iMyanmarHouse.com - Best Property Website for Myanmar
×

ေယာက်္ားေတြအေၾကာင္း မိန္းကေလးေတြဘယ္ေလာက္သိလဲ?မိန္းကေလးေတြလုိပဲ ..သူတုိ႔မွာလည္း စိတ္ဖိစီးစရာေတြ႐ွိပါတယ္။ မိန္းကေလးေတြနဲ႔ ပတ္သတ္လာရင္ သူတို႔ဘယ္ေတာ့မွ ဖြင့္မေျပာျဖစ္တဲ့
စကားမ်ဳိးေတြက ဘာေတြမ်ားျဖစ္မလဲ ၾကည့္လုိက္ရေအာင္!

(၆) ဘာမွမလုပ္ပဲ အခ်ိန္ခဏေလာက္ယူ

ဒါက လူတိုင္းျဖစ္တတ္ပါတယ္။ ဘာမွမလုပ္ပဲ တစ္ေနရာရာမွာ ျငိမ္ျငိမ္ေလးထိုင္ျပီးတစ္ခုခုစဥ္းစားေနတာမ်ဳိးေပါ့။ ေယာက်္ားေလးေတြလည္း ဒီလိုအခ်ိန္ယူတတ္ပါတယ္။ တစ္ခါတစ္ေလ ဘာမွမလုပ္ပဲ ဘာမွမေတြးပဲနဲ႔ေတာင္သူတို႔ေနတယ္။ ဆိတ္ျငိမ္မႈရဲ ႔အရသာကို ခံစားမႈေနစဥ္ စိတ္ညစ္စရာေတြေျဖေဖ်ာက္ျပီးမွ အလုပ္ဆက္လုပ္ၾကတယ္။

(၅) အေသးဖဲြ႔ ကိစၥေလးေတြေပၚ သူတို႔သိပ္ဂ႐ုမစိုက္တတ္

ေယာက်္ားေတြဟာ အရမ္းအေရးၾကီးတဲ့ကိစၥေတြေလာက္ပဲ သူတို႔ေခါင္းထဲထည့္တယ္။ အေသးစိတ္ေလးေတြေပၚမွာ သူတို႔လုိက္ဂ႐ုစိုက္ႏုိင္ေအာင္ မၾကိဳးစားဘူး။ မိန္းကေလးတစ္ေယာက္အေနနဲ႔ဒီလိုအျဖစ္ကို နားလည္ေပးသင့္တယ္။ သူတစ္ခုခုလဲြေခ်ာ္ေအာင္ မလုပ္ခင္ၾကိဳတင္သတိေပးလိုက္ပါ။ ျဖစ္ျပီးမွ လူၾကားထဲမာန္မဲတာမ်ဳိးမလုပ္ပါနဲ႔ ။ႏွစ္ေယာက္လံုးအတြက္ ဘာမွေကာင္းတာမ႐ွိဘူး။

(၄) အဓိပာယ္မ႐ွိတဲ့အေတြးေတြဟာ စိတ္အပန္းေျဖျခင္းတစ္မ်ဳိး …

ဘယ္သူမွမေတြးဖူးတဲ့ အရာမ်ဳိးေတြကို သင္ေပါက္ေပါက္႐ွာ႐ွာေတြးဖူးလား ..က်ီးကန္း ဘာလို႔မည္းတာလဲ…တို႔၊ ခ႐ုမွာ အခံြသာမ႐ွိရင္ ကိုယ္လံုးတီးၾကီးျဖစ္ေနမွာလား လို႔ေပါ့။ တကယ္တမ္း ဒီလိုအေတြးမ်ဳိး ေယာက်္ားေလးေတြမွာအျဖစ္မ်ားျပီး သူတို႔အတြက္ ဒီလိုေတြးျခင္းကလည္းစိတ္အပန္းေျဖျခင္းတစ္မ်ဳိးပါပဲတဲ့။ ဘာေတြေျပာေနတာလဲဆိုျပီး စိတ္မပ်က္ပါနဲ႔။နားလည္ေပးလုိက္ပါ။

(၃) သူတုိ႔လည္း ေၾကာက္တတ္တယ္

ေယာက်္ားေတြဟာ တိုးတက္လာတဲ့ေခတ္ၾကီးထဲမွာ သူတို႔အရာရာ တက္ကၽြမ္းခ်င္လိုတယ္။ ဒါဟာလည္း သူတို႔ခ်စ္တဲ့ မိန္းကေလးေတြအျမင္မွာအားကိုးစရာတစ္ခုလိုျဖစ္ေနေအာင္ပါ။တစ္ခုခုျဖစ္ရင္ သင္က သူတို႔ကို
အလြယ္တကူ အကူညီေတာင္းတတ္ေပမယ့္ သူမလုပ္တတ္ဘူးဆိုရင္ သင့္ဘက္ကအထင္ေသးမႈကုိ သူမလိုခ်င္ဘူး။ သူစိုးရိမ္တယ္.. မလုပ္တတ္ေၾကာင္းလည္း ေျပာမထြက္ျဖစ္ေနရင္ သင္ကပဲစကားဖြင့္ေပးလိုက္ပါ။

(၂) မိန္းကေလးျမင္ရင္ အမွတ္မထင္ၾကည့္မိတတ္တယ္..

