iMyanmarHouse.com - Best Property Website for Myanmar
×


ယေန႔ေခတ္မွာ ကိုကာကိုလာ၊ ပက္စီ အစရွိတဲ့ အခ်ိဳရည္ေတြ ေသာက္သံုးမႈဟာ တျဖည္းျဖည္းမ်ားျပားလာပါတယ္။ ဒီလို သၾကားဓာတ္အေျချပဳထုတ္လုပ္ထားတဲ့ အခ်ဳိရည္ေတြဟာ အ၀လြန္ျခင္းအပါအ၀င္ အျခားေရာဂါေတြနဲ႔ ဆက္စပ္ေနတာကိုလည္း ေလ့လာေတြ႕ရွိခဲ့ၿပီးျဖစ္ပါတယ္။ ဒီထဲကမွ ကိုကာကိုလာ ဒါမွမဟုတ္ အျခားကိုလာ အခ်ိဳရည္ေတြကို ေန႔စဥ္ေသာက္သံုးေလ့ရွိတယ္ဆိုရင္ ဘာေတြၾကံဳေတြ႕ရမလဲဆိုတာကို ေဖာ္ျပလိုက္ပါတယ္။

၁။ က်န္းမာေရးနဲ႔ မညီညြတ္တာေတြ ပိုစားခ်င္စိတ္ျဖစ္လာမယ္

ေလ့လာမႈေတြအရ အခ်ိဳရည္ေသာက္သံုးမႈမ်ားသူေတြဟာ က်န္းမာေရးနဲ႔ညီညြတ္တဲ့ အစားအေသာက္ေတြကို သိပ္မေရြးခ်ယ္ျဖစ္ၾကေတာ့ဘူးလို႔ သိရပါတယ္။

 ဒါ့ေၾကာင့္ အခ်ိဳရည္ေန႔စဥ္ပံုမွန္ေသာက္သံုးေလ့ရွိသူေတြဟာ ဗီတာမင္နဲ႔ သတၱဳဓာတ္၊ အမွ်င္ဓာတ္ေတြ လံုေလာက္စြာ မရရွိႏိုင္တာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒါ့အျပင္ အခ်ိဳရည္ေသာက္သံုးေလ့ရွိသူေတြဟာ ႏြားႏို႔ေသာက္သံုးမႈလည္း နည္းပါသြားတတ္တာေၾကာင့္ အရိုးက်န္းမာေရးကို အားနည္းေစႏိုင္ပါတယ္။

၂။ သြားက်န္းမာေရး ထိခိုက္ႏိုင္တယ္

အခ်ိဳရည္ေတြမွာ သၾကားဓာတ္နဲ႔ အက္ဆစ္ဓာတ္ပါ၀င္မႈႏႈန္းျမင့္မားတာေၾကာင့္ သြားပိုးစားျခင္းနဲ႔ သြားေၾကြလႊာပ်က္စီးျခင္းတို႔ ျဖစ္လာႏိုင္ပါတယ္။

၃။ အရိုးၾကံ႕ခိုင္မႈ အားနည္းလာမယ္

ကိုလာနဲ႔အျခားအခ်ိဳရည္ေတြကို ပံုမွန္ေသာက္သံုးျခင္းက အရိုးတြင္း သတၱဳဓာတ္ေတြရဲ႕ သိပ္သည္းဆကိုလည္း ေလ်ာ့က်ေစႏိုင္တာက အရိုးၾကံ႕ခိုင္သန္မာမႈကို အားနည္းသြားေစပါတယ္။ ဒီအခ်ိဳရည္ေတြမွာ သၾကားဓာတ္အျပင္ ကဖိန္းဓာတ္လည္း မ်ားျပားစြာပါ၀င္ပါတယ္။

ကဖိန္းဓာတ္ဟာ အရိုးကို ၾကံ႕ခိုင္သန္မာေစတဲ့ ကယ္စီယမ္ဓာတ္ေတြကို ဆီးနဲ႔အတူ စြန္႔ထုတ္ပစ္ေအာင္ လုပ္ေပးႏိုင္တာေၾကာင့္ အရိုးၾကံ႕ခိုင္မႈ အားနည္းလာတဲ့အျပင္ အရိုးပြေရာဂါအထိ ျဖစ္လာႏိုင္ပါတယ္။

