iMyanmarHouse.com - Best Property Website for Myanmar
×


တစ္ခါ က သာ၀တၱိျမိဳ႕ အစြန္႕ ေတာစပ္မွာ ရေသ့ၾကီးတစ္ပါး
တဲေလးထုိးျပီး သတင္းသံုး တရားက်င့္ေနေလတယ္။
မ်ားမၾကာမွီ
အဲဒီရေသ့ၾကီးေက်ာင္းသခၤန္းနဲ႕ မနီးမေ၀းမွာ
ျပည့္တန္ဆာမေလးတစ္ေယာက္
ဟာ တဲေလးထုိးျပီးလာေနေလတယ္။

❖ ရေသ့ၾကီး ေက်ာင္းသခၤန္းကေန ျမင္ေနရတဲ့ေနရာေလာက္မွာပါ။
အဲလုိပဲ ျပည့္တန္ဆာမ တဲကၾကည့္ရင္လည္ ရေသ့ၾကီး ေက်ာင္းသခၤန္းကုိျမင့္ေနရတာေပါ့ ။

❖ မနက္တုိင္း သူမ က ရေသ့ၾကီးကုိ
ဦးခ် ကန္ေတာ့တယ္။

❖ ေနာက္ေတာ့ ရေသ့ၾကီးက ျပည့္တန္ဆာမဆီ အမ်ိဳးသားတစ္ေယာက္လာတုိင္း ေက်ာက္ခဲေလး
တစ္လံုးေကာက္ထားတယ္။
အဲလုိ နဲ႕ အဲဒီ ေကာ်က္ခဲေလးေတြက
ေက်ာက္ပံုေလး ျဖစ္လာတယ္ ။

❖ ရေသ့ၾကီးကေန႕တုိင္းေတြးတယ္။
ေအာ္ ဒီကေလးမ နွယ္ ငါ့ေက်ာင္းသခၤန္းနားမွာ မွ
လာျပီး တဲထိုးရတယ္လုိ႕ ကြာ ။
ငါ့ကုိ မေလးစားတာပဲ လုိ႕ ေဒါသျဖစ္တယ္။ ျပီးေတာ့ ၾကည့္ပါဦး
ေယာက်ၤားေတြ တစ္ေယာက္ျပီး တစ္ေယာက္ အထဲ၀င္သြားျပီးဘယ္လိုေတြမ်ားျဖစ္ေနလဲ မသိ ။ တစ္ခါ တစ္ခါ နွစ္ေယာက္ပူးၾကီးေတာင္ ၀င္သြားတာ ။ အဲဒီ နွစ္ေယာက္နဲ႕ မ်ား ဘယ္လုိမ်ား စခန္းသြားၾကလဲမသိ ။
ဆိုျပီး ေတြးရင္း ေဒါသေတြ ေသာကေတြ ေမာဟ ေတြ
ျဖစ္ေနေလရဲ႕ ။

❖ ေသလြန္တဲ့အခါ ရေသ့ၾကီးက
အပယ္က်သြားတယ္။ ျပိတၱာျဖစ္သြားတယ္။

❖ ျပည့္တန္ဆာမ ကေတာ့ နတ္ျပည္ေရာက္သြားေလ ရဲ႕ ။
အဲဒါနဲ႕ ရေသ့ျပိတၱာၾကီးက ငရဲမင္း ကုိ မေၾကမနပ္နဲ႕ သြားေျပာေလတယ္။

❖ "' ဒီမွာ ငရဲမင္း တရားက်င့္တဲ့ က်ဴပ္ ရေသ့ က ေတာ့ အပယ္က်ျပီး ဟုိျပည့္တန္ဆာမ က်ေတာ့ ဘာလုိ႕ နတ္ျပည္ေရာက္ရတာလဲ ''
လို႕ေပါ့ ...