လွပတဲ့ မိန္းကေလးကိုျမင္ရင္ ေယာက်္ားေလးေတြ စိုက္ၾကည့္မိတတ္ၾကတယ္။ၾကည့္တိုင္းလည္း စိတ္၀င္စားလို႔ ၾကည့္တာမွမဟုတ္တာ။ မိန္းကေလးလည္းေခ်ာတဲ့ ေယာက်္ားေလးေတြေတြ႔ရင္ အမွတ္မထင္ၾကည့္မိသလိုပဲ.. သူတို႔လည္း ဒီလိုပါပဲ။ အျခားေကာင္မေလး သြားၾကည့္ေနလို႔ စိတ္ဆိုး ၊ စိတ္ေကာက္ေတြ မလုပ္ပါနဲ႔။ ဒီလိုအေျခအေနမ်ဳိးက လူတိုင္းျဖစ္ႏုိင္တာမို႔ပါ။

(၁) အားေပးႏွစ္သိမ့္မႈကို သူတို႔အလို႐ွိ

ေယာက်္ားေလးေတြလည္း မိန္းကေလးေတြလို ၀မ္းနည္း ၊စိတ္ပ်က္တတ္ပါတယ္။အဲ့လုိအခ်ိန္ဆို သူတို႔ကို ႏွစ္သိမ့္ေပးေစခ်င္တယ္။ ဘ၀ၾကီးမွာ စိတ္ညစ္စရာ ၊စိတ္ပ်က္စရာေတြ႐ွိေနမွာပါပဲ..ဒါေပမယ့္ ႏွစ္သိမ့္အားေပးတဲ့သူတစ္ေယာက္ပဲျဖစ္ျဖစ္ ႐ွိေနမွ ေ႐ွ႔ဆက္ေလွ်ာက္လို႔အဆင္ေျပမွာမဟုတ္လား..။ အားေပးႏွစ္သိမ့္ဖို႔ မေမ့ပါနဲ႔။

Credit: nanmalgyi

ခ်စ္ေရးခ်စ္ရာ

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version# ျဖင့္ဖတ္ပါ ။

ယောကျ်ားတွေအကြောင်း မိန်းကလေးတွေဘယ်လောက်သိလဲ?မိန်းကလေးတွေလိုပဲ ..သူတို့မှာလည်း စိတ်ဖိစီးစရာတွေရှိပါတယ်။ မိန်းကလေးတွေနဲ့ ပတ်သတ်လာရင် သူတို့ဘယ်တော့မှ ဖွင့်မပြောဖြစ်တဲ့
စကားမျိုးတွေက ဘာတွေများဖြစ်မလဲ ကြည့်လိုက်ရအောင်!

(၆) ဘာမှမလုပ်ပဲ အချိန်ခဏလောက်ယူ

ဒါက လူတိုင်းဖြစ်တတ်ပါတယ်။ ဘာမှမလုပ်ပဲ တစ်နေရာရာမှာ ငြိမ်ငြိမ်လေးထိုင်ပြီးတစ်ခုခုစဉ်းစားနေတာမျိုးပေါ့။ ယောကျ်ားလေးတွေလည်း ဒီလိုအချိန်ယူတတ်ပါတယ်။ တစ်ခါတစ်လေ ဘာမှမလုပ်ပဲ ဘာမှမတွေးပဲနဲ့တောင်သူတို့နေတယ်။ ဆိတ်ငြိမ်မှုရဲ့အရသာကို ခံစားမှုနေစဉ် စိတ်ညစ်စရာတွေဖြေဖျောက်ပြီးမှ အလုပ်ဆက်လုပ်ကြတယ်။