၄။ နာတာရွည္ေရာဂါေတြ ျဖစ္ဖို႔ အလားအလာပိုမ်ားလာမယ္

တစ္ေန႔ကို အခ်ိဳရည္ ၃၅၀ မီလီလီတာ (တစ္ဘူး) ထက္ပိုေသာက္သံုးေလ့ရွိသူေတြမွာ အ၀လြန္ျခင္း၊ သၾကားဓာတ္မူမမွန္ျခင္း၊ ဇီ၀ကမၼျဖစ္စဥ္ မူမမွန္ျခင္း၊ ေသြးဖိအားျမင့္တက္ျခင္း၊ က်န္မာေရးကို ထိခိုက္ေစႏိုင္တဲ့ LDL ကိုလက္စထေရာဓာတ္မ်ားျပားျခင္း၊ ႏွလံုးတိုက္ခုိက္ခံရျခင္း စတဲ့ေရာဂါေ၀ဒနာေတြ ခံစားရႏိုင္ေခ် ပိုမ်ားပါတယ္။ ဒါ့အျပင္ ဆီးခ်ိဳအမ်ိဳးအစားႏွစ္နဲ႔ အျခားႏွလံုးေသြးေၾကာဆိုင္ရာ ေရာဂါေတြလည္း ျဖစ္ေပၚခံစားရႏိုင္ေခ် မ်ားျပားလာပါတယ္။

၅။ မေသာက္ရ မေနႏိုင္ျဖစ္လာမယ္

ကိုလာအမ်ိဳးအစား အခ်ိဳရည္ေတြမွာ အျခားအခ်ိဳရည္ေတြထက္ ကဖိန္းဓာတ္ပိုမိုမ်ားျပားစြာ ပါ၀င္ပါတယ္။ ကဖိန္းဓာတ္ဟာ လက္ဘက္ရည္၊ ေကာ္ဖီနဲ႔ ေခ်ာကလက္တို႔မွာ သဘာ၀အတိုင္းေတြ႕ရတတ္ၿပီး စြဲလမ္းေစတဲ့ အာနိသင္ရွိပါတယ္။

အခ်ိဳရည္ ၃၇၅ မီလီလီတာ တစ္ဘူးမွာ ကဖိန္းဓာတ္ ၄၀ mg ကေန ၅၀ mg ေလာက္အထိ ပါ၀င္တတ္တာေၾကာင့္ ေကာ္ဖီျပင္းတစ္ခြက္နဲ႔ ညီမွ်ပါတယ္။ ကဖိန္းဓာတ္ဟာ ႏိုးၾကားတက္ၾကြေစျခင္း၊ ခြန္အားျပည့္သလို ခံစားရျခင္းနဲ႔ အာရုံလန္းဆန္ေစျခင္း စတာေတြကို ျဖစ္ေစႏိုင္ေပမယ့္ အျမဲစြဲျမဲေသာက္သံုးခဲ့မယ္ဆိုရင္ေတာ့ စြဲလမ္းမႈျပႆနာေတြ ရွိတတ္ပါတယ္။

ပံုမွန္ေသာက္ေနက်အတိုင္း မေသာက္ရတဲ့အခါမွာ ေခါင္းကိုက္ျခင္း၊ ပင္ပန္းႏြမ္းနယ္ျခင္း၊ ႏိုးၾကားတက္ၾကြမႈ ေလ်ာ့နည္းလာျခင္းနဲ႔ စိတ္ဓာတ္က်ျခင္းေတြကို ျဖစ္ေစပါတယ္။

၆။ ကင္ဆာျဖစ္ႏိုင္ေခ် ပိုမ်ားလာမယ္

အခ်ိဳရည္အမ်ိဳးမ်ိဳးမွာ ကင္ဆာကို ျဖစ္ေစႏိုင္တဲ့ Benzene ဓာတ္ပစၥည္းကို ထုတ္ေပးႏိုင္တဲ့ benzoic အက္ဆစ္ဓာတ္ေတြ ပါ၀င္ပါတယ္။ ဒါ့ေၾကာင့္ ကိုလာအပါအ၀င္ အခ်ိဳရည္ေတြကို သီတင္းတစ္ပတ္ကို တစ္ဘူးထက္ပိုၿပီး ေသာက္သံုးမယ္ဆိုရင္ ကင္ဆာျဖစ္ႏိုင္ေခ်လည္း ျမင့္တက္လာႏိုင္ပါတယ္။

