iMyanmarHouse.com - Best Property Website for Myanmar
×

အားလံုးပဲ မဂၤလာပါ။ စိတ္ရဲ႕ ျပတင္းေပါက္လို႔ တင္စားေလ့႐ွိတဲ့ မ်က္လံုးေလးကို မ်က္လံုးမိတ္ကပ္ေသခ်ာလိမ္းျခယ္ေပးမယ္ဆိုရင္ လွပတဲ့ မ်က္ဝန္းတစ္စံုကို ပိုင္ဆိုင္ႏိုင္မွာပါ။

ဒါ့ေၾကာင့္ အိုင္း႐ွဲဒိုးနဲ႔ လိုင္နာေတြကို သပ္သပ္ရပ္ရပ္နဲ႔ လွလွပပေလး ျခယ္သႏိုင္ဖို႔အတြက္ အဆင့္ဆင့္ ျပဳလုပ္ရမယ့္ နည္းလမ္းေလးေတြကို ေဝမွ်ေပးလိုက္ပါတယ္။

အဆင့္ ၁

မ်က္လံုး Primer ေလး အရင္လိမ္းေပးရပါမယ္။ လိမ္းထားတဲ့ Primer ေလး ေျခာက္သြားၿပီဆိုရင္ ကြန္စီလာ၊ ဒါမွမဟုတ္ ေဖာင္ေဒး႐ွင္းေလး ထပ္လိမ္းေပးပါ။

အဆင့္ ၂

မ်က္လံုးမိတ္ကပ္လိမ္းျခယ္တာ မကြ်မ္းက်င္ေသးတဲ့ ပ်ိဳေမေလးေတြ၊ အခုမွ စလိမ္းမယ့္ ပ်ိဳေမေလးေတြအတြက္ မ႐ွိမျဖစ္အေရာင္၊ အေျခခံအက်ဆံုး အေရာင္ေလးမ်ိဳးကိုေတာ့ ပိုင္ဆိုင္ထားသင့္ပါတယ္။

အဆင့္ ၃

လိမ္းျခယ္ရမယ့္ ႐ွဲဒိုးအေရာင္ေလးမ်ိဳး႐ွိၿပီဆိုရင္ မ်က္လံုးမိတ္ကပ္အတြက္ ဒီ ဘရက္႐ွ္ ၂ မ်ိဳးကလည္း မ႐ွိမျဖစ္ပါပဲ။

အဆင့္ ၄

အေရာင္ေလးေရာင္ထဲကမွ အေရာင္အႏုဆံုးနဲ႔ မ်က္ခြံအလယ္ေလာက္ကေန မ်က္လံုးအတြင္းေထာင့္ကို လိမ္းျခယ္ေပးပါ။

အဆင့္ ၅

အဲ့ဒီအေရာင္ေလးကိုပဲ အေရာင္စိုစိုေလးေျပာင္းသြားခ်င္တဲ့အတြက္ေၾကင့္ ဘရက္႐ွ္ေလးကို ေရစြတ္ေပးၿပီး မ်က္လံုးအခြ်န္ေထာင့္နားကို လိမ္းျခယ္လိုက္ပါ။

မ်က္လံုးအခြ်န္ေထာင့္ျခယ္ၿပီးသြားတဲ့အခါ အဲ့ဒီအေရာင္အတိုင္း မ်က္ခံုးေအာက္အစြန္းနားကို  လိမ္းျခယ္ေပးပါ။

အဆင့္ ၆

အိုင္႐ွဲဒိုးဆြဲတာ အလြန္အကြ်ံမျဖစ္ဖို႔အတြက္ မ်က္ခံုးအစြန္း၊ မ်က္လံုးအစြန္းနဲ႔ ႏွာေခါင္းေဒါင့္စြန္းေလးကို အခုလိုပဲ ညွိလိုက္ပါ။

ညွိၿပီးတဲ့အခါ ပထမအေရာင္ထက္ တစ္ဆင့္ရင့္တဲ့အေရာင္အသံုးျပဳၿပီး မ်က္လံုးအစြန္းကေန မ်က္ခြံအလယ္အထိ ျခယ္ေပးပါ။

