iMyanmarHouse.com - Best Property Website for Myanmar
×












Credit:burmese.asia


# Unicode Version # ဖြင့် ဖတ်ပါ #



“အာဆီယံ နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ မီနဲ့ရွှေကြာ ဇာတ်ကားတွေဆုရရှိ” မလေးရှားနိုင်ငံတွင် ပြုလုပ်သည့် အာဆီယံ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် ၂၀၁၉ တွင် မီ နှင့် ရွှေကြာ ဇာတ်ကားတို့က ဆုတစ်ဆုစီရရှိခဲ့ကြသည်။

မီဇာတ်ကားဖြင့် ဒါရိုက်တာ ဏကြီးက Best Director of Photography ဆု ရရှိခဲ့ပြီး ဒါရိုက်တာဝိုင်းက ဒိုင်လူကြီးများရွေးချယ်ပေးသည့် Special Jury Award သုံးဆု အနက် တစ်ဆု ရရှိခဲ့ခြင်းဖြစ်သည်။

မီဇာတ်ကားသည် ဇာတ်ကားဆု ၊ အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆု နှင့် Best Director of Photographyဆု သုံးဆု အတွက် ဆန်ခါတင် ၅ ဦးအဆင့်အထိပါဝင်ခဲ့ပြီး ရွှေကြာ ဇာတ်ကားသည် အကောင်းဆုံး အမျိုးသား ဇာတ်ပို့ သရုပ်ဆောင်ဆု အတွက် ဆန်ခါတင် ၅ ဦးအဆင့်အထိပါဝင်ခဲ့သည်။

ယင်းရုပ်ရှင်ပွဲတော်၏ ဆုပေးပွဲအခမ်းအနားကို ဧပြီ ၂၇ ရက်တွင် မလေးရှားနိုင်ငံ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Credit:burmese.asia

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top