အခုေဖာ္ျပခဲ့တဲ့ အခ်က္ေတြက အခ်ိဳရည္ကို ရံဖန္ရံခါေသာက္သံုးရုံနဲ႔ ျဖစ္ႏိုင္တာမဟုတ္ပါဘူး။ ေန႔စဥ္ ပံုမွန္ဆိုသလို စြဲျမဲေသာက္သံုးသူေတြမွာ ေတြရႏိုင္ေခ်ရွိတဲ့ အခ်က္ေတြျဖစ္ပါတယ္။

မိန္းကေလးတိုင္း ေတာင့္တၿပီး ေယာကၤ်ားေလးတိုင္း အားက်ေစဖို႔

Credit:Gentleman Magazine

က်န္းမာေရး
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


ယနေ့ခေတ်မှာ ကိုကာကိုလာ၊ ပက်စီ အစရှိတဲ့ အချိုရည်တွေ သောက်သုံးမှုဟာ တဖြည်းဖြည်းများပြားလာပါတယ်။ ဒီလို သကြားဓာတ်အခြေပြုထုတ်လုပ်ထားတဲ့ အချိုရည်တွေဟာ အဝလွန်ခြင်းအပါအဝင် အခြားရောဂါတွေနဲ့ ဆက်စပ်နေတာကိုလည်း လေ့လာတွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။ ဒီထဲကမှ ကိုကာကိုလာ ဒါမှမဟုတ် အခြားကိုလာ အချိုရည်တွေကို နေ့စဉ်သောက်သုံးလေ့ရှိတယ်ဆိုရင် ဘာတွေကြုံတွေ့ရမလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။

၁။ ကျန်းမာရေးနဲ့ မညီညွတ်တာတွေ ပိုစားချင်စိတ်ဖြစ်လာမယ်

လေ့လာမှုတွေအရ အချိုရည်သောက်သုံးမှုများသူတွေဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို သိပ်မရွေးချယ်ဖြစ်ကြတော့ဘူးလို့ သိရပါတယ်။

 ဒါ့ကြောင့် အချိုရည်နေ့စဉ်ပုံမှန်သောက်သုံးလေ့ရှိသူတွေဟာ ဗီတာမင်နဲ့ သတ္တုဓာတ်၊ အမျှင်ဓာတ်တွေ လုံလောက်စွာ မရရှိနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့အပြင် အချိုရည်သောက်သုံးလေ့ရှိသူတွေဟာ နွားနို့သောက်သုံးမှုလည်း နည်းပါသွားတတ်တာကြောင့် အရိုးကျန်းမာရေးကို အားနည်းစေနိုင်ပါတယ်။

၂။ သွားကျန်းမာရေး ထိခိုက်နိုင်တယ်

အချိုရည်တွေမှာ သကြားဓာတ်နဲ့ အက်ဆစ်ဓာတ်ပါဝင်မှုနှုန်းမြင့်မားတာကြောင့် သွားပိုးစားခြင်းနဲ့ သွားကြွေလွှာပျက်စီးခြင်းတို့ ဖြစ်လာနိုင်ပါတယ်။

၃။ အရိုးကြံ့ခိုင်မှု အားနည်းလာမယ်

ကိုလာနဲ့အခြားအချိုရည်တွေကို ပုံမှန်သောက်သုံးခြင်းက အရိုးတွင်း သတ္တုဓာတ်တွေရဲ့ သိပ်သည်းဆကိုလည်း လျော့ကျစေနိုင်တာက အရိုးကြံ့ခိုင်သန်မာမှုကို အားနည်းသွားစေပါတယ်။ ဒီအချိုရည်တွေမှာ သကြားဓာတ်အပြင် ကဖိန်းဓာတ်လည်း များပြားစွာပါဝင်ပါတယ်။

ကဖိန်းဓာတ်ဟာ အရိုးကို ကြံ့ခိုင်သန်မာစေတဲ့ ကယ်စီယမ်ဓာတ်တွေကို ဆီးနဲ့အတူ စွန့်ထုတ်ပစ်အောင် လုပ်ပေးနိုင်တာကြောင့် အရိုးကြံ့ခိုင်မှု အားနည်းလာတဲ့အပြင် အရိုးပွရောဂါအထိ ဖြစ်လာနိုင်ပါတယ်။