အဆင့္ ၇

အညိုအရင့္ေလးနဲ႔ မ်က္ခံုးအစြန္းကေန မ်က္ခံုး႐ိုးအထိ ခပ္ျမင့္ျမင့္ေလး ျခယ္ေပးလိုက္ပါ။ မ်က္ခံုးအထိေရာက္ေအာင္ေတာ့ မျခယ္ပါနဲ႔။

အဆင့္ ၈

မ်က္လံုးအေပၚပိုင္းက ျခယ္ၿပီးၿပီဆိုေတာ့ မ်က္လံုးေအာက္ပိုင္းကို ဆက္ျခယ္ေပးရပါမယ္။ ခုနက အသံုးျပဳခဲ့တဲ့ အညိဳအရင့္ဆံုးနဲ႔ သူ႔ထက္ တစ္ဆင့္ေဖ်ာ့တဲ့ အညိုေရာင္တို႔ကို ေရာစပ္ၿပီး မ်က္ခမ္းစပ္နားကို ျခယ္ေပးပါ။

အဆင့္ ၉

ပိုၿပီးျပည့္စံုတဲ့ မ်က္ဝန္းတစ္စံုျဖစ္ဖို႔အတြက္ ႐ွဲဒိုးအမဲေရာင္ေလးကို မ်က္ေတာင္ေမႊးေပါက္တဲ့ေနရာနဲ႔ မ်က္ခြံစပ္ၾကားေနရာေလးကို အခုလိုပဲ ျခယ္ေပးလိုက္ပါ။

အဆင့္ ၁၀

မ်က္ေတာင္ေလး ေကာ့ညႊတ္ေနမွသာ မ်က္လံုးအလွ ပိုမိုေပၚလြင္မွာပါ။ ဒါ့ေၾကာင့္ မ်က္ေတာင္ေကာ့စက္နဲ႔ အရင္ေကာ့ေပးပါ။ ၿပီးမွ မာစကာရာထပ္ဆိုးေပးရပါမယ္။

အဆင့္ ၁၁

ေနာက္ဆံုးအဆင့္အေနနဲ႔ကေတာ့ မ်က္လံုးလိုင္နာဆိုးေပးလိုက္ပါ။

ဒါဆိုရင္ေတာ့ ၿပီးျပည့္စံုတဲ့ မ်က္ဝန္းအလွတစ္စံုကို ပိုင္ဆိုင္ႏိုင္ပါၿပီေနာ္။

Credit: mystylemyanmar
အလွအပ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

အားလုံးပဲ မင်္ဂလာပါ။ စိတ်ရဲ့ ပြတင်းပေါက်လို့ တင်စားလေ့ရှိတဲ့ မျက်လုံးလေးကို မျက်လုံးမိတ်ကပ်သေချာလိမ်းခြယ်ပေးမယ်ဆိုရင် လှပတဲ့ မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်နိုင်မှာပါ။

ဒါ့ကြောင့် အိုင်းရှဲဒိုးနဲ့ လိုင်နာတွေကို သပ်သပ်ရပ်ရပ်နဲ့ လှလှပပလေး ခြယ်သနိုင်ဖို့အတွက် အဆင့်ဆင့် ပြုလုပ်ရမယ့် နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

အဆင့် ၁

မျက်လုံး Primer လေး အရင်လိမ်းပေးရပါမယ်။ လိမ်းထားတဲ့ Primer လေး ခြောက်သွားပြီဆိုရင် ကွန်စီလာ၊ ဒါမှမဟုတ် ဖောင်ဒေးရှင်းလေး ထပ်လိမ်းပေးပါ။

အဆင့် ၂

မျက်လုံးမိတ်ကပ်လိမ်းခြယ်တာ မကျွမ်းကျင်သေးတဲ့ ပျိုမေလေးတွေ၊ အခုမှ စလိမ်းမယ့် ပျိုမေလေးတွေအတွက် မရှိမဖြစ်အရောင်၊ အခြေခံအကျဆုံး အရောင်လေးမျိုးကိုတော့ ပိုင်ဆိုင်ထားသင့်ပါတယ်။

