iMyanmarHouse.com - Best Property Website for Myanmar
×

ပ်ိဳေမတို႔ေရ … ေမးခြန္းတစ္ခုေလာက္ေတာ့ ကိုယ့္ဘာသာျပန္ေမးသင့္ေနၿပီ ထင္ပါတယ္။ အကယ္လို႔မ်ား အိမ္မွာလုပ္တဲ့ အသားအေရထိန္းသိမ္းနည္းေတြက ဆိုင္မွာသြားလုပ္သြားလုပ္ရသလိုပဲ ရလဒ္ေကာင္းေတြရေနမယ္ဆို ဆိုင္သြားလုပ္ဦးမွာလားဆိုတဲ့ေမးခြန္းပါ။

အသားအေရ ညီညာေအာင္လား။ ဂလိုးေအာင္လား။ ျဖဴလာေအာင္လား။ ေနေလာင္ေပ်ာက္ခ်င္တာလား စသျဖင့္မ်ားႀကီးရွိတဲ့ထဲကမွ အဲဒီနည္းေတြအားလံုးရဲ႕ အေျခခံအခ်က္ကေတာ့ (၄) ခ်က္၊ အဆင့္ (၄) ဆင့္ပဲရွိပါတယ္။ ဘာေတြျဖစ္မလဲဆိုတာကိုေတာ့ ေအာက္မွာဆက္ၾကည့္လိုက္ၾကရေအာင္ပါ။

၁။ Cleaning

မ်က္ႏွာသန္႔စင္တာကိုေတာ့ လူတိုင္းသိ္ၾကပါတယ္။ သို႔ေပမဲ့လို႔ ႐ိုး႐ိုးသန္႔စင္တာနဲ႔ Cotton Ball ေလးေတြသံုးၿပီး သန္႔စင္တာက မတူပါဘူး။ ပထမအဆင့္အေနနဲပ Cotton Ball ကို ႏွင္းဆီရည္ (Rose Water) ထဲစိမ္ၿပီး မ်က္ႏွာသစ္လိုက္ပါ။ ၿပီးရင္ေတာ့ မ်က္ႏွာတစ္ခုလံုးကို ႏို႔ရည္လိမ္းၿပီး အေျခာက္ခံထားလိုက္ပါ။ ေနာက္တစ္ဆင့္အေနနဲ႔ ႏို႔ရည္ေတြေျခာက္သြားၿပီးဆို ေရေဆးခ်လိုက္ပါ။

၂။ Scrubbing

ႏို႕ရည္ေတြကို ေရေအးေလးနဲ႔ ေဆးခ်ၿပီးၿပီဆိုရင္ေတာ့ Scrub တိုက္လို႔ရပါၿပီ။ Scrub တိုက္ျခင္းျဖင့္ မ်က္ႏွာေပၚက ဆဲလ္ေသေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။ သၾကားလက္ဖက္ရည္ဇြန္း (၂) ဇြန္းနဲ႔ Olive Oil (၁) ဇြန္းကို အုန္းရည္ (သို႔) သံပရာရည္နဲ႔ေရာၿပီး သမေအာင္ထပ္ေမႊေပးပါ။ ၿပီးရင္ေတာ့ အဆိုပါအေရာအေႏွာကို မ်က္ႏွာေပၚတင္လိမ္းၿပီး စက္ဝိုင္းပံုႏွိပ္နယ္ေပးလိုက္ပါ။

၃။ Steaming

Steaming ဆိုတာက ေရေႏြးေငြ႕နဲ႔ေပါင္းတင္တာပါ။ ပူေနတဲ့ေရေႏြးထဲ လက္ကိုင္ပဝါႏွစ္ၿပီး ျပန္ဆယ္ကာေရကိုညႇစ္ခ်ၿပီး ၎လက္ကိုင္ပဝါကို မ်က္ႏွာေပၚ ခဏအုပ္ထားလိုက္ပါ။ ေအးသြားၿပီဆို ျပန္လဲပါ။ (၄-၅) မိနစ္ေလာက္ အဆိုပါနည္းလမ္းအတိုင္း ထပ္ခါ၊ ထပ္ခါလုပ္ေပးပါ။

၄။ Face Message And Mask
Face Message And Mask ဆိုတာကေတာ့ ေနာက္ဆံုးအဆင့္အေနနဲ႔ မ်က္ႏွာကိုႏွိပ္နယ္ေပးၿပီး Mask အုပ္ေပးတာကို ေျပာျခင္းပဲျဖစ္ပါတယ္။ မ်က္ႏွာကို စိတ္ႀကိဳက္စက္ဝိုင္းပံုအတိုင္း ႏွိပ္နယ္ၿပီးၿပီဆိုရင္ေတာ့ Mask အုပ္လို႔ရပါၿပီ။ ပ်ားရည္နဲ႔ သံပရာရည္ကို ဆတူေရာၿပီး မိနစ္ (၂၀) ေလာက္မ်က္ႏွာေပၚ တင္ထားလိုက္ပါ။ ၿပီးရင္ေတာ့ ေရေဆးခ်လို႔ၿပီ။

