iMyanmarHouse.com - Best Property Website for Myanmar
×

ေျခေထာက္နံတယ္ဆိုတာ ေတာ္ေတာ္ေလးကိုဆိုးရြားတဲ့ အနံ႕လို႔ဆိုလို႔ရပါတယ္။ ေျခအိတ္စြပ္ထားၿပီး ဖိနပ္ခၽြတ္လိုက္တဲ့အခ်ိန္မွာပဲျဖစ္ျဖစ္၊ ဒီတိုင္းေနေနရင္နဲ႔ ရလာတဲ့ေအာင့္သိုးသိုးအနံ႔က လူၾကားထဲကိုေရာက္သြားတဲ့အခါမွာလည္း မ်က္ႏွာပူစရာေတြျဖစ္လာေစႏိုင္တာေၾကာင့္ ဒီလိုျပႆနာေတြကိုေျဖရွင္းဖို႔ နည္းလမ္းတစ္ခ်ိဳ႕ေတာ့ လိုအပ္လာၿပီေလ။

ဘာေၾကာင့္ဒီလိုမ်ိဳးျဖစ္ရတာလည္းဆိုတာကို ေျပာျပဖို႔လိုပါေသးတယ္ေနာ္။ ေျခအိတ္အၾကာႀကီးဝတ္ၿပီး တစ္ေနကုန္လံုးရွဴးစီးထားရတဲ့သူေတြ၊ ေျခေထာက္ကိုသန္႔ရွင္းေရးလုပ္မႈအားနည္းတာေတြ၊ ေျခဆီအရမ္းထြက္တတ္လြန္းတဲ့သူေတြမွာ ျဖစ္ေလ့ျဖစ္ထရွိပါတယ္။ ေျဖရွင္းမယ္ဆိုရင္ေတာ့ ဒီအိမ္တြင္းနည္းလမ္းေတြကို လုပ္ၾကည့္ပါ။

လူတိုင္းနီးပါးက မုန္႔ဖုတ္ဆိုဒါလို႔သိၾကတဲ့အရာကလည္း ေျခေထာက္အနံ႔ဆိုးေတြကို ဖယ္ရွားေပးဖို႔ေနရာမွာ ကူညီေပးႏိုင္ပါတယ္။ မုန္႔ဖုတ္ဆိုဒါကို ေရေႏြးေႏြးေလးထဲမွာ ထည့္ေဖ်ာ္ထားၿပီး ေျခေထာက္ကို မိနစ္ ၃၀ ေလာက္စိမ္ထားေပးရမွာပါ။ ေန႔တိုင္းလုပ္ဖို႔လည္းအဆင္ေျပၿပီး လုပ္ၿပီးသြားတဲ့အခ်ိန္မွာလည္း ေျခေထာက္ကိုေရေျခာက္ေအာင္ သန္႔စင္တဲ့အဝတ္နဲ႔ျပန္ၿပီး သုတ္ေပးရမွာပဲျဖစ္ပါတယ္။

ခ်င္းကိုလည္းေသခ်ာညက္ေအာင္ေထာင္းၿပီး ေရေႏြးနဲ႔ေရာထည့္ထားလိုက္ပါ။ ၿပီးရင္ေတာ့ ေျခေထာက္ကိုေရေႏြးထဲမွာ နာရီဝက္ေလာက္စိမ္ထားၿပီး အခ်ိန္ျပည့္ရင္ ေရေသခ်ာေျခာက္ေအာင္ သုတ္ေပးတာမ်ိဳးကို လုပ္ေပးသင့္ပါတယ္။ ညဘက္အိပ္ခါနီးအခ်ိန္တိုင္းမွာ ပံုမွန္လုပ္ေပးသြားမယ္ဆိုရင္ေတာ့ ေျခေထာက္အနံ႔ထြက္တာေတြကို သက္သာလာေစမွာပဲျဖစ္ပါတယ္။

Baby Powder ကလည္း ေျခေထာက္အနံ႔မထြက္ေအာင္ ေကာင္းေကာင္းကူညီေပးႏိုင္ပါတယ္။ ေျခေထာက္အနံ႔ထြက္တယ္ဆိုတာ ေျခဆီေတြအရမ္းထြက္လြန္းတာေၾကာင့္လည္း ပါတာဆိုေတာ့ Baby Powder ကေတာ့ ေျခေထာက္ကိုေျခာက္ေသြ႔ေစေတာ့ ေန႔တိုင္းသံုးေပးေနရင္ မေကာင္းတဲ့အနံ႔သက္ေတြကို ေလ်ာ့နည္းလာေစမွာပဲျဖစ္ပါတယ္။

