iMyanmarHouse.com - Best Property Website for Myanmar
×


တကယ္ကိုအသံုး၀င္တဲ့နည္းလမ္းေလးမို႔ ေ၀မွ်ေပးပါရေစေနာ္

မိန္းကေလးတိုင္းရဲ႕ အိပ္မက္ဟာ လွပခ်င္တာပါပဲ။ အျပစ္အနာ အဆာမရွိတဲ့ ခ်စ္စဖြယ္မ်က္ႏွာေလးကို ပိုင္ဆိုင္ခ်င္ၾကတာ မိန္းကေလးမွမဟုတ္ဘူး လူတိုင္းလိုလိုပါပဲ။ မဂၤလာေဆာင္ ေတာ့မယ့္ သတို႔သမီး ေလးေတြအတြက္ဆိုရင္ မ်က္ႏွာအလွ အပဟာ တကယ္ကိုပဲအေရးၾကီးလြန္းပါတယ္။

မ်က္ႏွာေပၚမွာ ေနရာယူျပီး ကိုယ့္ရဲ႕အလွအပေတြကို ဖ်က္ဆီးေနတဲ့ အမဲစက္ ေတြကိုေတာ့ Chemical ေတြမပါတဲ့ သဘာ၀နည္းလမ္းေလးနဲ႕ ေျဖရွင္းဖို႔အတြက္ ေျပာျပေပးမယ္ေနာ္။

ခုေျပာျပေပးမယ့္ နည္းလမ္းေလးကေတာ့ မွဲ႕ေျခာက္နဲ႔ တင္းတိပ္ ေတြေၾကာင့္ျဖစ္ တတ္တဲ့ အမဲစက္ေတြကို ဖယ္ရွားပစ္ဖို႔ နည္း လမ္းေလးပါပဲ။ မွဲ႕ေျခာက္ေတြဟာ ႏွာေခါင္းနဲ႔ ပါးရိုးေနရာေတြ မွာ အျဖစ္မ်ားေလ့ရွိပါတယ္။

တင္းတိပ္ကေတာ့ မ်က္ႏွာျပင္ ရဲ႕ ေနရာမေရြးေပါက္ေလ့ရွိပါတယ္။ မွဲ႕ေျခာက္ေတြ ကို ႏွိမ္နင္းခ်င္ တယ္ဆိုရင္ေတာ့ ဒန္အိုးသန္႔သန္႔ထဲမွာ ေရလက္သံုးလံုးစာ ခန္႔ ထည့္ပါ၊ ျပီးရင္ ေၾကြခြက္တစ္ခြက္ထဲမွာ ကြမ္းရြက္ႏွစ္ရြက္ ေလာက္ထည့္ျပီး အ ေပၚက ခြက္တစ္ခုနဲ႕ အုပ္လုိက္ပါ။ ျပီးရင္ ဒန္အိုးထဲထည့္ခါ ေရဆူလာသည္အထိ ေပါင္းပါ။

ကြမ္းရြက္ထည့္ ထားတဲ့ ေၾကြခြက္ထဲကို ေရထည့္ရန္ မလိုပါ။ ေရဆူလာရင္ အုိးခ် လိုက္ပါ။ ကြမ္းရြက္က အေရာင္ေျပာင္းျပီး ႏြမ္းသြားပါလိမ့္ မယ္။ ႏြမ္းသြားတဲ့ကြမ္း ရြက္ေတြကို အေအးခံျပီး မွဲ႕ေျခာက္ေတြ ေပၚမွာ နာရီ၀က္ခန္႔အုပ္ပါ။ ဒီနည္းလမ္း ေလးကို ဆယ္ရက္ခန္႔ လုပ္လုိက္မယ္ဆိုရင္ မွဲ႕ေျခာက္ကင္းတဲ့ ခ်စ္စဖြယ္မ်က္ႏွာ ေလးကို ပိုင္ဆိုင္ႏိုင္မွာပါ။