❖ အဲဒီမွာ ငရဲမင္း က ေျပာတာက --

❖ '' မင္းက ရေသ့ျဖစ္ျပီး မင္းရဲ႕ စိတ္က ျပည့္တန္ဆာမ ဆီပဲ စိတ္ေရာက္ျပီး တစ္ခ်ိန္လံုး အကုသိုလ္စိတ္ျဖစ္ေနခဲ့တယ္ေလ။ တစ္ခ်ိန္လံုး ျပည့္တန္ဆာမ အေၾကာင္းပဲ ေတြးေနတယ္။ အဲဒါေၾကာင့္ အပယ္က်တာ။
ဟုိတစ္ေယာက္က်ေတာ့
မနက္တုိင္း ညတုိင္း ရေသ့ၾကီးျဖစ္တဲ့မင္းကို ကန္ေတာ့ရင္း ေအာ္ ေရေသ့ၾကီးတို႕ ဘ၀ ကံေကာင္းလုိက္တာ ၊ လွဴမည့္တမ္းမည့္သူနဲ႕ ေက်ာင္းေဆာက္ေပးမည့္သူနဲ႕ ကုိယ့္ဟာကို
လြတ္လြတ္လပ္လပ္တရားက်င့္ရံုပဲ ။ ငါဘ၀မ်ားက်ေတာ့ သူမ်ားတကာနဲ႕
ေပ်ာ္ပါးမွ ထမင္းစားရတဲ့ဘ၀ ငါ့ အတိတ္ကံကလည္း ဆိုးလုိက္တာ လို႕
ကုသုိလ္ကံေကာင္းတဲ့ ရေသ့ၾကီးကုိ ကန္ေတာ့ပါတယ္။ ရေသ့ၾကီးက်န္းက်န္းမာမာ တရားက်င့္ တရားထူး ရႏိုင္ပါေစ ။
တျပည့္ေတာ္မ ကန္ေတာ့ ပါတယ္ ဘုရား လုိ႕ စိတ္ထဲက အျမဲ
သတိသံေ၀ဂ ရျပီး ကန္ေတာ့ရင္း
ကုသိုလ္စိတ္ေတြ ျဖစ္ေနခဲ့တာေလ ။
အဲဒီ ကုသိုလ္စိတ္ေၾကာင့္ သူမ က နတ္ျပည္ေရာက္ရတာေပါ့ ။
ရေသ့မုိက္ ရဲ႕ ""
လို ေျပာလုိက္ေလေတာ့ သတည္း ။
--------------
က်ြန္ေတာ္တုိ႕ ပတ္၀န္းက်င္မွာလည္း ......
.....
.....
.....
ကုိယ္ဘယ္လို အေနအထားပဲ ေရာက္ေရာက္
ကုိယ့္စိတ္ကုိ အကုသိုလ္စိတ္ကင္းျပီး
ကုသုိလ္စိတ္ေတြ မ်ားမ်ား ထားနိုင္ၾကပါေစ
လို႕

ဆုေတာင္းေမတၱာ ပုိ႕သရင္း ..........

Credit:ေအာင္ ႏိုင္ ထြန္း

ၾကီးပြားေရး
ဤစာဖတ္သူမ်ားအားလံုးစိတ္ဓာတ္ခြန္အားေတြရရွိႏိုင္ပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #


တစ်ခါ က သာဝတ္တိမြို့ အစွန့် တောစပ်မှာ ရသေ့ကြီးတစ်ပါး
တဲလေးထိုးပြီး သတင်းသုံး တရားကျင့်နေလေတယ်။
များမကြာမှီ
အဲဒီရသေ့ကြီးကျောင်းသင်္ခန်းနဲ့ မနီးမဝေးမှာ
ပြည့်တန်ဆာမလေးတစ်ယောက်
ဟာ တဲလေးထိုးပြီးလာနေလေတယ်။

❖ ရသေ့ကြီး ကျောင်းသင်္ခန်းကနေ မြင်နေရတဲ့နေရာလောက်မှာပါ။
အဲလိုပဲ ပြည့်တန်ဆာမ တဲကကြည့်ရင်လည် ရသေ့ကြီး ကျောင်းသင်္ခန်းကိုမြင့်နေရတာပေါ့ ။

❖ မနက်တိုင်း သူမ က ရသေ့ကြီးကို
ဦးချ ကန်တော့တယ်။

❖ နောက်တော့ ရသေ့ကြီးက ပြည့်တန်ဆာမဆီ အမျိုးသားတစ်ယောက်လာတိုင်း ကျောက်ခဲလေး
တစ်လုံးကောက်ထားတယ်။
အဲလို နဲ့ အဲဒီ ကောျက်ခဲလေးတွေက
ကျောက်ပုံလေး ဖြစ်လာတယ် ။

