iMyanmarHouse.com - Best Property Website for Myanmar
×
1. ရစ်တာလေးတွေလျှော့။
Credit:marry
ချစ်ရေးချစ်ရာ
# Unicode Version # ဖြင့် ဖတ်ပါ #
အမေချစ်တဲ့သားလေးတစ်ယောက်နဲ့များ ချစ်သူဖြစ်နေသလား? ဒါဆိုရင်တော့ အမှန်အကန် ဘယ်လိုချစ်ပြရမလဲဆိုတာသိဖို့ ဒီစာလေးကိုဖတ်ကြည့်ဖို့ လိုနေပြီနော်!
သင့်ချစ်သူက မာမားboy လေးလား? မေမေချစ်သားလေးဆိုရင်တော့ သူ့ကို ချစ်ရမယ့်နည်းလမ်းလေးတွေရှိပါတယ်။ အောင်ကိုယ်တိုင်လည်း မာမားboy လေးနဲ့ ချစ်နေတာဆိုတော့ အခုပြောပြပေးမယ့်လက်တွေ့နည်းလမ်းလေးတွေနဲ့ ချစ်ပြကြည့်လိုက်ပါ။ သိပ်ကိုအဆင်ပြေတဲ့ချစ်ခရီးလေးဖြစ်မှာပါရှင့်။
1. ရစ်တာလေးတွေလျှော့။
 သင့်ချစ်သူ မာမားboy လေးကို သူဘာလုပ်လုပ်ရစ်နေမိပြီလား? မရစ်ပါနဲ့နော်။ သူ့မှာ အမေကိုအလိုလိုက်ရ၊ တခြားအလုပ်ရှုပ်တာတွေကလည်းရှိနေတော့ သင် ကပါထပ်ပြီး ရစ်လိုက်ရင် သူပိုပြီး စိတ်ရှုပ်နေရမှာပါ။ ရစ်တာလေး တွေလျှော့ ဖို့တော့လိုပါမယ်။
ဥပမာ- သူက မနက်ကပဲ ဖုန်းတစ်ခါဆက်ထားပြီးတော့ တစ်နေကုန် ဖုန်းမဆက် လာဘူး ဆိုပါစို့။ သင်ကလည်း ဖုန်းဆက်တယ် သူကမကိုင်ဘူးဖြစ်နေရော။
ဒါဆိုရင်တော့သင်စိတ်လျှော့ပြီးတော့ အေးအေးဆေးဆေးလုပ်စရာရှိတာသာလုပ် လိုက်ပါ။ တကယ်လို့ဖုန်းပြန်အဆက်အသွယ်ရတဲ့အချိန်မှာလည်း မရစ်မိပါစေနဲ့ နော်။ ဘာကြောင့်လဲဆိုတော့ သင် မာမားboy တစ်ယောက်ကိုချစ်နေမိတာလေ။
2. တွေ့ရတဲ့အချိန်တွေမှာ အပျော်ရွှင်ဆုံးဖြစ်အောင်နေပါ။
သင့်ချစ်သူက မာမားboy လေးဆိုတော့ သူ့မေမေကို အချိန်ပေးရတာများလို့ သင့်ကိုလာတွေ့ချိန် နည်းနေမှာ အသေအချာပါပဲ။ အဲ့ဒီတော့ နည်းလွန်းလှတဲ့ သူနဲ့တွေ့ရတဲ့အချိန်လေးတွေမှာ သူ့ရှေ့မှာသင်က အပျော်ရွှင်ဆုံးမိန်းမတစ်ဦး အဖြစ်သာရှိနေပါစေ။ တွေ့ရတာကမှ ခဏလေးပါဆိုနေ သင်က ထပ်ပြီး ဘူနေလို့ မဖြစ်ဘူးလေ။ သင့်ချစ်သူက မာမားboy လေးဆိုတာကိုလည်း မမေ့နဲ့ဦး။
3. စိတ်ဆိုးနေရင်တောင် ဂရုစိုက်ပေးဖို့မမေ့ပါနဲ့။
သင့်ချစ်သူ မာမားboy လေးနဲ့ ရန်ဖြစ် စိတ်ဆိုးစိတ်ကောက်ထားတဲ့အချိန်မှာ သူ့ကို မပစ်ထားပါနဲ့နော်။ သင်စိတ်ဆိုးနေတဲ့အချိန်မှာ သူက နေမကောင်းဖြစ်တယ် ဆိုပါစို့။ ဂရုစိုက်ပေးလိုက်ပါ။ သူတကယ်ချစ်တာကို သင်သိနေတာပဲလေ။
စိတ်ဆိုးတာလေးကိုလျှော့၊ သူနေမကောင်းတာလေးကို သတင်းလေးဘာလေး မေးပြီး ဂရုတစိုက် ပြုစုပေးလိုက်ပါ။ သင့်ရဲ့ မာမား boy လေး သင့်ကိုအသဲစွဲချစ် သွားပါလိမ့်မယ်။
4. သူ့အမေနဲ့ ဘယ်တော့မှမပြိုင်ပါနဲ့။
ဘယ်တော့မှ သူ့အမေနဲ့ပြိုင်ပြီးတော့ သူ့ရင်ထဲမှာနေရာမလိုချင်ပါနဲ့။ အဲ့ဒါ ဘယ် သောအခါမှ ဖြစ်မလာနိုင်တဲ့အရာပါ။ ဥပမာ- သင်နဲ့ ချိန်းထားပြီးမှ ‘ အမေက အပြင်သွားဖို့ လိုက်ပို့ပေးရမယ်’ လို့ သင့်ချစ်သူက ပြောလာတယ်။
အဲ့ဒီအချိန်မှာ အသာတကြည်ပဲ သွားခိုင်းလိုက်ပါ။ ‘ နင့်အမေနဲ့ငါနဲ့ဆို ဘယ်သူပို အရေးကြီးလဲ’ လို့တော့သွားမမေးလိုက်မိပါစေနဲ့နော်။ Coz သင့်ချစ်သူက မာမား boyလေးပါဆို။
5. သူ့အမေကို သူ့ထက်ပိုချစ်ပြပါ။
ပိုကဲတာတော့မဟုတ်ဘူးပေါ့။ ဒါပေမယ့် တစ်ခါတစ်လေလည်း သူ့အမေကို သင် က ပိုကဲပြီးချစ်ပြတာက သင်တို့နှစ်ယောက်အဆင်ပြေဖို့ နည်းလမ်းကောင်းတစ် ခုပါပဲ။ စကားလမ်းကြုံတိုင်း သူ့အမေကို သာကြောင်းမာကြောင်းမေးပေးပါ။
သူ့အမေမကောင်းကြောင်းကိုလည်း သူ့ရှေ့မှာမပြောမိရင်အကောင်းဆုံးပါပဲ။ သူ့စိတ်ထဲမှာ သင်က သူ့အမေကိုသင်ချစ်နေတယ်ပဲ ထင်နေပါစေနော်။
အိုခေ။ ဒီလောက်ဆိုရင်ပဲ မာမားboy ကိုချစ်သူတော်ထားတဲ့ သူငယ်ချင်းမလေးတွေ အဆင်ပြေလောက်မှာပါ။
အဓိကတော့ အမေကိုချစ်တဲ့ မာမားboy လေးတစ်ယောက်ကို ချစ်နေတယ်ဆိုရင် သည်းခံစိတ်လေးများများမွေးထားမှရပါမယ်။ ချစ်သူတိုင်း အဆင်ပြေကြပါစေ။
Credit:marry
ချစ်ရေးချစ်ရာ
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top