေက သင်ရဲ့ ကွန်ပျူတာထဲကို သတိမထားမိဘဲ ဝင်သွားတတ်ပါတယ်။ အဲလိုဖြစ်မယ်ဆိုရင် သင်လုပ်နေတဲ့ အလုပ်ကို ထိခိုက်နိုင်ပါတယ်။

ကျန်းမာရေးနှင့် ညီညွတ်တဲ့အစားအစာကို ရွေးချယ်ပါ

snack5

အလုပ်တွင် နေ့ခင်းနေ့လယ် ကော်ဖီသောက်တဲ့အခါ ချိစ်၊ သစ်သီးကဲ့သို့ ကျန်းမာရေးနှင့် ညီညွတ်တဲ့အစားအစာကို စားသင့်ပါတယ်။

အမျှင်ဓာတ်ကြွယ်ဝပြီး နို့ထွက်ပစ္စည်းများကို ပိုပြီး စားပါ

snack6

သင်က အလုပ်လုပ်နေတဲ့သူတစ်ယောက်ဆိုရင် အမျှင်ဓာတ်ကြွယ်ဝပြီး နို့ထွက်ပစ္စည်းများကို စားသင့် ပါတယ်။ ဒါက သင်ရဲ့ အလုပ်စွမ်းဆောင်ရည်ကို မြင့်တင်ပေးပါတယ်။ အမျှင်ဓာတ်ကို အသီးအရွက်နှင့် သစ်သီးများတွင် တွေ့ရပါတယ်။

ကျန်းမာရေးညီညွတ်တဲ့ သရေစာတွေကဘာတွေလဲ..

ဒိန်ခဲပျော့

snack8

နေ့လယ်ခင်းတွင် ဒိန်ခဲပျော့ကို ဘယ်ရီသီး၊ သစ်သီးများနှင့် စားလို့ရပါတယ်။ ဒါအပြင့် အသီးအရွက်များနှင့်လဲ တွဲစားလို့ရပါတယ်။

အသီးအနှံများ

snack9

ပန်းသီး၊ သစ်တော်သီး၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ ဂရိပ်ဖရုကဲ့သို့ အသီးများကို စားသင့်ပါတယ်။ ဒါပေမဲ့ အများကြီးတော့ မစားပါနဲ့။ သစ်သီးများက ကယ်လိုရီဓာတ်များကြွယ်ဝပြီး အချိုဓာတ်များပါဝင်တဲ့ပါတယ်။

အစေ့၊အဆံ

snack10

အစေ့၊အဆံများကို ၂၅ဂရမ်ထက်ပိုပြီးမစားသင့်ပါဘူး။ အစေ့အဆံတွေက အရမ်းကျန်းမာရေးနှင့်ညီညွတ်ပါတယ်။ ဒါပေမဲ့ ကယ်လိုရီဓာတ်တော့ ကြွယ်ဝပါတယ်။

Credit:MM

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top