iMyanmarHouse.com - Best Property Website for Myanmar
×
ဘာတွေမေးမလဲ
Credit:marry
ချစ်ရေးချစ်ရာ
# Unicode Version # ဖြင့် ဖတ်ပါ #
မနက်တိုင်း Good Morning ဆိုတာလေး ပို့ပေးပါ။ သူ မနက်နိုးလားတဲ့အချိန် ဖုန်းစဖွင့်လိုက်တိုင်း ကိုယ်ပို့ထားတဲ့ စာလေးတွေနဲ့ နိုးထနေစေပါ။
ကိုယ် Crush နေတဲ့သူ ပြောဖူးတာလေးတွေကို တိုက်ဆိုင်မှု ရှိတိုင်း ပြန်ပြောပြတတ်ပါစေ
အချစ်ဆိုတာ ဖြစ်လာရင်တော့ ကိုယ်ချစ်တဲ့သူတိုင်းက ကိုယ့်ကို ပြန်ချစ်တာပဲ လိုချင်ကြပါတယ်။ တကယ်လို့ ကိုယ်သိပ်ချစ်ရတဲ့ Crush လေး တွေ့လို့ ကိုယ့်ကို ပြန်ချစ်လာစေတယ်ဆိုရင်တော့ ဒီအချက်လေးတွေကိုသာ ပြုလုပ်ပေးလိုက်ပါ။ အလွန်ဆုံး တစ်လ အကြာမှာ လိုချင်တဲ့အဖြေကို သေချာပေါက် ပြန်ရလာမှာနော်။ အရေးကြီးတာ တစ်ခုကတော့ အချိန်ပေးနိုင်မှ ဖြစ်မှာဆိုတာကိုတော့ သိထားရမှာပါ။
ဘာတွေမေးမလဲ
မနက်တိုင်း Good Morning ဆိုတာလေး ပို့ပေးပါ။ သူ မနက်နိုးလားတဲ့အချိန် ဖုန်းစဖွင့်လိုက်တိုင်း ကိုယ်ပို့ထားတဲ့ စာလေးတွေနဲ့ နိုးထနေစေပါ။ မနက်ဆိုရင်တော့ စာတွေ အများကြီး မပို့နဲ့နော်။ သာယာတဲ့မနက်ခင်းလေး ဖြစ်စေဖို့ ဆုမွန်ကောင်းတောင်းပေးတာလောက်ပဲ ပြုလုပ်ပါ။
မနက်စာကို အာဟာရပြည့်အောင် စားဖို့ သတိပေးပါနော်။ မနက်ဆိုရင် တော်တေ်ာများများ အတွက်ကတော့ အချိန်မလောက် လောနေတာနဲ့ မနက်စာကို အချိန်ပေး စားဖို့ မအားတတ်ကြလို့ပါ။ မနက်စာကို အချိန်ပေး စားဖို့ သတိပေးပါနော်။
မနက်တိုင်း စာပို့လိုက်ပါနော်
တစ်နေ့တာ အကြောင်းကို မေးပါ။ ဒီနေ့ တစ်နေ့လုံး တွေ့ကြုံရတဲ့ ပျော်စရာ လေးတွေအကြောင်းဆိုတာထက် စိတ်ပင်ပန်းစေတဲ့အရာတွေအကြောင်းကို မေးမြန်းပါ။ အဆင်မပြေမှုတွေဆိုတာကတော့ တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်ရင် ပေါ့ပါးသွားတတ်လို့ပါ။
 ကောင်မလေး တော်တော်များများက သူတို့ရဲ့ တစ်နေ့တာ တွေ့ကြုံတတ်တာကို သိပ်ပြောပြချင်တတ်ကြပါတယ်။ အချိန်ပေး နားထောင်ပေးတတ်တယ် ဆိုရင်တော့ ကောင်မလေးအနားမှာ နေခွင့်ရဖို့ အလွယ်လေးလို့ ဆိုရမှာပါ။
 ပြောဖူးတာလေးတွေကို ပြန်မှတ်မိကြောင်း သိသာပါစေ။ ကိုယ် Crush နေတဲ့သူ ပြောဖူးတာလေးတွေကို တိုက်ဆိုင်မှု ရှိတိုင်း ပြန်ပြောပြတတ်ပါစေနော်။ ဥပမာ – သူက နှင်းဆီပန်းကြိုက်တတ်တယ် ပြောဖူးရင် အပြင်သွားရင်း ပန်းတွေ တွေ့လို့ သတိတောင် ရနေတာတို့လို ဆိုတာမျိုးလေး ပြောပေးပါ။ ပြောဖူးတဲ့စကားတွေကို မှတ်မိပေးတတ်တာတွေကလည်း အမှတ်တွေ ပိုရစေတဲ့အချက်ဆိုတာကို မမေ့ပါနဲ့နော်။
ဒီအချက်လေးတွေကိုသာ နေ့တိုင်း ပြုလုပ်ပေးနိုင်မယ် ဆိုရင်တော့ ကိုယ် Crush နေတဲ့သူဆီကနေ ကိုယ်လိုချင်တဲ့ အချစ်ဆိုတာကို ပြန်ရလာမှာ သေချာပါတယ်။ သူ့အချစ်တွေအကြောင်း ဘာသာပြန်ပေးမယ့် အပြုအမူလေးတွေကိုတော့ သိထားရမှာနော်။
Credit:marry
ချစ်ရေးချစ်ရာ
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top