(၅) အသေးဖွဲ့ ကိစ္စလေးတွေပေါ် သူတို့သိပ်ဂရုမစိုက်တတ်

ယောကျ်ားတွေဟာ အရမ်းအရေးကြီးတဲ့ကိစ္စတွေလောက်ပဲ သူတို့ခေါင်းထဲထည့်တယ်။ အသေးစိတ်လေးတွေပေါ်မှာ သူတို့လိုက်ဂရုစိုက်နိုင်အောင် မကြိုးစားဘူး။ မိန်းကလေးတစ်ယောက်အနေနဲ့ဒီလိုအဖြစ်ကို နားလည်ပေးသင့်တယ်။ သူတစ်ခုခုလွဲချော်အောင် မလုပ်ခင်ကြိုတင်သတိပေးလိုက်ပါ။ ဖြစ်ပြီးမှ လူကြားထဲမာန်မဲတာမျိုးမလုပ်ပါနဲ့ ။နှစ်ယောက်လုံးအတွက် ဘာမှကောင်းတာမရှိဘူး။

(၄) အဓိပာယ်မရှိတဲ့အတွေးတွေဟာ စိတ်အပန်းဖြေခြင်းတစ်မျိုး …

ဘယ်သူမှမတွေးဖူးတဲ့ အရာမျိုးတွေကို သင်ပေါက်ပေါက်ရှာရှာတွေးဖူးလား ..ကျီးကန်း ဘာလို့မည်းတာလဲ…တို့၊ ခရုမှာ အခွံသာမရှိရင် ကိုယ်လုံးတီးကြီးဖြစ်နေမှာလား လို့ပေါ့။ တကယ်တမ်း ဒီလိုအတွေးမျိုး ယောကျ်ားလေးတွေမှာအဖြစ်များပြီး သူတို့အတွက် ဒီလိုတွေးခြင်းကလည်းစိတ်အပန်းဖြေခြင်းတစ်မျိုးပါပဲတဲ့။ ဘာတွေပြောနေတာလဲဆိုပြီး စိတ်မပျက်ပါနဲ့။နားလည်ပေးလိုက်ပါ။

(၃) သူတို့လည်း ကြောက်တတ်တယ်

ယောကျ်ားတွေဟာ တိုးတက်လာတဲ့ခေတ်ကြီးထဲမှာ သူတို့အရာရာ တက်ကျွမ်းချင်လိုတယ်။ ဒါဟာလည်း သူတို့ချစ်တဲ့ မိန်းကလေးတွေအမြင်မှာအားကိုးစရာတစ်ခုလိုဖြစ်နေအောင်ပါ။တစ်ခုခုဖြစ်ရင် သင်က သူတို့ကို
အလွယ်တကူ အကူညီတောင်းတတ်ပေမယ့် သူမလုပ်တတ်ဘူးဆိုရင် သင့်ဘက်ကအထင်သေးမှုကို သူမလိုချင်ဘူး။ သူစိုးရိမ်တယ်.. မလုပ်တတ်ကြောင်းလည်း ပြောမထွက်ဖြစ်နေရင် သင်ကပဲစကားဖွင့်ပေးလိုက်ပါ။

(၂) မိန်းကလေးမြင်ရင် အမှတ်မထင်ကြည့်မိတတ်တယ်..

လှပတဲ့ မိန်းကလေးကိုမြင်ရင် ယောကျ်ားလေးတွေ စိုက်ကြည့်မိတတ်ကြတယ်။ကြည့်တိုင်းလည်း စိတ်ဝင်စားလို့ ကြည့်တာမှမဟုတ်တာ။ မိန်းကလေးလည်းချောတဲ့ ယောကျ်ားလေးတွေတွေ့ရင် အမှတ်မထင်ကြည့်မိသလိုပဲ.. သူတို့လည်း ဒီလိုပါပဲ။ အခြားကောင်မလေး သွားကြည့်နေလို့ စိတ်ဆိုး ၊ စိတ်ကောက်တွေ မလုပ်ပါနဲ့။ ဒီလိုအခြေအနေမျိုးက လူတိုင်းဖြစ်နိုင်တာမို့ပါ။

(၁) အားပေးနှစ်သိမ့်မှုကို သူတို့အလိုရှိ

ယောကျ်ားလေးတွေလည်း မိန်းကလေးတွေလို ဝမ်းနည်း ၊စိတ်ပျက်တတ်ပါတယ်။အဲ့လိုအချိန်ဆို သူတို့ကို နှစ်သိမ့်ပေးစေချင်တယ်။ ဘဝကြီးမှာ စိတ်ညစ်စရာ ၊စိတ်ပျက်စရာတွေရှိနေမှာပါပဲ..ဒါပေမယ့် နှစ်သိမ့်အားပေးတဲ့သူတစ်ယောက်ပဲဖြစ်ဖြစ် ရှိနေမှ ရှေ့ဆက်လျှောက်လို့အဆင်ပြေမှာမဟုတ်လား..။ အားပေးနှစ်သိမ့်ဖို့ မမေ့ပါနဲ့။

Credit: nanmalgyi

ချစ်ရေးချစ်ရာ

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top