Credit:mystylemyanmar

အလွအပ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ပျိုမေတို့ရေ … မေးခွန်းတစ်ခုလောက်တော့ ကိုယ့်ဘာသာပြန်မေးသင့်နေပြီ ထင်ပါတယ်။ အကယ်လို့များ အိမ်မှာလုပ်တဲ့ အသားအရေထိန်းသိမ်းနည်းတွေက ဆိုင်မှာသွားလုပ်သွားလုပ်ရသလိုပဲ ရလဒ်ကောင်းတွေရနေမယ်ဆို ဆိုင်သွားလုပ်ဦးမှာလားဆိုတဲ့မေးခွန်းပါ။

အသားအရေ ညီညာအောင်လား။ ဂလိုးအောင်လား။ ဖြူလာအောင်လား။ နေလောင်ပျောက်ချင်တာလား စသဖြင့်များကြီးရှိတဲ့ထဲကမှ အဲဒီနည်းတွေအားလုံးရဲ့ အခြေခံအချက်ကတော့ (၄) ချက်၊ အဆင့် (၄) ဆင့်ပဲရှိပါတယ်။ ဘာတွေဖြစ်မလဲဆိုတာကိုတော့ အောက်မှာဆက်ကြည့်လိုက်ကြရအောင်ပါ။

၁။ Cleaning

မျက်နှာသန့်စင်တာကိုတော့ လူတိုင်းသိကြပါတယ်။ သို့ပေမဲ့လို့ ရိုးရိုးသန့်စင်တာနဲ့ Cotton Ball လေးတွေသုံးပြီး သန့်စင်တာက မတူပါဘူး။ ပထမအဆင့်အနေနဲပ Cotton Ball ကို နှင်းဆီရည် (Rose Water) ထဲစိမ်ပြီး မျက်နှာသစ်လိုက်ပါ။ ပြီးရင်တော့ မျက်နှာတစ်ခုလုံးကို နို့ရည်လိမ်းပြီး အခြောက်ခံထားလိုက်ပါ။ နောက်တစ်ဆင့်အနေနဲ့ နို့ရည်တွေခြောက်သွားပြီးဆို ရေဆေးချလိုက်ပါ။

၂။ Scrubbing

နို့ရည်တွေကို ရေအေးလေးနဲ့ ဆေးချပြီးပြီဆိုရင်တော့ Scrub တိုက်လို့ရပါပြီ။ Scrub တိုက်ခြင်းဖြင့် မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ သကြားလက်ဖက်ရည်ဇွန်း (၂) ဇွန်းနဲ့ Olive Oil (၁) ဇွန်းကို အုန်းရည် (သို့) သံပရာရည်နဲ့ရောပြီး သမအောင်ထပ်မွှေပေးပါ။ ပြီးရင်တော့ အဆိုပါအရောအနှောကို မျက်နှာပေါ်တင်လိမ်းပြီး စက်ဝိုင်းပုံနှိပ်နယ်ပေးလိုက်ပါ။

၃။ Steaming

Steaming ဆိုတာက ရေနွေးငွေ့နဲ့ပေါင်းတင်တာပါ။ ပူနေတဲ့ရေနွေးထဲ လက်ကိုင်ပဝါနှစ်ပြီး ပြန်ဆယ်ကာရေကိုညှစ်ချပြီး ၎င်းလက်ကိုင်ပဝါကို မျက်နှာပေါ် ခဏအုပ်ထားလိုက်ပါ။ အေးသွားပြီဆို ပြန်လဲပါ။ (၄-၅) မိနစ်လောက် အဆိုပါနည်းလမ်းအတိုင်း ထပ်ခါ၊ ထပ်ခါလုပ်ပေးပါ။

၄။ Face Message And Mask
Face Message And Mask ဆိုတာကတော့ နောက်ဆုံးအဆင့်အနေနဲ့ မျက်နှာကိုနှိပ်နယ်ပေးပြီး Mask အုပ်ပေးတာကို ပြောခြင်းပဲဖြစ်ပါတယ်။ မျက်နှာကို စိတ်ကြိုက်စက်ဝိုင်းပုံအတိုင်း နှိပ်နယ်ပြီးပြီဆိုရင်တော့ Mask အုပ်လို့ရပါပြီ။ ပျားရည်နဲ့ သံပရာရည်ကို ဆတူရောပြီး မိနစ် (၂၀) လောက်မျက်နှာပေါ် တင်ထားလိုက်ပါ။ ပြီးရင်တော့ ရေဆေးချလို့ပြီ။

Credit:mystylemyanmar

အလှအပ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top