၄။ နာတာရှည်ရောဂါတွေ ဖြစ်ဖို့ အလားအလာပိုများလာမယ်

တစ်နေ့ကို အချိုရည် ၃၅၀ မီလီလီတာ (တစ်ဘူး) ထက်ပိုသောက်သုံးလေ့ရှိသူတွေမှာ အဝလွန်ခြင်း၊ သကြားဓာတ်မူမမှန်ခြင်း၊ ဇီဝကမ္မဖြစ်စဉ် မူမမှန်ခြင်း၊ သွေးဖိအားမြင့်တက်ခြင်း၊ ကျန်မာရေးကို ထိခိုက်စေနိုင်တဲ့ LDL ကိုလက်စထရောဓာတ်များပြားခြင်း၊ နှလုံးတိုက်ခိုက်ခံရခြင်း စတဲ့ရောဂါဝေဒနာတွေ ခံစားရနိုင်ချေ ပိုများပါတယ်။ ဒါ့အပြင် ဆီးချိုအမျိုးအစားနှစ်နဲ့ အခြားနှလုံးသွေးကြောဆိုင်ရာ ရောဂါတွေလည်း ဖြစ်ပေါ်ခံစားရနိုင်ချေ များပြားလာပါတယ်။

၅။ မသောက်ရ မနေနိုင်ဖြစ်လာမယ်

ကိုလာအမျိုးအစား အချိုရည်တွေမှာ အခြားအချိုရည်တွေထက် ကဖိန်းဓာတ်ပိုမိုများပြားစွာ ပါဝင်ပါတယ်။ ကဖိန်းဓာတ်ဟာ လက်ဘက်ရည်၊ ကော်ဖီနဲ့ ချောကလက်တို့မှာ သဘာဝအတိုင်းတွေ့ရတတ်ပြီး စွဲလမ်းစေတဲ့ အာနိသင်ရှိပါတယ်။

အချိုရည် ၃၇၅ မီလီလီတာ တစ်ဘူးမှာ ကဖိန်းဓာတ် ၄၀ mg ကနေ ၅၀ mg လောက်အထိ ပါဝင်တတ်တာကြောင့် ကော်ဖီပြင်းတစ်ခွက်နဲ့ ညီမျှပါတယ်။ ကဖိန်းဓာတ်ဟာ နိုးကြားတက်ကြွစေခြင်း၊ ခွန်အားပြည့်သလို ခံစားရခြင်းနဲ့ အာရုံလန်းဆန်စေခြင်း စတာတွေကို ဖြစ်စေနိုင်ပေမယ့် အမြဲစွဲမြဲသောက်သုံးခဲ့မယ်ဆိုရင်တော့ စွဲလမ်းမှုပြဿနာတွေ ရှိတတ်ပါတယ်။

ပုံမှန်သောက်နေကျအတိုင်း မသောက်ရတဲ့အခါမှာ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ နိုးကြားတက်ကြွမှု လျော့နည်းလာခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတွေကို ဖြစ်စေပါတယ်။

၆။ ကင်ဆာဖြစ်နိုင်ချေ ပိုများလာမယ်

အချိုရည်အမျိုးမျိုးမှာ ကင်ဆာကို ဖြစ်စေနိုင်တဲ့ Benzene ဓာတ်ပစ္စည်းကို ထုတ်ပေးနိုင်တဲ့ benzoic အက်ဆစ်ဓာတ်တွေ ပါဝင်ပါတယ်။ ဒါ့ကြောင့် ကိုလာအပါအဝင် အချိုရည်တွေကို သီတင်းတစ်ပတ်ကို တစ်ဘူးထက်ပိုပြီး သောက်သုံးမယ်ဆိုရင် ကင်ဆာဖြစ်နိုင်ချေလည်း မြင့်တက်လာနိုင်ပါတယ်။

အခုဖော်ပြခဲ့တဲ့ အချက်တွေက အချိုရည်ကို ရံဖန်ရံခါသောက်သုံးရုံနဲ့ ဖြစ်နိုင်တာမဟုတ်ပါဘူး။ နေ့စဉ် ပုံမှန်ဆိုသလို စွဲမြဲသောက်သုံးသူတွေမှာ တွေရနိုင်ချေရှိတဲ့ အချက်တွေဖြစ်ပါတယ်။

မိန်းကလေးတိုင်း တောင့်တပြီး ယောင်္ကျားလေးတိုင်း အားကျစေဖို့

Credit:Gentleman Magazine

ကျန်းမာရေး
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top