iMyanmarHouse.com - Best Property Website for Myanmar
×







Credit: 7daydaily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

# Unicode Version ဖြင့် ဖတ်ပါ #

ရေ- ဝိတ်ကျဖို့ဆိုရင် ရေထက် ကောင်းတာ မရှိသေးပါဘူး။ ခန္ဓာ ကိုယ်တစ်ခုလုံး ကျန်းမာရေးအ တွက် အရေးပါသလို ကိုယ်တွင်း အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးကာ ရေဓာတ်ပြည့်၀ နေစေတဲ့အတွက် စွမ်းအားကို လည်း မြင့်စေပါတယ်။ လန်းလန်း ဆန်းဆန်းလေး ဖြစ်သွားအောင် ရေထဲကို အသီးအနှံလေးတွေကို စိတ်ထည့်ပြီး သောက်တာမျိုးလည်း လုပ်နိုင်ပါတယ်။

ပျားရည် - ရေနွေးဆူဆူတစ်ခွက် ထဲကို ပျားရည်၊ သံပရာရည်နဲ့ သစ်ကြံပိုးခေါက်မှုန့်တို့ကို လက် ဖက်ရည်တစ်ဇွန်းစီထည့်ပြီး သောက်တာမျိုးကလည်း ကိုယ် အလေးချိန်လျော့ကျဖို့ ထောက် ကူပါတယ်။

ဟင်းသီးဟင်းရွက်ဖျော်ရည် - နေ့ စဉ်သောက်ဖို့လိုအပ်တဲ့ထဲမှာ ဟင်းသီးဟင်းရွက် ဖျော်ရည်လည်းပါပါတယ်။ ဓာတုကင်းလွတ်တဲ့ ဟင်းသီးဟင်းရွက်ကို အတတ်နိုင် ဆုံးအသုံးပြုဖို့တော့ လိုပါတယ်။

သစ်ကြံပိုးခေါက်- သစ်ကြံပိုးမှုန့် နဲ့ ပျားရည်ကိုရောပြီး မနက်စာ မစားခင်နဲ့ ညစာစားပြီးချိန်တွေ မှာ သောက်ပေးမယ်ဆိုရင် ကိုယ် တွင်းသကြားဓာတ်ပမာဏကို ထိန်းပေးနိုင်ပါတယ်။

ကော်ဖီကြမ်း - မနက်စောစော မှာ ကော်ဖီကြမ်းလေးသောက်တာ တို့၊ နေ့လယ်ခင်းမှာ ကော်ဖီအေး လေးသောက်တာတို့ဟာ အဆာ လည်းခံသလို ဇီဝတွင်းဖြစ်ပျက်မှု လုပ်ငန်းစဉ်စွမ်းအားကိုမြှင့်တင် ပေးပါတယ်။ ကော်ဖီကို နို့တွေ၊ သကြားတွေထည့်ပြီးသောက် တာတို့၊ တစ်နေ့တည်း အများကြီး သောက်တာတို့ကိုတော့ သတိ ထားဖို့ လိုပါမယ်။
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top