Credit: mystylemyanmar

က်န္းမာေရး

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ခြေထောက်နံတယ်ဆိုတာ တော်တော်လေးကိုဆိုးရွားတဲ့ အနံ့လို့ဆိုလို့ရပါတယ်။ ခြေအိတ်စွပ်ထားပြီး ဖိနပ်ချွတ်လိုက်တဲ့အချိန်မှာပဲဖြစ်ဖြစ်၊ ဒီတိုင်းနေနေရင်နဲ့ ရလာတဲ့အောင့်သိုးသိုးအနံ့က လူကြားထဲကိုရောက်သွားတဲ့အခါမှာလည်း မျက်နှာပူစရာတွေဖြစ်လာစေနိုင်တာကြောင့် ဒီလိုပြဿနာတွေကိုဖြေရှင်းဖို့ နည်းလမ်းတစ်ချို့တော့ လိုအပ်လာပြီလေ။

ဘာကြောင့်ဒီလိုမျိုးဖြစ်ရတာလည်းဆိုတာကို ပြောပြဖို့လိုပါသေးတယ်နော်။ ခြေအိတ်အကြာကြီးဝတ်ပြီး တစ်နေကုန်လုံးရှူးစီးထားရတဲ့သူတွေ၊ ခြေထောက်ကိုသန့်ရှင်းရေးလုပ်မှုအားနည်းတာတွေ၊ ခြေဆီအရမ်းထွက်တတ်လွန်းတဲ့သူတွေမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဖြေရှင်းမယ်ဆိုရင်တော့ ဒီအိမ်တွင်းနည်းလမ်းတွေကို လုပ်ကြည့်ပါ။

လူတိုင်းနီးပါးက မုန့်ဖုတ်ဆိုဒါလို့သိကြတဲ့အရာကလည်း ခြေထောက်အနံ့ဆိုးတွေကို ဖယ်ရှားပေးဖို့နေရာမှာ ကူညီပေးနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါကို ရေနွေးနွေးလေးထဲမှာ ထည့်ဖျော်ထားပြီး ခြေထောက်ကို မိနစ် ၃၀ လောက်စိမ်ထားပေးရမှာပါ။ နေ့တိုင်းလုပ်ဖို့လည်းအဆင်ပြေပြီး လုပ်ပြီးသွားတဲ့အချိန်မှာလည်း ခြေထောက်ကိုရေခြောက်အောင် သန့်စင်တဲ့အဝတ်နဲ့ပြန်ပြီး သုတ်ပေးရမှာပဲဖြစ်ပါတယ်။

ချင်းကိုလည်းသေချာညက်အောင်ထောင်းပြီး ရေနွေးနဲ့ရောထည့်ထားလိုက်ပါ။ ပြီးရင်တော့ ခြေထောက်ကိုရေနွေးထဲမှာ နာရီဝက်လောက်စိမ်ထားပြီး အချိန်ပြည့်ရင် ရေသေချာခြောက်အောင် သုတ်ပေးတာမျိုးကို လုပ်ပေးသင့်ပါတယ်။ ညဘက်အိပ်ခါနီးအချိန်တိုင်းမှာ ပုံမှန်လုပ်ပေးသွားမယ်ဆိုရင်တော့ ခြေထောက်အနံ့ထွက်တာတွေကို သက်သာလာစေမှာပဲဖြစ်ပါတယ်။

Baby Powder ကလည်း ခြေထောက်အနံ့မထွက်အောင် ကောင်းကောင်းကူညီပေးနိုင်ပါတယ်။ ခြေထောက်အနံ့ထွက်တယ်ဆိုတာ ခြေဆီတွေအရမ်းထွက်လွန်းတာကြောင့်လည်း ပါတာဆိုတော့ Baby Powder ကတော့ ခြေထောက်ကိုခြောက်သွေ့စေတော့ နေ့တိုင်းသုံးပေးနေရင် မကောင်းတဲ့အနံ့သက်တွေကို လျော့နည်းလာစေမှာပဲဖြစ်ပါတယ်။

Credit: mystylemyanmar

ကျန်းမာရေး

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top