ေနာက္ထပ္အမဲစက္တစ္ခုျဖစ္တဲ့ တင္းတိပ္ေတြကို ေျဖရွင္းခ်င္ တယ္ဆိုရင္ေတာ့ ညအိပ္ခါနီး မ်က္ႏွာကိုသန္႔စင္ေရာင္ အရင္ သစ္ပါ။ ျပီးရင္ ေစာင္းလ်ားသီး အမွည့္ကို ပါးပါးလွီးျပီး တင္းတိပ္ ျဖစ္တဲ့ ေနရာကို တစ္ညလံုးကပ္အိပ္ပါ။ ေစာင္းလ်ားသီးမွာ အခ်ဥ္ သီးနဲ႔ အခ်ိဳသီးႏွစ္မ်ိဳးရွိပါတယ္။

ဘယ္လို အသီးအမ်ိ်ဳးအစားပဲ ျဖစ္ျဖစ္ အဆင္ေျပပါတယ္။ အခ်ဥ္သီး ဆိုရင္ေတာ့ အာနိသင္ ပိုေကာင္းပါတယ္။ ဒီနည္းလမ္းေလးကိုလည္း ဆယ္ရက္ခန္႔ ျပဳလုပ္ေပး မယ္ဆိုရင္ ပ်ိဳပ်ိဳေမတို႔ရဲ႕ လွပလြန္းတဲ့ မ်က္ႏွာေပၚမွာ မတရား၀င္ေရာက္က်ဴး ေက်ာ္ေနတဲ့ အမဲစက္ေတြကို အျပီး ေမာင္းထုတ္ႏိုင္မွာပါ။ ဒီနည္းလမ္း ေလးေတြ ဟာ သဘာ၀ သစ္သီးေတြနဲ႔ျပဳလုပ္တာမို႔ ေငြကုန္ေၾကးက််လဲမမ်ားပဲ အႏၱာရယ္ လဲ မျဖစ္ေစတာမို႔ စိတ္ခ်လက္ခ်ယံုၾကည္လုိ႕ရပါတယ္ေနာ္။ မဂၤလာပြဲမွာ အလွဆံုးပ်ိဳပ်ိဳ ေမေလးေတြျဖစ္ပါေစလို႔ ဆႏၵျပဳ ေပးလိုက္တယ္ေနာ္။

Credit:marry

အလွအပ
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


တကယ်ကိုအသုံးဝင်တဲ့နည်းလမ်းလေးမို့ ဝေမျှပေးပါရစေနော်

မိန်းကလေးတိုင်းရဲ့ အိပ်မက်ဟာ လှပချင်တာပါပဲ။ အပြစ်အနာ အဆာမရှိတဲ့ ချစ်စဖွယ်မျက်နှာလေးကို ပိုင်ဆိုင်ချင်ကြတာ မိန်းကလေးမှမဟုတ်ဘူး လူတိုင်းလိုလိုပါပဲ။ မင်္ဂလာဆောင် တော့မယ့် သတို့သမီး လေးတွေအတွက်ဆိုရင် မျက်နှာအလှ အပဟာ တကယ်ကိုပဲအရေးကြီးလွန်းပါတယ်။

မျက်နှာပေါ်မှာ နေရာယူပြီး ကိုယ့်ရဲ့အလှအပတွေကို ဖျက်ဆီးနေတဲ့ အမဲစက် တွေကိုတော့ Chemical တွေမပါတဲ့ သဘာဝနည်းလမ်းလေးနဲ့ ဖြေရှင်းဖို့အတွက် ပြောပြပေးမယ်နော်။

ခုပြောပြပေးမယ့် နည်းလမ်းလေးကတော့ မှဲ့ခြောက်နဲ့ တင်းတိပ် တွေကြောင့်ဖြစ် တတ်တဲ့ အမဲစက်တွေကို ဖယ်ရှားပစ်ဖို့ နည်း လမ်းလေးပါပဲ။ မှဲ့ခြောက်တွေဟာ နှာခေါင်းနဲ့ ပါးရိုးနေရာတွေ မှာ အဖြစ်များလေ့ရှိပါတယ်။