❖ ရသေ့ကြီးကနေ့တိုင်းတွေးတယ်။
အော် ဒီကလေးမ နှယ် ငါ့ကျောင်းသင်္ခန်းနားမှာ မှ
လာပြီး တဲထိုးရတယ်လို့ ကွာ ။
ငါ့ကို မလေးစားတာပဲ လို့ ဒေါသဖြစ်တယ်။ ပြီးတော့ ကြည့်ပါဦး
ယောင်္ကျားတွေ တစ်ယောက်ပြီး တစ်ယောက် အထဲဝင်သွားပြီးဘယ်လိုတွေများဖြစ်နေလဲ မသိ ။ တစ်ခါ တစ်ခါ နှစ်ယောက်ပူးကြီးတောင် ဝင်သွားတာ ။ အဲဒီ နှစ်ယောက်နဲ့ များ ဘယ်လိုများ စခန်းသွားကြလဲမသိ ။
ဆိုပြီး တွေးရင်း ဒေါသတွေ သောကတွေ မောဟ တွေ
ဖြစ်နေလေရဲ့ ။

❖ သေလွန်တဲ့အခါ ရသေ့ကြီးက
အပယ်ကျသွားတယ်။ ပြိတ္တာဖြစ်သွားတယ်။

❖ ပြည့်တန်ဆာမ ကတော့ နတ်ပြည်ရောက်သွားလေ ရဲ့ ။
အဲဒါနဲ့ ရသေ့ပြိတ္တာကြီးက ငရဲမင်း ကို မကြေမနပ်နဲ့ သွားပြောလေတယ်။

❖ "' ဒီမှာ ငရဲမင်း တရားကျင့်တဲ့ ကျူပ် ရသေ့ က တော့ အပယ်ကျပြီး ဟိုပြည့်တန်ဆာမ ကျတော့ ဘာလို့ နတ်ပြည်ရောက်ရတာလဲ ''
လို့ပေါ့ ...

❖ အဲဒီမှာ ငရဲမင်း က ပြောတာက --

❖ '' မင်းက ရသေ့ဖြစ်ပြီး မင်းရဲ့ စိတ်က ပြည့်တန်ဆာမ ဆီပဲ စိတ်ရောက်ပြီး တစ်ချိန်လုံး အကုသိုလ်စိတ်ဖြစ်နေခဲ့တယ်လေ။ တစ်ချိန်လုံး ပြည့်တန်ဆာမ အကြောင်းပဲ တွေးနေတယ်။ အဲဒါကြောင့် အပယ်ကျတာ။
ဟိုတစ်ယောက်ကျတော့
မနက်တိုင်း ညတိုင်း ရသေ့ကြီးဖြစ်တဲ့မင်းကို ကန်တော့ရင်း အော် ရေသေ့ကြီးတို့ ဘ၀ ကံကောင်းလိုက်တာ ၊ လှူမည့်တမ်းမည့်သူနဲ့ ကျောင်းဆောက်ပေးမည့်သူနဲ့ ကိုယ့်ဟာကို
လွတ်လွတ်လပ်လပ်တရားကျင့်ရုံပဲ ။ ငါဘဝများကျတော့ သူများတကာနဲ့
ပျော်ပါးမှ ထမင်းစားရတဲ့ဘ၀ ငါ့ အတိတ်ကံကလည်း ဆိုးလိုက်တာ လို့
ကုသိုလ်ကံကောင်းတဲ့ ရသေ့ကြီးကို ကန်တော့ပါတယ်။ ရသေ့ကြီးကျန်းကျန်းမာမာ တရားကျင့် တရားထူး ရနိုင်ပါစေ ။
တပြည့်တော်မ ကန်တော့ ပါတယ် ဘုရား လို့ စိတ်ထဲက အမြဲ
သတိသံဝေဂ ရပြီး ကန်တော့ရင်း
ကုသိုလ်စိတ်တွေ ဖြစ်နေခဲ့တာလေ ။
အဲဒီ ကုသိုလ်စိတ်ကြောင့် သူမ က နတ်ပြည်ရောက်ရတာပေါ့ ။
ရသေ့မိုက် ရဲ့ ""
လို ပြောလိုက်လေတော့ သတည်း ။
--------------
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း ......
.....
.....
.....
ကိုယ်ဘယ်လို အနေအထားပဲ ရောက်ရောက်
ကိုယ့်စိတ်ကို အကုသိုလ်စိတ်ကင်းပြီး
ကုသိုလ်စိတ်တွေ များများ ထားနိုင်ကြပါစေ
လို့

ဆုတောင်းမေတ္တာ ပို့သရင်း ..........

Credit:အောင် နိုင် ထွန်း

ကြီးပွားရေး
ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top