အဆင့် ၃

လိမ်းခြယ်ရမယ့် ရှဲဒိုးအရောင်လေးမျိုးရှိပြီဆိုရင် မျက်လုံးမိတ်ကပ်အတွက် ဒီ ဘရက်ရှ် ၂ မျိုးကလည်း မရှိမဖြစ်ပါပဲ။

အဆင့် ၄

အရောင်လေးရောင်ထဲကမှ အရောင်အနုဆုံးနဲ့ မျက်ခွံအလယ်လောက်ကနေ မျက်လုံးအတွင်းထောင့်ကို လိမ်းခြယ်ပေးပါ။

အဆင့် ၅

အဲ့ဒီအရောင်လေးကိုပဲ အရောင်စိုစိုလေးပြောင်းသွားချင်တဲ့အတွက်ကြေင့် ဘရက်ရှ်လေးကို ရေစွတ်ပေးပြီး မျက်လုံးအချွန်ထောင့်နားကို လိမ်းခြယ်လိုက်ပါ။

မျက်လုံးအချွန်ထောင့်ခြယ်ပြီးသွားတဲ့အခါ အဲ့ဒီအရောင်အတိုင်း မျက်ခုံးအောက်အစွန်းနားကို  လိမ်းခြယ်ပေးပါ။

အဆင့် ၆

အိုင်ရှဲဒိုးဆွဲတာ အလွန်အကျွံမဖြစ်ဖို့အတွက် မျက်ခုံးအစွန်း၊ မျက်လုံးအစွန်းနဲ့ နှာခေါင်းဒေါင့်စွန်းလေးကို အခုလိုပဲ ညှိလိုက်ပါ။

ညှိပြီးတဲ့အခါ ပထမအရောင်ထက် တစ်ဆင့်ရင့်တဲ့အရောင်အသုံးပြုပြီး မျက်လုံးအစွန်းကနေ မျက်ခွံအလယ်အထိ ခြယ်ပေးပါ။

အဆင့် ၇

အညိုအရင့်လေးနဲ့ မျက်ခုံးအစွန်းကနေ မျက်ခုံးရိုးအထိ ခပ်မြင့်မြင့်လေး ခြယ်ပေးလိုက်ပါ။ မျက်ခုံးအထိရောက်အောင်တော့ မခြယ်ပါနဲ့။

အဆင့် ၈

မျက်လုံးအပေါ်ပိုင်းက ခြယ်ပြီးပြီဆိုတော့ မျက်လုံးအောက်ပိုင်းကို ဆက်ခြယ်ပေးရပါမယ်။ ခုနက အသုံးပြုခဲ့တဲ့ အညိုအရင့်ဆုံးနဲ့ သူ့ထက် တစ်ဆင့်ဖျော့တဲ့ အညိုရောင်တို့ကို ရောစပ်ပြီး မျက်ခမ်းစပ်နားကို ခြယ်ပေးပါ။

အဆင့် ၉

ပိုပြီးပြည့်စုံတဲ့ မျက်ဝန်းတစ်စုံဖြစ်ဖို့အတွက် ရှဲဒိုးအမဲရောင်လေးကို မျက်တောင်မွှေးပေါက်တဲ့နေရာနဲ့ မျက်ခွံစပ်ကြားနေရာလေးကို အခုလိုပဲ ခြယ်ပေးလိုက်ပါ။

အဆင့် ၁၀

မျက်တောင်လေး ကော့ညွှတ်နေမှသာ မျက်လုံးအလှ ပိုမိုပေါ်လွင်မှာပါ။ ဒါ့ကြောင့် မျက်တောင်ကော့စက်နဲ့ အရင်ကော့ပေးပါ။ ပြီးမှ မာစကာရာထပ်ဆိုးပေးရပါမယ်။

အဆင့် ၁၁

နောက်ဆုံးအဆင့်အနေနဲ့ကတော့ မျက်လုံးလိုင်နာဆိုးပေးလိုက်ပါ။

ဒါဆိုရင်တော့ ပြီးပြည့်စုံတဲ့ မျက်ဝန်းအလှတစ်စုံကို ပိုင်ဆိုင်နိုင်ပါပြီနော်။

Credit: mystylemyanmar
အလှအပ

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top