iMyanmarHouse.com - Best Property Website for Myanmar
×
Credit:burmese.asia
 အနုပညာ
#Unicode Version# ဖြင့်ဖတ်ပါ ။
ရဲလေးမကတော့ ပရိသတ်အချစ်တော် သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်ကို ပိုင်နိူင်စွာသရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေကအချစ်ပိုနေကြတာလဲဖြစ်ပါတယ်။ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင် ရဲလေးမကိုတော့ ပရိသတ်တွေက မိန်းမလျာကာရိုက်တာနဲ့ ပိုပြီး ရင်းရင်းနှီးနှီးအားပေးကြတာကို တွေ့ရပါတယ်။။ ဇာတ်ပို့သရုပ်ဆောင်တစ်ဦးအဖြစ် ပရိသတ်တွေရဲ့ အားပေးမှု ရရှိထားတဲ့ သရုပ်ဆောင်ရဲလေးမဟာ သူ့ရဲ့ ဝင်ငွေနဲ့ မိသားစု တစ်စုလုံးကို လုပ်ကိုင်ကျွေး မွေးနေသူ တစ်ဦးပါ။
ရဲလေးမကတော့ “အမေရိကန်နိုင်ငံနယူးယောက်မှပြန်လာသောညီမလေးနှစ်ယောက်ကပေးတဲ့လက်ဆောင်TV41″နဲ့သူတို့ရဲ့မေမေကပေးတဲ့လက်ဆောင်အလှကုန်လေးတွေအရမ်းကြိုက်ပါတယ်ကျေးဇူးလည်းတင်ပါတယ်တန်ဖိုးလည်းပါတယ်အစစအရာရာအတွက်ပါနော်”ဆိုပြီး TV အသစ်ကြီးလက်ဆောင်ရတဲ့အကြောင်းပြောထားပါတယ်။ “အခုလို တီဗွီအကြီးကြီး လက်ဆောင်ရတော့ တစ်အိမ်သားလုံးပျော်နေတယ်။ ကိုကြီးတို့အိမ်မှာ ဒီလောက်ကြီးတဲ့ တီဗွီဝယ်ဖို့ မမှန်းနိုင်သေးဘူးလေ “လို့လဲပြောလာခဲ့ပါတယ်။
ရဲလေးမကိုတော့ ဇာတ်ပို့ဇာတ်ရံတစ်ဦးအဖြစ် ပရိသတ်တွေ သတိထားမိမှာပါ။ ချစ်စရာကောင်းတဲ့ အခြောက်ဇာတ်ရုပ်တွေ ပီပြင်လွန်းတာ ကြောင့်လည်း ပရိသတ်အချစ်ကို ရရှိပိုင်ဆိုင်နေတာဖြစ်ပါတယ်။ သူ့အနေနဲ့ ဗီဒီယိုဇာတ်ကား ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရ တာလည်း ဖြစ်ပါတယ်။ပရိသတ်ကြီးအတွက် TV အသစ်ကြီးရလို့ပျော်နေတဲ့ ရဲလေးမရဲ့ interview ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလဲရဲလေးမကိုချစ်ရင် Share သွားကြဦးနော်။
Credit:burmese.asia
 အနုပညာ
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top