တင်းတိပ်ကတော့ မျက်နှာပြင် ရဲ့ နေရာမရွေးပေါက်လေ့ရှိပါတယ်။ မှဲ့ခြောက်တွေ ကို နှိမ်နင်းချင် တယ်ဆိုရင်တော့ ဒန်အိုးသန့်သန့်ထဲမှာ ရေလက်သုံးလုံးစာ ခန့် ထည့်ပါ၊ ပြီးရင် ကြွေခွက်တစ်ခွက်ထဲမှာ ကွမ်းရွက်နှစ်ရွက် လောက်ထည့်ပြီး အ ပေါ်က ခွက်တစ်ခုနဲ့ အုပ်လိုက်ပါ။ ပြီးရင် ဒန်အိုးထဲထည့်ခါ ရေဆူလာသည်အထိ ပေါင်းပါ။

ကွမ်းရွက်ထည့် ထားတဲ့ ကြွေခွက်ထဲကို ရေထည့်ရန် မလိုပါ။ ရေဆူလာရင် အိုးချ လိုက်ပါ။ ကွမ်းရွက်က အရောင်ပြောင်းပြီး နွမ်းသွားပါလိမ့် မယ်။ နွမ်းသွားတဲ့ကွမ်း ရွက်တွေကို အအေးခံပြီး မှဲ့ခြောက်တွေ ပေါ်မှာ နာရီဝက်ခန့်အုပ်ပါ။ ဒီနည်းလမ်း လေးကို ဆယ်ရက်ခန့် လုပ်လိုက်မယ်ဆိုရင် မှဲ့ခြောက်ကင်းတဲ့ ချစ်စဖွယ်မျက်နှာ လေးကို ပိုင်ဆိုင်နိုင်မှာပါ။

နောက်ထပ်အမဲစက်တစ်ခုဖြစ်တဲ့ တင်းတိပ်တွေကို ဖြေရှင်းချင် တယ်ဆိုရင်တော့ ညအိပ်ခါနီး မျက်နှာကိုသန့်စင်ရောင် အရင် သစ်ပါ။ ပြီးရင် စောင်းလျားသီး အမှည့်ကို ပါးပါးလှီးပြီး တင်းတိပ် ဖြစ်တဲ့ နေရာကို တစ်ညလုံးကပ်အိပ်ပါ။ စောင်းလျားသီးမှာ အချဉ် သီးနဲ့ အချိုသီးနှစ်မျိုးရှိပါတယ်။

ဘယ်လို အသီးအမျျိုးအစားပဲ ဖြစ်ဖြစ် အဆင်ပြေပါတယ်။ အချဉ်သီး ဆိုရင်တော့ အာနိသင် ပိုကောင်းပါတယ်။ ဒီနည်းလမ်းလေးကိုလည်း ဆယ်ရက်ခန့် ပြုလုပ်ပေး မယ်ဆိုရင် ပျိုပျိုမေတို့ရဲ့ လှပလွန်းတဲ့ မျက်နှာပေါ်မှာ မတရားဝင်ရောက်ကျူး ကျော်နေတဲ့ အမဲစက်တွေကို အပြီး မောင်းထုတ်နိုင်မှာပါ။ ဒီနည်းလမ်း လေးတွေ ဟာ သဘာ၀ သစ်သီးတွေနဲ့ပြုလုပ်တာမို့ ငွေကုန်ကြေးကျျလဲမများပဲ အန္တာရယ် လဲ မဖြစ်စေတာမို့ စိတ်ချလက်ချယုံကြည်လို့ရပါတယ်နော်။ မင်္ဂလာပွဲမှာ အလှဆုံးပျိုပျို မေလေးတွေဖြစ်ပါစေလို့ ဆန္ဒပြု ပေးလိုက်တယ်နော်။

Credit:marry

အလှအပ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top